


မနက်ဖြန် ကျုပ်ရန်ကုန် ပြန်တော့မယ်ဗျာ။ ဒီညတော့ ကျုပ်အခန်းထဲမှာ ခုံလေးနှစ်လုံးချပြီး တစ်နေရာကို ခင်ဗျားအမှတ်နဲ့ ကျုပ်သောက်နေတယ်။ ခင်ဗျားကို မမြင်ရပေမယ့် ကျုပ်မျက်နှာခြင်းဆိုင်က ခုံကို ကြည့်ပြီး ခင်ဗျားရှိတယ် အမှတ်နဲ့ ထိုင်ဆဲနေမိတယ်။
ဘာဖြစ်လို့လဲဆိုတော့ မနက်ဖြန် မြန်မာပြည်ပြန်ရာက်ရင် ခင်ဗျားစကားယုံစားမိလို့ လုပ်ခဲ့တဲ့ အလုပ်က အကြွေးရှင်တွေ မျက်နှာကို ရင်ဆိုင်ရတော့လေ။ ခင်ဗျားကို မယုံကြည်ရဘူးဆိုတာ သိလို့ အထပ်ထပ်အခါအခါ မေးတယ် မောင်မောင်ယောရယ် သေချာရဲ့လား။ သေချာပါတယ် ဒီလကုန်ရင် ဒေါ်လာထောင့်ငါးရာလွှဲလိုက်မယ် ခင်ဗျားဆိုင်ခန်းကိုသာ ငှားထားနှင့်။ ဆိုင်ခန်းနေရာလေးကလည်း မဆိုး ဈေးကလည်းတော် သူများလက်ဦးသွားမှာစိုးလို့ ငွေတိုးလေးယူပြီး စရံချထားလိုက်တယ်။ ကိုညီလင်းဆက်က တော့ ပြောရှာပါတယ်။ “ဟေ့လူ ယောသား စကားယုံစားလို့ ” ဆိုပြီး သတိပေးရှသေးတယ်။ ဒါပေမယ့် ငမိုက်သားကျုပ် သြော်ဒီတစ်ခါတော့ မောင်ယော မကြည်စားလောက်ပါဘူး ထင်ပြီး လုပ်လိုက်မိတယ်။
အင်း .............
မနက်ဖြန် ရန်ကုန်ရောက်ရင် အကြွေးရှင်တွေ ဘယ်လို ရင်ဆိုင်ရမလဲ .....
သြော်ဒီည ဘီယာသောက်နေတာကိုတော့ ခင်ဗျားကို တိုက်ချင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက သင်္ဘောပေါ်မှာ ရာသီဥတုဆိုးကြီးထဲမှာ ရုန်းကန်နေရရှာတယ်ဆိုတော့ မတိုက်ရတာ အားနာမိတယ်ဗျာ ......





