Saturday, February 21, 2009

Tuesday, February 17, 2009

ကျွန်တော်ရိုက်တဲ့ ဓတ်ပုံတွေ

နည်းနည်းတော့ အူကြောင်ကြောင်နိုင်တယ်၊ ချစ်သူများနေ့မှာ သူများတွေက ဘာပေးကြလဲ မသိဘူး။ ကျွန်တော်ကတော့ စဉ်းစားတာ ဘာမှ ပေးရမှန်းမသိလို့ ကျွန်တော်ရိုက်ထားတဲ့ ပုံတွေကို movie လုပ်ပြီး ပေးလိုက်တယ်။

ပထမက metacafe မှာတင်တာပဲ တင်မရလို့ 4shared မှာတင်လိုက်တယ်။ ကြည့်ချင်တယ်ဆိုရင်တော့ ဒီမှာကြည့်လို့ရပါတယ်။

Thursday, February 12, 2009

Today Is My Birthday

ဒီနေ့ ကျွန်တော့်မွေးနေ့ပါ။ အသက်နှစ်ဆယ့်လေးနှစ် ပြည့်တဲ့နေ့ပေါ့။ အသက်နှစ်ဆယ် ပြည့်တဲ့နှစ်ကလည်း ဘုရားသွားဖြစ်တယ်။ အသက်နှစ်ဆယ့်တစ်နှစ် ပြည့်တဲ့နေ့ကလည်း ဘုရားသွားဖြစ်တယ်။ အသက်နှစ်ဆယ့်နှစ်နှစ် ပြည့်တဲ့နေ့ နဲ့ အသက်နှစ်ဆယ့်သုံးနှစ် ပြည့်တဲ့နေ့တွေကတော့ ဘီယာဆိုင်မှာပဲ အချိန်ကုန်သွားလို့ ဘုရားမသွားလိုက်ရဘူး။

ဒီနှစ်တော့ ဘုရားသွား လိုက်ရတယ်။ ဒီနေ့မှာ ဘီယာလုံးဝ မသောက်ဘူး (မနေ့ကတော့ အကြိုဆိုပြီးသောက်ပြီး သွားပြီလေ)။

Sunday, February 08, 2009

နေပြည်တော်အကယ်ဒမီ

ပထမကတော့ အလန်လေးတွေ၊ ဆောရီး မှားသွားလို့ အလန်းလေးတွေ ပုံရိုက်ပြီး ကျွန်တော့် မိတ်ဆွေကြည့်ရအောင် ဘလော့ဂ်မှာ တင်ဖို့ပါပဲ။ ဒါပေမယ့် အကယ်ဒမီ ၀င်းထဲကို ကင်မရာ ပေးမသယ်ဘူးဆိုလို့ ကင်မရာကို Gust House မှာထားခဲ့ရတယ်။ :(

Friday, February 06, 2009

အကောင်သေးပေမယ့် လောဘကြီး


Snake Having a Breakfast - Watch a funny movie here

ဒါက Metacafe မှာ ကြည့်ရတာပါ။ ကြိုက်လွန်းလို့ ပြန်ပြီးမျှဝေပေးလိုက်တာ

နေပြည်တော်သွားမည်

မနက်ဖြန်မနက် နေပြည်တော်သို့ ခရီးဆက်မည်ဖြစ်ပါသည်။ အကြောင်းမှာ အကယ်ဒမီပေးပွဲသို့ သွားရောက်ဖြစ်သည်။