Happy Anniversary ပါဗျာ။ နောင် နှစ်ပေါင်း များစွာတိုင်အောင် သုတ၊ရသ များပေးနိုင်ပါစေ။
Happy Anniversary
ပထမဆုံး ပြောချင်တာက နောက်ကျမှ သိရလို့ စိတ်မကောင်းကြောင်းနဲ့ တောင်းပန်တာပါ။ ရေးဖေါ်ရေးဖက် အချင်းချင်းကို ခင်ဗျားရဲ့ Anniversary ကို မသိတာတော့ ကျွန်တော့်ရဲ့ ပေါ့လျော့မှုပါပဲ။ ကိုစိုးဇေယျရေ - ဘာအလုပ်လေးပဲလုပ်လုပ် အခက်အခဲဆိုတာ ရှိတာချည်းပဲ မဟုတ်လား။ အခုလည်း ခက်ခဲမှုတွေကြားက ခင်ဗျား Blog တစ်ခုကို တစ်နှစ်သားရောက်အောင် ပျိုးထောင်ပေးနိုင်ခဲ့ပြီ။ အားကျချီးကျူးမှုတွေ၊ ဝေဖန်မှုတွေ၊ ဒါမှမဟုတ် ကဲ့ရဲ့မှုတွေ ကို ခံယူရင်း ခင်ဗျားလည်း Blogger စစ်စစ်တစ်ယောက် ဖြစ်ခဲ့ပြီပေါ့။ ခင်ဗျားနဲ့ စပြီး ရင်းနှီးခွင့်ရခဲ့တဲ့ အချိန်ကနေ အခုချိန်အထိ ရေးဖေါ်ရေးဖက်တွေနဲ့ လာဖတ်တဲ့လူအပေါ် ထားတဲ့ စေတနာနဲ့ စိတ်ဓါတ်၊ MBS နဲ့ စာအုပ်ကိစ္စ အဝဝကို ကူညီခဲ့တာတွေ ... အားလုံးကို ကျွန်တော် အသိအမှတ်ပြု လေးစားသလို ဒါတွေကပဲ ခင်ဗျားဟာ သာမန်ရေးရုံပဲ ရေးတတ်တဲ့ ကျွန်တော်တို့လို Blogger တစ်ယောက်ထက် ပိုတဲ့အရည်အချင်း ရှိနေကြောင်း သက်သေခံခဲ့တာပါ။ ကဲ ... ကျွန်တော်တို့ နောင်နှစ်ပေါင်းများစွာ အတူတူရေးကြ၊ ပြောကြရင်း Blogger ဖြစ်ရတာကို ဂုဏ်ယူကြရအောင်လားဗျာ။ လေးစားခင်မင်လျက် - အဝေးရောက်မိတ်တွေ မောင်ပွတ်
3 comments:

Post a Comment