Friday, August 03, 2007

အွန်လိုင်းဂျာနယ်တစ်စောင် ထုတ်မည်

ကျွနုပ်၏ ရန်သူတော်ကြီး ၀ီလဆင်ပွတ်ကို ယခုအခါတွင် တိုက်ခိုက်ရန် အဆင်သင့်ဖြစ်နေပါချေပြီ။ ယခုဂျာနယ်သည် တိုက်ခိုက်ရုံ ဟာသ သက်သက်မဟုတ်ပဲ ဖတ်သူများ အကျိုးရှိစေရန် ဘလော့ဂ် အသစ်မိတ်ဆက် ကဗျာ၊ ဟာသတိုထွာ နှင့်ဘလော့ဂ်ပို့ ဝေဖန်ရေးများလည်း ထည့်သွင်း သွားမည်ဖြစ်ပါသည်။

မကြာမှီထုတ်ဝေတော့မည့် အဆိုပါဂျာနယ်တွင် အင်တာဗျူးကဏဏ္ဍလည်းပါဝင်ပြီး အင်တာဗျုးတွင် အတည်ဗျူးနှင့် အပြောင်ဗျူး နှစ်ဗျူးခွဲထားပါသည်။

လာမည့် အပြောင်ဗျူးတွင် ကိုမောင်လှ၊ ရန်အောင်၊ အောင်ချမ်းလင်း၊ ဘွန်းဟောင်း တို့ကို တွေ့ဆုံမေးမြန်းထားပါသည်။
ယင်းအပြင် အလော့ဂ်လောက သားအားလုံး သဲသဲလုပ်စိတ်ဝင်စားကြမည့်
ကွက်လပ်ကောက်နှင့် ဘာလုံးတို့၏ သားရေးသမီးရေး ပြသနာ

သတင်းတွင်
ကိုယ်နာမည်ကြီးရင် ပြီးရောဆိုပြီး ချစ်သူပုံကို အွန်လိုင်းပေါ်တွင် လေလံပစ်သည့် ဘလော့ဂ်ကာ တစ်ဦးအကြောင်း

ပြည်တွင်းမှ ဖဲကြွေးများ မဆပ်နိုင်၍ ပြည်ပသို့ ထွက်ပြေးသွားသည့် ဘလော့ဂ်ကာ ဘယ်သူလဲ

နိုင်ငံခြားသွားချင်သောကြောင့် အစာငတ်ခံ သက်သတ်လွတ်စားတဲ့ ဘလော့ဂ်ကာ

နှစ်ရက်မှ ရေတစ်ခါချိုးတဲ့ ဘလော့ဂ်ကာမလေးတစ်ဦးကို အထောက်ထားများနှင့်တကွ ဝေေ၀ဆာဆာ ဖတ်ရှုကြရမည်ဖြစ်သည်

ကြားဖူးနားဝဟာသ တိုထွာတွင်တွင်
Yes,No,Very Good

ဟာသ၀တ္ထုတိုတွင်
ဂျက်စီကာတုတ်ပေါ ၏ အဟုတ်ပြောသော ပုံပြင်များ

စာမူများပေးပို့နိုင်

စာမူများပေးပို့ရာတွင် အတည်နှင့် အပြောင် နှစ်မျိုးခွဲထားပါသဖြင့် ခေါင်းစဉ်တွင် အတည်အပြောင် များခွဲခြား ခေါင်းစဉ်တပ်ပို့ပေးပါ။

အပြောင်တွက် ချမှတ်ထားသောမူမှာ ရယ်ရ ရင်ထည့်မည်ဖြစ်ပြီး အတည်အတွက်မူ ကျွန်တော်များ အယ်ဒီတာ အဖွဲ့မှ အကဲဖြတ် ရွေးချယ်မည်ဖြစ်ပါသည်။ ပါဝင်ကူညီနိုင်သူများကို ဖတ်ခေါ်လျှက်

ဆောင်ပုဒ် ဖတ်ချင်ဖတ် မဖတ်ချင်နေ မကြာမှီလာမည်

4 comments:

Anonymous said...

ဟားဟား ခေါင်းစဉ်တွေကြည့်ပြီးတောင် ရီနေရပြီဆိုတော့ ၊ ဂျာနယ်ထွက်ရင် ဘယ်လောက်များကောင်းလိုက်မလဲ ။ စောင့်ဖတ်နေပါသည် ။

စိုးဇေယျထွန်း said...

အင်းဟုတ်ပ အပျံစားဖြစ်အောင် လုပ်ထားတယ် စိတ်ချ

Anonymous said...

ခုကတည်းက ရယ်နေရပြီကွ.. =) ဆက်လုပ်..အားပေးတယ်..

Anonymous said...

ခေါင်းစဉ်နဲ့တင် အူလိမ့်နေပြီ ထွက်လာလို့ မရီရရင်တော့ ပြန်လျော်ရမယ်။ :P

Post a Comment