Tuesday, October 31, 2006

နေဦးပေါက်ရာသီ


နွေဦးပေါက်ရာသီရောက်တော့မယ် နော် . . . . .

ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာလမ်းကနေ ဗန¨လလမ်းမကြီးပေါ်ကိုကျွန်တော်ဒီနေ့မနက်ရောက်ခဲ့တယ်၊ဆူးလေဘက်ကိုလမ်းလျှောက်ရင်း ဘုရားကြီးရှိရာဘက်လမ်းမျှော်ကြည့်လိုက်တော့ သြော်.... သစ်ပင်တချို့တောင်ရိုးတန်ကြဲတွေမြင်နေရပြီ

မကြာခင်ဆိုနွေရောက်တော့မှာပါလား . . . .

ဒီလိုအချိန်ဆိုရင် ရန်ကုန်မြို့ကြီးရဲ့မြောက်ဖက် မိုင်လေးရာကျော်အကွာမှာရှိတဲ့ဇာတိမြီု့လေးကတော့

ဆောင်းရာသီက နှင်း မြူခိုးတွေနှင့်အတူခြုံသိုင်းပြီး ချမ်းအေးလို့နေရှာတော့မည် . . .

ငယ်ငယ်ကဆိုရင် ဒီလိုချိန်မှာ ၀င်းမည့်ခါစ စပါးခင်းထဲမှာ ညကထောင်ထားတဲ့ကြွက်ကိုင်းတွေ လိုက်သိမ်းနေမည် ပြီးရင်ရတဲ့ကြွက်တွေအရေခွန်ဆုတ်ပြီးနေပူလှမ်းခဲ့မည် ပြီးတာနဲ့တူရွင်းပြာလေးဆွဲပြီး

ပုရစ်သွားတူးမည်၊ နေလည်ပိုင်းမှာတော့နှင်းမြူတွေကွဲပြီးနေပူကလည်း ရန်ကုန်နှင့်မခြားပူပြင်းသည်၊ ဒီအချိန်

မှာတော့ လငိးအောင်တို့တလင်းအုံမှာ မနက်ကရတဲ့ကြွက်ကိုကင် ပုရစ်တွေကိုမီးဖုတ် ပြီးစုစားကြသည်။

လင်းအောင်နဲ့မိုးချမ်းအေးကတော့ လူကြီးလစ်ရင်လစ်တလို စားရင်းငှား(လယ်လုပ်သား)တွေအတွက်ဝယ်ထားတဲ့အရက်ကိုခိုးသောက်တတ်ကြသည်။

ကျွန်တော်ကတော့ ၀ါးရောင်းသင်းနှံ့(၀ါးမီးလောင်နံ့)သင်းသင်းနဲ့လယ်ကြွက်ကင်ကို ခေါဆီ(ခေါပုတ်)ကင်နှင့်စာရသည်ကိုပင်ကြေနပ်နေမည်။ ဒီလိုရာသီမှာရတဲ့ပုရစ်ကဥပါသည်၊ ဒါကြောင့်မီးဖိုထဲကပုရစ်ကို သူထက်ငါအမရအောင်လုစားရ၏။ဒီလိုနဲ့ 

ကျွန်သီတင်းကျွတ်ကျောင်းပြန်ဖွင့် ကျေငိးတက်၊ကျွန်တေိာကတော့ဆယ်တန်အောင်ပြီးရန်ကုန်ရောက်ခဲ့ပြီ၊

မီုးချမ်းဦးကတော့မိုးညင်းပြောင်းသွားခဲ့၏၊ မြင့်ထွန်းကတော့University of Monywa က BA.BM ဘွဲ့ရပြီးခါမှ

လည်းတန်းမှတ်တိုင်မှာရေခဲရေ၊ကွမ်းယာရောင်းနေပြီ၊လင်းအောင်ကတော့ No4 စွဲပြီးခီုကိုးရာမဲ့ဖြစ်နေရာက

တပ်မတော်ထဲသို့ရောက်သွားသည်။

ပြန်တွေးကြည့်ရင် သြော်. . . . ရန်ကုန်ရောက်တာသုံးနှစ်ပြည့်တော့မည်....

ငယ်စဉ်ဘ၀က အတိတ် မှာကျန်ခဲ့ပြီ . . .

ပိုက်ဆံရှိရင် Treaders Hotel က 12$ တန်ကြက်ကင်ကိုအချိန်မရွေးဝယ်စားလို့ရနိုင်ပေမယ့် ကိုယ်တိုင်ကင်တဲ့လယ်ကြွက်သားကတော့ ဘယ်တော့ရနိုင်တော့မှာမဟုတ်ပါဘူး . . .

သူငယ်ချင်းတွေရယ်၊မြူနှင်းတွေရယ်အားလုံးကတော့ အတိတ်မှာ

သြော် အတိတ်ဆိုတာ အရိပ်လိုကပ်မလိုက်တော့ အိမ်မက်တစ်ခုလိုကျန်ခဲ့ပြီပေါ့ . . .

အရပ်မြင့်တာခြင်းတူပေမယ့် ထန်းပင်နဲ့ မိုးမျှော်တိုက် ဘာမှမဆိုင်ဘူးလေ. . . .

ရေအစစ်


ညက ဥဥ့်နက်နေပြီ ၊

လူတွေလည်းအိပ်ကြပြီ

မအိပ်သေးတာက ငါ

ကိုယ့်လိပ်ပြာကိုယ်မလုံဘူး

လောက ကြီးရယ် ကျွန်တော်ဘာများလုပ်မိပါလဲ

သူကပြန်ပြော သည်. . .

ဟေ့ကောင်အရူး ကိုယ်ဟာကိုယ်နေ မရောနဲ့မရှုပ်နဲ့

တစ်ခုတော့မင်းသိအောင်ပြောလိုက်မယ်

အပြစ်ဆိုတာရွှံ့နဲ့တူတယ်ကွ

ရွှံ့တာဆိုရေနဲ့ဆေးလို့ရတယ်

မင်းလုပ်ချင်တာလုပ် ရေတာများမျာယူလာ မောင်မင်းမှာအပြစ်မရှိစေရ။

ဟုတ်ကဲ့ကျွန်တော်နားလည်ပါပြီ။

နောက်နေ့လည်းရောက်ရော

Ro ရေသန့်စက်နဲ့Ph7 ရအောင် specialသန့်ပြီး

ရေစည်လည်းအပြည့်ယူသွားတယ်

ဟိုလည်းရောက်ရော

ဆရာရေယူလာပြီစည်ထဲမှာအပြည့်ပဲ

ဟဲ့ သောက်ရူး အဲဒီရေတွေဘာလုပ်ရမှာလဲ

ပြသနာပဲ သူပဲမင်းလုပ်ချင်တာလုပ် ရေတာများများယူလာ မောင်မင်းမှာအပြစ်မရှိစေရ လို့ပြောပြီးမှ

အူကြောင်ကြားလုပ်နေပြန်ပြီ

နင့်ကြီးတော်လင်.....ကိုဆေးမလို့လား ရော့ပြန်ယူသွား

ဆိုပြီးကျွှန်တော့မျက်နှာကိုရေနဲ့ပက်လိုက်တယ်

မျက်နှာပေါ်ကစီးကျလာတဲ့ရေတွေက ပါးစပ်ထဲရောက်သွားတယ်

အင် RO စက်နဲ့သန့်တဲ့ရေက ငန်စိစိနဲ့

ဟင်! သေချင်းဆိုးကြောင်စုတ် သေပေတော့

သြော်ငါအိပ်မက်မက်နေတာပါလား . . .

ဒါပေမယ့်............

အိပ်ရာထပြီးနောက်နေ့က နေ ယနေ့အထိစဉ်းစားမရတာက

ဟိုလူကြီးပြောတဲ့ရေဆိုတာ ဘာလဲ

သူပြောတဲ့ရေက သူပြောသလိုအပြစ်တွေကိုဖျောက်လို့ရပါ့မလား . .

ကျွှန်တော်ကိုဝိုင်းပြီးစဉ်းစားပေးကြပါ

Take Care

ကုန်သည်လမ်းရှိ UMFCCI ရုံးမီးလောင်စသ်ကပုံ
နွေရာသီမရောက်သေးဘူး မီးလောင်သံတွေကကြားနေရပြီ
ရန်သူမျိုးငါးပါးမှာ မီးကအဆိုးဆုံး
တစ်နိုင်ငံအတိုင်တာနဲ့ကြည့်ရင် မီးလောင်မူတွေထဲမှာ အဆိုးဆုံးကပေါ့ဆမီး
ရန်ကုန်မြို့မှာလောင်တဲ့မီးကတော့ ရ၀ % ဟာ ၀ါယာရှော့လို့သိရပါတယ်