Art is My Life: IPhone မှာ Slr Lens တွေတပ်ပြီးရိုက်ရအောင်

Monday, October 10, 2011

IPhone မှာ Slr Lens တွေတပ်ပြီးရိုက်ရအောင်



IPhone 4 အတွက် SLR lens Mount ပါ။  တန်ဖိုးကတော့၂၄၉ ဒေါ်လာပါ။ အခုလောလောဆယ်မှာတော့ Canon နဲ့ Nikon Lens တွေအတွက်ထုတ်ထားတာပါ။ Nikon Lens Mount မှာတော့ Nikon ကင်မရာမှာ တပ်လို့ရတဲ့ Lens အားလုံး တပ်လို့ရပါတယ်။ Canon Lens Mount မှာတော့ EF Lens( အနီစက်) တွေပဲ တပ်လို့မှာဖြစ်ပြီး EFS (အဖြူစက်) ပါတဲ့ Lens တွေ တပ်လို့ရမှာ မဟုတ်ပါဘူး။ 

Aperture 
Lens Aperture တစ်ခါတည်း တွဲပါတဲ့ Lens တွေသုံးမယ်ဆိုရင်တော့ Aperture ကို ချိန်လို့ရမှာဖြစ်ပေမယ့်၊ နောက်ထွက်တဲ့ Lens တော်တော်များများမှာ Lens Aperture မပါတော့ပါဘူး။ အဲဒီလို Lens မျိုးကို သုံးမယ်ဆိုရင်တော့ Lens Aperture သုံးလို့ရတော့မှာ မဟုတ်ပါဘူး။

Focus 
Focus ကိုတော့ SLR Lens Mount က Auto မလုပ်ပေးနိုင်ပါဘူး။ ဒါပေမယ့်  မြင်ရတဲ့ မြင်ကွင်းအတိုင်းကို IPhone မှာ ပါတဲ့ ကင်မရာက Auto Focus လုပ်နိုင်ပါတယ်။ ပိုပြီး Sharp ဖြစ်ဖို့ဆိုရင်တော့ Lens မှာ Manual ( ကိုယ့်လက်နဲ့ကိုယ်) ချိန်ပေးဖို့ လိုပါလိမ့်မယ်။



ဒါကတော့ ရေဘ၀ဲ ခြေထောက်ပေါ်မှာ တင်ထားတဲ့ IPhone




50 MM ခေါ် ၅၀ မမ ခေါ် Normal Lens  နဲ့ ရိုက်ထားတဲ့ အရုပ်ပါ




 400 MM 5.6 နဲ့ တွဲထားတာပါ








 Canon 50 mm 1.4 နဲ့ ရိုက်ထားတဲ့ စတော်ဘယ်ရီလေးတွေပါ




50mm Canon 1.4 ကို တပ်ပြနေတာပါ 



24 ~ 70 Canon 2.8 နဲ့ တွဲထားတာပါ 





400 mm Canon 5.6 ပါ 




Canon 24 70, F 2.8 နဲ့ 




Canon 50mm 1.4 နဲ့ ရိုက်ထားတဲ့ အရုပ်ပါ..





No comments: