Art is My Life: June 2010

Friday, June 25, 2010

ထမခြောက်လေး တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူ

ဒီနေ့ ကျွန်တော် FEC သွားလှဲတော့ ၉၁၅ ကျပ်ပဲ ပေါက်ဈေးရှိသည်။ ကျွန်တော် တော်တော်ဖု သွားသည်။ ပြီးခဲ့ အပတ်က လှဲတာ ၉၆၀ ရသေးသည် တစ်ပတ်အကြာမှာ ၉၁၅ ကျပ်ဆိုတော့ ဘယ်လိုဖြစ်တာလဲ ကျွန်တော်စဉ်းစားလို့ကား ဥာဏ်မမှီ။ ကျွန်တော် FEC လှဲနေကျ ဆိုင်က အမကြီးကတော့ ပြောရှာသည် “မောင်လေးရယ် အခုဈေးတွေကျနေတယ်............. ”

ကျွန်တော် မှတ်မိသလောက် ၂၀၀၅ ခုနှစ် ပတ်ဝန်းကျင် တစ်ဒေါ်လာလျှင် မြန်မာငွေ ကိုးရာကျော်ကျော်ပတ်ဝန်းကျင် တွင်ပေါက်ဈေးရှိသည်။ ထိုစဉ်က ဘဲဥတစ်လုံးကို ငါးဆယ်ကျပ်ပေးရသည်။ ကျွန်တော် ၀ယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင် ပေးရသည်။ နောက်တော့ ဘယ်လိုဖြစ်သည်မသိ ဒေါ်လာဈေးက ရုတ်တရက်ခုန်တက်သွားသည်။ တစ်ဒေါ်လာကို တစ်ထောင်ကျော်ဈေး။ အဲဒီတော့ ကျွန်တော် ၀ယ်နေကျ ဘဲဥတစ်လုံးကို ငါးဆယ်နှင့် မရတော့သလို ကျွန်တော်ဝယ်နေကျ ဆန်တစ်အိတ်ကို တစ်သောင်းရှစ်ထောင်နှင့် မရတော့ပေ။ ဘာကြောင့်လဲ ဆိုတော့ ဒေါ်လာဈေးတက်လို့လေ.......

ကျွန်တော်ငယ်ငယ်က အဖေပြောပြသော ပုံပြင်လေးတစ်ပုဒ်ကို အခုအထိ အမှတ်ရနေပါသေးသည်။ ပုံပြင်လေးနာမည်က ထမခြောက်(ထမင်းခြောက်) တစ်စလယ်နဲ့ မိုးခေါင်ခိုင်းတဲ့လူတဲ့။ ပုံပြင်ထဲက လူမှာ ထမခြောက် တစ်စလယ်(ဆန်နို့ဆီဗူးနှစ်လုံး)ရှိသည်။ ထိုထမင်းခြောက်လေး တစ်စလယ်ကို ရောင်းလျှင် ဈေးကောင်းရဖို့ဆိုလျှင် ဆန်စပါး ရှားမှဖြစ်မည်။ ဆန်စပါးရှားဖို့ဆိုလျှင် မိုးခေါင်ပြီး ဆန်တွေအထွက်နှုန်းကျမှ ဖြစ်မည်။ သို့ကြောင့် သူ့ထမခြောက်လေး တစ်စလယ်ကို ရောင်းရင် ဈေးကောင်းရဖို့အတွက် မိုးခေါင်ပါစေလို့ ဆုတောင်းပါတော့သည်။ ပုံပြင်ထဲက လူကတော့ သူ့ထမခြောက်လေး တစ်စလယ်ကို ဈေးကောင်းရဖို့ အရေးတတိုင်းပြည်လုံးကို ဒုက္ခရောက်ခိုင်းနေသည်။

ကျွန်တော်လည်း တစ်ခါတစ်လေ ပြန်စဉ်းစားမိသည်။ ရတဲ့ လစာ FEC နှစ်ပဲခြောက်ပြားလေး ဈေးကောင်းရဖို့ ဈေးတွေစွတ်တက်ခိုင်း နေသလိုများဖြစ်ပြီလား။ ကျွန်တော်ကတော့ ကိုယ်များများရဖို့အတွက်တစ်ခုတည်းနဲ့ FEC ဈေးတွေကို စွတ်တက်စေချင်သည်မဟုတ်ပါ။ ဒေါ်လာဈေးတွေတက်လျှင် ကုန်ဈေးနှုန်းတွေက ဒေါ်လာဈေးတက်လို့ဆိုပြီး စွတ်လိုက်ကြသည်။ ဒေါ်လာဈေးတက်တာက နှစ်လက်မလောက်ဆိုရင် ကုန်ဈေးနှုန်းတွေက နှစ်ပေလောက် ခုန်တက်လိုက်ကြသည်။ ဒေါ်လာဈေးကျတော့ ကုန်ဈေးနှုန်းတွေက ထင်သာမြင်သာအောင် လိုက်မကျ မသိချင်ယောင် ဆောင်နေကြသည်။ ဘယ်သူ့ကို အပြစ်တင်ရမည်မသိ။ ကျွန်တော် တရားခံလိုက်ရှာကြည့်သည်။ ကုန်သည်တွေလား ကုန်ခြောက်ဆိုင်တွေလား လူပုဂ္ဂိုလ်တွေလား။ နောက်ဆုံးတော့ ကိုယ့်ကိုသာ အပြစ်တင်ပါတော့သည်။ ကိုယ်မှ အသုံးမကျခဲ့တာကိုး..........

ဒါကတော့ မြန်မာ့ဆန်စပါး ချင်တွယ်တဲ့ ယူနစ်ပါ
နှစ်လမြူ တစ်လမျက်
နှစ်လက်မျက် တစ်လမယ်
နှစ်လမယ် တစ်စလယ်
နှစ်စလယ် တစ်ခွက်
နှစ်ခွက် တပြည်
လေးပြည် တစ်စိတ်
နှစ်စိတ် တစ်ခွဲ
နှစ်ခွဲ တစ်တင်း


Read More...

Thursday, June 24, 2010

အလုပ်လက်မဲ့........



တစ်ခါတုန်းက အလုပ်လက်မဲ့ တစ်ယောက်ဟာ Micro Soft မှာ သန့်ရှင်းရေး ရာထူးအတွက် အလုပ်သွားလျှောက်တယ်။ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို လက်ခံတွေ့ဆုံကာ လူတွေ့မေးမြန်းပြီး လိုအပ်တဲ့ အရည်အချင်းတစ်ချို့ကို စစ်ဆေးတယ်။ အင်တာဗျူးပြီးတော့ ၀န်ထမ်းရေးရာ အကြီးကဲက သူ့ကိုပြောတယ် “မင်း အလုပ်ရပြီ။ မင့်ရဲ့ အီးမေးလိပ်စာ ပေး၊ ဘယ်နေ့ ဘယ်အချိန်မှာ အလုပ်စဆင်းရမယ်ဆိုတာ မင့်ဆီကို အီးမေးပို့လိုက်မယ်….” ၀န်ထမ်းရေးရာ အကြီးကဲက သူ့ဆီမှာ အီးမေး လိပ်စာတောင်းတော့ သူ အလွန် စိတ်မကောင်းဖြစ်သွားပြီး “ကျွန်တော့်မှာ ကွန်ပျူတာ မရှိပါဘူး ဒါကြောင့် အီးမေးလဲ မရှိပါဘူးလို့ ” ပြန်ဖြေလိုက်တယ်။ အဲဒီတော့ ၀န်ထမ်းရေးရာ အကြီးအကဲက သူ့ကို ပြန်ပြောလိုက်တယ် “ ဒီခေတ်ကြီးမှာ အီးမေး လိပ်စာလေး တစ်ခုတောင် မရှိဘူးဆိုရင် အသက်ရှင်လို့ မရသလောက်နည်းပါးပဲ ဒါကြောင့် အလုပ်လဲမရနိုင်ဘူး…..”

သူအလုပ်မရတော့ဘူးလို့ သိလိုက်ရတဲ့အချိန်မှာ သူ့အိပ်ကပ်ထဲမှာရှိတဲ့ ပိုက်ဆံ ဆယ်ဒေါ်လာနဲ့ ဘ၀ကို ဘယ်လိုရပ်တည်ရမလဲ ဆိုတဲ့ အတွေးနဲ့ သူ ခြောက်ခြား သွားတယ်။ နောက်ဆုံးမှာတော့ သူဆုံးဖြတ်ချက်ချတယ်။ ပြီးတော့ စူပါမတ်ကက်တစ်ခုကို သွားပြီး စတော်ဘယ်ရီသီး ဆယ်ပေါင်ကို ၀ယ်လာခဲ့တယ်။ ပြီးတော့ မြို့ထဲက အိမ်တံခါးတွေကို လိုက်ခေါက်ပြီး သူဝယ်လာတဲ့ စတော်ဘယ်ရီကို ဈေးနှဆတင်ကာ လိုက်ရောင်းတယ်။ အဲလို အိမ်တံခါးပေါက်တွေမှာ လိုက်ရောင်းရင်းနဲ့ သူ့ရဲ့ စတော်ဘယ်ရီတွေဟာ နှစ်နာရီအတွင်း ကုန်သွားတယ်။ ပြီးတော့ သူရတဲ့ ပိုက်ဆံနဲ့ စူပါမားကက်ကို ပြန်သွား စတော်ဘယ်ရီထပ်ဝယ်ပြီး ထပ်ရောင်းတယ်။ အဲဒီနေ့က သူသုံးကြိမ်ထက်မနည်း အသွားအပြန်လုပ်ပြီး ရောင်းလိုက်တာ နောက်ဆုံးမှာ သူအိမ်ပြန်တော့ အိပ်ကပ်ထဲမှာ ဒေါ်လာခြောက်ဆယ် အသားတင်ကျန်တယ်။

အဲဒီမှာ သူ့ အောင်မြင်ရေးလမ်းစကို သူမြင်သွားတယ်။ နောက်နေ့က စပြီး မနက်စောစောသွားကာ ပထနေ့မှာ လုပ်တဲ့နည်းအတိုင်း စူပါမားကက်ကိုသွားလိုက် တစ်ခုခုကိုဝယ်လိုက် ပြီးရင် အိမ်တံခါးပေါက်တွေကို လိုက်ခေါက်ပြိးရောင်းလိုက်နဲ့ သူနေ့တိုင်းလုပ်တယ်။ ဒါကြောင့်သူ့ဝင်ငွေဟာ တစ်ရက်ကို သုံးဆ သုံးဆ တိုးတိုးသွားပါတယ်။ သူဟာ အချိန်တိုလေး အတွင်းမှာ သစ်သီးတွေ တင်ရောင်းဖို့ တွန်းလှည်းလေးတစ်ခုကို ၀ယ်နိုင်ခဲ့တယ်။ သိမ်ကြာခင်လေးမှာပဲ သစ်သီးတင်းရောင်းတဲ့ သူ့တွန်းလေးကနေ သစ်သီးတင်ရောင်းတဲ့ ကားအဖြစ် ပြောင်းလှဲနိုင်ခဲ့တယ်။ နောက်ထပ် အချိန်အနည်းငယ်အတွင်းမှာ သူဟာ ကုန်ပစ္စည်းတွေကို အိမ်တိုင်ယာရောက် ကားတွေနဲ့ လိုက်ပို့ရောင်းချမှုကို ၀န်ဆောင်ပေးတဲ့ လုပ်ငန်းတစ်ခုကို ပိုင်လာတယ်။

ငါးနှစ်ကြာပြီးတဲ့နောက်………

သူဟာ အမေရိကန် နိုင်ငံရဲ့ အကြီးဆုံး စားသောက်ကုန်တွေ ရောင်းတဲ့ စတိုးဆိုင်တွေရဲ့ ပိုင်ရှင်တစ်ယောက် ဖြစ်လာခဲ့တယ်။ အခုလို သူအောင်မြင်ကြီးပွားလာချိန် ရောက်လာတော့ သူ့နဲ့ သူ့မိသားစုရဲ့ အနာဂတ်အတွက် အာမခံထားဖို့ရာ ဆုံးဖြတ်ချက် ချခဲ့တယ်။ ဒါကြောင့် သူ အေးဂျင့်တစ်ခုကို ခေါ်ပြီးတော့ အာမခံအတွက် ဆွေးနွေးခဲ့တယ်။ သူ့နဲ့ အေးဂျင့်နဲ့ စေ့စပ်ဆွေးနွေးလို့ အပြီးမှာ အေးဂျင့်က သူ့ဆီမှာ အီးမေးလိပ်စာ တောင်းတယ်။ ဒီနေ့ဆွေးနွေးချမှတ်လိုက်တဲ့ ပေါ်လစီ အတည်ပြုချက်ကို အီးမေးနဲ့ ပို့ပေးဖို့ပါတဲ့။

အဲဒီတော့ သူက ပြောလိုက်တယ် ကျွန်တော့်မှာ အီးမေး လိပ်စာမရှိပါဘူးတဲ့လေ။ ဒီလို လုပ်ငန်းပိုင်ရှင်ကြီးတစ်ယောက်မှာ အီးမရှိဘူးဆိုတော့ တော်တော်ထူးဆန်းတာပဲ၊ ခင်ဗျားမှာ အီးမေးလိပ်စာတစ်ခုတောင် မရှိပဲနဲ့ ဒီလိုကြီးမားတဲ့ စီးပွားရေးလုပ်ငန်းစုကြီးကို ထူထောင်နိုင်တယ်ဆိုရင် အီးမေးလိပ်စာ ရှိရင် ခင်ဗျား အခုလောက်ဆို ဘယ်ဝရောက်နေပြီလဲ မသိဘူး လို့ အေးဂျင့်က ပြန်ပြောတယ်။

သူက ခဏလောက်စဉ်းစားပြီး တကယ်လို့သာ ငါ့မှာ အီးမေးလိပ်စာ တစ်ခုရှိခဲ့ရင် အခုလောက်ဆို Micro Soft မှာ အိမ်သာဆေးတဲ့လူတစ်ယောက် ဖြစ်နေမှာ ပေါ့လို့ ပြန်ဖြေလိုက်တယ်…….

တကယ်လို့သင့်မှာ အီးမေးလိပ်စာ တစ်ခုမရှိရင်လဲ အလုပ်ကြိုးစားမယ်ဆိုရင် သန်းကြွယ်သူဌေးတစ်ယောက် ဖြစ်လာနိုင်ပါတယ်……

တကယ်လို့ သင်ဟာ ဒီပုံပြင်လေးကို အီးမေးကနေ လက်ခံရှိခဲ့တာဆိုရင် သင်ဟာ မိးလျှံနာဖြစ်ဖို့ထက် သန့်ရှင်းရေးဝန်ထမ်းတစ်ယောက် ဖြစ်ဖို့ပိုနီးစပ်ပါတယ်……

တကယ်တော့ အင်တာနက်ဆိုတာ ကျွန်တော်တို့ဘ၀ထဲက ပြသနာအားလုံးကို မဖြေရှင်းပေးနိုင်ပါဘူး……



ဒီပုံပြင်လေးကတော့ Metacafe မှာတွေ့တဲ့ ပါဝါပွိုင့်လေးတစ်ခုကို တတ်သလောက် မှတ်သလောက် ဘာသာပြန်ထားတာပါ။ အော်ရင်ဂျယ်နယ်ကို ဒီနေရာမှာ သွားဖတ်လို့ရပါတယ်

Read More...