Art is My Life: January 2009

Wednesday, January 28, 2009

ဒီနေ့မနက်ရန်ကုန်မှာ မြူတွေကျတယ်







ဒီနေ့မနက် ရန်ကုန်မှာ မြူတွေကျတယ်။ ပြူတင်းပေါက်မှာ မြူတွေကျနေတာ မြင်တော့ ကမန်းကတန်း အိပ်ရာထဲက ထပြီး ရိုက်ထားတဲ့ပုံလေးတွေပါ။ မြူတွေအကြောင်း သိချင်ရင်တော့ ကျွန်တော်ရေးထားခဲ့ဖူးတဲ့ မြူအကြောင်းပို့ကို ဒီနေရာမှာ သွားဖတ်နိုင်ပါတယ်။

Read More...

Monday, January 26, 2009

ရန်ကုန်နေကြတ်ပြီ

နေကြတ်နေတဲ့ ပုံတွေကို အခု တိုက်ရိုက် လွှင့်တင်ပေးသွားမှာ ဖြစ်ပါတယ်

4 : 22 ဗထက်ချိုက်ပုံ ဘေးစောင်းလေး ဖြစ်နေပါပြီ


Free Image Hosting at www.ImageShack.us




4 : 22 မှာ ရိုက်ထားတဲ့ ပုံ


အခု တိမ်ထဲကို ၀င်နေပြီ နေကြတ်တဲ့ ပုံက ပိုပြင်လာတယ် 4 : 47

Read More...

Wednesday, January 21, 2009

အပိုင်းအစ

အဲဒီအပိုင်းအစဟာ ပုံပြင်တစ်ပုဒ်ရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။
အဲဒီအပိုင်းစဟာ ချစ်ခြင်းရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်။
အဲဒီအပိုင်းအစဟာ လူတစ်ယောက်ရဲ့ နှလုံးသားရဲ့ အပိုင်းအစလည်း ဖြစ်နိုင်တယ်

* * * * * *

လမင်းက ပြောတယ် .....

သူဟာ ကမ္ဘာမြေကို အကြိမ်ပေါင်းများစွာ ပတ်ပြီး သူ့ရဲ့
ကြင်ယာဖက်ကို ရှာနေခဲ့ဖူးတယ်တဲ့ ....

သစ်ခြောက်ပင်က ပြောတယ် ........

သူဟာ ကမ္ဘာပေါ်မှာ အမွှေးဆုံးပန်းတစ်ပွင့်ကို
ပွင့်ပေးချင်ခဲ့တာတဲ့ .........

ငှက်ကလေးတစ်ကောင် ကတော့ အမြဲတမ်း ပျံသန်းနေတယ် သူဘာမှ မပြောဘူး

* * * * *

တစ်ခါတုန်းက ကမ္ဘာပေါ်မှာ လ တစ်စင်းရယ်။ သစ်ရွက်တစ်ရွက်မှ မကျန်တဲ့
သစ်ခြောက်ပင်ကြီး တစ်ပင်ရယ်။ မရပ်မနား ပျံသန်းနေတဲ့ ငှက်ကလေး တစ်ကောင်ရယ်
ရှိကြတယ်။ သူတို့ဟာ တစ်နေရာစီမှာ နေပြီး တစ်ယောက်နဲ့ တစ်ယောက်လည်း
မသိကြဘူးပေါ့။ ဒါပေမယ့် သူတို့မှာ တူညီနေတဲ့အချက်က ရယ်ရွယ်ချက် တစ်ခုတော့
ရှိနေကြတယ် ... ။

* * * *

ငါကမ္ဘာမြေကို ပတ်လာတာ နှစ်တွေ သန်းပေါင်းမြောက်များစွာ ကြာခဲ့ပြီ

သေချာတာကတော့ ဒီကမ္ဘာမြေမှာ
ငါ့ရဲ့ကြင်ရာဖက် မတွေ့နိုင်တော့ပါဘူး .....

စိတ်ပျက်အားငယ် ဟန်နဲ့ လမင်းက ငြီးတွားရှာတယ်။

တကယ်တော့ ငါက ကမ္ဘာမြေမှာ အမွှေးဆုံးပန်းလေးတစ်ပွင့် ပွင့်ချင်ခဲ့တာပါ

အခုတော့ ငါ့ကို သင်းသတ်သွားကြလို့
အပွင့်မပြောနဲ့ အရွက်တောင်မရှိတဲ့ဘ၀။ ငါဘ၀က သေဆုံးခဲ့ရပြီးကိုး။

သစ်ပင်က သူ့ရဲ့ ရိုးတန်းကြဲနေတဲ့ အကိုင်းခက်တွေကို ကြည့်ရင်းငိုတယ်..။

ငှက်ကလေးကတော့ ဘာမှ မပြောဘူး ..........

* * * *

တစ်ရက်မှာ လမင်းရယ်။ သစ်ခြောက်ပင်ရယ်။ ငှက်ကလေးရယ် သွားဆုံးမိကြတယ်။
လမင်းကတော့ အရှေ့မှာ ထိန်ထိန်သာလို့၊ သစ်ခြောက်ပင်ကတော့ လရောင်အောက်မှာ
မားမားရပ်လို၊ ငှက်ကလေးကတော့ စွန်းထွက်နေတဲ့ သစ်ကိုင်းခြောက်လေးမှာ
နားခိုလို့ . . .။ အဲဒီလို သူတို့ တွေ့ဆုံဖြစ်ချိန်မှာ တစ်ယောက်အကြောင်း
တစ်ယောက် ပြောဖြစ်ကြတယ်

* * * *

ငါကတော့ ဒီကမ္ဘာကို တတ်နိုင်သလောက် အလင်းရောင်လေး ပေးပြီး နေတော့မယ်။
ငါဆက်ရှာနေလည်း အပိုပဲလေ...

လမင်းကသူ့ရဲ့ နောက်ဆုံး ရည်မှန်းချက်ကို ပြေပြတယ်။

တကယ်တော့ငါက ရိုးရိုး သစ်ပင်မဟုတ်ဘူး။ အနှစ်တစ်ရာမှာ
တစ်ပွင့်တည်းပွင့်တဲ့ သစ်မွှေးပင်လေ။ အနှစ်တရာ ပြည့်ခါနီးမှာ ငါ့ကိုလူတွေက
သင်းသတ်သွားတယ်။ မကြာခင်မှာပဲ ငါဟာခုတ်လှဲခံရလိမ့်မယ်......

သစ်ပင်က သူ့ရဲ့ အဖြစ်ကို ပြောပြတယ်။

ငှက်ကလေးက ဘာမှ မပြောဘူး ................... ။ သူဆိတ်ဆိတ်ပဲနေတယ်။

* * *

နောက်ဆုံးမှာ သစ်ပင်နဲ့ လမင်းက မရမက အတင်းမေးတော့ ငှက်ကလေးက ဖြေတယ် ....

ငါက ရိုးရိုက် ငှက်မဟုတ်ဘူး။ အောက်ချင်းငှက် .....

အောက်ချင်းငှက်ဆိုတာ တွန်သံကို နားထောင်ပြီး ကြင်ယာဖက်ကို ရွေးချယ်တယ်။
တစ်သက်မှာ တစ်ကောင်ပဲ ပေါင်းတယ်။ အဖိုသေရင် အမလိုက်သေတယ်။ အမသေရင်
အဖိုလိုက်သေတယ်။ အခု ငါ့ကြင်ယာဖက်ရဲ့ အသံကို ငါကြားနေရပါပြီ။ ဒါပေမယ့်
သူက အချိန်မတန်သေးလို့ပါဆိုပြီး အတွေ့မခံပဲ ပုန်းနေတယ်။ ဒါကြောင့် သူ့ရဲ့
တွန်သံကြားရာ နောက်ကိုလိုက်ပြီး ရှာနေမိခဲ့တာပေါ့.........

* * * *

ငှက်ကလေးရဲ့ စကားသံဆုံးတာနဲ့ ကောင်းကင်က ရုတ်တရက် တိမ်မဲတွေတက်လာတယ်။
ပြီးတော့ မိုးတွေရွာချပြီး တိမ်မည်းတွေက လမင်းကို ဖုန်းကွယ်သွားတယ်။
အဲဒီမိုးရေတွေကြားမှာ လွှဆွဲသံကို ကြားရတယ်။ ခဏကြာတော့ သစ်ခြောက်ပင်ဟာ
သစ်ငုတ်တိုဖြစ်သွားတယ်။ ငှက်ကလေးကတော့ မှောင်မည်းနေတဲ့ ကောင်ကင်ထဲကို
တိုးဝင် ပျံသန်းသွားလေရဲ့ ........

Read More...

Tuesday, January 20, 2009

ကျွန်တစ်ယောက်၏ အိပ်မက်




ရှေးခေတ် အီဂျစ်ဘုရင်တွေဟာ သူတို့မသေခင်မှာ သူတို့သေရင် သင်္ဂြိုလ်ဖို့ ဂူသင်္ချိုင်းတွေကို သူတို့မသေခင်ကတည်းက ဆောက်လုပ် လေ့ရှိကြတယ်။ အဲလို ဆောက်လုပ်ရာမှာ ဘုရင်တွေဟာ သူ့ထက်ငါ ကြီးအောင် ပိုခမ်းနားလောင် အပြိုင်အဆိုင် ဆောက်လုပ်ခဲ့ကြတယ်။ အဲဒီအထဲမှာ အကြီးဆုံး ဂူသင်္ချိုင်းကြီး သုံးခုကတော့ ကိုင်ရိုမြို့နားလေးက ဂီဇယ်ဆိုတဲ့ အရပ်မှာရှိတယ်။ အဲဒီသုံးခုထဲက အကြီးဆုံး ပရမစ်လို့ခေါ်တဲ့ ဂူသင်္ချိုင်းကို ဘီစီ ၂၉၀၀ လောက်မှာ ကူဖူးလို့ခေါ်တဲ့ ဘုရင်တစ်ပါးကနေ တည်ဆောက်ခဲ့တာဖြစ်တယ်။

အဲဒီဂူသင်္ချိုင်းကြီးဟာ အခုအခါမှာတော့ ကမ္ဘာကနေရင်သပ်ရှုမောရတဲ့ ကမ္ဘာ့အံ့ဖွယ်တစ်ခု အဖြစ် အသိမှတ်ပြု ရင်သပ်ရှုမောနေကြရတယ်။ ဒါပေမယ့် အဲဒီလို ရင်သပ်ရှုမောဖွယ်ရာ ပိရစ်မစ်ကြီး ဖြစ်လာဖို့ ကျွန်တစ်သိန်းရဲ့ အင်အားကို သုံးပြီး အနှစ်နှစ်ဆယ်ကြအောင်တည်ဆောက်ခဲ့တယ်။ အစ်ကို အခုပြောမယ့် ပုံပြင်လေးက အဲဒီပိရစ်မစ်ကြီးကို တည်ဆောက်ရာမှာ ပါဝင်ခဲ့တဲ့ ကျွန်တစ်ယောက်ရဲ့ အကြောင်းပဲ။
သူ့နာမည်က အာခိလိ တဲ့။ သူဟာ ပိရစ်မစ်ကြီး မဆောက်ခင် အနှစ်ဆယ်လောက်မှာ စောပြီး လူ့လောကကြီးကို ရောက်လာတာပေါ့။ သူ့အဖေရော အမေရော ပါ ဂီဇာရပ်က သူဌေးကြီးတစ်ယောက်ရဲ့ ကျွန်တော် ဖြစ်ကြတယ်။ သူ့တို့ခေတ်က ကျွန်တော်တစ်ယောက်က မွေးလာတဲ့ သားသမီးတစ်ယောက်ဟာ အလိုလိုနေရင်း ကျွန်ဖြစ်ပြီးသားလေ။ ရိုင်းရိုင်း ပြောရရင်တော့ ကိုယ့်ခြံထဲမှာ ပေါက်လာတဲ့နွားဟာ ကိုယ့်နွားဆိုတဲ့ ပုံစံမျိုးပေါ့။

သူမွေးပြီး လူမှန်း သူမှန်း မသိခင်အစလေးမှာ သံတံဆိပ်တုံးကို မီးဖုတ်ပြီး သူ့ရဲ့လက်မောင်းမှာကပ်ပြီး တံဆိပ်နှိပ်လိုက်တယ်။ အဲဒီတံဆိပ်ကတော့ ဂီဇာရပ်က သူဌေးကြီးပိုင်တဲ့ အမှတ်အသားတစ်ခုပေါ့။ တစ်ခါတံရံမှာ အကိုတို့ကို ခြင်ဆေးခွေက မီးနဲ့ ထိမိရင်တောင် အဲဒီအပူဒဏ်ကို ဆတ်ဆတ်ခါနေအောင် ခံစားရတာလေ။ လူမှန်းမသိတဲ့ အရွယ်လေးမှာ မီးဖုတ်ထားတဲ့ သံတံဆိပ်တုန်းနဲ့ အသားကို နှိပ်လိုက်တယ်ဆိုတော့ သူဘယ်လောက်များ နာလိမ့်မလဲ။
သူလူမှန်းသိတဲ့အချိန်မှာ သူ့အသားကမဲပြီး သူ့ရဲ့ ခန္ဒာကိုယ်က ကျုံလီနေတယ်။ သူ့ကျော်ပြင်ပေါ်မှာတော့ အမာရွတ်တွေ ပလပွနဲ့။ ဒါပေမယ့် သူ့အဲဒီနေ့မှာ သူဆုံးဖြတ်လိုက်တယ် သူမိန်းမယူတော့ဘူးလို့ ……..။ ဘာဖြစ်လို့လဲဆိုတော့ သူမိန်းမယူပြီး ကလေးမွေးရင် အလိုလိုနေရင်း ကျွန်တစ်ယောက် ဖြစ်သွားလိမ့်မယ်။ အဲဒီလို ကျွန်တစ်ယောက် ဖြစ်လာရင် သူ့လို ဒုက္ခတွေခံစားနေရလိမ့်မယ်။ အခုလည်း ကြည့်လေ အဟာရ မပြည့်ဝလို့ ကုလားအုပ် တစ်ကောင်ရဲ့ လည်ပင်းက သွေးကို သွားဖောက်စုပ်တာ မိသွားလို့ ကြာပွတ်နဲ့ အရိုက်ခံ ထိခဲ့ရတယ်။ (ကုလားအုပ်ရဲ့ လည်ပင်းက သွေးကြောကို ဓားလေးနဲ့ သေးသေးလေး လှီးပြီးရင် သွေးတွေထွက်လာတယ်။ ဂန္ဓာရထဲမှာ ကုန်သည်ခရီးသွားတွေ အဟာရ ပြတ်ရင် အဲလိုနည်းနဲ့ အသက်ဆက်ရတယ်။ လူတစ်ယောက်စာ သွေးစုတ်လိုက်ခြင်းဟာ ကုလားအုပ်အတွက်တော့ ပြောပလောက်ဘူး)


သူ့အမေက သူ့ကျောကုန်းက ဒါဏ်ရာတွေကို ဆေးထည့်ပေးတယ်။ ဆေးထည့် ပေးနေတုန်းမှာ နာကျဉ်လွန်းလို့ သူ့ရဲ့ ကျောပြင်ဟာ တဆတ်ဆတ်တုန်နေတယ်။ အဲဒီအချိန်မှာ ကျွန်တွေကို အုပ်ချုပ်တဲ့ အကြီးကဲက ရောက်လာပြီး သူ့ကိုခေါ်သွားတယ်။ သူ့အမေက ဆေးထည့်တာလေးကို ပြီးအောင်ထည့်ပါရစေလို့ တောင်းပန်ပါသေးတယ်။ ဒါပေမယ့် တောင်းပန်မှုဟာ အချည်းနှီးပါပဲ။

သူ့ကိုခေါ်သွားပြီး ဘယ်ကမှန်းမသိတဲ့ ခရီးသွားကုန်သည်တွေလက်ထဲကို ထည့်ပေးလိုက်တယ်။ အဲဒီအချိန်မှာ သူဟာ ဆယ်နှစ်သားအရွယ်ပဲ ရှိသေးတယ်။ အဲဒီအချိန်က သူ့အမေနဲ့ သူ ဘယ်တော့မှ ပြန်တွေ့ခွင့်မရှိတော့ဘူး ဆိုတာကို သူမသိလိုက်ဘူး။ သူ့ကို တခြား ကုန်သည်လက်ထဲကို အပြီးအပိုင် ရောင်းစားလိုက်တာလေ။

အဲဒီလိုနဲ့ သဲဂန္ဒာရထဲမှာ ကုလားအုပ်တွေနဲ့ ရက်ပေါင်းများစွာ လမ်းလျှောက်ပြီးတဲ့ အချိန်မှာ မြိုတစ်မြို့ ကိုရောက်တယ်။ အဲဒီမြို့ကိုလည်း ရောက်ရော သူလက်မောင်းမှာရှိတဲ့ ကျွန်တော်တံဆိပ်နေရာကို မီးဖုတ်ထားတဲ့ သံပြားနဲ့ကပ်လိုက်တယ်။ သဘောကတော့ အရင်သူဌေးရဲ့ ကျွန်တံဆိပ်ကို ဖျက်ပစ်လိုက်တာပေါ့။ အဲလို ဖျက်ပစ်ပြီးမှ အခြားလက်မောင်းမှာ နောက်ထပ် တံဆိပ်အသစ်တစ်ခုကို မီးဖုတ်ပြီး ရိုက်ခဲ့တယ်။ အီဂျစ်သဲ ဂန္ဒာရ ရာသီဥတုဟာ နေ့ပိုင်းမှာ မီးလိုပူလောင်နေပေမယ့် ညပိုင်းမှာ လေစိမ်းတွေတိုက်ပြီး ချမ်းနေအောင် အေးတဲ့ သဘာဝရှိတယ်။ အဲဒီလို လေစိမ်းတွေ တိုက်နေတဲ့ အဲဒီညမှာ လက်မှောင်းနှစ်ဘက်က မီးလောင်ဒါဏ်ရာတွေက နာကျဉ်လွန်းလို့ အဲဒီညက သူအိပ်မပျော်ခဲ့ဘူး။ တစ်ချက်ချက် နာကျဉ်လာတိုင်းမှာ သူ့အမေသာရှိရင် ဆေးထည့်ပေးမှာပဲလို့ သူတွေးနေခဲ့မိတယ်။ သူဟာ အဲဒီအချိန်မှာ လူ့ဘ၀ဆိုတာကြီး နာကျဉ်းမုန်းတီးသွားတယ်။ သူအိမ်ထောင် မပြူဘူး သူ့လို ကျွန်လေးတစ်ယောက်ကို လူ့လောကထဲကို ထပ်မခေါ်တော့ဘူး ဆိုတဲ့ ဆုံးဖြတ်ချက်လည်း ပိုပြီး ခိုင်မာသွားခဲ့တယ်။ အဲဒီလိုနဲ့ ဝေဒနာတွေကို ခံစားရင်း အဲဒီမနက်ဟာ မိုးလင်းလို့ သွားခဲ့တယ်။

အဲဒီမြို့မှာ သူဟာ ကုလားအုပ်တွေကို ထိန်းကျောင်းတဲ့လုပ်ကို လုပ်ပြီး သူ့ရင်ဘတ်ထဲက အမာရွတ်တွေကို ဖျောက်ပစ်ဖို့ ကြိုးစားရင်း အချိန်ဆယ်နှစ်ဆိုတာ ကုန်မှန်းမသိ ကုန်ဆုံးသွားခဲ့တယ်။ အဲဒီအချိန်မှာတော့ သူ့အသက်က အသက်နှစ်ဆယ်အရွယ် ရောက်ပြီပေါ့။

သူအသက်နှစ်ဆယ် ရောက်တဲ့နှစ်မှာပဲ ခူးဖူဘုရင်ဟာ အကြီးအကျယ်အခန်းနားဆုံး ပိရစ်မစ်ကြီးကို ဆောက်ဖို့အတွက် လိုအပ်တဲ့ ကျွန်အင်အားတွေကို ပတ်ဝန်းကျင်ကိုပါ တောင်းခံလူစုခဲ့တယ်။ အဲဒီလိုလူစုတဲ့အထဲမှာ အာခိလိ လည်းပါသွားခဲ့တယ်။ အဲဒီပိရိမစ်ကြီးကို ဆောက်တဲ့နေရာမှာ ခက်ခဲကြမ်းတမ်း ပင်ပန်းမယ် ဒုက္ခတွေတွေ့လိမ့်မယ် ဆိုတာကို သူသိတယ်။ ဒါပေမယ့် သူပျော်နေခဲ့တယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီပိရမစ်ဟာ သူ့ရဲ့ ဇာတိမြေဖြစ်တဲ့ အရပ်ဒေသမှာ ဆောက်မှာလေ။သူပျော်နေတယ် ဆိုတာကတော့ ဆယ်နှစ်လုံးလုံးဝေးကွာနေခဲ့တဲ့ မိခင်နဲ့ဖခင်ကို အဲဒီပိရစ်မစ်ကို ဆောက်ရင်းနဲ့ ပြန်လည်တွေ့နိုင်တယ်ဆိုတဲ့ သူ့ရဲ့ မျှော်လင့်ချက်အိပ် မက်ကြောင့်ပေါ့။

ဒါပေမယ့် သူ့မျှော်လင့်ချက်နဲ့ လက်တွေ့ဟာ တစ်ခြားစီဆိုတာကိုတော့ သူဇာတိမြေကိုရောက်မှ သူသိလိုက်ရတယ်။ သူဟာပိရစ်မစ်ကြီးဆောက်ဖို့ အလေးချိန်နှစ်တန်ခွဲရှိတဲ့ နှမ်းဖတ်ကျောက်တုန်းကြီးတွေကို သယ်နေရင်း..၊ ကျောကုန်းပေါ် ကျလာတဲ့ ကြာပွတ်ဒါဏ်ရာတွေကို ကြိတ်မိတ်ခံစားရင်းနဲ့ပဲ သူ့အမေကို ရှာဖို့ဆိုတာ သူ့မှာ အချိန်မရှိခဲ့ဘူး။ သူထွက်ပြေးဖို့ အကြိမ်ကြိမ် ကြိုးစားခဲ့မယ့် သဲကန္ဒာရ ဟင်းလင်းပြင်ကြီးကို ကျော်ဖြတ် ပြေးသွားဖို့ဆိုတာ မဖြစ်နိုင်ခဲ့ဘူး။

အဲဒီလိုနဲ့ သူတို့တွေ ပိရစ်ပစ်ကြီးကို တည်ဆောက်ခဲ့ကြတာ ရက်တွေကနေ လတွေ လတွေကနေ နှစ်တွေ ကူးပြောင်းလို့ အပြီးသတ်ဖို့နီးလာခဲ့ပြီ။ ပိရမစ်ကြီးကို စတင်တည်ဆောက်စဉ်မှာ ကျွန်သစ်သိန်းကျော် ရှိခဲ့မယ့်မယ့် အဆုံးသတ်ခါနီးမှာတော့ ကျွန်အင်အားဟာ ငါးသောင်းမပြည့်တော့ဘူး။ တစ်ချို့က ကျောက်တုံးပိလို့ တစ်ချို့က ပင်ပန်းလို့ အဲဒီလို အဲဒီလိုနဲ့ ကျွန်တွေတစ်ယောက် ပြီးတစ်ယောက် ဆုံးပါးသွားခဲ့ကြရတယ်။



အခုတော့ သူ့အသက်က လေးဆယ်နားနီးလာပြီ။ ဒါပေမယ့် ပူလောင်နေတဲ့ သဲကန္ဒာရထဲမှာ လူနဲ့မတူအောင် ကုန်းရုန်းခဲ့ရတာ ဖြစ်တာကြောင့် အသားအရေဟာ မဲကျုတ်ပိန်လှီပြီး အသက်ကြီးနေတဲ့ လူအိုတစ်ယောက်လို ဖြစ်နေပြီ။ သူ့အင်အားတွေလည်း ချိနဲ့နေပြီ။ ဒါပေမယ့် ကြာပွတ်ဒါဏ်ကတော့ အခုအချိန်ထိ မလွတ်သေးပါဘူး။ အသက်ကြီးလာလေလေ သူ့အင်အားတွေက ကုန်ခမ်းလေလေ။ အင်အားကုန်ခမ်းတာနဲ့အမျှ သူရဲ့လုပ်နိုင်စွမ်းရည်ကလည်း ကျဆင်းလေလေပေါ့။ လုပ်နိုင်စွမ်းရည်ကျဆင်းလာတဲ့အမျှ ကြာပွတ်ဒါဏ်ရာတွေ ရလာတာတွေကလည်း ပိုများများလေလေပါပဲ။ အင်အားချိနဲ့မှုတွေ ကြာပွတ်ဒါဏ်တွေရဲ့ ကြားမှာ သူ့အမေကိုတောင် သူသတိမရနိုင်တော့ဘူး သူသတိရနေရတာက လူ့ဘ၀ဆိုတာ ကြာပွတ်ဒါဏ်သင့်နေတဲ့ ခံစားရမှုတစ်ခုတာပဲပေါ့။


တစ်ရက်မှာတော့ သူနေမကောင်းဖြစ်တယ်။ အဲဒီနေ့က နေမကောင်းဖြစ်တာဟာ ခါတိုင်းနေ့နဲ့လုံးဝ မတူဘူးဆိုတာကို သူသတိထားမိတယ်။ ဘာဖြစ်လို့လဲဆိုတော့ သူအိပ်ရာထဲကလုံးဝ မထနိုင်ဘူးလေ။ အဲဒီလို အိပ်ရာကနေ မထနိုင်တဲ့လူနာတစ်ယောက်ဟာ နှစ်တန်ခွဲအလေးချိန်ရှိတဲ့ နှမ်းဖတ်ကျောက်တုံးကြီးတွေကို ဘယ်လိုဖြစ်လို့ သယ်နိုင်မှာလဲ။ အိပ်ရာထဲမှာတောင်မှ အနည်းကို ကြိုးစားပြီး အသက်ရှုနေရတာလေ။ အဲဒါကြောင့် အဲဒီနေ့က သူအလုပ်ကို မသွားတေ့ပဲနဲ့ သဲပြင်မှာပေါ်မှာ မှောက်ချပြီး အိပ်နေလိုက်တယ် …… ။

သူဘယ်လောက် အထိ အိပ်ပျော်သွားတယ် မသိဘူး။ သူ့ဘေးနားမှ ဆူဆူညံညံအသံတွေကြားတော့မှ သူအိပ်ရာကနေ နိုးလာခဲ့တယ်။ သူနိုးလာတဲ့အချိန်မှာ ပတ်ဝန်းကျင်မှာ အရောင်တွေ ၀င်းနေလို့ သူ့မျက်လုံးကို တော်တော်နဲ့ မဖွင့်နိုင်ဘူး။ သူကြိုးစားအားယူပြီး ဖွင့်လိုက်တော့ သူ့အံသြသွားတယ် သူ့ပတ်ဝန်းကျင်က နှမ်းဖတ်ကျောက်တုန်းတွေကို ထမ်းသယ်နေရတဲ့ ပိရိမစ်ဆောက်တဲ့ ကျွန်တွေ မဟုတ်တော့ဘူး၊ ခမ်းနားတဲ့ အဆောင်အယောင်တွေနဲ့ ရွေရောင်တွေ တ၀င်းဝင်းတောက်နေတဲ့ နန်းတော်ကြီးထဲမှာ။ အဲဒီလိုနဲ့ အံ့သြလွန်းလို့ သူ့ကိုယ်သူ မယုံကြည်နိုင်အောင် ဖြစ်နေတုန်းမှာ ရံရွေတော်မိန်းမပျိုတွေက သစ်သီးတွေနဲ့ စားကောင်း သောက်ဖွယ်တွေ အပြည့်ထည့်ထားတဲ့ စားပွဲတစ်လုံးကို သူ့အရှေ့ကို ယူလာခဲ့တယ်။

သူ စားကောင်း သောက်ဖွယ်တွေကို ယူဖို့ လက်လှမ်းနေတုန်းမှာ သူနေထိုင်ရာ အခန်းထဲကို ဘုရင်ဝင်လာတာကို တွေ့လိုက်ရတယ်။ ဒါကြောင့် သူလှမ်းနေတဲ့ လက်ကို ရပ်ပြီး ထွက်ပြေးဖို့လုပ်နေတုန်းမှ ဘုရင့်ဆီကနေ အသံတစ်ခုထွက်လာတယ်။ နောင်တော် ဘယ်ကိုမှ မသွားပါနဲ့။

သူအဲဒီအသံကို ကြားပြီးတော့ သူ့နားကိုသူ မယုံနိုင်ဘူး။ ဟုတ်တယ်လေ သူအနှစ်နှစ်ဆယ်လုံးလုံး ဘုရင်သေရင် မြှတ်နှံရမယ့် ဂူသင်္ချိုင်းတစ်ခုကို ဒုက္ခဆင်းရဲခံပြီး တည်ဆောက်နေခဲ့ရတယ်။ သက်တောင့်သက်သာနေဖို့ ဆိုတာဝေးစွ အစားအသောက်အသောက်လေးတောင် မသေရုံတမည်စားပြီး ငါရဲကျသလို နေပူထဲမှာ အလုပ်တွေလုပ်နေရတာလေ။ အခုတော့ ဘုရင်ကိုယ်တိုင်က သူ့ကို နောင်တော်လို့ ခေါ်ပြီး သူရောက်နေတဲ့ နေရာက စားကောင်းသောက်ဖွယ်တွေနဲ့ သူ့တစ်သက်မှာ ရမယ်လို့ မထင်ရတဲ့ အရာတွေက သူ့ဘေးနားပတ်ဝန်းကျင်မှာ ရောက်နေပြီလေ။

အဲဒီမှာ သူက အံ့သြထိတ်လန့်စွာနဲ့ ဘယ်လိုဖြစ်တာလဲလို့မေးတော့။

“ နောင်တော် ညီတော်ဟာ နောင်တော်ရဲ့ ညီအရင်းပါ။ တကယ်တော့ နောင်တော်ဟာ နောင်တော်ထင်သလို ကျွန်တစ်ယောက် မဟုတ်ပါဘူး။ ကျွန်တော့်ရဲ့ နောင်တော်တစ်ပါးသာလျှင်ဖြစ်ပါတယ်။ မနာလိုသူ အထိမ်းတော်များက စွန့်ပစ်ခြင်းကြောင့်သာလျှင် နောင်တော်ဟာ ကျွန်မိသားစု အသိုင်းဝိုင်းကို ရောက်ရှိသွားခြင်း ဖြစ်ပါတယ် ”

သူ့ရဲ့ဖြစ်ရပ်တွေကို သူမယုံကြည့်နိုင်ဘူး။ ဒါကြောင့် သူစကားပြောဖို့ အားယူနေတုန်းမှာ
“ နောင်တော် အဲဒီအတွက်ဘာကို သံသယမဖြစ်ပါနဲ့ ဒီနန်းဆောင်ထဲမှာ နောင်တော်လွတ်လွတ်လပ်လပ် စိတ်တိုင်းကြနေနိုင်ပါတယ်။ လောလောဆယ် ညီတော်မှာ ဆောင်ရွက်စရာတွေ ရှိသေးတာကြောင့် ခွင့်ပြုပါဦး” ဟုဆိုကာ ဘုရင်ထွက်ခွာသွားတယ်။

ထိုအခါမှ သူ့ကိုယ်သူ စိတ်ချသွားပြီး စားကောင်းသောက်ဖွယ်တွေကို စိတ်တိုင်းကျ စားပါတော့တယ်။ အဲဒီအစားအသောက်တွေ စည်းစိမ်တွေ သူ့ပတ်ဝန်ကျင်က ရံရွေတော်တွေဆိုတာ သူ့တစ်သက်မှာ တစ်ခါမှ မမျှော်လင့်ခဲ့ဖူးတဲ့ အရာတွေပေါ့။ အဲဒီလိုနဲ့ သူစားနေတဲ့ ဟင်းလျှာထဲမှာ ကုလားအုပ်သား ပါတော့ သူငယ်စစဉ်ဘ၀က ကုလားအုပ် တစ်ကောင်ရဲ့ လည်ပင်းသွေးကို ဖောက်စုပ်မိလို့ ကျောပြင်ကို ကြာပွတ်နဲ့ အရိုက်ခံရတာကို သတိရသွားတယ်။ အဲဒီလို သတိရသွားတုန်းမှာ သူ့နားထဲမှာ ကြာပွတ်သံလိုလို အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒီအသံနဲ့အတူ သူ့ကျောပြင်ဟာလည်း နာကျဉ်သလို ခံစားလိုက်ရတယ်။

“ ဟေ့ကောင် အလုပ်မလုပ်ပဲ ဒီနေရာမှာ ဘာဖြစ်လို့ အိပ်နေတာလဲ။ အခုချက်ခြင်းထ”

သူ့နားထဲမှာ မသဲမကွဲ အသံတစ်ခုကို ကြားလိုက်ရတယ်။ အဲဒီလိုကြားလိုက်ရခြင်းနဲ့ အတူ ကြိုးစားပြီး မျက်လုံးကို ဖွင့်ကြည့်တော့ လူတစ်ယောက်က သူ့ကျောပြင်ကို ကြာပွတ်နဲ့ရိုက်နေတယ်။ အဲဒါကြောင့် သူပြောလိုက်တယ် ငါက ဘုရင့်နောင်တော်ကွ မင်းသေသွားချင်တာလား ……. သူအကျယ်ကြီး အော်ပြောလိုက်ပေမယ့် သူ့အသံကားထွက်မလာခဲ့ဘူး။

ဒါ့ကြောင့် သူ့အားကို အများကြီးစိုက်ပြီး ထပ်အော်ကြည်တယ်။ ဒါပေမယ့် အချည်းနီးပဲ။ အဲဒီတော့မှ သူသဘောပေါက်လိုက်တယ်။ တကယ်တော့ သူ့ဘ၀ဟာ ကျွန်တစ်ယောက်ပဲလေ။ ဘုရင့်နောင်တော်၊ စားသုံးလို့ မကုန်တဲ့ စည်းစိမ်တွေဆိုတာက အိပ်မက်တွေပဲ။ လက်တွေ့ဘ၀ဟာ ကြာပွတ်ဒါဏ်ရာတွေပဲလေ………….

သူ့မထမချင်း သူ့ကျောပြင်ကို ကြာပွတ်ရိုက်ချက်တွေက အဆက်မပြတ်ကျနေရာက်နေတယ်။ သူအားတင်းပြီး ထဖို့ကြိုးစားကြည့်တယ်။ ဒါပေမယ့် အချည်းနည်းပဲ ဘာဖြစ်လို့လဲဆိုတော့ သူဟာချိနဲ့ပြီးအားနည်းနေပြီလေ။ သူဘယ်လိုမှ မနိုင်တော့ဘူး။ မထနိုင်တဲ့အဆုံးမှာ သူဆုံးဖြတ်လိုက်တယ်။ ငါလုံးဝမထတော့ဘူး အဲဒီကြာပွတ်ဒါဏ်တွေကို ခါးစည်းခံလိုက်တော့မယ်။

သူက ပေပြီးမထလေ ကြာပွတ်ရာတွေက သူ့ကျောကို ထပ်ပြီးရောက်လာလေလေပဲ။ အဲလိုရောက်လာတဲ့ ကြာပွတ်ရာတွေက တဖြည်းဖြည်းနဲ့ ပိုပိုပြီးနာလာသလို သူခံစားရတယ်။ အဲဒီလိုနဲ့ နောက်ဆုံးတစ်ချက် ရိုက်လိုက်တဲ့ ကြာပွတ်ရိုက်ချက်က သူ့တစ်သက်နဲ့ တစ်ကိုယ်မှာ အနာကျဉ်ဆုံး ရိုက်ခံရတဲ့ ရိုက်ချက်ပဲ။ အဲဒီ ရိုက်ချက်ကြောင့် သူ့ရဲ့ ကျောပြင်ကနေ ဦးခေါင်း ဦးခေါင်းကနေ ခြေဖျားအထိ တုန်ခါသွားပြီး တစ်ကိုယ်လုံးမှာ ဆတ်ဆတ်တုန်သွားတယ်။

ကြာပွတ်ရိုက်သမားကတော့ မလျှော့ပါဘူး။ နောက်ထပ် ဆက်ရိုက်ပါသေးတယ်။ ဒါပေမယ့် အဲဒီရိုက်ချက်တွေကို သူမသိတော့ဘူး … .။ သူခန္ဒာကိုယ်မှာလဲ သူမရှိတော့ဘူး။ သူ့ဝိညာဉ်ဟာ တစ်ခြားနေရာကို ရောက်သွားခဲ့ပြီလေ……………
(စိုးဇေယျထွန်း- ၁၂.၉.၂၀၀၈)


မှတ်ချက်။ ။ ၂၀၀၈ ခုနှစ်အတွင်းက ပေးခဲ့သော ပေးစာတစ်စောင်မှ ကောက်နုတ်ချက်ဖြစ်သည်


Read More...

Saturday, January 17, 2009

မိန်းကလေးတွေကို သရော်တဲ့ ကာတွန်းဗီဒီယို


Help Me Please !!!!! - More bloopers are a click away



ဒါကတော့ မိန်းကလေးတွေကို ဖဲ့ထားတဲ့ သရော်ကတွန်းလေးပါ။ Metacafe မှာကြည့်ရတာ ကျွန်တော့်မိတ်ဆွေတွေလည်း ကြည့်ပြီးရင် သဘောကျကြမှမို့ ပြန်ပြီးမျှ ဝေလိုက်တာပါ။ ပြည်တွင်းက လူတွေအနေနဲ့ တိုက်ရိုက်ကြည့်လို့မရရင် ဒီနေရာကိုနှိပ် ဒေါင်းလုပ်ချပြီးကြည့်နိုင်ပါတယ်။

Read More...

Wednesday, January 14, 2009

ပလုံစီလွှတ်ခြင်း

အချိန်က ညနေရီဝေ စောင်းစောင်း။ ဒီအချိန်မှာ တစ်ချို့ကတော့ လေတခွန်တွေ လွတ်လို့ ကောင်းနေကြ ဦးမှာပေါ့။ အင်းလေ လေတံခွန်(စွန်) ရှိသေးတဲ့ လူတွေကတော့ အင်းယားကန်ဘောင် ဘေးမှာ သံယောဇဉ်လေးတွေကို ကြိုးသီပြီး နေ၀င်ရီယောမှ ပျော်ရွှင်ချင်းတွေကို လေထဲမှာ လွှတ်တင်နေကြမှာပေါ့။

လွှတ်တင်စရာ စွန်မရှိတဲ့ လူတစ်ယောက်ကတော့ အချစ်တွေကို အမြုတ်တွေနဲ့ သီပြီး ဖန်ခွက်ထဲမှာ လွှတ်နေလေရဲ့။ တကယ်တော့ အချစ်ဆိုတဲ့ အရာတွေက တစ်လုံးပြီးတစ်လုံး တက်တက်လာတဲ့ ပလုံစီလေးတွေထဲမှာ တစ်ချက်တစ်ချက် ပေါ်ပေါ်လာတယ်။ အဲလိုပေါ်ပေါ်လာတဲ့ အချစ်တွေကို တစ်လုံးပြီးတစ်လုံး မျိုခြရင်း။ အနာဂတ်တွေကို မေ့ပလိုက်တယ်။

translate google



Read More...

Myanmar Beer

Free Image Hosting at www.ImageShack.us


မြန်မာလူမျိုးတွေဟာ ဘယ်နေရာကို ပဲရောက်ရောက် မြန်မာဘီယာကိုပဲ သောက်ကြတယ်။


အခု မြန်မာဘီယာက စူဆူကီး R+ တစ်စီးပေးမယ်ဆိုလို့ မနေ့ညက 12 ခွက်သောက်လိုက်တယ်။ ကံစံမဲလက်မှတ် သုံးစောင်တော့ ရလိုက်တယ်။ မူးပြီး အိပ်ပျော်သွားတော့ အိပ်မက်ထဲမှာ ကြံရည်ရောင် R+ လေးတောင်ပါလိုက်သေးတယ်။ မနက်ကျောင်းတော့ မသွားနိုင်တော့ဘူး။ :P

Read More...

Tuesday, January 13, 2009

စိတ်လေခြင်း

ဒီလိုရယ်ပါ ပြောရမယ်ဆိုရင်တော့ ကိုယ့်ပေါင်ကိုယ်လန်ထောင်း အတော်ရှက်ဖို့တော့ ကောင်းပါတယ်။ ကျွန်တော်ဆိုတဲ့ လူက အင်တာနက်ကို အတော်အင်မတန်မှ စွဲလမ်းတတ်တဲ့ ပုဂ္ဂိုလ်ပါ။ (အက်တာနက်ကို စွဲလမ်းတာမဟုတ်ပဲ အလိုင်းပေါ်က ကောင်မလေးတွေကို စွဲလမ်းတာလဲ ဖြစ်နိုင်ပါတယ်) ဒါကြောင့် အချိန်တော်တော်များများ အွန်လိုင်းမှာ ရှိပါတယ်။ သို့ရာတွင်လည်း အွန်လိုင်း အင်မတန် စွဲသည် ဆိုသော ကျွန်တော်သည် အွန်လိုင်းကနေ ပျောက်ခြင်းမလှအောင် ရက်ဆက်ပျေက်သွားတတ်ပါတယ်။ တစ်ခါတစ်လေဆို နှစ်ပတ်လောက်ဆက်တိုက် ပျောက်နေတတ်ပါတယ်။ အကြောင်းကတော့ ရှင်းရှင်းလေးပါ အင်တာနက်သုံးစရာ ပိုက်ဆံမရှိလို့ပဲပေါ့။

အေးလေ ငွေရှိတဲ့အခါ ဆိုင်မှာ သွားသုံး ငွေမရှိလို့ ဆိုင်မသွားနိုင်တဲ့အခါ သုံးဖို့ ဆိုပြီး စစ်ကိုင်းအိုးလေး တစ်လုံးကို ဈေးကြီးကြီးပေးပြီး ၀ယ်ထားမိပါတယ်။ ( စစ်ကိုင်းအိုးဆိုတာ စစ်ကိုင်းမှ လာသော အိုများဖြစ်ပြီး သဲပါဝင်မှုနှုန်းများသော မြေဖြင့် ဖုတ်ထားခြင်းဖြစ်သည်။ အိုးတွင် သဲပါဝင်များသောကြောင့် အေးသည်။ သို့ရာတွင် သဲများသည့်အတွက် ရေစိမ့်နှုန်းမြန်သည်။ ထို့ကြောင့် စစ်ကိုင်းအိုးများကို နွေရာသီတွင် သာသုံးလေ့ရှိသည်။)

အင်တာနက်သုံးဖို့ စစ်ကိုင်းက အိုးကြီးတစ်လုံးများ သွားဝယ်ထားတယ်၊ အဲဒီ အိုးကြီးနဲ့ အင်တာနက်ကို ဘယ်လိုများသုံးမှာလဲလို့ ပေါက်တိပေါက်ရှာတော့ မတွေးပါနဲ့။ အက်အက်ကစ်ကို ပြောတာပါ။ စစ်ကိုင်းအိုးဟာ ရေစိမ့်နှုန်းမြန်တဲ့ အတွက်နေရာတိုင်းမှာ မသုံးပါဘူး။ နွေရာသီရေ အေးအေးလေး သောက်ချင်တဲ့ အခါမှသာ မရှိသုံးလေး ခဏတဖြုတ် သုံးသလို ၊ အက်အက် ကစ်ကလည်း ကော်နက်ရှင်မကောင်းတဲ့ အတွက်တော်ရုံတန်ရုံ သိပ်မသုံးဖြစ်ပါဘူး အေဒီအက်အယ် နဲ့ဝေးတဲ့ အခလောက်မှာပဲ သုံးဖြစ်တာပါ။ အဲလို မရှိတဲ့အခါလေး သုံးရတာနှစ်ခု သွားပြီးတူညီတဲ့အတွက် အက်အက်ကစ်ကို စစ်ကိုင်းအိုးနဲ့ တင်စားပြီး ပြောတာပါ။

အက်အက်ကစ်ဆိုတာကလည်းဗျာ သိကြတဲ့အတိုင်း နံပါတွေရော ကိန်းဂဏန်းတွေရော ရောပြွန်နေတဲ့ အရာမျိုးပါ။ အဲဒါကို ဘယ်သူကမှက အလွတ်ကျက်ထားမှာမဟုတ်ပါဘူး။ အဲလိုပဲ ကျွန်တော်လဲ ကျက်မထားပါဘူး။ Dial Up ဆော့ဝဲလေးထဲမှာ ယူဇာနဲ့ ပတ်စ၀ပ်ကို ဆေ့ထားလိုက်တာပေါ့။ သုံးချင်ရင် ဖုန်းကြိုးလေးထိုပြီး Connect လုပ်ပေါ့။

တစ်နေ့တော့ ဆိုင်သွားဖို့ ပိုက်ဆံကလည်းမရှိ။ ဖုန်းလိုင်းလေးကလည်း အဆင်ပြေနေလေတော့ မထူးပါဘူးဆိုပြီး ဖုန်းကြိုးလေး ကောက်ထိုးပြီး Dial လုပ်လိုက်ပါတယ်။ တီတီတီ ကီခွီဆိုပြီး Dial ကတက်မလာဘူး။ အဲဒါနဲ့ Retry ပြန်လုပ်။ တက်မလာဘူး။ ကျွန်တော် အကြိမ်ပေါင်းများစွာ လုပ်ကြည့်တယ် တက်မလာဘူး။ နောက်တော့ ဘာအယ်တာများ တက်နေပါလိမ့်လို့ ဆိုပြီး ကြည့်လိုက်တော့ Username နေရာမှာ Tun Myint တဲ့။ သိလိုက်ပြီ အရူးကောင်။

ကျွန်တော်နဲ့ အတူနေတဲ့ ကျွန်တော့်လို အောင်ကျူကျူ သူငယ်ချင်း တစ်ယောက်ရှိပါတယ်။ သူ့နာမည်က ထွန်းမြင့်တဲ့ ကွန်ပျူတာ အခြေခံလောက်တော့ တက်ထားဖူးတာမို့ ကွန်ပျူတာကို ဟိုကိလိ ဒီကိလိတော့ ရပါတယ်။ ဒီကောင် ကလိထားတာ ကျွန်တော့် ကွန်ပျူတာ Start Menu List ထဲမှာ ဆော့ဝဲတော်တော်များများ ပျောက်သွားပါတယ်။ ဥပမာ Start Menu ထဲမှာ သွားကြည့်ရင် Photo Shop မရှိတော့ဘူး။ ဒါပေမယ့် PSD ဖိုင်ကို ဖွင့်လိုက်ရင်တော့ ဖိုတိုရှော့တက်လာပါတယ်။ စက်ထဲမှာ ဆော့ဝဲတွေရှိနေတယ် Start Menu မှာ မရှိတော့ဘူး။ ဘယ်လိုလုပ်လိုက်လဲတော့မသိဘူး။

တစ်လောကလဲ ဇာတ်ကားကြည့်နေရင်းနဲ့ ကွန်ပျူတာထဲကနေ ခွေလေးကို ဖရပ်ဆိုပြီး ဆွဲထုတ်သွားတယ်။ ပြီးတော့ ပြန်တက်လာတယ်။ ဘာသွားလုပ်တာလဲလို့မေးတော့ ခွေက ထစ်နေလို့ ရေသွားဆေးတာတဲ့ အစဉ်းရာ မပါပဲ ထစ်တာ ပူလို့ထစ်တာ ဆိုပြီး ရေဆေးလာတဲ့ ဒီဗီဒီခွေလေးကို ပုဆိုးနဲ့ သုတ်ပြီး ကွန်ပျူတာထဲ ထည့်ဖို့ လုပ်ပါတယ်။ အဲဒီတော့မှ ကျွန်တော်က ကမန်းကတန်းတားပြီး ဟေ့ဟေ့ မလုပ်ပါနဲ့ ငါ့ Writer က မှန်ဘီးလူးလေး ကွိသွားပါဦးမယ်ဆိုတော့ “ ဟကောင်ရ ဒီဘီဒီစက်နဲ့ ဆိုရင် အဲလိုလုပ်နေကြပဲ ဘာမှ မဖြစ်ပါဘူး” တဲ့။ မလုပ်ပါနဲ့ဆရာရယ် အဲဒါက ဒီဘီဒီစက် ဒါက ကွန်ပျူတာ။ ရေခြောက်အောင်တော့ ခဏလောက်စောင့်ပါဦး ဆိုပြီး မနည်းတားလိုက်ရပါတယ်။

တစ်ခါမှာတော့ သူ့ Mp3 ထဲကို သီချင်းထည့်မယ်ဆိုပြီး ကွန်ပျူတာမှာ လာထိုးပြီး သီချင်းသွင်းပါတယ်။ ကျွန်တော်လည်း လုပ်ပါစေဆိုပြီး ရေသွားချိုးတယ်။ ကျွန်တော် ကွန်ပျူတာ ပြန်သုံးတော့ Rum နေတဲ့ ပရိုဂရမ်တစ်ခုကို ရပ်ဖို့ Task Manager ကိုခေါ်ပါတယ်။ Task Manager ကိုခေါ်ရင် သတိထားမိလိုက်တာ ခါတိုင်း အဲနားလေးမှာ ပေါ်နေကြ Kasper Sky အနီလေးကို မတွေ့ဘူး။ အဲဒါကြောင့် run နေတဲ့ List ထဲမှာ ကြည့်တော့လဲ မတွေ့ဘူး။ သေချာပြီး ဒီကောင်လက်ချက်ပဲ။ ဒီကောင်ကို ကြည့်လိုက်တော့ အိပ်ရာထဲမှာ နားကြပ်လေးနဲ့ စာအုပ်လေးဖတ်ပြီး ငြိမ့်နေတယ်။ အဲဒါနဲ့ ကျွန်တော်က မေးတယ်။ ဟေ့ရောင့် မင်း Kasper Sky ကို ဘာလုပ်လိုက်သေးလဲဆိုတော့။ သူက မသိပါဘူး။ ဒီဒေါင့်မှာ ပေါ်တာလေကွာ နီနီလေးလေဆိုတော့။
သြော်အေး Mp3 သွင်းတုန်းက တဂစ်ဂစ်နဲ့ ထထအော်နေတာ နားငြီးလို့ Exit လုပ်လိုက်တယ်တဲ့

ကွန်ပျူတာက Mp3 ထဲမှာပါလာတဲ့ Virus တွေ သတ်နေတာကို အရူးကောင်က နားငြီးတယ်ဆိုပြီး Exit လုပ်လိုက်တယ်တဲ့။ အဲဒီ Virus ဘယ်နှစ်ကောင်လောက်များ ကွန်ပျူတာထဲ ရောက်သွားလဲမသိဘူး။

အခုလည်းကြည့် ကျွန်တော့်မှာ ဈေးကြီးပေးဝယ်ထားရတဲ့ အက်အက်ကစ် အကောင့်ရဲ့ ယူဇာနိမ်းနေရာမှာ သူ့နာမည်ကြီးရိုက်ထည့်ထားတယ်။ ကျွန်တော်မေးကြည့်တော့ User Name ဆိုတဲ့နေရာမှာ သူ့နာမည်ရိုက်ကြည့်ပြီး Inter ခေါက်လိုက်တာတဲ့။


Read More...

Monday, January 12, 2009

Canon

Free Image Hosting at www.ImageShack.us





ဘယ်လောက်ပဲ ရဲရင့်တဲ့ မုဆိုးကောင်း တစ်ယောက်ဖြစ်ပါစေ..၊ လက်နက်မကောင်းပဲ အမဲပစ်ထွက်ရင် မုဆိုးကနေ သားကောင်ဘ၀ကို ရောက်သွားနိုင်ပါတယ်။ အဲလိုပဲ ဘယ်လောက်ပဲ ထူးချွန်တဲ့ ဓာတ်ပုံ ပညာရှင်တစ်ယောက် ဖြစ်နေပါစေ ကင်မရာ မကောင်းရင် ပုံကောင်းကောင်း မရနိုင်ပါဘူး။ အမြင်အာရုဏ်ထဲက ပုံရိပ်တွေကို အမိအရ ဖမ်းနိုင်ဖို့ဆိုရင် သေချာတာကတော့ ကင်မရာကောင်းကောင်း တစ်လုံးလိုမှာပေါ့။

ကျွန်တော်ကတော့ ကျွန်တော့်အမြင်အာရုဏ် တွေထဲက ပုံရိပ်တွေကို အမိအရ ဖမ်းယူနိုင်ဖို့ Canon ကင်မရာကိုပဲသုံးတယ်။


မှတ်ချက်။ ။ ဒါက ကင်နွန်ကင်မရာ အတွက်ရိုက်ပေးထားတဲ့ ကြော်ငြာပါ။ အခုတလော ကြော်ငြာတွေ ဆက်တိုက်ရိုက်နေလို့ ဘလော့ဂ်မရေးဖြစ်တာလေ။ :P

Read More...

Sunday, January 11, 2009

TRI ကြော်ငြာ အသစ်

Free Image Hosting at www.ImageShack.us




ဒါကတော့ TRI ကြော်ငြာ အသစ်ပါ။ မင်းသား ဘယ်သူလည်းဆိုတာ သေချာကြည့်နော် :P


sexymyanmar myanmar sexy

Read More...

Saturday, January 03, 2009

လမင်းလို အချစ်

ပန်းတစ်ပွင့်ကပြောတယ်
သူပွင့်ဝေခဲ့တာ
သူ့ကိုမြတ်နိုးတွေ လိုရာကိုသုံးချဖို့တဲ့

ကြယ်လေးတွေကပြောတယ်
ညအချိန်မှာ သူတို့ထွက်လာတာဟာ
သူ့ချစ်သူကို လမ်းပြဖို့တဲ့

နေမင်းကပြောတယ်
အလင်းရောင်တွေဟာ
သူ့ကိုယ်သူမီးရှို့ပြီး အမှောင်ထဲမှာချစ်သူကိုရှာနေတာတဲ့

လမင်းကပြောတယ်
တစ်လမှတစ်ခါ သူပျောက်ပျောက်သွားတာ
သူ့ချစ်သူအလိုမရှိတဲ့အချိန်မှာ ချစ်သူ့ရဲ့အဝေးမှာပုန်းရှောင်ပေးတာပါတဲ့

ချစ်သူရယ် ..
နင်သုံးလိုရာသုံးဖို့
ငါ့အချစ်တွေကို ပန်းတစ်ပွင့်လိုနင့်ရင်ခွင်မှာပွင့်ပေးခဲ့တယ်။

ချစ်သူရယ် . .
နင့်အတွက်ရေးပေးခဲ့တဲ့စာလေးတွေက
ကြယ်လေးတွေလို နင့်ဘ၀ကိုလမ်းပြမယ်ခဲ့မယ်ထင်ပါတယ်။

ချစ်သူရယ်
ငါ့ဘ၀တစ်ခုလုံးကိုမြှတ်နှံပြီး နင်နဲ့နီးစပ်ဖို့ကြိုးစားတယ်
အခုချိန်မှာ ပိုင်ဆိုင်မှုဆိုတာဘာမှမရှိတော့ဘူး
မီးလောင်သွားသလိုပဲပေါ့

ချစ်သူရယ်
ငါ့ကိုမင်းအလိုမရှိတော့တဲ့ အခုလိုအချိန်မျိုးမှာ
လတစ်စင်းလို အမှောင်ထဲကိုတိုးဝင်ပြီးရှောင်ပေးပါ့မယ်
ငါ့ကိုလုံးဝ နင်မမြင်စေရဘူး

Read More...