Art is My Life: မှတ်မိသေးတဲ့နေ့စွဲအချို့

Saturday, January 05, 2008

မှတ်မိသေးတဲ့နေ့စွဲအချို့

မှတ်မိသေးတယ် . . . . . .

နင်ပေးတဲ့ ကဗျာတစ်ပုဒ်နဲ့ မနက်များစွာကို မိုးလင်းခဲ့တယ်။ နင်တောင်းတဲ့ ကဗျာတစ်ပုဒ်ကို တစ်ညလုံး ထိုင်ရေးဖူးခဲ့တယ်။ ငါပေးခဲ့တဲ့ စာအုပ်တစ်အုပ်က နင့်အတွက် ခေါင်းအုံး တစ်လုံး ဖြစ်ခဲ့မလား . . . .

နှင်းစက်တွေ တွဲခိုနေတဲ့ နံနက်ခင်းမှာ ငါ့တို့ချစ်ခြင်းတွေကို အစပျိုးခဲ့တယ်။ ကြွေကျနေတဲ့ သစ်ရွက်ခြောက်တွေ ပေါ်မှာ နင်နဲ့ငါ လမ်းတွေ လျှောက်ဖူးခဲ့တယ်။ နင်နဲ့ အတူထိုင်ခဲ့ဖူးတဲ့ လှေကားထစ်တွေက ငါ့ကို မေးနေကြတယ် ခင်ဗျား တစ်ယောက်တည်းလားတဲ့။ ၃၈ လမ်းထိပ်က နှင်းဆီ ဆိုင်ကပြောတယ် ကောင်လေး နင်ပန်း မ၀ယ်တာ ကြာပြီနော် ……….

ရိုးတံတွေ ကြိုးကြဲနေတဲ့ သစ်ပင်တစ်ခုရဲ့ အောက်က လမ်းဘေးပီစီအို ဆိုင်လေးကနေ နင့်ဆီကို ဖုန်းဆက်နေတုန်း နင်ဖုန်းချသွားတယ်။ တယ်လီဖုန်းလေးက ငါ့ကို ပြောတယ် တာ့တာတဲ့။

လမင်းကြီး ထိန်ထိန်သာတဲ့ နေ့ဟာ နင်နဲ့ငါ နောက်ဆုံးတွေ့ခဲ့တဲ့ နေ့ပဲလေ၊ လမသာတဲ့ ညတွေမှာလည်း နင့်ကို သတိရဆဲပါ။ နင်ပြောခဲ့တဲ့ ရက်ကို အိပ်မက်တွေ မက်ရင်းနဲ့ စိုးထင့်တဲ့ စိတ်တွေနဲ့ စောင့်နေခဲ့ဘူးတယ်။ နင်ပြန်မ လာတော့ဘူးဆိုတာ သိလိုက်ရတဲ့ နွေလည်နေ့ခင်း တစ်ခုကို ငါအခုထိ မမေ့ဘူး။

အဲဒီနေ့က နင်ထားသွားခဲ့တဲ့ နေ့လေ

သြော် ………..
ဘာလိုလိုနဲ့ ကြာခဲ့ပြီနော်

1 comment:

သဇင်ဏီ said...

ကောင်မလေးကပြောခိုင်းလိုက်တယ်...
ပေးထားတဲ့စာအုပ်က ခေါင်းအုံးအိပ်ရတာ အဆင်မပြေဘူးတဲ့..
နည်းနည်းပါးတယ်တဲ့.. ခွိခွိ..
နောက်တာနော်..
အားလုံးအဆင်ပြေပါစေရှင်