Art is My Life: July 2007

Tuesday, July 31, 2007

ဖိနပ်စီးဖို့ အခွင့်အရေး

၂၉၊ ဂျူလိုင်၊ ၂၀၀၇
နေ့လည် ၂ နာရီခန့်


``ဟေ့... မင်းတို့ ဖိနပ်မပါဘူးလားကွ´´
``.......´´
``မင်းဖိနပ်ဘာလို့ မစီးတာလဲ၊ မရှိဘူးလား´´
`` ရှိတယ်။´´
``ဟေ။ ဒါဆို ဘာလို့မစီးတာလဲ။´´
``အိမ်မှာ သိမ်းထားတယ်။ အမေက မစီးရဘူးတဲ့´´
``ဟေ။ အမေက ဘာလို့ မစီးခိုင်းတာလဲ´´
``ပျောက်မှာစိုးလို့တဲ့´´

ကျွန်တော်နဲ့ ကိုစိုးဇေယျဘာမှ မပြောနိုင်တော့ဘူး။

အပြည့်အစုံဖတ်ရန်
*** *** ***

Read More...

Sunday, July 29, 2007

ထောင်တစ်သက် အတွေ့အကြုံ

ယခု ခွေးဥသြောအူသံကား အင်းစိန် ထောင်ကြီးပေါ်မှ ဆွဲလိုက်သော ဥသြသံကြီး ဖြစ်ချေသည်။

`` ဒေါင်.... ဒေါင်..... ဒေါင် ... ... ဒေါင် ..... ဒေါင်..... ´´

အဆိုပါ ဥသြသံနှင့် တစ်ဆက်တည်းပင် ထောင်ပတ်လည်ရှိ မျှော်စင်များမှ သံချောင်း ခေါက်သံများ တစ်ဒေါင်ဒေါင်နှင့် ဆူညံသွားသည်။ မောင်မောင်တို့ သင်တန်းသားများ ဘုမသိဘမသိနှင့် တစ်ယောက်မျက်နှာ တစ်ယောက် ကြည့်နေမိကြသည်။ ဘာများ ဖြစ်တာပါလိမ့်။

သင်တန်း ကျောင်းအုပ်ကြီး မစ္စတာအေကရစ်ရှနားကမှု ချက်ခြင်း သိလိုက်သည်။

`` ထောင်ထဲမှာ တစ်ခုခု ဖြစ်နေပြီဟေ့။ ရိုက်ပွဲလား လူပြေးသလား မသိဘူး။ တို့သွားကြည့်ရင်း ကူကြရအောင် ခပ်သွက်သွက်တော့ သွားရလိမ့်။´´

အထက် ဖော်ပြပါ စာပိုဒ်သည် ရန်အောင်မောင်မောင် ရေးသားသည့် ထောင်တစ်သက် အတွေ့အကြုံ အမည်ရ စာအုပ်မှ အင်းစိန်ထောင် ထောင်လန့်သည့် ဖြစ်ရပ်အကြောင်းကို ရေးထားခြင်းဖြစ်သည်။

ကျွန်တော်အရင်က ထောင်နဲ့ ပတ်သက်လို့ ကျော်မြသန်းတို့လို စာအုပ်တွေကို ဖတ်ခဲ့ဖူးပါတယ်။ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်အများစုက ထောင် အကြောင်းကို ရေးရင် ထောင်ကျဖူးတဲ့ စာရေးဆရာတွေ ရေးတာများပါတယ်။ ကျွန်တော် ဒီစာအုပ်ကို မဖတ်ဖူးခင်က ရန်အောင် မောင်မောင်ရဲ့ ထောင်တစ်သက် အတွေ့ကြုံဆိုတော့ ထောင်ထဲမှာ တစ်သက်တစ်ကျွန်းကျတဲ့ လူတစ်ယောက်က ရေးထားလို့ ထင်ခဲ့မိပါ သေးတယ်။ တကယ်တော့ စာရေးဆရာ ရန်အောင်မောင်မောင်ဟာ ထောင်ဝန်ထမ်း ဘ၀နဲ့ နှစ်လေးနီးနီး တာဝန်ထမ်းဆောင် ခဲ့ပြီး ထောင်ထဲက အတွေ့အကြုံ ဖြစ်ရပ်ဆန်းတွေကို ရေးသားထားခြင်းဖြစ်ပါတယ်။

အဲဒီစာအုပ်ကို ဖတ်ချင်တယ်ဆိုရင်တော့ ဒီနေရာကို နှိပ်ပါ

Read More...

အသိပေးခြင်း

ကျွန်တော့် ဘလော့၈်ကို ဒီဇိုင်းပြုပြင်မှုများ ပြုလုပ်နေတာကြောင့် မနေ့ကညနဲ့ ဒီနေ့နေ့လည်မှာ မြန်မာဖောင့်တွေ အပါအ၀င် စီဘောက်နဲ့ ဆိုဒ်ဘားလဲ ခေတ္တပျောက်သွား တာကို တွေ့ရမှာ ဖြစ်ပါတယ်။ သို့ပေမယ့် ယခုအခါတွင် ပုံမှန်အတိုင်းပင် ပြန်ဖြစ်သွားပြီ ဖြစ်ကြောင် အသိပေးပါသည်။

Read More...

Friday, July 27, 2007

Seminar ဖြစ်မြောက်ရေးအစည်းအဝေး (၂၀၀၇ ခုနှစ်၊ ဇူလိုင်လ၊ ၂၆ ရက်)မှ ဆွေးနွေးဆုံးဖြတ်ချက်များ

၁။ Seminar အား ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလ (၁) ရက်နေ့ နေ့လည် (၁) နာရီမှ ညနေ (၅) နာရီအထိ MICT Park တွင် ပြုလုပ်ကျင်းပမည် ဖြစ်ပါသည်။
၂။ Seminar ၏ ခေါင်းစဉ်မှာ “Why do we blog?” ဖြစ်ပါသည်။
၃။ Myanmar Blogger Society အတွက် လိုဂိုအား ကိုဖြိုးမှ ရွေးချယ်သတ်မှတ်ထားသော ဒီဇိုင်းအား ရေးဆွဲပေးရန် .. ။ ဆောင်ပုဒ်အား ထပ်မံရွေးချယ်ရန် .. ။
၎။ Seminar တွင် ဟောပြောမည့် ခေါင်းစဉ်များမှာ ..
What is blog?
How to modified the blog?
The nature of the blog
Adventage and Disadventage of blog
About Portal and Book
၅။ Seminar တွင် ချိတ်ဆွဲမည့် vinyl board များနှင့် ဝေငှမည့် လက်ကမ်းကြော်ငြာများအတွက် ဒီဇိုင်းအား ကိုဖြိုးနှင့် အဖွဲ့မှ တာဝန်ယူရေးဆွဲရန်။ (ဒီဇိုင်းကျွမ်းကျင်သူ ဘလော့ဂါများအနေဖြင့် ကိုဖြိုး အားဆက်သွယ်ဆောင်ရွက်ကြပါရန်)၊ ဘလော့အကြောင်းသိကောင်းစရာ စာအုပ်ငယ်အတွက် ပြင်ဆင်မှုများ ပြုလုပ်သွားရန်။
၆။ ဖိတ်စာရိုက်ရန်အတွက် ကိုညီလင်းဆက်ရှာထားသော စပွန်ဆာမှ တာဝန်ယူမည်ဖြစ်သည်။
အထူးဧည့်သည်တော်များအား ဖိတ်ကြားလိုသူများအနေဖြင့် ကိုစိုးဇေယျ အား ဆက်သွယ်ကြရန် ..
မီဒီယာများအား ကိုစိုးဇေယျမှ တာဝန်ယူဖိတ်ကြားရန် ..
၇။ Seminar ပြုလုပ်ကျင်းပမည့် သတင်းအတွက် ဂျာနယ်နှင့် စာနယ်ဇင်းကိစ္စအ၀၀ကို ကိုစိုးဇေယျမှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၈။ Internet Cafe' များနှင့် အခြား အိုင်တီနှင့်ဆိုင်သော ကုမ္ပဏီများ၌ ကြော်ငြာများကပ်ရန် ကိစ္စအ၀၀ကို ကိုနေဘုန်းလတ်၊ ကိုဘလာဂေါက်နှင့် မဘာညာတို့မှ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်သည်။
၉။ စပွန်ဆာများအနေဖြင့် မိန်းစပွန်ဆာမှ မိနစ်သုံးဆယ်စာ ဟောပြောခွင့်ရရှိမည်ဖြစ်ပြီး၊ အခြားသော စပွန်ဆာများအနေဖြင့် ကြော်ငြာများ ချိတ်ဆွဲခွင့်၊ လက်ကမ်းကြော်ငြာများ ဝေငှခွင့်များရရှိမည်ဖြစ်ပါသည်။ စပွန်ဆာအားလုံး၏ လိုဂိုတံဆိပ်များအား Seminar ဖိတ်စာတွင် ထည့်သွင်းဖော်ပြပေးသွားမည်ဖြစ်ပါသည်။
၁၀။ တက်ရောက်လာသော ဘလော့ဂါများ အချင်းချင်း သိသာစေရန်အတွက်MBS လိုဂိုများကို တက်ရောက်လာသော မြန်မာဘလော့ဂါများအား ကပ်ပေးမည်ဖြစ်ပါသည်။
၁၁။ စီစဉ်သူဘလော့ဂါများအနေဖြင့် တူညီတံဆိပ်ရိုက်နှိပ်ထားသော တီရှပ်များဝတ်ဆင်သွားမည်ဖြစ်ပါသည်။
ဟောပြောမည့်သူများအနေဖြင့် အမျိုးသားဖြစ်ပါက ပုဆိုးနှင့်တိုက်ပုံ ဆင်တူ၊ အမျိုးသမီးဖြစ်ပါက မြန်မာရိုးရာဝတ်စုံဖြင့် ၀တ်ဆင်ပြောကြားသွားမည်ဖြစ်ပါသည်။
Seminar မပြုလုပ်မီ
၁။ Organizer အဖြစ် ကိုညီလင်းဆက် ၊ ကိုစိုးဇေယျ နှင့် ကိုနေဘုန်းလတ် တို့မှ Seminar တစ်ခုလုံးအစမှ အဆုံးအထိ အစစအရာရာကိုစီစဉ်ညွှန်ကြားခြင်း၊ အရေးပေါ်ကိစ္စများအား Decision Maker များအဖြစ်ဆောင်ရွက်ခြင်းတို့အား ပြုလုပ်သွားမည်ဖြစ်ပါသည်။
၂။ ဟောပြောသူများမှ မိမိဟောပြောမည့် အကြောင်းအရာများကို သတ်မှတ်ချိန်အတွင်း အံဝင်ခွင်ကျရှိစေရန် ဟောပြောခြင်း၊ သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးမတိုင်မီ မိမိဟောပြောမည့် အကြောင်းအရာများအား အကြမ်းရေးသားထားရန်။
၃။ ကြိုဆိုနေရာချထားရေး၊ အခမ်းအနားပြင်ဆင်ရေး၊ ဧည့်ခံကျွေးမွေးရေး၊ အခန်းအနားမှူးနှင့် အခန်းအနားမှူးအကူ၊ ဓါတ်ပုံနှင့်ဗွီဒီယိုရိုက်ကူးရေးတို့အတွက် တာဝန်ယူပေးနိုင်သည့် မြန်မာဘလော့ဂါများအနေဖြင့် Organizer များဖြင့် အမြန်ဆုံးဆက်သွယ်ဆောင်ရွက်ကြပါရန် .. ။
ယနေ့အစည်းအဝေးအား တက်ရောက်လာသူများမှာ -
ကိုစိုးဇေယျ၊ ကိုမိုးလှိုင်ည၊ ကိုဘလာဂေါက်၊ ကိုညီလင်းဆက်၊ မောင်ပွတ်၊ မမယ်လိုဒီမောင်၊ Pink Gold၊ ကိုမျက်လုံး၊ ကိုဖြိုး၊ ကိုနေဘုန်းလတ်၊ ကိုသန့်ဇော်မင်း၊ ကိုချမ်းမြေ့ဦး၊ မဘာညာ၊ ကိုချစ်စမ်း၊ ကိုချမ်းမြေ့နှင့် ကိုတက်စလာတို့ဖြစ်ကြပါသည်။ အကြောင်းအမျိုးမျိုးကြောင့် အစည်းအဝေးမတက်ရောက်ဖြစ်ခဲ့သော မြန်မာဘလော့ဂါများအနေဖြင့် သြဂုတ်လ (၅) ရက်နေ့အစည်းအဝေးသို့တက်ရောက်ကြပါရန် လေးစားစွာဖိတ်ကြားလိုက်ရပါသည်။
မြန်မာဘလော့ဂါများတွင် အချို့သောအမျိုးသမီးဘလော့ဂါများသည် ပါဝင်ကူညီလိုသော်လည်း အကြောင်းအမျိုးမျိုးကြောင့် အဆက်အသွယ်ပြတ်နေကြသဖြင့် အမျိုးသမီးဘလော့ဂါများအနေဖြင့် မမယ်လိုဒီမောင် အား ဆက်သွယ်၍ ပါဝင်ကူညီနိုင်ကြပါသည်

Read More...

Thursday, July 26, 2007

ရေးသူ စိတ်ကြိုက် ဘလော့ဂ်ပို့ များ

အခုဆိုရင် ဘလော့ဂ်ရေးသက် ဆယ်လအတွင်းမှာ ပို့ နှစ်ရာ့ငါးဆယ်ကျော် တင်ခဲ့ပြီးပါပြီ။ အဲဒီထဲက ကျွန်တော်ကြိုက်တဲ့ ကောင်းနိုးရာရာတွေကို ရွေးချယ်ပြီး စီဘောက်ရဲ့ အောက်နားလေးမှာ တင်ထားပါတယ်။
ကျွန်တော် အကြိုက်နဲ့ မိတ်ဆွေရဲ့ အကြိုက် တူမတူ ဆန်းစစ်ကြည့်ပါ။

Read More...

Tuesday, July 24, 2007

အရေးကြီးတာကို အရင်လုပ်ပါ

ဆရာသည် ဇလုံးတစ်လုံးကို ယူလာ၍ တပည့်များ အားပြသသည်။ ထို့နောက် ထိုဇလုံး ထဲသို့ ကျောက်ခဲကြီးများ အပြည့်ထည့်စေသည်။ ကျော်ခဲကြီးများ ဇလုံးနှင့် ပြည့်သွားသော အခါတွင် တပည့်များက ပြည့်သွားပြီးဟု ပြောသည်။

ထိုအခါ ဆရာက ထိုကျောက်ခဲကြီးများ အပြည့်ထားသော ဇလုံအတွင်းသို့ ကျော်စရစ်ခဲများ ထပ်ထည့်ကာ လုပ်ခါ လိုက်သည်။ ဇလုံထဲတွင် ခဲကြီးများ ကျောက်စရစ်ခဲ များနှင့် ပြည့်သွားသည်။ ထိုသို့ထည့်ပြီးနောက် ပြည့်သွားတာ သေချာပြီလားဟု ဆရာက တပည့်များကို ထပ်မေးသည်။ ပြည့်သွားပါပြီး ဟုတပည့်များက ၀ိုင်းဖြေကြသည်။

ထို့နောက်ဆရာသည် ယင်းဇလုံအတွင်းသို့ သဲများကို ထပ်ထည့်ကာ လုပ်ခါလိုက်ပြန်သည်။ ထိုအခါ ဇလုံထဲတွင် ကျောက်ခဲ ကျောက်စရစ်ခဲ သဲများဖြင့် ပြည့်သွားသည်။ ထိုသို့ ထည့်ပြီးနောက် ဇလုံထဲမှာ ပြည့်သွားပြီလားဟု တပည့်များကို ထပ်မေးသည်။ တပည့်များက ပြည့်ပါပြီဟု ထပ်ပြောသည်။

ထို့နောက်ဆရာသည် ဇလုံအတွင်းသို့ ရေများ ထပ်လောင်းထည့်ပြန်သည်။ ထိုအခါ ဇလုံအတွင်းတွင် ကျောက်ခဲ ကျောက်စရစ်ခဲ သဲ ရေတိြု့ဖင့် ပြည့်သွားတော့သည်။ ထို့သို့ ပြည့်သွားပြီးနောက် ဇလုံထဲမှာ ပြည့်သွားပြီလားဟု တပည့်များကို ထပ်မေးပြန်သည်။ တပည့်များက ပြည့်ပါပြီး ပြောကြပြန်သည်။

ထိုအခါ ဆရာက အေးဟုတ်တယ် ပြည့်သွားပြီကွ ဟုတ်ပည့်များကို ပြန်ပြောသည်။ ထိုသို့ ဇလုံးထဲကို ခဲများ သဲများ ရေများ ဘာကြောင့် ဆရာက ထည့်ပြသည်ကို တပည့်များ နားမလည်နိုင်အောင်ရှိနေသည်။ ဆရာက မေးသည် ငါဘကြောင့် အဲလိုထည့်ပြတာလဲ ဟု ဆရာက တပည့်များကို ပြန်မေးသည်။ တပည့်များ ကောင်းစွာမဖြေနိုင်ကြ။

ဘ၀ဆိုတာလဲ ဇလုံးတစ်လုံးလိုပဲကွ။ ထည့်စရာတွေ အများကြီးရှိတယ်။ သင်စရာတွေ အများကြီးရှိတယ် သယ်သွားစရာတွေ အများကြီးရှိတယ် လုပ်စရာတွေ အများကြီးရှိတယ်။ အဲလို သင်စရာ သယ်စရာ လုပ်စရာတွေ အများကြီးကို တချိန်တည်းတစ်ပြိုင်တည်းမှာ ဘယ်သူမှ လုပ်နိုင်မှာမဟုတ်ဘူး။

ဒါကြောင့် လုပ်စရာတွေ များလှတဲ့ ဘ၀မှာ အရေးကြီးဆုံး အရာနဲ့ အရေး မကြီးတဲ့အရာကို ခွဲခြား သယ်တတ်ဖို့တော့ လိုလိမ့်မယ်။



* * *

Read More...

Seminar ကိစ္စ အစည်းအဝေး

လာမယ့် ကြာသပတေးနေ့ (၂၆.၀၇.၂၀၀၇) မှာ ကျွန်တော်တို့ ရန်ကုန်မှာရှိတဲ့ ဘလော့ဂါတွေ အားလုံး လာမယ့် ဘလော့ဂ်ဒေး မှာကျင်းပဖို့ ရှိတဲ့ Seminar ကိစ္စအတွက် အသေးစိတ် ဆွေးနွေး တိုင်ပင်ကြရန် အစည်းအဝေး တစ်ခု ကျင်းပဖို့ ရှိပါတယ်။

နေရာကတော့ ဗိုလ်အောင်ကျော် လမ်း ၊ အာလာဒင် ရှေ့မှာရှိတဲ့ Coffee King မှာဖြစ်ပါတယ်။ အစည်းဝေး ဆိုတဲ့ သဘောမျိုးထက်
ကျွန်တော်တို့ ဘလော့ဂါ တွေစုစည်း စီစဉ်ကြမယ့် Seminar ကြီးကို အောင်အောင် မြင်မြင် ကျင်းပနိုင်ဖို့ အတွက် ဘလော့ဂါတွေ အားလုံး တိုင်တိုင် ပင်ပင်နဲ့ တာဝန်တွေခွဲဝေ ဆောင်ရွက်ကြ ဖို့အတွက် ဖြစ်ပါတယ်။

ကျွန်တော်တို့ လုပ်ရမယ့် အလုပ်တွေထဲမှာ ပထမဆုံး အနေနဲ့ Seminar ဖြစ်မြောက်ရေး အတွက် ဆောင်ရွက်ရမယ့် လုပ်ငန်း တွေဖြစ်ပြီး ၊ ဒုတိယ အနေနဲ့ ကတော့ Seminar လုပ်နေစဉ် အတွင်း ဆောင်ရွက်ရမယ့် လုပ်ငန်းတွေ ပါဝင်မှာဖြစ်ပါတယ်။

အဲဒီ့ လုပ်ငန်း ဆောင်တာတွေ အတွက် ရန်ကုန်မှာရှိကြတဲ့ ဘလော့ဂါ တွေအနေနဲ့ ကိုယ်တတ်နိုင်တဲ့ဘက်က ပါဝင်ကူညီ အားဖြည့်နိုင်ဖို့ အတွက် အားလုံးကို ဖိတ်ခေါ်ရ ခြင်းဖြစ်ပါတယ်။ ဒီအစည်းဝေးမှာ ဖြစ်နိုင်ရင် တစ်ခါတည်း အစုအဖွဲ့တွေဖွဲ့ပြီး တာဝန် တွေတစ်ခါတည်း ခွဲဝေပေးလိုက်မှာ ဖြစ်တဲ့အတွက် အစည်းအဝေးကို တတ်နိုင် သမျှကြိုးစားပြီး တက်ရောက် ပေးကြဖို့အားလုံးကို မေတ္တာရပ်ခံပါတယ်။

အချိန်ကတော့ ညနေငါးနာရီတိတိ ဖြစ်ပါတယ်
နေရာက ဗိုလ်အောင်ကျော်လမ်းက ကော်ဖီကင်း

Read More...

Monday, July 23, 2007

မနက်ဖြန် သံလွင်အိမ်မက်ထွက်ပါပြီ

အွန်လိုင်းပေါ်က စာဖတ်ပရိသတ်တွေ မျှော်လင့် စောင့်စားနေတဲ့ သံလွင်အိမ်မက် အွန်လိုင်းမဂ္ဂဇင်း အမှတ် ၁၁ ကို မနက်ဖြန် မနက်က စပြီး ဖတ်လို့ ရပြီ ဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။
ကျွန်တော်ရဲ့ ဓာတ်ပုံလေးကိုလဲ သံလွင်အိမ်မက် အယ်ဒီတာများက ဖော်ပြပေးထားပါတယ်။ အဲဒီပုံလေးက မိတ္ထီလာ ကန်နဘေးမှာ ရိုက်ခဲ့တဲ့ပုံလေးပါ။
လိပ်စာကတော့
http://www.thanlwin.com/thanlwinainmat/

Read More...

Sunday, July 22, 2007

ဘလော့ဂ်ကာများ ဖိုရမ်ပြန်ဝင်ကြဖို့

အရင်က မြန်မာဘလော့ကာ ဖိုရမ်လေးဟာ ဘလော့ဂ်ကာတွေနဲ့ စည်စည်ကားကား ရှိခဲ့ပါတယ်။ အခုတော့ ၀င်သူမရှိသလောက် နည်းသွားပါတယ်။
ဘလော့ဂ်စာအုပ် ထုတ်ဖို့ ကိစ္စမှာ အဲဒီဖိုရမ်ကနေ တိုင်ပင်ဆွေးနွေးရင်း တော်တော်လေး ခရီးရောက်ခဲ့ပါတယ်။ အခုလည်း ဘလော့ဂ် ပေါ်တယ် ထောင်ဖို့ ကိစ္စကို တော့ပစ်တစ်ခုအနေနဲ့ စဆွေးနွေးနေပါပြီ။
ဘလော့ဂ်ကာ အားလုံး ၀င်ရောက်ဆွေးနွေးပေးကြပါလို့ ဖိတ်ခေါ်ပါရစေ။
ဒါပြင် ဘလော့ဂ်စလုပ်ရင် တင်းပလိတ် အခက်ခဲ ကြုံနေသူများလည်း ဒီဖိုရမ်မှာ ၀င်ရောက် အကူညီတောင်းခံနိုင်ပါတယ်။
ဖိုရမ်လိပ်စာက
http://www.myanmarbloggers.co.nr/ ဖြစ်ပါတယ်။

Read More...

ကျွန်တော် ၏စွန့်စားခန်းများ ပိုက်ဆံအိတ် ပိုင်ရှင်ရှာပုံတော်

အချိန်ကား ညနေသုံးနာရီခွဲခန့်။ ဆူးလေဘုရား ဘက်ကနေ ကျွန်တော်နေထိုင်ရာ ဆိပ်ကမ်းသာ လမ်းမဆီသို့ မဟာဗန္ဒုလ လမ်းအတိုင်း လူတစ်ယောက် ပြေးလာနေသည်။ ပြေးလာသူရဲ့ နောက်မှာ လူသုံးယောက်က ထပ်ကြပ်မကွာ ပြေးလိုက်လာကြသည်။ ပြေးသူက အသက်သုံးဆယ် ၀န်းကျင်ခန့် အရပ် ငါးပေ ၄ လက္မခန့် ကိုယ်လုံးကိုယ်ထည်က မပိန်မ၀။ လိုက်သူ သုံးယောက် ကပြေးသူထက် ကိုယ်လုံး ကိုယ်ဖန်ကြီးသည်။ ပြေးသူတစ်ယောက် လိုက်သူသုံးယောက် ဖြစ်၍ လူတွေက တအံ့တအော ကြည့်နေကြသည်။ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ပြေးသူကို လိုက်သူတွေ မိသွားကြသည်။ ပြေးသူကို လိုက်သူ သုံးယောက်က မိတယ်ဆိုရင်ပဲ ၀ိုင်းဝန်း ထိုးကြိတ်ကြတော့သည်။

ပတ်ဝင်းကျင်မှာ လူများစွာ ရှိနေပေမယ့် ဘာကြောင့် ဘာဖြစ်မှန်း မသိ၍ ဘယ်သူမှ ၀င်မကူရဲကြ။ စိတ်တိုင်းကြ ထိုးကြိတ်ပြီး လူသုံးယောက်က ပြေးသူကို ဂုတ်ကနေဆွဲကာ တက္ကစီပေါ်တင် ခေါ်သွားကြသည်။ပြီးတော့ ဖမ်းသူတွေက ကားနားမှာ ၀ိုင်းအုံကြည့်နေတဲ့ လူတွေကို ပြောသွားသေးသည်။

ဘာမှ မဖြစ်ဘူး ကိုယ့်အလုပ်ကို အေးဆေးလုပ်ကြ

တက္ကစီကားက ထွက်သွားပြီ။ ကျန်ခဲ့တဲ့ လူအုပ်ကြီးရဲ့ ပိစပ်မှာတော့ တွေးထင်သံများ ကို တစ်ယောက်တစ်ပေါက် ပြောဆိုကျန်ရစ်ခဲ့ကြသည်။

ခါးပိုက်နိုက်ကို ရဲဖမ်းသွားတာ ထင်တယ်

အချင်းချင်း အဝေမတည့်လို့ ဖြစ်တာ နေမှာ

ကြည့်ရတာ ရည်းစားလု ဘက်တွေလားမှ မသိတာ

.x . …. . … . . . . . …………………………….

ဒီမှာပိုက်ဆံအိတ်တစ်လုံး

စောစောက ပြေးသူလဲကျသွားသည့် နေရာမှာဖြစ်သည်။ ပိုက်ဆံအိတ်မှာ ယောက်ကျားလေးကိုင် ခေါက်ပိုက်ဆံအိတ် နွမ်းနွမ်းလေး တစ်ခုဖြစ်ပြီး သွေးများစွန်းပေနေသည်။ ဆိပ်ကမ်းသာ လမ်းထိပ်မှာ ၀က်သားထုတ်ထိုးနဲ့ ခေါက်ဆွဲ ရောင်တဲ့ မိန်းမကြီးက ပိုက်ဆံအိတ်ကို မီးညှပ်နှင့် ညှပ်ကာ လမ်းမပေါ်ကို ပစ်ချလိုက်သည်။ သူကိုကြည့်ရတာ ဘာမှန်းမသိ တဲ့အရှုပ်ထုပ်ထဲ ၀င်ပါချင်ပုံမရ။ ပိုက်ဆံအိတ်ကို လူတွေဝိုင်းကြည့် နေကြသည်။ သို့သော် ကိုင်ရဲတဲ့လူမည်သူမှ မရှိ။ ၀ိုင်းကြည့်နေသူများ ထဲက စပ်စပ်စုစု နိုင်ပုံရသည့် အသက်ငါးဆယ်ခန့် လူကြီးတစ်ဦးက ပိုက်ဆံအိတ်ကို ကောက်ကိုင်လိုက်သည်။ လူကြီး ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံအိတ် အတွင်းမှာ ဒေါ်လာနှင့် Fe များကိုတွေ့ရသည်။ လူကြီးက ပိုက်ဆံအိတ်ကို ဖွင့်ကြည့်ရင်း ရဲစခန်းသွားအပ်မယ် တစ်ယောက်ယောက် အဖော်လိုက်ခဲ့ပါ လို့ပြောသည်။ မည်သူမျှလိုက်ပါ ချင်ပုံမရ။

ကျွန်တော်လိုက်ခဲ့မယ်

ကျွန်တော်လူကြီးကို ၀င်ပြောလိုက်သည်။ လူကြီးကလည်း ခေါင်းညိမ့်ပြသည်။ နောက်တော့ ကျွန်တော်တို့ နှစ်ယောက် ကျောက်တံတား ရဲစခန်းရှိရာဘက်ကို ဦးတည်လာသည်။ ၃၆ ထိပ်ရောက်တော့ နောက်က အမျိုးသမီး တစ်ဦးပြေးလိုက်လာသည်။ အဲဒီအမျိုးသမီးက လူကြီးရဲ့ ဇနီးဖြစ်နေသည်။

ရှင်တော်တော်ရှုပ်ပါလား ကိုယ့်အလုပ်မဟုတ်တာကို ရှုပ်ချင်တယ်။ မလိုက်သွားနဲ့။

ဇနီးဖြစ်သူက တားတော့ လူကြီးက ကျွန်တော့ကို အားတုန့်အားနာနှင့် ကြည့်သည်။ ပြီးတော့ ပိုက်ဆံအိတ်ကို ကျွန်တော့် လက်ကိုအပ်လိုက်သည်။ သူဆက်မလိုက်တော့ပေ။

လူကြီးနှင့် ဇနီးသည်တို့ ထွက်သွားကြပြီ။ ၃၆ လမ်းထိပ်မှာ ပိုက်ဆံအိတ်နှင့် ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တယ်။ ကျွန်တော်တစ်ယောက် တည်းကျန်ရစ်ခဲ့တော့မှ စဉ်းစားကြည့်သည်။ ပိုက်ဆံအိတ်က ဒေါ်လာတွေ။ ဒေါ်လာဆိုတာ မြန်မာနိုင်ငံမှာ တရားဝင်ကိုင်ဆောင်ခွင့်ရှိတဲ့ ပိုက်ဆံမဟုတ်ဘူး။ ရဲစခန်းရောက်မှ နေရင်ထိုင်ရင်း ကျွန်တော်ပါ အမှုပတ်သွားနိုင်သည်။ ကံကောင်းလို့ ကျွန်တော့ကို အမှုလာမပတ် သည့်တိုင်အောင် ပိုက်ဆံအိတ်ပိုင်ရှင်က ဒေါ်လာတွေကို ဆုံးရှုံသွားနိုင်သည်။ ဒါကြောင့် ပိုင်ရှင်ကိုပဲ တိုက်ရိုက်ဆက်သွယ်ပြီး ပေးလိုက်ရင်ကောင်းမလား။

ကျွန်တော် ပိုက်ဆံအိတ်ကို ဖွင့်ပြီးရှာကြည့်တော့ ဒေါ်လာ ၂၃၀၀ ကျော် Fe 300 ကျော်၊ လိပ်စာကဒ် တစ်ခု နှင့် ကားလိုင်စင်တစ်ခု။ ကားလိုင်စင်ကတော့ ပိုက်ဆံအိတ် ပိုင်ရှင်ရှင်၏ ကားလိုင်စင် ဖြစ်ဟန်တူသည်။ လိပ်စာကဒ်ကတော့ အလွှတ်တမ်း ဓာတ်ပုံဆရာ တစ်ယောက်၏ လိပ်စာကဒ်။ ဒါဆိုရင်တော့ ပိုက်ဆံ အိတ်ပိုင်ရှင်ကို ဆက်သွယ်လို့ ရနိုင်စရာ အကြောင်းရှိသည်။ သို့သော် ဒီပိုက်ဆံတွေက သူတကယ်ပိုင်တဲ့ ပိုက်ဆံတွေ ဟုတ်ပမလား။ ဒီပိုက်ဆံတွေက ဒုစရိုက်မှု တစ်ခုခုနဲ့ ပတ်သက်နေမလား။ ဒုစရိုက် မှုနဲ့ ပတ်သက်ပြီးရလာတဲ့ ပိုက်ဆံတွေကို ကျွန်တောက်က စေတနာတွေ ပလပွနဲ့ သွားအပ်မိရင် ကျွန်တော်ပါ ဒုက္ခရောက်သွားနိုင်သည်။ ဒီတော့ ပိုက်ဆံတွေကို ရဲစခန်းပဲသွားအပ်တာ ကောင်းမလား ဒါမှမဟုတ် ကားလိုင်စင်ထဲက လူကိုဆက်သွယ်ပြီး ပေးရင်ကောာင်းလား။

ကားလိုင်စင်ထဲက လူကိုကြည့်လိုက်တာ့ စောစောက ပြေးတဲ့လူ။ သူပုံကိုကြည့်ရတာ လူရိုးလူကောင်ပုံပဲ ခက်တာက လူပုံကိုကြည့်ရုံနဲ့ တော့လူဆိုးလူကောင်း မသိနိုင်။ ဘာဘဲဖြစ်ဖြစ် သေချာတာ တစ်ခုကတော့ ပိုက်ဆံအိတ် ပိုင်ရှင်သည် ကားလိုင်စင်ထဲက လူဖြစ်လိမ့်မည်။ ဘာဖြစ်လို့လဲဆိုတော့ ခါးပိုက်နိုက်ပြီး ပြေးလာသူဆိုပါက ပိုက်ဆံအိတ် အတွင်းကို ကားလိုင်စင် ထည့်ဖို့ အချိန်ရလိမ့်မည်မဟုတ်ပေ။

ကျွန်တော် လိပ်စာကပ်ထဲက ဓာတ်ပုံဆရာကို ဖုန်းလှမ်းဆက်ကြည့်လိုက်သည်။ လိပ်စာကဒ်ထဲက လူကဖုန်းကိုင်သည်။ ကားလိုင်စင်ထဲက ကိုကျော်ကျော်လတ် ဆိုတဲ့လူကိုသိလား လို့ ကျွန်တော်က မေးလိုက်တော့ ဘာကိစ္စရှိလို့ လဲဆိုပြီး ဖုန်းထဲက လူကပြန်မေးသည်။ ကျွန်တော် သူပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ ပိုက်ဆံအိတ်ထဲမှာ အစ်ကို့လိပ်စာကဒ်ကို တွေ့လို့ အစ်ကိုနဲ့ များသိမလားလို့ မေးကြည့်လိုက်တာပါလို့ ကျွန်တော်က ပြန်ပြောလိုက်သည်။ ဒီတော့ ဖုန်းထဲကလူက သိပါကြောင်း မတွေ့ကြသည်မှာ လေးငါးခြောက်နှစ် ကြာပြီဖြစ်ပြီး ပြီးခဲ့သည့် နှစ်ရက်ကမှ ပြန်ဆုံမိရာတွင် လိပ်စာကဒ်ကို ပေးလိုက်ခြင်းဖြစ်ကြောင်း ကျော်ကျော်လတ်က လည်းသူ့ကို ဖုန်းနံပါတ်ပေးသွားကြောင်း ပြောပြီး ကျော်ကျော်လတ် ၏ ဖုန်းနံပါတ်ကို ကျွန်တော့ကို ရှာပေးသည်။

ကျွန်တော် ဖုန်းနံပါတ်ကိုရတယ် ဆိုရင်ပဲ ချက်ခြင်းဆက်လိုက်သည်။ အရေးထဲမှ ဖုန်းက ဆက်သွယ်မူ ဧရိယာပြင်ပ ကိုရောက်နေသည်။

များမကြာမှီ ကျွန်တော်သည် အရှုပ်တော်ပုံ တစ်ခုအတွင်း ရောက်ရှိသွားနိုင် သည်ကို မတွက်ဆမိခဲ့။

* * *


လုပ်ချင်စိတ်တွေ ပြင်းပြနေချိန်မှာ လုပ်မိတဲ့ အလုပ်တွေဟာ တစ်ခါတစ်ရံမှာ တူမတူအောင် ပြောင်မြောက်သလို တစ်ခါတစ်ရံမှာ တစ်သက်စာ ရှင်းမရတဲ့ အမှားတွေလည်း ဖြစ်သွားတတ်ကြသည်။ ဘာပဲဖြစ်ဖြစ် အလုပ်တစ်ခု လုပ်ခြင်းကြောင့် ဖြစ်လာမည့် ဆိုးကြိုးများကို အဆုံးထိသာ တွေးကြည့်လိုက်ပါ။ အဲဒီလောက် ငါ့ကံကြမ္မာက ဆိုးရွားခဲ့ရင် ငါဘာဖြစ်သွားနိုင်လဲ။

ကျွန်တော် သေချာစဉ်းစားကြည့်သည်။ အကောင်းဘက်က စဉ်းစားကြည့်ရင် ပိုက်ဆံအိတ် ပိုင်ရှင်သာ သူပိုက်ဆံတွေ ပြန်ရရင် ဘယ်လောက်များ ၀မ်းသာသွားမလဲ။ တကယ်လို့ အမှုခင်းတစ်ခု မှာပါဝင်ပတ်သက် နေတယ်ဆိုရင် အဆိုးဆုံး အခြေနေသည် ရဲစခန်းရောက် ရုံးရောက် ဖြေရှင်းရမည်။ ကျွန်တော့ဘက်က မှန်နေသဖြင့် အမှုမှာ ပတ်သက်ခဲ့သည့်တိုင် ကောင်းကောင်း မွန်မွန် ဖြေရှင်းပါက ဘာမှဖြစ်နိုင်စရာ အကြောင်းမရှိပေ။ ထို့ကြောင့် ပိုက်ဆံအိတ်ကို ပိုင်ရှင်လက်ကို မရောက်ရောက်အောင် ထည့်ပေးမည်ဟု ဆုံးဖြတ်လိုက်သည်။ အခုလောက်ဆိုရင် တောင်ပိုက်ဆံအိတ် ပိုင်ရှင်စိတ်ပူနေရောမည်။

ကျွန်တော် နောက်တစ်ကြိမ် ဖုန်းထပ်ခေါ်ကြည့်တော့ ဖုန်းကိုင်သည်။ ကျော်ကျော်လတ် ဟုတ်ပါသလားလို့ ကျွန်တော့က မေးလိုက်တော့ ဟုတ်ပါသည်တဲ့။ ကျွန်တော်ထင်ထားတာက ပိုက်ဆံအိတ် ပျောက်နေသူ တစ်ယောက် အနေဖြင့် ဒီအချိန်လောက်ဆိုရင် ပြာရာခတ် နေရောမည်။ သို့သော် သူ၏အသံက အေးအေးဆေးဆေး တည်တည်ငြိမ်ငြိမ်ပင်။

ကိစ္စရှိလို့လား

ဟုတ်ကဲ့ ကျွန်တော် ခင်ဗျားပိုက်ဆံအိတ်ကို ကောက်ရထားလို့ပါ။ အဲဒါဘယ်နေရာကို လာပေးရမလဲလို့

တကယ်ပြောတာလား၊ မလိမ်နဲ့နော်

အာ မလိမ်ပါဘူးတကယ်ပါ

ဒါနဲ့ စောစောက ဖြစ်ခဲ့တဲ့နေရာမှာ လူတွေရုတ်ရုတ်သဲသဲ ဖြစ်ပြီးကျန်ခဲ့သေးလား

မဖြစ်ပါဘူး

ဟုတ်လား တကယ်နော်

တကယ်ပါ

အေးကွာ ငါဒီမှာ ပြသနာနဲနဲရှိလို့ အခုတော့ ရဲတွေနဲ့ ညှိလိုက်တာ အဆင်ပြေသွားပြီ၊ မင်းအခုဘယ်နေရာမှာ ရောက်နေတာလဲ

ကျွန်တော် ဆူးလေ ကဆက်နေတာပါ

ပိုက်ဆံအတ်ထဲမှ ဘယ်လောက် ပါသလဲ ငါကပြေးရင်းလွားရင်း ဆိုတော့ မမှတ်မိတော့လို့

အဲဒါတော့မသိဘူးဗျ

ဒါဆိုရင် မင်းပုစွန်တောင်ဈေး အရှေ့ကိုလာခဲ့ကွာ ဒီမှာ ရဲတွေကို ပြုစုရအောင် ကောင်မလေးတွေလဲ ခေါ်ထားတယ်၊ မင်းဈေးအရှေ့ရောက်တာနဲ့ ကြည့်လိုက် ကောင်မလေးတွေ ကောရှိနေတော့ မင်းမြင်လိုက်တာနဲ့ သိမှာပါ။

ဟုတ်ကဲ့ ကျွန်တော် အခုထွက်လာမယ်

မင်းက ဘယ်လိုပုံစံလဲ

T Shirt အ၀ါရောင် ဘောင်းဘီရှည်နဲ့ ဘေးလွယ်အိတ် အစိမ်းရောင်ကို လွယ်ထားတယ်

ကျွန်တော် Taxi ပေါ်ရောက်မှ စဉ်းစားမိသည်။ စောစောက ဖုန်းကိုင်တဲ့လူသည် ကျော်ကျော်လတ် အစစ်ဟုတ်ပါ့မလား။ သူပြောတဲ့ ပုံအရဆိုပါက သံသယဖြစ်စရာ များစွာရှိသည်။ ပိုက်ဆံအိတ် ပျောက်နေသူတစ်ယောက် ပိုက်ဆံအိတ်ကို ပြန်ရတော့မည်လို့ သိလိုက်ရချိန်မှာ မည်သူမျှ ၀မ်းမသာပဲ နေလိမ့်မည်မဟုတ်။ သူ့ အသံက ၀မ်းသာပုံမရ ပိုက်ဆံပေးမှာ ထားတဲ့ကုန်ပစ္စည်းတစ်ခုကို နေရာရောက်အောင် ပို့ခိုင်းနေသည်ထက် သူလေသံက ပိုမထူး။ နောက်တစ်ချက်က ပိုက်ဆံအိတ် ပိုင်ရှင်ဖြစ်ပါက ကိုယ့်ပိုက်ဆံအိတ် ထဲမှာ ဘယ်လောက်ရှိသည်ကို သိရမည်။ ဒီတော့ ဖုန်းကိုင်သူသည် ပိုက်ဆံအိတ် ပိုင်ရှင် မဖြစ်နိုင်။ ဒါဆိုရင် ဘာဆက်လုပ်ရမလဲ။

ကားလိုင်စင် ပါတာပဲ ဘယ်သူပဲ ဖြစ်ဖြစ် ကိုယ့်မှတ်ပုံတင်နံပါတ်တော့ အလွတ် ရတတ်ကြသည်။ ကျော်ကျော်လတ် အစစ်အမှန်ဆိုရင် ကားလိုင်စင်ထဲက မှတ်ပုံတင်နံမှတ်ကို အလွတ်ရရမည် ။ ကျွန်တော် ဆုံဖြစ်ချက်ချလိုက်သည် မှတ်ပုံတင်နံပါတ်ကို အလွတ်မရွှတ်ပြနိုင်ပါက ပိုက်ဆံအိတ်ကို ပြန်ယူလာမည်။

ပုစွန်တောင် ဈေးအရှေ့ ရောက်ပါပြီ။ ကျွန်တော် Taxi ခပေးပြီး ကားပေါ်က ဆင်ခဲ့သည်။ စောစောက တယ်လီဖုန်းထဲတွင် ပြောသော ကောင်မလေး များနှင့် လူအုပ်ကို မတွေ့။ ကျွန်တော်က သူတို့ကို မတွေ့ရင်တောင် ကျွန်တော့ကို သူတို့မြင်နိုင်အောင် ခေါက်တုံ့ခေါက်ပြန် ဈေးအရှေ့မှာ လျှောက်ပြနေသည်။ ငါးမိနစ်ခန့် ကြာသွားပြီ အခြေအနေက ထူးမလာ။ ဒီတော့ ကျွန်တော် ဖုန်းပြန်ဆက်ကြည့်သည်။

ကျော်ကျော်လတ် ဟုတ်ပါသလား

ဟုတ်ပါတယ်

တဘက်ပြောသည့် အသံက စောစောက အသံနှင့် လုံးဝမတူသည်ကို ကျွန်တော်သတိထား လိုက်မိသည်။ ဒီလိုဆိုရင်တော့ အခြေအနေက ကျွန်တော် ထင်တာထက် ပိုရှုပ်ထွေးနေပြီ ဆိုတာကို ကျွန်တော်သိလိုက်ပြီ။ သို့ပေမယ့် ဟန်မပျက် စကားဆက်ပြောလိုက်သည်။

ကျွန်တော် ပုစွန်တောင် ဈေးအရှေ့ ရောက်နေပြီ

ဗျာ

တစ်ဘက်က ဖုန်းပြောသည့် လူတုန်လုပ်သွား သည်

ခင်ဗျားပဲ ခင်ဗျား ပိုက်ဆံအိတ်ကို ပုစွန်တောင် ဈေးအရှေ့မှာလာပေးဆို

ပိုက်ဆံအိတ် တကယ်လား၊

တစ်ဘက်လူ ၀မ်းသာအားနှင့်အော်လိုက်သည်။ ပြီးမှ ငိုသံနှင့်ဆက်ပြောသည်။

မနောက်ပါနဲ့ဗျာ၊ ကျွန်တော့ကို ဖမ်းဦးမလို့လား

မနောက်ပါဘူဗျာ ကျွန်တော့ဆီမှာ ခင်ဗျားရဲ့ပိုက်ဆံ အိတ်ရထားလို့ ခင်ဗျာကို လိုက်ရှာနေတာ

အစ်ကို အစ်ကိုက ကျွန်တော့ဖမ်းမဲ့ လူတွေတော့ မဟုတ်ပါနော်

ကျွန်တော့ကို မ၀ံ့မရဲနှင့်ပြန်မေးသည်။ ပြီးတော့ သူဆက်ငိုနေသည်။

မဟုတ်ပါဘူးဗျာ တကယ်ပါ။ ဒီမှာ ခင်ဗျားရဲ့ ကားလိုင်စင်တောင် ပါသေးတယ်။

သူကျွန်တော့ အပေါ်မှာ ယုံကြည်စိတ်ချသွား အောင် ပိုက်ဆံအိတ်အတွင်း ကားလိုင်စင်ပါကြောင်း ပြောပြလိုက်သည်။ တစ်ဆက်တည်းမှာဘဲ သုကို ကျော်ကျော်လတ် အစစ် ဟုတ်မဟုတ် သိရအောင် သူ့မှတ်ပုံတင်နံပါတ်ကို ရွှတ်ပြရန် တောင်းဆိုလိုက်သည်။

ဝမ်းသာလိုက်တာဗျာ

သူငိုသံကြီးနဲ့ ပြောပြီးဆက်ငိုနေသည်။ ငိုနေသည့်အရှိန်ကြောင့် မှတ်ပုံတင်နံပါတ်ကို မရွှတ်ပြနိုင်အောင်ရှိနေသည်။ တော်တော်လေးငို ပြီးမှာ သူမှတ်ပုံတင်နံပါတ်ကို ရွှတ်ပြသည်။ ပြီတော့ ကျွန်တော်ရှိနေသည့် ပုစွန်တောင်ဈေး အရှေ့ကို လာခဲ့မည့်အကြောင်း ပြောပြီးဖုန်းချသွားသည်။ ဖုန်းချသည် အထိသူငိုသံက မတိတ်သေး။ ပါးစပ်မှလည်း အယောင်ဆောင်တွေ ယောင်ဆောင်တွေ ဟု တတွတ်တွတ် ပြေသွားသေးသည်။ ဘာကို အယောင်ဆောင်တာလဲ ကျွန်တော်နားလည်။ သူ့ယောင်ကို ဆောင်တာကို ဆိုလိုချင်တာလား။ ကိစ္စမရှိ သူလာမှပဲ မေးတော့မည်။

ခဏလောက်ကြာတော့ Taxi တစ်စီးရောက်လာသည်။ ကားထဲမှာပါလာသူ ကတော့ စောစောပြေးသည့်လူ။ မျက်နှာတစ်ခုလုံး ဖုရောင်နေသည်။ နုတ်ခမ်းက ကွဲထွက်ပြီး သွေးများစီးကျနေသည်။ သူက ဆင်းမလာ ကားပေါ်ကနေ ကျွန်တော့ကို လှမ်းခေါ်သည်။ ကျွန်တော်က သူ့ကိုပိုက် ဆံအိတ်ပေးလိုက်တော့ သူလှမ်းယူသည်။ ပိုက်ဆံ အိတ်လှမ်းယူသော သူလက်မှာ သွေးများနှင့် နီရဲနေသည်။ ကြည့်ရတာ လက်မှာလည်း ဒဏ်ရာ ရထားပုံပေါ်သည်။ ကျေးဇူးတင်ကြောင်း ငိုရင်းနှင့် တစ်ဖွဖွပြောသည်။ ပြီးတော့ ကျွန်တော့ကို ဘယ်ပြန်မှာလည်းလို့ မေးသည်။ ကျွန်တော်က မြို့ထဲပြန်မည့် အကြောင် ပြောတော့ လမ်းကြုံသည်လိုက်ခဲ့ပါဟု သူကခေါ်သည်။ ကျွန်တော်လည်း သူဘယ်လို ဖြစ်တယ်ဆိုတာ အကြောင်းစုံ သိချင်တာကြောင့် ကားပေါ်အတူလိုက်ခဲ့သည်။

ကားပေါ်ရောက်တော့ ၀မ်းနည်းသံနှင့် သူရှိုက်ရှိုက်ပြီးငိုနေသည်။ အယောင်ဆောင်တွေ၊ သူတွင် တမိသားစုလုံးမှာ မှအဖွားတစ်ယောက်သာရှိပြီး အဖွားဖြစ်သူမှာ ယခုဆေးရုံတက်နေရသည်။ ဆိုတာလောက် ကလွဲပြီး ပိုပြောနိုင်ခဲ့။ ရှိစေတော့ သူဝမ်းနည်းပြီးငိုနေတာပဲ ကျွန်တော်လည်း ဆက်မမေးတော့ပေ ဆိပ်ကမ်းသာ လမ်းထိပ်ရောက်တော့ ကားရပ်ခိုင်းပြီး ကျွန်တော်ဆင်းခဲ့သည်။ သူကကျွန်တော်သွားခါနီးမှာ ကျေးဇူးတင်ပါ ကြောင်းနှင့် ကျေးဇူးဆပ်ရန် နာမည်နှင့်ဖုန်းနံပါတ် ပေးခဲ့ပါရန် တောင်းဆိုသည်။ ကျွန်တော် ဖုန်းနံပါတ်ပေးပြီး ပြန်လာခဲ့သည်။ ပြန်လာခဲ့ပေမယ့် ကျော်ကျော်လတ် တွေ့ကြုံခဲ့သည့် အဖြစ်ကို ကျွန်တော်သိချင် စိတ်ကပျင်းပြနေသည်။

ညပိုင်းရောက်တော့ သူကျွန်တော့ဆီကို ဖုန်းဆက်သည်။ ၃၉ လမ်းမှာ ရောက်နေပါကြောင်း နှင့် ကျေးဇူးတင်စကား အေးအေးဆေးဆေးပြောရန် လှမ်းခေါ်သည်။ ကျွန်တော်က သူနှင့်လည်း မရင်းနှီးသလို သူဘာဖြစ်ထားမှန်းလဲ ကျွန်တော်မသိသေး၊ အကယ်၍ ဆင်းသွားရင် . . . ။ ကျွန်တော် စဉ်းစားကြည့်ပြီး စာမေးပွဲရှိလို့ မဆင်းတော့ ဘူးလို့သူ့ကို လိမ်ပြောလိုက်သည်။ သို့သော် သူ ဘာဖြစ်ခဲ့တာလဲဆိုတာကို လည်းသိချင်သည်။ ထို့ကြောင့် သူအကြာင်းကို ဖုန်းထဲကပဲ မေးလိုက်တော့သည်။

သူပြောပြတဲ့ သူ့အကြောင်းက စိတ်ဝင်စားဖို့ ကောင်းပါသည်။ သူပြောတဲ့ သူ့အကြောင်းမှာ သတိထား ဆင်ခြင်စရာတွေ၊ ဆန်းကျယ်တဲ့ ကံကြမ္မာတွေ၊ ၀မ်းနည်းကြောက်လန့် စရာတွေကို ကျွန်တော်ခံစားသိရှိလိုက်ရသည်

ကျော်ကျော်လတ်ပြောတဲ့ သူ၏အဖြစ် အပျက်



ကျွန်တော်က ပန်းဆိုးတန်းလမ်းမှာ ဒေါ်လာ ၀ယ်ရောင်းလုပ် ပါတယ်။ အရင်က ဒေါ်လာမှုနဲ့ ထောင်သုံးနှစ် ကျဖူးတယ်။ အခု အိမ်မှာ ကျွန်တော်ရယ် ကျွန်တော့် အဖွားရယ် နှစ်ယောက်တည်းရှိတယ်။. အဖွားက ဆေးရုံတက်နေတာ။

ခါတိုင်းနေ့ တွေဆိုရင်တော့ ညီတစ်ယောက် လာပြီး ကူတယ်။ ပစ္စည်း(ဒေါ်လာများ ကို ပွဲစားများက ပစ္စည်းဟု ခေါ်ကြသည်) ကို ညီကို ပေးထားပြီး ကျွန်တော်က စကားပြောတယ်။ အရောင်းအ၀ယ် ဖြစ်မှ ပစ္စည်းကို ယူပေးတယ်။ အဲလို ပစ္စည်းတခြား လူတခြား ထားတော့ အန္ဒရယ်ကင်းတယ်။ ဖြစ်ချင်တော့ ညီက ဒီနေ့ ဒဂုံတက္ကသိုလ်မှာ ကျောင်းသွားအပ်တယ်။ အဲဒီတော့ ကျွန်တော် တစ်ယောက်တည်း။ ပစ္စည်းတွေလဲ ကျွန်တော့် လက်ထဲမှာ။

ညနေပိုင်းရောက်တော့ ကျွန်တော့်ဆီကို လူတစ်ယောက် FE လေးရာ လာဝယ်တယ်။ ကျွန်တော် ဆီက FE လေးရာ သူ့ကိုပေးလိုက်ပြီ။ သူ့ဆီက ပိုက်ဆံ တောင်းနေတုန်းမှာ လူသုံးယောက် ရောက်လာတယ်။

ကျော်ကျော်လတ် ဆိုတာမင်းလားတဲ့ ။ ဟုတ်ပါတယ်လို့ ပြောတော့

မင်းကို ငါတို့ ဋ္ဌာနက စစ်စရာရှိတယ် လိုက်ခဲ့လို့ ခေါ်တယ်

ကျွန်တော် အရင်က ဒေါ်လာမှုနဲ့ ထောင်တစ်ခါ ကျဖူးထားတော့ နောက်တစ်ခါ ထောင်ထပ်ကျမှာ အရမ်းကြောက်တယ်။ နောက်ပြီးတော့ အဖွားကလည်း ဆေးရုံတက်နေတာ။ ဒါကြောင့် ကျွန်တော် အခုအချိန်မှာ အဖမ်းခံလို့ မဖြစ်သေးဘူး။ ဒါကြောင့် ကျွန်တော်လွတ်မလားလို့ ထွက်ပြေးတယ်။ ကျွန်တော်ပြေးတော့ သူတို့ သုံးယောက် လိုက်လာကြတယ်။ ကျွန်တော် ပြေးရင်းပြေးရင်း မလွတ်တော့ ဘူးဆိုတာ သိလိုက်တယ်။ ဒါကြောင့် ဒေါ်လာထည့်ထားတဲ့ ပိုက်ဆံ အိတ်ကို ဆိပ်ကမ်းသာ လမ်းထိပ်မှာ လွင့်ပစ်လိုက်တယ်။

တကယ်လို့ အဖမ်းခံခဲ့ရရင်တောင်မှ ပစ္စည်းကို လက်ပူးလက်ကြပ် မမိဘူးဆိုရင် အမှုသက်သာ နိုင်တယ်လေ။ ဒါကြောင့် ပိုက်ဆံအိတ်ကို လွင့်ပစ်ခဲ့တာ။ ကျွန်တော့်ကို သူတို့ ဖမ်းမိတော့ ထိုးကြိတ်ပြီး Taxi ပေါ် တင်သွားတယ်။ သူတို့ကတော့ ခပ်တည်တည်နဲ့ စခန်းကို သွားမယ်ပြောတယ်။ ဒါပေမယ့် Taxi သမားကို မောင်းခိုင်းတာက သာကေသဘက်ကို။ ပြီးတော့ ကားပေါ်မှာ သူတို့က ပြောတယ်။

မင်းငါတို့ညှိမလား။ အမှုသက်သာမယ် စခန်းရောက်မှ ဆိုရင် ထောင်ကျလိမ့်မယ်လို့ ပြောတယ်။

ကျွန်တော်က လက်ထဲမှာ ပစ္စည်းမပါတာကြောင့် မညှိဘူးလို့ ပြောလိုက်တယ်။ နောက်တော့ သာကေတာ တံတားကျော် လူပြတ်တဲ့နေရာမှာ ရပ်ခိုင်းတယ်။ ပြီးတော့ ကားကိုပြန်လွတ်လိုက်တယ်။ ကားပြန်ထွက်သွားတာနဲ့ သူတို့ သုံးယောက်က ကျွန်တော့်ကို ၀ိုင်းပြီးထိုးကြိတ် တော့တာပဲ။ ပထမက အရောင်ဆောင်နေပေမယ့် နောက်တော့ သူတို့ အယောင်ဆောင်တွေ ဆိုတာ ပြောတယ်။ ပြီးတော့ ကျွန်တော့ဆီမှာ ရှိတဲ့ ပိုက်ဆံ အကုန်တောင်းတယ်။ ဆွဲကြိုးကို ဆွဲဖြတ်ယူတယ်။ ပြီးတော့ ကျွန်တော့် ဖုန်းကို ယူပြီး မနက်ဖြန် ပိုက်ဆံနဲ့ ပြန်လာရွေးလို့ ပြောတယ်။ ကျွန်တော်က တောင်းပန်တယ်။

အဲဒီဖုန်းက ကျွန်တော်ပိုင်တာ မဟုတ်ဘူး ငှားသုံးနေတာ လို့ ပြောနေတုန်းမှာ ဖုန်းဝင်လာတယ်။ ကျွန်တော့ကို ပေးမပြောဘူး။ သူတို့ထဲက တစ်ယောက်က တစ်ယောက်က ခပ်လှမ်းလှမ်းမှာ သွားပြောတယ်။ ပြီးတော့ ပြန်လာပြီး သူတို့ချင်း တိုးတိုးနဲ့ တိုင်ပင်တယ်။ နဲနဲလောက် တိုင်ပင်ပြီးတော့ ကျွန်တော့်ကို ဖုန်းပြန်ပေးပြီး ထွက်သွားကြတယ်။

သူတို့ ထွက်သွားပြီးတော့ ကျွန်တော်လည်း ဆိပ်ကမ်းသာလမ်းထိပ်မှာ ပိုက်ဆံအိတ်ကို ပြန်ရှာမလို့ ကားငှားပြီး အဲဒီနေရာက ထွက်ခဲ့တယ်။

သူတို့ နောက်ကို မြန်မာငွေ သုံးသိန်းကျော်နဲ့ ဆွဲကြိုးတစ်ကုန်း ပါသွားတယ်။ သူတို့ လာဖမ်းတုန်းမှာ ရောင်းနေတုန်းတန်းလှန်း FE လေးရာဖိုးက ပိုက်ဆံ မရလိုက်ဘူး။ ရှုင်းရှင်းပြောရရင် ကျွန်တော့်မှာ ဘာမှ မကျန်တော့ဘူ။ ကျွန်တော်ပစ်ထားခဲ့တဲ့ ပိုက်ဆံအိတ်ကို ပြန်ရရင်ရ မရရင် ဘ၀ပျက်ပြီ။

အဲလို ပိုက်ဆံကို ပြန်ရှာဖို့ သွားနေတုန်းမှာ အစ်ကိုဆီက ဖုန်းဝင်လာတယ်။ အစ်ကို ဖုန်းဆက်တော့ စောစောက အကောင်တွေ ပြန်လာပြီး ကျွန်တော့ကို ပြန်ဖမ်းမယ်လို့ ထင်နေတာ။ အစ်ကို ပိုက်ဆံအိတ် ပြန်ပေးမယ် ဆိုလို့ သာလာရတာ စိတ်ထဲမှာ သိပ်မယုံဘူး။ ပိုက်ဆံ အိတ်ကို လက်ထဲ ပြန်ရောက်မှပဲ စိတ်အေးနိုင်တာ။

ဘာပဲဖြစ်ဖြစ်ပါ။ ဆုံးသွားတာတော့ ဆုံးသွားတာပေါ့၊ ပစ္စည်းပြန်ရတာကို ကံကောင်းလှပါပြီ၊ လက်ထဲမှာ ပစ္စည်းရှိနေရင် ပြန်လည်ပတ်လို့ ရတာပေါ့။

ထိုနောက် သူသည် ကျွန်တော့်ကို အခါခွင့်သင့်လျှင် ကျေးဇူးပြန်ဆပ်ပါမည့် အကြောင်းပြော၍ ဖုန်းချသွားလေသည်။ ကျွန်တော်လည်း သူဖုန်းချ သွားပြီးမှ ပြန်စဉ်စားမိသည်။ တကယ်လို့သာ သူ့ကို ဖမ်းသွားသော လူဆိုးများသည် ပုစွန်ထောင်ဈေး အရှေ့တွင် ပိုက်ဆံအိတ်လာပေးမည့် ကျွန်တော့ကို စောင့်နေခဲ့မည်ဆိုလျှင် မည်သို့ ဆက်ဖြစ်မည်ကိုကား ကျွန်တော် မတွေးတတ်တော့ပါ


မှတ်ချက်။ ။ ဤဖြစ်ရပ်ကို ဖေဖော်ဝါရီ လအတွင်းအက ရေးခဲ့ပြီး ဖြစ်သော်လည်း တန်းလန်းကြီး လက်စပ်မသပ်ပဲ ထားခဲ့သည်။ ထို့ကြောင့် ယခုမှ တစ်ဖန် ပြန်လည် လက်စပ်သပ်ခြင်း ဖြစ်ပါသည်။



* * *

Read More...

နာမည်မပေးရသေးသော ဇာတ်လမ်းတစ်ပုဒ်

ကျွန်တော့် ဆိုတဲ့ အကောင်က အမြဲတမ်းလွဲ ချော်နေကြလေ။ ဘယ်နေရာကို သွားသွား၊ ဘာကိုလုပ်လုပ်၊ နေရာတိုင်း အလုပ်တိုင်းမှာ အရာရာနဲ့ အကြောင်းကြောင်းဗျ။ တစ်ခုတစ်လေ မလွဲရရင် ထမင်းစား မ၀င်တဲ့ အကောင်ပေါ့ဗျာ။

အဲလို နေရာတကာမှာ အလွဲလွဲ အချော်ချော်တွေနဲ့ ကျွန်တော်။ အဲဒီလွဲချော်မှုတွေက ကျွန်တော်ကို ဒုက္ခလှလှ ပေးလေ့ရှိတယ်။ တစ်ခါတစ်လေမှာ အဲဒီ ဒုက္ခတွေက ကျွန်တော့်အတွက် ငိုချင်ပေမယ့် ဘေးကကြည့်တဲ့လူအတွက် ဟာသတွေ ဖြစ်နေပြန်တယ်။ အဲအဲလို အဲလို လွဲချော်မှုတွေက တစ်ကြိမ်မှာ ကျွန်တော့်ကို ကြည်နူးမှုလေးတွေ ဖန်တီးပေးခဲ့တယ်ဆိုရင် . . .
သင်ယုံလေမလား

ရန်ကုန်မှာ နေထိုင်လို့ မကောင်းအောင် ပူပြင်းလှတဲ့ နွေရာသီတစ်ခုမှာ ကျွန်တော် ပြင်ဦးလွင်ကို အလုပ်ကိစ္စနဲ့ ရောက်ခဲ့တယ်။ နာမည်ကျော် ပြင်ဦးလွင်ကတော့ နာမည်ကျော်တဲ့ အတိုင်းပါပဲ ရန်ကုန်နွေနဲ့ ပြင်ဦးလွင်နွေက လုံးဝ တစ်ခြားစီ။ ကျွန်တော်ရဲ့ ဇတ်လမ်းလေးကတော့ အဲဒီ ပြင်ဦးလွင်မှာ အစပျိုးခဲ့တာပေါ့။

အဲဒီနေ့က နံနက် ဆယ်နာရီဝန်းကျင် လောက်မှာ ပြင်ဦးလွင်ကို ရောက်တယ်။ ကျွန်တော်တို့ တည်းရမဲ့ ဟိုတယ် ရောက်တော့ ပစ္စည်းတွေထား ရေတွေပါတွေချိုးပေါ့ဗျာ။ ပြီးတော့ တရေး တမောအိပ်တယ်။ အဲလို အဲကွန်းမဖွင့်ပဲ အေးတဲ့ နွေရာသီ နေ့လည်ခင်းလေးမှာ ကျွန်တော် အိပ်ပျော်နေတုန်း။

`` ဟေ့ကောင်ထ သွားကြမယ် ´´ ဆိုတဲ့ အသံကြောင့် ကျွန်တော် မထချင်ထချင်နဲ့ ထလိုက်ရတယ်။ သူတို့ပြောတာတော့ ပြင်ဦးလွင် နေရာအနှံ့ကို ပတ်မယ်ဆိုပဲ။ အဲဒီတော့လည်း ထရတာပေါ့လေ။ မျက်နှာလေး ဘာလေးသစ် အ၀တ်စားလှဲ ကင်မရာလေး ဆွဲပြီး ကျွန်တော် ဟိုတယ်အောက်ထပ်ကို ဆင်းလာခဲ့တယ်။

အောက်ထပ်ရောက်တော့ ကျွန်တော့် ကောင်တွေက ကားပေါ်ရောက်နေပြီ။ တက်တဲ့။ ကျွန်တော် ကားပေါ်တက် ထိုင်လိုက်တယ်။ ဒါပေမယ့် ကားမထွက်သေးဘူး။ အဲဒီ အချိန်လေးမှာ ကောင်မလေး တစ်ယောက် စက်ဘီးစီး သွားတာတွေ့လိုက်လို့ ကင်မရာကို အလျှင်အမြန်ထုတ်ပြီး ရိုက်ဖို့ ပါဝါဖွင့်လိုက်တယ်။ ပွင့်မလာဘူး။ အဲဒီအချိန်မှာ ကားက ထွက်ပြီ။ အခုမှ သတိရတယ် ကျွန်တော် ဘထ္ထရီက အခန်းထဲမှာ အားသွင်းထားတာ ထည့်မလာခဲ့မိပဲကိုး။ အဲတော့မှ ``ကားဆရာရေ ဟိုးဟိုး´´ လို့အော်ရပ်ခိုင်းပြီး ဘက္ထရီ ယူဖို့ ဟိုတယ် ဆီကို တစ်ခေါက်ပြန် ပြေးခဲ့ရတယ်။

ဧည့်ကြိုကောင်တာ ရောက်တော့ ဧည့်ကြိုကောင်မလေးက ကျွန်တော့်ကို ပြုံးပြတယ်။ ကျွန်တော် သူပြုံးပြတာ မကြည့်အားဘူး။ အခန်းနံပါတ် 201 သော့ပေးပါလို့ တောင်းပြီး အပေါ်ထပ်ကို တက်လာခဲ့တယ်။ ဒုတိယထပ် အခန်းနံပါတ် 201 ရောက်တော့ ပြသနာက အဲဒီမှာ စတာဗျ။

ကျွန်တော် သော့ကို ဖွင့်ပြီး အခန်းထဲ ကိုဝင်လိုက်တာနဲ့ မိန်းကလေး အော်သံတွေထွက်လာတယ်။ အခန်းက သုံးယောက် အိပ်ခန်း။ ကြည့်လိုက်တော့ အခန်းထဲကုတင်တွေပေါ်မှာ ကောင်မလေးတွေ ခြေပစ်လက်ပစ် ထိုင်နေရာကနေ နီးရာ စောင်တွေကို ဆွဲခြုံကြတယ်။ ဘယ်လိုဖြစ်ပါလိမ့်လို့ ကျွန်တော် ကြက်သေသေပြီး ငေးကြည့်နေတုန်းမှာ ၀ှီးကနဲ အသံ ကြားလိုက်ရတယ်။ ကြည့်လိုက်တော့ လိမ္မော်သီး တစ်လုံး ကျွန်တော့နားသယ် နားလေးကဖြတ်ပြီး တံခါးကို သွားမှန်တယ်။ ကျွန်တော် ဒီတိုင်း ဆက်ရပ်နေရင် လိမ်မော်ပျံတွေ အပြင် ခေါင်းအုန်းပျံ ဒေါက်ဖိနပ် ပျံတွေ ဆက်တိုက် ၀င်လာနိုင်တာမို့ အခန်းပြင်ကို ပြန်ထွက်ပြီး တံခါကို ၀ုန်းကနဲ ဆွဲပိတ်လိုက်တယ်။ ဘယ်လို ဖြစ်ရတာပါလိမ့် . . .

ကျွန်တော်စဉ်းစား နေတုန်းမှာ လှေကားအတိုင်း ပြေးတက်လာတဲ့ ဖိနပ်သံတွေကြားရတယ်။ ကြည့်လိုက်တော့ ဧည့်ကြိုက ကောင်မလေး။

`` အစ်ကို! အစ်ကို! သော့မှား ယူသွားတယ်။ အစ်ကို့ အခန်းက 301 ´´
လို့ လက်ထဲက သော့လေးကို ကိုင်ပြရင် ပြာပြာသလဲ ပြောတယ်။

`` ဟာ ဒါဆို ဒါကျွန်တော့ အခန်းမဟုတ်ဘူးပေါ့ ´´

`` မဟုတ်ဘူး၊ အစ်ကိုတို့ အခန်းက အပေါ်ထပ်မှာ´´

`` ဒါဆိုဘာဖြစ်လို့ အဲဒီသော့ကြီးပေးလဲ´´

`` အစ်ကိုက 201 ဆိုပြီးတောင်းတော့ သမီးက ကြောင်ပြီးပေးလိုက်မိတာ´´

ကျွန်တော် အဲဒီ အူကြောင်ကြောင် ကောင်မလေးနဲ့ ဆက်ပြီး အငြင်းပွားနေလို့ မဖြစ်။ ကားပေါ်က စောင့်နေတဲ့ လူတွေ မေတ္တပို့ တော့မည်။ ထို့အတူ ဤနေရာတွင် ကြာရှည်စွာ ရပ်နေခြင်းသည် ကျွန်တော့် အတွက် အင်မတန် အန္ဒယ် ကြီးမားတယ်။ ဒါကြောင့် ကောင်မလေး လက်ထဲက သော့ကို ဆွဲယူပြီး အပေါ်ထပ်ကို ပြေးတက်ခဲ့တယ်။ ဒီတစ်ခါတော့ အခန်းမမှားတော့ပါဘူး။

ကျွန်တော် ကားပေါ် ပြန်ရောက်တော့  အားလုံးက မေတ္တာပို့နေကြပြီ။ မတတ်နိုင်ဘူးလေ။ အခုသွားမှာ ပိတ်ချင်မြှေင်ကိုတဲ့ ကျွန်တော် စိတ်မ၀င်စားနိုင်ဘူး။ အခု ဟိုတယ်မှာ ဖြစ်ခဲ့တဲ့ ပြသနာက ကျွန်တော့် အတွက် နောက်ဆက်တွဲ ဘာတွေ ဆက်ဖြစ်နိုင်သေးလဲ ဆိုတာ မသိသေးဘူးလေ။

မဟာအံ့ထူးကံသာ၊ ပိတ်ချင်းမြှောင်၊ ပွဲကောက်ရေတံခွန် ညနေပိုင်းရောက်တော့ ကန်တော်ကြီးကို ရောက်ခဲ့တယ်။ ကန်တော်ကြီးထဲ ရောက်တော့ တချို့က ဘာဂီတွေငှားပြီး လျှောက်ပတ်ကြည့်ကြတယ်။ ကျွန်တော့်မှ မကြည့်နိုင်ဘူး။ စိတ်လဲ သိပ်မပါတာကြောင့် ပန်းပင်တွေနားမှာ သွားပြီး လိပ်ပြာလေးတွေကိုပဲ ဓာတ်ပုံလိုက်ရိုက်နေလိုက်တယ်။

ဒေလီယာ ပန်းလေးပေါ်မှာ နားနေတဲ့ လိပ်ပြာတစ်ကောင်ကို ကျွန်တော် အမိအရ ဓာတ်ပုံရိုက်ဖို့ ကြိုးစားနေတုန်း နောက်က ခေါ်သံတစ်ခုကြားလိုက်တယ်။

`` ဓာတ်ပုံဆရာ ဓာတ်ပုံရိုက်မလို့ ´´

ကျွန်တော် လည့်ကြည့်လိုက်တော့ ကောင်မလေး သုံးလေးယောက် ကိုတွေ့ရတယ် ။ အသက်ကတော့ ကျွန်တော်နဲ့ မတိမ်းမရိမ်းတွေ ပါပဲ။ ပုံစံတွေကို ကြည့်လိုက်တော့ တစ်ယောက်မှ လုံချည်မပါဘူး။ ကွာတားပင်နဲ့ ၊ ဘောင်းဘီရှည်နဲ့။ ဆံပင်ကို ဖြောင့်ထားတဲ့ လူနဲ့၊ ကောက်ထားတဲ့ လူနဲ့။ ကျွန်တော့်ကို ဓာတ်ပုံဆရာနဲ့ မှားနေပုံပေါ်ပါတယ်။ ကျွန်တော်က ဓာတ်ပုံဆရာ မဟုတ်ဘူးလို့ ပြောမလို့ ကာရှိသေးတယ် သူတို့ထဲ တစ်ယောက်က ပန်ပွင့်လေးကို ကိုင်ပြီး အမူရာတွေ ဘာတွေလုပ်နေပြီ။

`` ဒီအတိုင်းလေး တစ်ပုံရိုက်´´ တဲ့

ကျွန်တော်လည်း မထူးတော့ပါဘူးလေ ဆိုပြီး အဲဒီကောင်မလေးကို ရိုက်မလို့ ကင်မရာနဲ့ ချိန်လိုက်တယ်။ ရိုက်မလို့ Focus ချိန်နေတုန်းရှိသေးတယ်။ သူတို့ အုပ်စုထဲက အသံထွက်လာတယ်

`` ဟေ့ဟေ့ မတ်တပ်ရပ်ကြီးနဲ့ မလှဘူးထိုင်လိုက် ထိုင်လိုက်ထိုင်လိုက်´´

`` ဟုတ်လား ဒါဆို မရိုက်နဲ့ ဦးထိုင်လိုက်ဦးမယ် ´´
ကျွန်တော်လဲ သက်ပြင်းချလိုက်တယ်

`` အစ်ကိုရပြီ ရိုက်တော့´´

ကောင်မလေးက ပန်းပွင်လေးနားမှာ ဘေးတစ်စောင်း လေးထိုင်နေတယ်။
ကျွန်တော်လည်း ဒူးထောက်ထိုင်ပြီး ရိုက်မလို့ ချိန်လိုက်တယ်။ အဲဒီအချိန်မှာ သူတို့ အုပ်စု ထဲက အသံ ထွက်လာပြန်တယ်။

`` ဟိုလူကြီး ! ဟိုလူကြီ ! ´´

`` ဘယ်လူကြီးလဲ၊ ဘယ်လူကြီးလဲ ´´

`` နေ့လည်က အခန်းထဲ ၀င်လာတဲ့ လူကြီး ´´

`` ဘယ်မှာလဲ ဘယ်မှာလဲ ´´

`` အဲမှာ ဓာတ်ပုံရိုက်နေတဲ့ လူကြီး ´´

`` ဟင် . . ဟုတ်လား ´´ ဆိုပြီး ကောင်မလေးတွေ ထွက်ပြေးကုန်ကြတယ်။

ကျွန်တော်လည်း ရုတ်တရက်ဆိုတော့ ဘာလုပ်လို့ ဘာကိုင်ရမှန်းမသိဘူး။ သတိရလို့ ကြည့်လိုက်တော့ ကောင်မလေးတွေ ထွက်ပြေးကုန်ကြပြီ။ ရုတ်တရက်ဆိုတော့ ကျွန်တော်လည်း မတောင်းပန်မိလိုက်ဘူး။ ထားလိုက်တော့လေ။ ဟိုတယ်ရောက်မှ ပဲ သွား တောင်းပန်တော့မယ်လို့ ဆုံးဖြတ်လိုက်တယ်။

ကျွန်တော်ပန်းပွင့်လေး တွေကို ဓာတ်ပုံရိုက်မလို့ ပန်းပင်နားလေး တိုးလာခဲ့တယ်။ စောစောက ဓာတ်ပုံ အရိုက်ခံမဲ့ ကောင်မလေး ထိုင်နေတဲ့ နေရာနားရောက်တော့။ ပိုက်ဆံ အိတ်တစ်အိတ်လေး တစ်အိတ်။ ကြည့်ရတာ စောစောက ဓာတ်ပုံ အရိုက်ခံ မဲ့ကောင်မလေး ကြောက်အားလန့် အားနဲ့ ထွက်ပြေးရင်း ကျကျန်ထားခဲ့ပုံပဲ။

ကောက်ဖွင့်ကြည့်လိုက်တော့ ပိုက်ဆံ အိတ်ထဲမှာ ပိုက်ဆံ တစ်ချို့ရယ် ထီလက်မှတ်သုံးစောင် မှတ်ပုံတင်တစ်ခုနဲ့ ကျောင်းသားကဒ် တစ်ခုကိုတွေ့တယ်။ ကျွန်တော် ထုတ်ကြည့်လိုက်တော့

ယွန်းဝတ်မှုံ နောက်ဆုံးနှစ် အပိုင်း(က) ဆေးတက္ကသိုလ် (၁) ရန်ကုန်တဲ့ ။ ဟိုတယ်ရောက်ရင် ပြန်ပေးမယ်ဆိုပြိး အဲဒီပိုက်ဆံ အိတ်လေးကို ကျွန်တော် ကောက်ယူခဲ့တယ်။


နောင်တစ်ချိန်တွင် ဆက်ရေးမည်


* * *

Read More...

အွန်လိုင်းကနေ မူပိုင်ခွင့်ပညာကို အဝေးသင် သင်ကြမယ်

ကမ္ဘာ့အသိဥာဏ် ပစ္စည်းဆိုင်ရာ မူပိုင်ခွင့်ရုံး WIPO သင်ကြားပို့ချတဲ့ မူပိုင်ခွင့် သင်တန်းကို အွန်လိုင်းကနေ အခမဲ့ တက်လို့ရပါတယ်။

WIPO က နေအခမဲ့ အွန်လိုင်းက ပို့ချတဲ့ သင်တန်းတွေထဲမှာ DL 001 ၊ DL 101 ဆိုတဲ့ သင်တန်းတွေကို အခမဲ့ သင်ကြားခွင့်ပေးထားပါတယ်။ သင်တန်း ပြီးဆုံးတာနဲ့ အွန်လိုင်းနေပဲ စာမေးပွဲ ဖြေရပါတယ်။ စာမေးပွဲ ရလဒ်ကို ဖြေဖြေပြီး ချင်းသိနိုင်ပါတယ်။ စာမေးပွဲ အောင်တယ် ဆိုရင်တော့ WIPO ကချီးမြှင့်တဲ့ အောင်လက်မှတ်ကို စာတိုက်ကနေ ပို့ပေးပါတယ်။

DL 101 စာမေးပွဲကို တစ်နှစ်ကို နှစ်ခါ ကျင်းပပေးပါတယ်။ မြန်မာက ကျောင်းသား အများစုကတော့ DL 001 ကို ဖြေလေ့မရှိပါဘူး။ DL 101 ကို တိုက်ရိုက် သွားဖြေလေ့ရှိ ကြပါတယ်။ ပထမ စာမေးပွဲကို မတ်နဲ့ဧပြီမှာ လုပ်ပြီး ဒုတိယ စာမေးပွဲကို ဒီနှစ် October 1 to November 15 2007 အတွင်းမှာ လုပ်မှာ ဖြစ်ပါတယ်။ အဲဒီအတွက် Register တွေလက်ခံနေပါပြီ။

အဲဒီမှာ Register လုပ်ပြီးပြီဆိုတာနဲ့ ယူစာနဲ့ ပတ်စ၀ပ်ကို အီးမေးကနေ ပြန်ပို့ပေးပါတယ်။ အဲဒီအခါမှာ ကိုယ်က သင်ခန်းစာတွေကို ၀င်ပြီး ဖတ်သွားရရုံပါပဲ။

စာမေးပွဲ ဆိုပေမယ့် သိပ်အခက်ကြီးမဟုတ်ပါဘူး။ လေးခုပေးထားတဲ့ အထဲက မှန်တာ တစ်ခုကို ရွေးပေးရတာပါ။ စာအုပ် ကြည့်ဖြေလို့လည်း ရပါတယ်။ စာမေးပွဲ ရည်ရွယ်ချက်ကတော့ ကျောင်းသားဟာ မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး ဘယ်လောက် နားလည်သဘော ပေါက်သလဲ ဆိုတာကို စစ်တဲ့ သဘောပါ။

ဥပမာ မေးခွန်မှာ
စာပေဆိုင်ရာ မူပိုင်ခွင့်သည် စာရေးသူ ကွယ်လွန်ပြီး နှစ်ငါးဆယ် နှစ်ခြောက်ဆယ် နှစ်တစ်ရာ အထိ ပိုင်ဆိုင်သည် ဆိုတာမျိုး ပေးထားတဲ့ အထဲက မှန်တဲ့ဟာ တစ်ခုကို ကလစ်ခေါက်ပြီး ပေးလိုက်ရုံပါပဲ။

ဘာပဲဖြစ်ဖြစ် လူတိုင်းဟာ အသိဥာဏ်နဲ့ မကင်းတာမို့ ကိုယ်ဖန်တီးထားလေးကို မူပိုင်ခွင့်အရ ဘယ်လို အကာအကွယ်ယူလို့ရတယ်၊ သူများ ဖန်တီးထားတာကို မူပိုင်ခွင့်အရ ဘယ်လောက်အထိ ယူသုံးလို့ရတယ် ဆိုတာကို သပေါပေါက် နားလည် သွားမှာ ဖြစ်တဲ့အတွက် ဘယ်သူမဆို သိထားသင့်တဲ့ ပညာတစ်ခုပါ။
အဲဒီဆိုဒ်ကို သွားချင်တယ်ဆိုရင်
www.academy.wipo.int ပါ။ Register က ဒီလကုန်တာနဲ့ ပိတ်တော့မှာ ဖြစ်တာကြောင့် အခုပဲ သွားပြီး စာရင်းသွင်းလိုက်ပါ။ အခက်ခဲ တစ်စုံတရာ ရှိရင် ကျွန်တော့်ဆီကို မေးပို့ပါ ကျွန်တော် နားမလည်ရင် နားလည်တဲ့ လူတွေကို မေးပြီး ပြန်ဖြေပေးပါ့မယ်။

အခက်ခဲရှိရင် ဒီမေးတွေကို ဆက်သွယ်ပါ။
soezeya@gamil.com, brvboy@gmail.com,



* * *

Read More...

အပျင်းဖြေဖို့

တစ်ခါတလေမှာ အင်တာနက် သုံးရင်းနဲ့ ဘာမှ မလုပ်ချင်လောက်အောင ပျင်းနေတာမျိုးတွေ ရှိဖူးပါတယ်။ အဲလို ပျင်းတဲ့ အခါမှ ဂိမ်းတွေ ပါတွေ ဆော့ဖြစ်တာ ရှိသလို တောင်သွား မြောက်သွား လျှေက်သွား ဖြစ်တာလဲ ရှိပါတယ်။
အဲလို ဂိမ်းဆော့ရမှာလဲ ပျင်းတယ် တောင်သွား မြောက်သွားရမှာ လည်းပျင်းတယ် ဆိုရင် ဒီလင့်လေးကို ဖွင့်ကြည့်လိုက်ပါ။ အဲဒီလင့်လေးက လူကို အပျင်းပြေစေသလို အဓိပ္ပယ်လဲရှိပါတယ်။
အဲဒီလင့်လေးကို ကိုစစ်အိမ် ရဲ့ အိမ်ကို သွား လည်ရင်းနဲ့ သူနေ့တိုင်းထိုင်ကြည့် တယ်ဆိုလို့ ကူးလာတာပါ။

Read More...

Friday, July 20, 2007

စကားလုံးများနှင့် ပတ်သက်၍

မနေ့ညက ပေါ်လစီကား တစ်ကားကို ကြည့်ဖြစ်ပါတယ်။ ဇတ်ကား နာမည်က ကြယ်စင်ပတ်လည် ၀န်းရံလျက်ရှိသော အတိုင်းမသိ ရွှေပြည်တဲ့။ ဇာတ်ကို စင်ရော်မောင်မောင် ရိုက်ပြီး ငြိမ်မင်းက ဇာတ်ညွန်းရေးပါတယ်။ သရုပ်ဆောင် တွေကတော့ ညွန့်ဝင်း နေအောင် ဒွေး လွင်မိုး နန္ဒလှိုင် အိန္ဒြာကျော်ဇင် တို့ပါပဲ။ ပြောချင်တာကတော့ အဲဒီဇာတ်ကားမှာ ပြောသွားတဲ့ ဒိုင်ယာလော့လေး တစ်ခုကိုပါ။

အမှန်တိုင်း ၀န်ခံရရင် ဒီဇတ်ကားဟာ မြန်မာဇတ်ကား တွေထဲမှာတော့ တော်တော်လေး ကြည့်လို့ ကောင်းတဲ့ ကားတစ်ကားပါ။ ပေါ်လစီကား ဆိုပေမယ့်လည်း ဒါရိုက်တာနဲ့ ဇတ်ညွန်းရေးသူတို့ တော်တာကြောင့် တော်တော်လေး ကြည့်ကောင်းပါတယ်။ ဦးငြိမ်းမင်း ဇတ်ညွန်းရေးတဲ့ ကားတွေ တော်တော် များများကို ကြည့်လည်း ကြည့်ဖူးပါတယ်။ ကြိုက်လည်း ကြိုက်ပါတယ်။ ဒါပေမယ့် မနေ့ညက ဇာတ်လမ်းထဲမှာ နန္ဒလှိုင်ပြော သွားတဲ့ ဒိုင်ယာလော့ တစ်ခုကတော့ ဇာတ်ညွန်း ရေးသူတစ်ယောက် အနေနဲ့ မသုံးသင့်ဘူးလို့ ထင်ပါတယ်။

အဲဒီဒိုင်ယာ လော့လေးက ဒွေးနဲ့ နန္ဒာလှိုင် မမျှောင်လင့်ပဲ ဂျပန်ပြည်မှာ ပြန်ဆုံဖြစ်ကြတဲ့ အချိန်မှာ နန္ဒလှိုင်က ပြောတဲ့ ဒိုင်ယာလော့ပါ။ ဒိုင်ယာလော့ လေးကတော့
ကျွန်မက ပိုက်ဆံအတွက်နဲ့ ဒီနိုင်ငံမှာ ရရာအလုပ် လာလုပ်နေတာမဟုတ်ဘူး။ ဒီနိုင်ငံက လူတွေ မသိတဲ့ မတတ်တဲ့ ပညာတွေကို လာသင်ပေးနေတာ
အနည်းငယ် ကွဲလွှဲမှု ရှိပါလိမ့်မယ် အဓိပ္ပယ်ကတော့ အတူတူပါပဲ။

နောက်တစ်ခုကတော့ ပြည်တွင် တီဗီချယ်နယ်က အပတ်စဉ် ထုတ်လွင့်နေကြ စကားဝိုင်း တစ်ခုမှာပါ။ အဲဒီ စကားဝိုင်းမှာ ကားတွေ နဲ့ စည်းကမ်း အကြောင်း ပြောကြတော့ အဲဒီ ထဲက ဆရာ တစ်ယောက်က
ဟုတ်တယ်ဆရာ ကားမားတွေက အိုင်ကျူ နိမ့်တယ် တဲ့

ဘ၀တိုးတက်ဖို့ရာ အတွက် နိုင်ငံခြားမှာ အလုပ်သွားလုပ်နေကြတဲ့ မြန်မာတွေ အများကြီးရှိပါတယ်။ အဲဒီထဲမှာ ပညာတတ် အနေနဲ့ သွားပြီး အလုပ် သွားလုပ်တာတွေ ရှိသလို ကာယ လုပ်သား အဖြစ်နဲ့ အလုပ်သွားလုပ်ကြတဲ့ ရိုးရိုး လေဘာတွေလည်း ရှိပါတယ်။ အဲဒီမှာ စောစောက ပြောတဲ့ ပိုက်ဆံအတွက်နဲ့ ရရာ အလုပ်ကို လာလုပ်နေတာ မဟုတ်ဘူး ဆိုတဲ့ ဒိုင်ယာလော့က ပညာနဲ့ အလုပ်သွားလုပ်သူနဲ့ ကာယ လုပ်သားတွေကြားမှာ အဆင့်အတန်း ခွဲခြား သလို ဖြစ်နေပါတယ်။ အဲဒီ ဒိုင်ယာလော့ကို ကာယနဲ့ အလုပ်သွားလုပ်နေရတဲ့ လေဘာတွေ ကြားခဲ့ရင် သူတို့ ဘယ်လိုခံစားရမလဲ။

အဲလိုပဲ စောစောက စကားဝိုင်းမှာ ပြောတဲ့ ကားသမားတွေက အိုင်ကျူနိမ့် တယ် ဆိုတဲ့ စကားက ကားမောင်းခြင်းဖြင့် အသက်မွေး သူတွေကို နှိပ်ချသလို ဖြစ်နေပါတယ်။ အဲဒီ စကားကို ကားမောင်းခြင်းနဲ့ အသက်မွေးသူတွေ ကြားရင် ဘယ်လိုခံစားရမလဲ။

သူတို့ ပြောတဲ့ အကြောင်းအရာ မှားသည် မှန်သည်ကို ကျွန်တော် မပြောလိုပါ။ သူတို့ ပြောတဲ့ အကြောင်းအရာ မှန်သည် ဖြစ်စေ မှားသည်ဖြစ်စေ လူတစ်ဘက်သားကို ထိခိုက် နစ်နာနိုင်မည့် အပြောမျိုးကိုတော့ အများပြည်သူကို ဖြန့်ဝေသည့် အချိန်မှာ မသုံးသင့်ပါဘူး။ အဲလို စကားမျိုးကို အရပ်ထဲက စကားဝိုင်းမှာ အချင်းချင်း ပြောကြတဲ့ အခါမှာတောင် ကားသမားတွေ အိုင်ကျူမရှိဘူးကွ လို့ ပြောမယ်ဆိုရင် ကားသမား မရှိတဲ့ နေရာမှာ ပြောမှ အဆင်ပြေတဲ့ စကားမျိုးပါ ပိုက်ဆံ အတွက်နဲ့ ရရာအလုပ် လာလုပ်နေတာ မဟုတ်ဘူး ဆိုတဲ့ စကားကလည်း အဲလိုပါပဲ။

အဲလိုမျိုး အကြောင်းအရာ တော်တော်များကိုလည်း မြန်မာ စာပေ တချို့မှာ တွေ့မြင်ဖူးပါတယ်။ အခု အကြောင်းအရာ နှစ်ခုကတော့ မှတ်မိနေလို့ ပြောဖြစ်တာပါ။ ဘာပဲဖြစ်ဖြစ် လူတစ်ဘက်သားကို စိတ်အနှောက်ယှက် ဖြစ်စေနိုင်မဲ့ စကားလုံးမျိုးကိုတော့ စာရေးသသူတွေရော ဇာတ်ညွန်းရေးသူတွေပါ ရှောင်ကျဉ်သင့်ပါတယ်။

Read More...

အာဇာနည်ကုန်းသို့ တစ်ခေါက်

အာဇာနည်နေ့က အာဇာနည်ကုန်းမှာ သွားပြီး အလေးပြု ဖြစ်ခဲ့ပါတယ်။ တကယ်တော့ ကျွန်တော် ရန်ကုန်မှာ အာဇာနည်နေ့ လေးခုကို ကျော်ဖြတ်ခဲ့ ဖူးပါတယ်။ ဒါပေမယ့် အရင်က မရောက်ခဲ့ ဖြစ်ပါဘူး။ ဒီနှစ်မှပဲ အာဇာနည်ကုန်းကို ရောက်ဖြစ်ခဲ့တာပါ။

အာဇာနည်ကုန်းကို သွားဖို့ရာတွက် သူငယ်ချင်း တစ်ယောက်နဲ့ ဆူးလေက သုံးကား စီးခဲ့တယ်။ ရည်ရွယ် ချက်ကတော့ ရွှေတိံဘုရားကို တောင်ဘက် မုဒ်က တက်ပြီး အရှေ့ဘက်မုဒ်က ဆင်းမယ်ပေါ့။ တကယ်တန်း ရွှေတိံဂုံ ဘုရားကို ရောက်တော့ တောင်ဘက်မုဒ် ဓာတ်လှေကားမှာ ဘုရား လုံခြုံရေးတွေက စစ်ဆေးပါတယ်။ အဲဒီမှာ ကျွန်တော့ သူငယ်ချင်း ပါလာတဲ့ ကင်မရာကို ယူသွားလို့ မရဘူးဆိုပြီး ရစ်နေပါတယ်။ ကျွန်တော် တော်တော် လေ သွားတယ်။ ဘုရားပေါ် ကင်မရာ ယူလို့ မရဘူး ဆိုတာ တစ်ခါမှ မကြားဖူးသေးလို့ပါ။ အရင်ကလည်း ဒီလိုပဲ ကျွန်တော်တို့ ဘုရားပေါ်တက်ပြီး ဓာတ်ပုံရိုက် နေကြတာပဲလေ။ အခုမှ ထူးထူးဆန်းဆန်း လာလုပ်နေတယ်။ ကျွန်တော်လည်း စိတ်ချဉ် ပေါက်ပေါက်နဲ့ ဂေါပက ရုံးအဖွဲ့ကို ဖုန်းဆက်ပြီး စေဒက တက်ဦးမလို့ပဲ။ ဒါပေမယ့် အလုပ်မရှုပ်ချင် တာကြောင့် ဘုရားပေါ်က မတက်တော့ပဲ အာဇာနည်လမ်း အတိုင်း လျှောက်ခဲ့တယ်။

ဘုရား အရှေ့မုဒ်ကျော်တော့ လမ်းကြီးကို ပိတ်ထားတာ တွေ့လိုက်ရတယ်။ အဲဒီထိပ်မှာ စစ်သားတွေရော ရဲတွေရော စောင့်နေကြတယ်။ ကျွန်တော်တို့ သွားတော့ လမ်းပိတ်ထားတယ် ၀င်လို့မရဘူးတဲ့။ အာဇာနည်ကုန်း ပြည်သူ အလေးပြုချိန် မဖွင့်ပေးဘူးလားလို့ မေးတော့၊ M3 ဘက်ကနေ ၀င်ရမှာတဲ့ ဒီဘက် ဂိတ်က ပိတ်ထားတယ်တဲ့။

ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံဘုရား အရှေ့ဘက် မုဒ်ဘကနေ ဗဟန်းဈေး အရှေ့ ရေတာရှည် လမ်းဟောင်း၊ အဲဒီကနေ ရေတာရှည် လမ်းသစ်၊ ရေတာရှည် လမ်းသစ်ကနေမှ အနောက် ရွှေဂုံတိုင် လမ်းမကြီး ပေါ်ကို ရောက်ခဲ့ပါတယ်။ အနောက် ရွှေဂုံတိုင် လမ်းမကြီးမှာတော့ SB အဖွဲ့တွေရယ် NLD အဖွဲ့တွေရယ် ပျားပန်း ခတ်နေကြပါတယ်။

ကျွန်တော်တို့ အနောက်ရွှေဂုံတိုင်လမ်း M3 နားလေး ရောက်တော့ လမ်းပိတ်ထားပြီး စစ်ဆေးရေး ဂိတ်ဖွင့်ထားတာကို တွေ့ရပါတယ်။ အဲဒီမှာ ၀င်ပေါက်ကို မိန်းကလေး ၀င်ပေါက်နဲ့ ယောကျာင်္းလေး ၀င်ပေါက် နှစ်ပေါက် ခွဲထားတာကို တွေ့ရပါတယ်။ ယောကျာင်္းလေး ပေါက်ကို အမျိုးသား စစ်သားတွေ စစ်ဆေးပြီး မိန်းကလေး ၀င်ပေါက်ကို ရဲမေတွေက စစ်ဆေးပါတယ်။

ကျွန်တော်တို့ ၀င်မလို့ လုပ်တော့ ပစ္စည်းတွေ ဘောပင်က အစ ဘာမှ ယူသွားလို့ မရဘူး အကုန်လုံး အပြင်မှာ ထားခဲ့ရမယ်တဲ့။ အဲလို ကိုယ်နဲ့ ပါလာတဲ့ ပစ္စည်းတွေကို ဂိတ်က လက်ခံပြီး သိမ်းပေးထားမလား ဆိုတော့လည်း မသိမ်းပေးပါဘူးတဲ့။ ကိုယ့်ဟာကို အဆင်ပြေတဲ့ နေရာမှာ သွားထားပြီးမှာ ပြန်လာပါတဲ့။ ဒါကြောင့် အဲဒီနားက ဆိုင်တွေမှာ အပ်မယ်ဆိုတော့လည်း အဲဒီနားလေး တစ်လျှောက်က ဆိုင်တွေ အကုန်ပိတ်ပါတယ်။ ဒါကြောင့် မ၀င်ပဲ ပြန်လာရတော့ မလိုဖြစ်နေပါတယ်။ အဲဒီအချိန်မှာ ကံအားလျှော်စွာ အသိတစ်ယောက်ရဲ့ ကားဖြတ်သွားတာ တွေ့လိုက်လို့ သူ့ကားပေါ်ကို ပစ္စည်းတွေ အားလုံး တင်ပေးလိုက်ပါတယ်။

ကျွန်တော်တို့ စစ်ဆေးရေး ဂိတ်ရှေ့ကို တစ်ခါပြန်ရောက်တော့ တန်းစီပြီး တစ်ယောက်ပြီး တစ်ယောက် အ၀တ်ကာထားတဲ့ အထဲကို ၀င်ပြီး အစစ်ဆေးခံရပါတယ်။ အစစ်ဆေးခံ ဂိတ်ကို ကျော်တော့ ချက်ခြင်းသွားလို့ မရသေးပါဘူး။ မိန်းလေး ဆိုရင် မိန်းကလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ ယောကျာင်္းလေး ဆိုလည်း ယောကျာင်္းလေး ဆယ်ယောက် ပြည့်အောင် စောင့်ရပါတယ်။ အဲလို ဆယ်ယောက်ပြည့် ပြီဆိုမှ ဆယ်ယောက် တစ်သုတ်စီ လွတ်ပေးပါတယ်။

အာဇာနည်ကုန်း ၀င်ပေါက်ရောက်တော့ စစ်ဆေးရေး ဂိတ်တစ်ခုကို ထပ်တွေ့ရပါတယ်။ ကျွန်တော်တို့ ၀င်ပေါက်ထဲကို တန်းဝင်လို့ မရသေးပါဘူး။ ကျွန်တော်တို့ အရှေ့ကရောက်နှင့် နေပြီးသားလူတွေ ၀င်ပေါက်ဂိတ်မှာ စစ်ဆေးပြီးအောင် အပြင်ကနေ ရပ်စောင့်နေရပါတယ်။ ကျွန်တော်တို့ အရှေ့ကအဖွဲ့ တွေကို စစ်ဆေးလို့ ပြီးပြီဆိုမှ ကျွန်တော်တို့ အဖွဲ့ကို ထပ်သွင်းပါတယ်။ အဲဒီဂိတ်မှာကတော့ အသေးစိတ် ထပ်စစ်ပြီး နာမည် မှတ်ပုံတင်နံပါတ်နဲ့ နေရပ်လိပ်စာတွေ ပေးရပါတယ်။

ကျွန်တော်တို့ ဆယ်ယောက် အသုတ်မှာ ကျွန်တော်ရှေ့ဆုံးက ၀င်တာမို့ အရင်ဆုံး စစ်ဆေးခံ ပြီးပေမယ့် အာဇာနည်ဂူဗိမာန်ကို တခါတည်း တန်းသွားလို့ မရသေးပါဘူး။ ကျွန်တော်တို့ အသုတ်ထဲက လူတွေ အားလုံး စစ်ဆေးခံ ပြီအောင် စောင့်ရပါတယ်။ ဒါပေမယ့် သံဃာတော်တွေကို ဦးစားပေး စစ်ဆေးပေးတာကို တွေ့ပါတယ်။

အာဇာနည်ကုန်းတွင်းမှာ သစ်ပင်တွေ အမျိုးစားစုံ ပေါများပြီး အုံ့အုံ့ဆိုင်းဆိုင်းနဲ့ တွေ့ရပါတယ်။ ကျွန်တော်တို့ ကွန်ကရစ်လျှောက် လမ်းလေး အတိုင်း လျှောက်လာပြီး လှေကားထစ် ငါးထစ်လောက်ပါတဲ့ ပထမ လှေကားဆင့်ကို ကျော်ပြီးတော့ အာဇာနည် ဗိမာန်ကြီးကို ထင်ထင်ရှားရှား တွေ့ရပါတယ်။ အဲလို လေးကားထစ် ငါးခုလောက် ပါတဲ့ လှေကားဆင့် သုံးခုကို ကျော်ပြီး ချိန်မှာတော့ အာဇာနည် ဂူဗိမာန် အရှေ့ကို ရောက်သွားပါတယ်။

ဂူဗိမာန် အရှေ့မှာ အဖွဲ့အစည်း အသီးသီးနဲ့ အာဇာနည် မိသားစု ၀င်တွေ ချထားတဲ့ လွမ်သူ့ ပန်းခွေတွေကို အစီအရီ တွေ့ရပါတယ်။ အာဇာနည် ဂူဗိမာန်ကြီးဟာ ထုထည်ကြီးမားပြီး ခန့်ညှားတဲ့ ဗိသုကာ လက်ရာတစ်ခု ဆိုတာကို တွေ့မြင်ရပါတယ်။ ဂူဗိမာန်မှာ ကျဆုံးသွားတဲ့ အာဇာနည်တွေရဲ့ အမည်တွေကို သူ့နေရာအလိုက် ရေးထိုးတာ တွေ့ရပါတယ်။

ခဏလောက်နေတော့ ကျွန်တော့်တို့ ဆယ်ယောက် အုပ်စုကို တန်းစီပေးဖို့ မိုက်နဲ့ ကြေငြာပါတယ်။ အဲဒီနောက်မှာတော့ ဗိုလ်ချုပ်အောင်ဆန်း နှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်ကြီးများကို အလေးပြုရန် အားလုံးသတိ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်တို့ စတိတ် ကျောင်းသား ဘ၀က အလေးပြု ခဲ့ရတာကို ပြန်ပြီး အမှတ်ရပါတယ်။ နောက်တော့ ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည် ခေါင်းဆောင်းကို အလေးပြု ဆိုတဲ့ အသံ ထွက်လာတော့ ကျွန်တော့ တစ်ညီတညာတည်း အလေးပြုလိုက်ကြပါတယ်။ နောက်တော့ သက်သာ ဆိုတဲ့ အသံ ထွက်လာပါတယ်။ အဲဒါနဲ့ တစ်ဆက်တည်းမှာပဲ နောက်လာမဲ့ ပြည်သူတွေ လာရောက် ဂါရ၀ ပြုဦးမှာ ဖြစ်တဲ့ အတွက်ကြောင့် တစ်ဖက် အပေါက်မှ ပြန်လည်ထွက်ခွာ ပေးဖို့ ကြေငြာ ပါတယ်။ ဒါကြောင့် ကျွန်တော်တို့ ရွှေတိံဂုံ မြောက်မုဒ် နားလေးက အပေါက်ကနေ ပြန်ထွက်ခဲ့ရပါတယ်။

ကျွန်တော်တို့လည်း အပြင်ရောက်ရော မိုးက သည်းကြီးမဲ ကြီး ရွာချပါတော့တယ်။

Read More...

Thursday, July 19, 2007

လူချင်းစာ နှလုံးသား

ဘတ်စ်ကား ပေါ်တွင်ဖြစ်သည်။ ခပ်နွမ်းနွမ်း ၀တ်စားထားသော အသက် ၁၅၊ ၁၆ အရွယ် ကောင်လေး တစ်ယောက် နှင့် သန့်သန့်ပြန့်ပြန့် ၀တ်ဆင်ထားသော မိန်းမကြီး တစ်ယောက် နှစ်ယောက် ထိုင်ခုံကို အတူတူ ထိုင်ရင်း လိုက်လာ ကြသည်။ ကောင်လေးသည် ပြူတင်းပေါက် ဖက်တွင် ထိုင်ပြီး မိန်းမကြီးသည် အတွင်းဘက်တွင် ထိုင်သည်။ ထိုအချိန်တွင် ကျွန်တော်သည် ထိုနေရာနှင့် မနီးဝေးတွင် မတ်တပ်ရပ်စီးပြီး လိုက်ပါလာသည်။

ကျွန်တော် အကဲခတ်လို့ ရလောက် ကောင်လေးသည် ဂျစ်ပစီလေး တစ်ယောက် ဖြစ်နိုင်ပြီး တကိုယ်လုံး ပေပွနေသည်။ အ၀တ်စားများ မှာလည်း မလျှော်ပဲ ၀တ်ထားသည်မှာ အတော်ကြာနေ ပုံပေါ်သည်။ သူ့ပုံကို ကြည့်ရတာ ရေမချိုး ဖြစ်တာ အနည်းဆုံး သုံရက်ခန့် ရှိမည် ထင်ပါသည်။ မိန်းမကြီးသည် မတတ်သာ၍သာ ထိုခုံတွင် ထိုင်နေ ရသော်လည်း ထိုကောင်လေးနှင့် အတူတူ ထိုင်နေရသည် မှာ ငရဲကျနေသည့် အလား ခံစား နေပုံ ပေါ်သည်။ မိန်းမကြီး မျက်နှာမှာ ရှုံ့မဲ့နေသည်။ ကောင်လေးသည် ပြူတင်းပေါက် ဘောင်ကို မှီအိပ်ရင်း လိုက်ပါလာသည်။

* * *

ထိုစဉ်က ကျွန်တော် တောင်တက် အသင်းနှင့် ထရိန်နီ ဆင်းစဉ်က ဖြစ်သည်။ ထရိန်နီမှာ ထွေထွေ ထူးထူးတော့ မဟုတ်ပါ။ စနေ တနင်္ဂနွေ နေ့များတွင် နံနက် စောစော ထ၍ လမ်းလျှောက် ရခြင်းဖြစ်သည်။ ထိုသို့ နံနက် စောစော စီးစီးတွင် ရန်ကုန်မြို့ လမ်းများပေါ်၌ ကျန်းမာ ရေးအတွက် အပြေးလေ့ကျင့် သူများနှင့် စည်ကားလျှက်ရှိသည်။

တစ်ခုသော ရက်တွင် ထရိန်နီ ဆင်းရန်အသွား၊ လုံချည် ၀တ်ထားသော ကောင်မလေး တစ်ယောက် လက်ထဲတွင် ထီးတစ်ချောင်း နှင့် ကျန်လက် တစ်ဖက်တွင် ရေဘူးတစ်ဘူး ကိုကိုင် ညှပ်ဖိနပ်ကို စီးပြီး လမ်းမပေါ်တွင် မသက်မသာ ပြေးနေသည်ကို တွေ့လိုက်သည်။ ကောင်မလေး၏ အရှေ့ ဆယ်ပေခန့် အကွာတွင် သက်လတ်ပိုင်း အရွယ် အမျိုးသမီး တစ်ဦးသည် ဝေါကီးရှုး အားကစား ၀တ်စုံနှင့် ဟန်ချက်ညီညီ ကြွားကြွားလှလှ ပြေးနေသည်ကို တွေ့ရသည်။ ကျွန်တော် သေချာ ကြည့်လိုက်တော့ စောစောက ကောင်မလေးသည် ဟန်ချက်ညီညီ နှင့် ပြေးနေသော သက်လတ် ပိုင်းအမျိုးသမီး နောက်သို့ ပြေးလိုက်နေခြင်း ဖြစ်သည်။

ကျွန်တော် သဘောပေါက်လိုက်သည်။ ကောင်မလေးသည် အမျိုးသမီး၏ အိမ်ဖော် ဖြစ်ဟန်တူပြီး အိမ်ရှင် အပြေးလေ့ကျင့် သည့်နောက်မှ အဖော်အဖြစ် ပြေးလိုက်ပေး နေရခြင်းဖြစ်သည်။ လက်ထဲတွင် ထီးကိုင် ထားရခြင်းမှာ ထိုကာလသည် မိုးတွင်းကာ ဖြစ်သောကြောင့် မိုးရွာလျှင် အိပ်ရှင် ဆောင်းဖို့ ဖြစ်ဟန်တူသည်။ ရေဘူးသည်လည်း အိမ်ရှင် ပြေး၍ မောသော အချိန်တွင် သောက်ရန် အတွက် ဖြစ်ဟန်တူသည်။


* * *

စူပါဝမ်းအနီး သံလမ်း ခုံးကျော်တံတားကို ဘတ်စ်ကား တက်ချိန်တွင် အရှိန်ကြောင့် ကားဆောင့် သွားသည်။ ထိုအခါ ပြူတင်းပေါက် ဘောင်ကို မှီပြီး အိပ်နေသော ဂျစ်စီ ကောင်လေး နိုးသွားသည်။ သူနိုးတာ့ နေရာက ထ လာလပြီး ကလေးငယ် တစ်ဦးကို ပွေ့ချီကာ မှတ်တတ်ရပ် လိုက်စီးလာသော အမျိုးသမီး အတွက် သူ့နေရာကို ပေးလိုက်သည်။

အမှန်တော့ ကလေးနှင့် အမျိုးသမီးသည် တာမွေ ဈေးမှတ် တိုင်ကတည်းက တက်လာခြင်း ဖြစ်ပြီး ကားပေါ်တွင် ကလေးကို ပွေ့ချီကာ မှတ်တပ်ရပ်လျှက် စီးလာရ ခြင်းဖြစ်သည်။ ထိုသို့ ကလေးပွေ့နှင့် မတ်တပ်ရပ် နေသော အမျိုးသမီးကို ထိုင်ခုံမှာ တစ်ဦးတည်း လွပ်စွာ ထိုင်စီးနေသူများက မမြင်ချင်ဟန် ပြုနေကြခြင်း ဖြစ်သည်။

* * *

အိမ်ဖော် ဖြစ်ခြင်းကြောင့် အိမ်ရှင် အတွက် အလုပ် လိုက်လုပ် ပေးရခြင်းသည် မဆန်းပါ။ သို့ရာတွင် အားကစား ဖိနပ် ဘောင်ဘီဖြင့် သက်သောင့် သက်သာ ပြေးနေသော မိမိ ကိုယ်တိုင်ပင်လျှင် မောဟိုက် ပင်ပန်းနေလျှင် လုံချည် ညှပ်ဖိန်ပ်နှင့် လက်နှစ်ဖက်တွင် ထီးနှင့်ရေးဘူးကို ကိုင်ပြီး ပြေးနေရသော မိန်းကလေးသည် မည်သို့ ရှိမည်နည်း။

ဘတ်စ်ကားသည် ကြပ်လွန်းသောကြောင့် လူတိုင်းထိုင်စီး လိုကြသည်။ ထိုလူ ကြတ်ကြတ်တွင် မှတ်တပ်ရပ် စီးရသည်မှာ လွန်စွာ ပင်ပန်း လှသည်။ မိမိ တစ်ယောက်တည်း အကောင်းပ ကတိအတိုင်း မှတ်တပ်ရပ် စီးရသည်မှာ အလွန် ပင်ပန်းလျှင် ကလေးပွေ့ ထားသူများ ကိုယ်ဝန် ဆောင်များနှင့် ခြေလက်အင်္ဂါ ချို့တဲ့သူများမှာ မည်သို့ ရှိမည်နည်း။

* * *

လူတိုင်းတွင် နှလုံးသား ရှိကြပါသည်။ ထိုနှလုံးသားတိုင်း ချစ်တတ်သည် မုန်းတတ်သည်။ သို့သော် နှလုံးသား တိုင်းသည် လူခြင်း မစာနာတတ်ကြပါ။
တကယ်တော့ လူခြင်းစား နှလုံးသား ဆိုသည်မှာ ဆင်းရဲခြင်း ချမ်းသာခြင်း ပညာတတ်ခြင်း ပညာမဲ့ခြင်းနှင့် သက်ဆိုင်ခြင်းမရှိပါ။ လူတစ်ဦး တစ်ယောက်၏ ရင်ဘတ်ထဲတွင် ထားရှိသော နှလုံးသား တစ်ခုနှင့်သာ သက်ဆိုင်ပါသည်။




* * *

Read More...

Wednesday, July 18, 2007

အာဇာနည်များ အကြောင်း

အာဇာနည်နေ့မှာ ကျဆုံးခဲ့တဲ့ ခေါင်းဆောင်ကြီးတွေရဲ့ ရာထူးနဲ့ ဌာတွေကို ကျွန်တော်သိသလောက် ဖော်ပြလိုက်ပါတယ်။

ဗိုလ်ချုပ်
၁၉၁၅ - ၁၉၄၇

၁၉၁၅ ဖေဖော်ဝါရီလ ၁၃ ရက်နေ့ (၁၂ရ၆ခု၊ တပေါင်းလဆန်း ၁ ရက်) စနေ့နေ့တွင် ဖွားမြင်ခဲ့ပါတယ်။ ဗိုလ်ချုပ် အကြောင်းကတော့ တော်တော်များ သိကြပြီး ဖြစ်တာကြောင့် ထူးထူးထွေထွေ မတင်ပြတော့ပါဘူး။



သခင်မြ
၁၉၈၇ - ၁၉၄၇

သခင်မြသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြည်ထဲရေး ၀န်ကြီးအဖြစ် တာဝန် ထမ်းဆောင်သည်။ ၁၈၉၇ ခု၊ အောက်တိုဘာလ ၇ ရက်၊ ကြသာပတေးနေ့ ည ၇ နာရီအချိန်တွင် ပြည်ခရိုင်၊ ထုံးဘိုမြို့၌ ဖွားမြင်သည်။ အဘ ဦဘိုးချွန်၊ အမိမှာ ဒေါ်သက်လယ်ဖြစ်သည်။ ငယ်မည်မှာ မောင်မြရွှေဖြစ်သည်။
၁၉၃၆ တွင် သခင်တစ်ယောက် ဖြစ်လာသည်။ စစ်အတွင်းတွင် အစိုးရအဖွဲ့ဝင် ၀န်ကြီး အဖြစ်လည်းကောင်း ဒုတိယ၀န်ကြီးချုပ် အဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သည်။


ဦးဘချို
၁၈၉၃ - ၁၉၄၇

ဦးဘချိုသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော ၀န်ကြီးအဖွဲ့တွင် ပြန်ကြားရေး ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်သည်။ ဦဘချိုသည် မြောင်းမြမြို့ ဆေးဆရာကြီး ဦးဘိုစော ဒေါ်စောမြစ်တို့မှ ၁၈၉၃ခု ဧပြီလ ၂၃ ရက်နေ့တွင် ဖွာမြင်သည်။
ဦဘချိုသည် ဒီဒုတ်ဂျာနယ်ကို ၁၉၅၂ ခုနှစ်တွင် ထုတ်ဝေခဲ့သည်။ ထိုဂျာနယ်ဖြင့်တွဲကာ ဦးဘချိုကို ဒီးဒုတ်ဦးဘချိုဟု အများက သိခဲ့ကြသည်။
သူ၏ ဒီးဒုတ်ဂျာနယ်သည် အမျိုးသား လွပ်လပ်ရေးတိုက်ပွဲ၊ အမျိုးသား ပညာရေး၊ အမျိုးသာ ယဉ်ကျေးမှု ထိန်းသိမ်းရေး တို့အတွက် ရှေ့တန်း အောင်လံဂျာနယ် တစ်စောင်ဟု သိခဲ့ကြသည်။
၁၉၂၇ ဇူလိုင်လ ၁၉ ရက်နေ့ နံနက် တွင် ခေါင်းဆောင်ကြီးများ နှင့်အတူ လုပ်ကြံခံခဲ့ ရပြီး မွန်းလွဲ ၁ နာရီ ၄၅ မိနစ်တွင် ကွယ်လွန်ခဲ့သည်။


ဦးရာဇတ်
၁၈၉၈ - ၁၉၄၇

ဦးရာဇတ်သည် ဗိုလ်ချုပ် အောင်ဆန်း ခေါင်းဆောင်သော အစိုးရအဖွဲ့တွင် ပညာရေးနှင့် အမျိုးသား စီမံကိန်းဌာန ၀န်ကြီး အဖြစ်ပါဝင်ခဲ့သည်။ မြန်မာနိုင်ငံ ဖွဲ့စည်းပုံ အခြေခံ ဥဒေရေးဆွဲရေး ကော်မတီဝင် တစ်ဦးလည်းဖြစ်သည်။
ဦးရာဇတ်ကို မတ္ထီလာမြို့ အငြိမ်းစားတိုက်ပိုင် အင်စပက်တော် မစ္စတာ အေရာမန်နှင့် ဒေါ်ငြိမ်းလှတို့က ၁၈၉၈ခု ဇန်န၀ါရီလ ၂၀ ရက်တွင် ဖွားမြင်သည်။
စစ်အတွင်းက ပိတ်ထားခဲ့သော အမျိုးသား ကျောင်းကြီးကို ၁၉၄၅ ခုနှစ်တွင် ပြန်လည်ဖွင့်လှစ်ခဲ့သည်။


ဦးဘ၀င်း
၁၉၀၁ - ၁၉၄၇

ဦးဘ၀င်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် ထောက်ပံ့ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဌာန ၀န်ကြီးဖြစ်သည်။
နတ်မောက်မြို့တွင် အဖ ရှေ့နေဦးပါ ဒေါ်စုတို့မှ ၁၉၀၁ခု ဇွန်လ ၁၁ ရက်နေ့တွင် ဖွားမြင်ခဲ့သည်။ ဗိုလ်ချုပ် အောင်ဆန်း၏ အစ်ကို အကြီးဆုံး ဖြစ်သည်။ ၁၉၄၇ ခုနှစ်တွင် ထောက်ပံရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဌာန ၀န်ကြီးအဖြစ် တာဝန်ထမ်းဆောင်စဉ် တိုင်းပြု ပြည်ပြု လွှတ်တော် ဖွဲ့စည်ပုံအခြေခံ ဥပဒေ ရေးဆွဲရေး ကော်မတီတွင် လည်းပါဝင်ခဲ့သည်။


မန်းဘခိုင်
၁၉၀၃ - ၁၉၄၇

မန်းဘခိုင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် စက်မှုလက်မှုနှင့် အလုပ်သမား ၀န်ကြီးဌာန ၀န်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့အပြင် မန်းဘခိုင်သည် ကရင်နီ ခေါင်းဆောင်လည်း ဖြစ်သည်။
မန်းဘခိုင်ကို ဟင်္သာတခရိုင် ယုန်တလင်းရွာ တွင် ယုန်သလင်းရွာသူကြီး မန်းပေကုန်းနှင့် ဒေါ်ပုတို့က ၁၉၀၃ ခုနှစ် အောက်တိုဘာလ ၂၆ ရက်နေ့တွင် ဖွားမြင်သည်။
၁၉၃၇ တွင် ပုသိမ်မြောက်ပိုင်းမှ အမတ်အဖြစ် အရွေးခံရသည်။ ဂျပန်တော်လှန်သည့် အချိန်တွင် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့သည်။ ကရင် ဗမာ ချစ်ကြည်ရေးကို အထူးကြိုးပမ်းတည် ဆောက်ခဲ့သည်။


မိုင်းပွန်စော်ဘွားစ၀်စံထွန်း
၁၉၀၇ - ၁၉၄၅

မိုင်းပွန်စောဘွားစ၀်စံထွန်းသည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် အတိုင်ပင်ခံ တောင်တန်းဒေသ ၀န်ကြီး အဖြစ် တာဝန်ထမ်းဆောင်သည်။
မိုင်းပွန်စေားကြီး စ၀်ခွန်ထီးနှင့် မြောက်နန်းဆောင် မဟာဒေ၀ီ နန်းစိန်ဥတို့မှ ၁၉၀၇ ခု၊ မေလ ၃၁ ရက် သောကြာနေ့တွင် ဖွားမြင်သည်။
တိုင်းပြုပြည်ပြု လွှတ်တော်တွင် ပြည်ထောင်စုနှင့် ပြည်နယ်များဆိုင်ရာ ဆပ်ကော်မတီ လူနည်းစု ဆိုင်ရာ ဆပ်ကော်မတီ နှင့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေရေးဆွဲရေး ကော်မတီတို့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ခဲသည်။


ဦးအုန်းမောင်
၁၉၁၃ - ၁၉၄၇

ဦးအုန်းမောင်သည် ဗိုလ်ချုပ်အောင်ဆန်း ခေါင်းဆောင်သော အစိုးရ အဖွဲ့တွင် လမ်းပန်းဆက်သွယ်ရေး အတွင်းဝန်အဖြစ် တာဝန်ထမ်းဆောင်ရသည်။
မင်းဘူးမြို့ မစ္စတာ XW.တရပ်(တ်) ၀န်း ဒေါ်ရွှေမြင့်တို့မှ ၁၉၁၃ခု ဖေဖော်ဝါရီလ ၂ ရက်နေ့တွင် ဖွားမြင်သည်။


ရဲဘော်ကိုထွေး
၁၉၂၉ - ၁၉၄၇

ရဲဘော်ကိုထွေးသည် ပညာရေးဝန်ကြီး ဦးရာဇတ်၏ သက်တော်စောင့်ဖြစ်သည်။
မန္တလေးမြို့ တောင်ပြင် သိပ္ပံရပ် ပင်စင်စား လယ်ယာစိုက်ပျိုးရေး ၀န်ထောက် ဦးကိုကိုလေး ဒေါ်မင်းရီတို့၏ ဆဌမမြောက် သားဖြစ်သည်။ န၀မတန်းအထိ ပညာသင်ကြားခဲ့ဘူးပြီး ကွယ်လွန်ချိန်တွင် အသက် ၁၈ နှစ်သာရှိသေးသည်


အထက်ပါ အကြောင်းအရများကို ၃၅ နှစ်မြောက် အာဇာနည်နေ့ အထိမ်းမှတ် စာအုပ်မှ ကူးယူဖော်ပြခြင်းဖြစ်သည်။ ယင်းစာအုပ်ကို အများဖတ်နိုင်ရန်အတွက် ကိုစစ်အိမ်မှ မအားသည့်ကြားမှာ အီဘုတ် စာအုပ် အဖြစ်ဖန်တီးပေးခဲ့သည်။ စာအုပ်ကို ဒီနေရာက ဒေါင်းလုပ်လုပ်ယူပါ

Read More...

Tuesday, July 17, 2007

အာဇာနည်နေ့ ဒို့မမေ့


အာဇာနီ ခေါင်းဆောင်ကြီးများ
အာဇာနည် ဂူဗိမာန်

ယမန်နစ် အာဇာနည်နေ့ ကတွေ့ရသော ဗိုလ်ချုပ်၏ သား ဦးအောင်ဆန်းဦးနှင့် ဇနီး

ဦးအောင်ဆန်းဦးနှင့်ဇနီး ဗိုလ်ချုပ်ကို ဂါရ၀ပြုစဉ်
အလံတော်ကို တိုင်တစ်ဝက် တိတိချထားသည်

Photo Yangon Media Group
The Yangon Times & The Flower News



Read More...

ဒွေး၏ အရိုးများ ချောင်းဝဘုန်းကြီးကျောင်းတွင် လွမ်းစေတီတည်

ဒွေးတို့ လမ်းထိပ်က လူအုပ်



ရုပ်ရှင်သရုပ်ဆောင် ဒွေးရဲ့ အရိုးတွေကို အထဲမှာ ထည့်ထားပြီး ကိုးတောင် အမြင့်ရှိတဲ့ လွမ်းစေတီင်္ တစ်ဆူကို ချောင်းဝ ဘုန်းတော်ကြီး ကျောင်းအတွင်းမှာ ယနေ့တည်ခဲ့ပါတယ်။ အခုတည်တဲ့ စေတီဟာ အရင်ကဒွေး လှုဒန်းခဲ့တဲ့ အကယ်ဒမီ ကျောင်းဆောင် နားလေးမှာ ဖြစ်ပါတယ်။

ဒီနေ့ ဒွေးရဲ့ ရက်လည်ဆွမ်း သွပ်တဲ့နေ့ ဖြစ်တာကြောင့် မနက်မိုးမလင်းခင် ကတည်းက ဒွေးရဲ့ ပရိတ်သတ်တွေ ဘောက်ထော်က ဒွေးအိမ်လမ်းထိပ်မှာ ရောက်ရှိလို့နေကြပါတယ်။ နံနက် ခုနှစ်နာရီ လောက်လဲ ရောက်ရော ဒွေးနေတဲ့ လမ်းထိပ်မှာ လူအုပ်ကြီးက တိုးလို့ မပေါက်နိုင်အောင် ရှိနေပါတယ်။

ဒွေးရဲ့ ကျန်ရစ်သူ မိသားစုက လာသမျှ ပရိတ်သတ်တွေ အားလုံးကို လမ်းထိပ်မှာ ရှိတဲ့ ဘုန်းကြီး ကျောင်းအတွင်းမှာ မုန့်ဟင်းခါး ကျွေးပါတယ်။ မုန့်ဟင်းခါးကတော့ လူသုံးထောင်စာ လုပ်ထားတယ်လို့ ဆိုပါတယ်။

နံနံ ရှစ်နာရီလောက်မှာ ဒွေးရဲ့ အိမ်ကနေ အရိုးအိုးကို ချောင်းဝ ဘုန်းကြီးကျောင်းကို သယ်ခဲ့ကြပါတယ်။ ချောင်းဝ ဘုန်းကြီးကျောင်း ရောက်တော့လည်း အရိုးအိုးအလာကို စောင့်နေတဲ့ ပရိတ်သတ်ကြီးက မနည်းပါဘူး။ ဒါကြောင့် အရိုးအိုး သယ်မဲ့ လမ်းတွေတောင် ပိတ်နေပါတယ်။

ဒွေးရဲ့ အရိုးနဲ့ လွမ်းစေတီတည်မဲ့နေရာ





ချောင်းဝ ဘုန်းကြီးကျောင်းထဲမှာ စောင့်နေတ့ ပရိတ်သတ်


အရိုးအိုး မြုတ်နှံဖို့ အတွက် သတ်မှတ်ထားတဲ့ နေရာလေးမှာ ဒွေးရဲ့ဇနီးက ထည့်သွင်းပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဒွေးရဲ့ သားက အရိုးကို ရှစ်ခိုးခဲ့ပြီး ကျန်တဲ့ ဆွေးမျိုးတွေ အနုပညာရှင်တွေက အရိုးအိုးဘေးနားလေးမှာ ထိုင်ပြီးဆုတောင်းကြပါတယ်။

ဇနီးဖြစ်သူက အရိုးအိုးကို နေအိမ်မှ ဘုန်းကြီးကျောင်းသို့ သယ်လာစဉ်


အရိုးအိုး မထည့်မှီ တွေ့ရစဉ်


အရိုးအိုး ထည့်နေစဉ်


အရိုးအိုးဘေးတွင် ဆုတောင်းနေစဉ်

သားဖြစ်သူမှ ရှိခိုးနေစဉ်


ကျော်ဟိန်းလာမယ်လို့ တစ်စွန်းတစ အသံတွေ ကြောင့် လူတွေမပြန်ကြသေးပဲ ကျော်ဟိန်းအလာကို တိုးဝှေ့စောင့်နေကြပါတယ်။ ခဏလောက်နေတော့ ချောင်းဝ ဆရာတော် ထွက်လာပါတယ်။ ချောင်းဝ ဆရာတော်ရဲ့ လက်ထဲကို လူတစ်ယောက်က ဒွေးရဲ့ အရိုးအိုး ထည့်ပေးလိုက်ပါတယ်။ ချောင်းဝ ဆရာတော်က ဒွေးရဲ့ အရိုးအိုးကို ကိုင်ပြီး ငိုပါတယ်။

ငိုရင်းနဲ့ ဒွေးဟာ သူ့ကျောင်းမှာ နှစ်ညလာအိပ် ဖူးတယ်လို့လဲ ပြောပါတယ်။ ချောင်းဝ ဆရာတော် ငိုတော့ ဘေးနားမှာရှိတဲ့ ဒကာတွေ ဒကာမတွေလဲ လိုက်ငိုကြပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်လဲ ပြန်လာခဲ့ပါတော့တယ်။

တချို့သော လူတွေကတော့ ပရိတ်သတ်တွေရှင်းမှ ဘယ်သူတွေ တိတ်တိတ်လေး လာငိုကြမလဲ ဆိုတာကို စောင့်ကြည့်နေရစ်ခဲ့ကြပါတယ်။

Read More...

Saturday, July 14, 2007

မွေးနေ့ဆုတောင်း

ဇူလှိုင်လအတွင်းမှာ မွေးဖွားတဲ့ သူငယ်ချင်း နှစ်ယောက် ကိုမွေးနေ့
ဆုတောင်းပေးလိုက်ပါတယ်။ သူတို့ နှစ်ယောက်ကတော့ စင်္ကာပူမှ ဖြစ်ပြီး ဒီမို
နဲ့ ဂျစ်တူးတို့ ဖြစ်ကြပါတယ်။
ဒီမို နဲ့ မဂျစ်တူး ဒီနှစ် ဇူလှိုင်လမှာ ကျရောက်တဲ့ မွေးနေ့မှသည်
နောင်နှစ်ပေါင်းများစွာတိုင် ကိုယ်စိတ် နှစ်ပါး ချမ်းသာခြင်းတို့ နှင့်
ဘ၀ကို အောင်မြင်အောင် လျှောက်လှမ်းနိုင်ပါစေ။

ဒီမိုဟာ ဒီနှစ် ဇူလှိုင်လမှာ ၁၆ နှစ် ပြည့်တာ ဖြစ်ပြီး မဂျစ်ကတော့ ၁၈
ပြည့်တာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ အိမ်ထောင် သက်များ ဖြစ်သည် :P

Read More...

နာမည်ဝှက်နဲ့ စီဘောက်မှာ လာဆဲရင် အိုင်ပီကို ဘယ်လိုရှာမလဲ

တချို့က ကိုယ်ရေးချင်တာ ရေးလို့ရတယ် ဘယ်သူသိတာမှတ်လို့ ဆိုပြီ စီဘောက်တွေ မှာ နာမည်ဝှက်တွေနဲ့ ဆဲဆဲ သွားတတ်ကြပါတယ်။ တကယ်တော့ စီဘောက်က လာအော်သူအားလုံးရဲ့ အိုင်ပီတွေကို သိမ်းထားပေးပါတယ်။ ဒါကြောင့် နာဝှက်တွေ ဘယ်လိုသုံးသုံး အင်တာနက် အိုင်ပီကတော့ ကျန်ထားခဲ့မှာ ဖြစ်ပါတယ်။

စီဘောက်မှာ လာအော်သူတွေရဲ့ အိုင်ပီကို ကြည့်ချင်ရင်

ပထမ ဆုံးမိမိ စီဘောက်ကို ဆိုင်းအင်လုပ်ပါ။

ထို့နောက် Messages ဆိုတဲ့ နေရာမှာ ကလစ် တချက်ခေါက်လိုက်ပါ



ထိုကဲ့သို့ ခေါက်လိုက်ရုံဖြင့် ယာဘက်အခြမ်းမှာ လာအော်သွားသူများရဲ့ Message များကိုတွေ့ရမှာ ဖြစ်ပါတယ်။ Message များအဆုံးမှာတော့ လာအော်သူရဲ့ IP နဲ့ လာအော်ချိန်ကို မှတ်သားပေးထားပါတယ်။

တကယ်လို့ လာအော်ထားတဲ့ ထဲက Message ကိုဖျက်ချင်တယ် ဆိုရင်တော့ ပုံမှာ ပြထားတဲ့ အတိုင်း Message ကို ဆလက်လုပ်ပါ ပြီးရင် အပေါ်နားမှာ Delete ကို နှိပ်ပါ။ အဲဒီ IP ကို ကိုယ့်စီဘောက်မှာ လာမအော်စေချင်တော့ဘူး ဆိုရင်တော့ တစ်ခါတည်း Ban ကိုနှိပ်လိုက်ပါ။



ကယ်ဒီလောက်ဆိုရင် နာမည်ဝှက်နဲ့ ဆဲချင်တဲ့ ပုဂ္ဂိုလ်လေးများ သဘောပေါက်ပါတော့ဗျာ။ တကယ်လို့ အဖေ အမေရဲ့ မျိုးရိုးဂုဏ် အလိုက် မဆဲရ မနေနိုင်အောင် ဖြစ်နေလို့ ဆိုင်ဘာ ဆိုင်တွေက ပြောင်းပြောင်း ဆဲနေရင်တော့လဲ ဆဲပေါ့ဗျာ။

တကယ်တော့ ဘလော့ဂ် ဆိုတာ လွတ်လွတ် လပ်လပ် ရေးလို့ရတဲ့ နေရာဖြစ်တာကြောင့် ရေးသူမှာ သူ့စိတ်ကြိုက် လွပ်လပ်စွာ ရေးခွင့်ရှိသလို ဝေဖန်သူကလဲ လွတ်လပ်စွာ ဝေဖန်ခွင့် ဆဲခွင့်ရှိပါတယ်။

ဒါပေမယ့် အဲလို သတ္တိနည်းပါးစွာနဲ့ နာမည်ဝှက်လေး သုံးပြီး ပုဆိုးချုံထဲက လက်သီးပြနေကြတဲ့ သူတွေကိုတော့ သနားမိပါတယ်။

Read More...

Friday, July 13, 2007

လွင့်မျှောခြင်း




မည်မျှပင် ချမ်းသာပါစေ မည်မျှပင် အောင်မြင်သူဖြစ်ပါစေ မည်မျှပင် ချစ်ခင်သူပေါများပါစေ . . .
အောင်မြင်မှုတွေ ကျော်ကြားမှုတွေက အချိန်တန်တော့ မီးခိုးငွေ့များအဖြစ် တိမ်တိုက်များဆီသို့ လွင့်မျောလို့ သွားပါတော့သည်



ဒွေး၏ ရုပ်အလောင်းကို မီးသဂြိလ်နေစဉ်




* * * *

Read More...

သင်သိရဲ့လား မြန်မာ ဘလော့ဂ်ကာတွေ ပေါ်တယ်တစ်ခု ထောင်ဖို့ လုပ်နေပြီ

မြန်မာဘလော့ဂ်ကာတွေရဲ့ အင်ဖော်မေးရှင်းကို အချိန်နဲ့ တပြေးညီ သိရှိနိုင်မဲ့ ပေါ်တယ်တစ် ခုထောင်ဖို့ရာ အတွက် ဘလော့ဂ်ကာတွေ ကြိုးပမ်းနေကြပါပြီ။ အဲဒီအတွက် လိုအပ်တာများကို ပြီးခဲ့တဲ့ ၉ ရက်နေ့က အစည်းဝေးလုပ် တိုင်ပင်ဖြစ်ခဲ့ကြပါတယ်။
အသေးစိတ်ကို အောက်မှာ ဖတ်ပါ


မနေ့က Service + မှာ လုပ်ခဲ့တဲ့ အစည်းအဝေးလေးက အဓိကအားဖြင့်တော့ MBA လို့ခေါ်တဲ့ မြန်မာ ဘလော့ဂ်ဂါများ အစည်းအရုံးဖွဲ့စည်းဖို့နဲ့ လိုအပ်ချက်လေးတွေကို ညှိနှိုင်းဖို့ဖြစ်ပါတယ်။ ဒါပေမယ့် စာအုပ်အတွက် စာမူကြမ်းများကို Rating ပေးပြီးခဲ့ပြီဖြစ်လို့ ပါဝင်မယ့် Category အလိုက် ထည့်သွင်းမယ့် စာမူတွေကိုလည်း အပြီးသတ်ရွေးချယ်ခဲ့ကြပါတယ်။ လောလောဆယ် စာမူပေါင်း ၈၀ ကျော် ရွေးချယ်ထားပြီး လိုအပ်နေဆဲ စာမူများကိုလည်း ထပ်မံဖြည့်တင်းဦးမယ်လို့ သိရပါတယ်။ အသေးစိတ်ကိုတော့ ကိုနေဘုန်းလတ်ဆီမှာ ဖတ်ရှုနိုင်ပါတယ်။

ကျွန်တော်ကတော့ MBA ဖွဲ့စည်းဖို့အကြောင်းလေးကို တတ်နိုင်သလောက် ပြန်လည်တင်ပြပေးပါမယ်။ မနေ့က အစည်းအဝေးလာတဲ့ Blogger တွေက လက်ရှိအချိန်မှာတော့ MBA ကို Online မှာပဲ ဖွဲ့စည်းဖို့ ဆုံးဖြတ်ကြပါတယ်။ ပထမအဆင့်အနေနဲ့ Dynamic Feature တွေ အစုံအလင်ပါတဲ့ Web Portal တစ်ခုကို ကိုယ်ပိုင် Domain + Hosting နဲ့ တင်ချင်ပါတယ်။

ဒီ Portal မှာ Member တွေကို Fee တစ်ခုကောက်ခံပြီး အသင်းဝင်အဖြစ် လက်ခံပါမယ်။ ကိုယ်ပိုင် Blog ရှိတဲ့ ဘယ် Blogger မဆို ပါဝင်နိုင်ပြီး Forum, Chat နဲ့ Comment တွေလို Member တွေသာ သုံးခွင့်ရတဲ့ Function တွေကို အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ Member တွေရဲ့ Blog Logo တွေကိုလည်း တနေရာမှာ ဖေါ်ပြပေးထားပါမယ်။ အဓိကအနေနဲ့ကတော့ Member Blog တွေက RSS Feed တွေကိုယူပြီး Portal မှာ နေ့စဉ် Update လုပ်တဲ့ Blog တွေရဲ့ နောက်ဆုံးတင်တဲ့ Post တွေကို ခေါင်းစဉ်၊ စာမြည်း၊ Label နဲ့တကွ တင်ပြပေးမှာဖြစ်ပါတယ်။ လာရောက်ကြည့်ရှုသူအနေနဲ့ ဗမာ Blog အားလုံးကို လိုက်လံကြည့်ရှုစရာမလိုတော့ဘဲ ဒီ Portal ကနေတဆင့် စိတ်ဝင်စားရာ Blog ကို သွားနိုင်ပါတယ်။ ကိုယ့် Post သာ တကယ်ကောင်းမယ်ဆိုရင် အရင်ရနေကျ Hit ထက် များစွာပိုရနိုင်တဲ့ အခွင့်အရေးလည်း ဖြစ်ပါတယ်။ Portal အနေနဲ့ကတော့ နေ့စဉ် Hit ၁၀၀၀ လောက်ရမယ်လို့ မျှော်မှန်းထားပါတယ်။

နောက်တစ်ခုကတော့ ကြော်ငြာပဲဖြစ်ပါတယ်။ MBA Portal မှာ Blogger တွေဟာ ကိုယ့် Blog ကို အခကြေးငွေ အနည်းငယ်နဲ့ ပြန်ကြော်ငြာနိုင်ပါတယ်။ ထို့အတူ အခြားသော Portal များနဲ့လည်း Banner Exchange သဘောမျိုး အပြန်အလှန် ကူညီကြော်ငြာနိုင်လာမယ်လို့ မျှော်လင့်ပါတယ်။ အခြားသော စီးပွါးရေးကြော်ငြာများကိုလည်း အသင်းရံပုံငွေအတွက် လက်ခံသွားချင်ပါတယ်။

အရေးအကြီးဆုံး နောက်တစ်ချက်က လာလည်တဲ့ Visitor တစ်ယောက်ကို ကျွန်တော်တို့ Portal ပေါ်မှာ အချိန်ဘယ်လောက်ကြာကြာ ဆွဲထားနိုင်မလဲ ဆိုတာပါပဲ။ RSS Feed တွေလာဖတ်ပြီး ကြိုက်ရာ Blog ကိုချက်ချင်းသွားမယ်ဆိုရင် ကျွန်တော်တို့ Portal ဟာ Directory ပုံစံမျိုးပေါက်သွားမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီ Portal မှာလည်း Blogger တွေရဲ့ ကိုယ်ပိုင် BLOG တွေမှာ ဖေါ်ပြထားခြင်း မရှိသေးတဲ့ သီးသန့် POST တွေကို အလျဉ်းသင့်သလို ဖေါ်ပြပေးသွားမှာဖြစ်ပြီး အစည်းအဝေးသတင်းလို၊ စာအုပ်ကိစ္စသတင်းလို၊ အကူအညီလိုနေရင်လည်း လိုတဲ့အကြောင်းလို သတင်းတွေကိုလည်း အချိန်နဲ့အမျှ တင်ပြပေးနိုင်အောင် လုပ်ယူရမှာဖြစ်ပါတယ်။ ဒါမှသာ လာလည်တဲ့လူတစ်ယောက်ကို ဆွဲဆောင်နိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် အခါအားလျော်စွာ ပျော်စရာ GAME များ၊ TEMPLATE အလှပြိုင်ပွဲများ စတဲ့ FUN ISSUE လေးတွေကိုလည်း စီစဉ်တင်ဆက်သွားမှာပါ။

ဒီ PORTAL ကို တတ်ကျွမ်းနားလည်ပြီး စိတ်ချရတဲ့ PROFESSIONAL SERVICE တစ်ခုကို ငွေကြေးတစုံတရာအသုံးပြုပြီး ရေးဆွဲစေမယ်လို့လည်း သဘောတူခဲ့ကြပါတယ်။ အသင့်တော်ဆုံး CMS တစ်ခုကို အခြားသော MODULE လေးတွေ ( FREE ရတာမဟုတ်ဘဲ တကယ်အသုံးတဲ့မယ့် MODULE )ကို ချိတ်ဆက်ပြီး ဖေါ်ပြမှာပါ။ ရေးဆွဲပြီးရင်တော့ ကျွန်တော်တို့ MBA က လက်လွှဲရယူထားမှာပါ။ စံတော်ချိန်မတူတဲ့ နိုင်ငံတွေက BLOGGER တချို့ကို ADMIN RIGHT ပေးထားမှာဖြစ်ပြီး နောက်ထပ် BLOGGER အချို့က SITE ORGANIZER များအဖြစ် ပါဝင်ကြမှာဖြစ်ပါတယ်။ စံတော်ချိန်မတူတဲ့ ဒေသက BLOGGER တွေကို ခွဲဝေတာဝန်ပေးခြင်းကတော့ နေ့ညမပျက် စောင့်ကြည့်နိုင်အောင်ဖြစ်ပါတယ်။ ဥပမာ - ရန်ကုန်က ADMIN အိပ်ချိန်မှာ အမေရိကန်က ADMIN က ဆက်လက်စောင့်ကြည့်နိုင်မှာ ဖြစ်ပါတယ်။ ဒီအတွက်ကုန်ကျစရိတ်က US$ 400~450 လောက်ခန့်မှန်းပါတယ်။

လက်ရှိအခြေအနေမှာ PORTAL SITE တစ်ခုကို စတင်ဖန်တီးထားပြီး အားလုံးရဲ့စုရပ်အဖြစ် စတင်ပုံဖေါ်ထားမှာ ဖြစ်ပါတယ်။ အဲဒီနောက်မှာမှ ONLINE COMMUNITY ကနေ တဆင့်တက်ပြီး အားလုံးပါဝင်လို့ရပြီး အကျိုးရှိမယ့်စုပေါင်းလုပ်ဆောင်တာလေးတွေ လုပ်နိုင်အောင် စီစဉ်သွားမှာပါ။ နောက်တစ်ခုက လောလောဆယ် ကျွန်တော်တို့သုံးနေတဲ့ BLOGGER FORUM ကိုလည်း ဒီ PORTAL နဲ့ပူးပေါင်းဖို့၊ ဒါမှမဟုတ်ရင် တနည်းနည်းနဲ့ ချိတ်ဆက်ဖို့ ညှိနှိုင်းချင်ပါတယ်။ ဒီလိုဆိုရင် BLOGGER အချင်းချင်း တနေရာတည်းမှာ ရင်းရင်းနှီးနှီး ပူးပေါင်းဆောင်ရွက်နိုင်မှာ ဖြစ်ပြီး ကျွန်တော်တို့အနေနဲ့ နောက်ထပ် FORUM အသစ်တစ်ခုကို စင်ပြိုင်သဘောမျိုး လုံးဝဖန်တီးမှာ မဟုတ်ပါဘူး။ နောက်ပြီး သံလွင်အိပ်မက်လို BLOGGER တွေ ဦးစီးနေတဲ့ E-ZINE လေးတွေကိုလည်း ဒီ PORTAL ပေါ်မှာပဲ ဖတ်ရှုနိုင်အောင် တိုင်ပင်သွားမှာဖြစ်ပါတယ်။

ဒါတွေကတော့ မနေ့ကအစည်းအဝေးရဲ့ ရလဒ်တချို့ပါပဲ။ PORTAL ကို ဘယ် SERVICE ကို အပ်မလဲ၊ MEMBER တွေရဲ့ ခံစားခွင့်၊ ADMIN နဲ့ ORGANIZER တွေရဲ့တာဝန်ကဘာလဲ၊ ရံပုံငွေ ရရှိရေးစတဲ့ အရေးပါတဲ့ ဆွေးနွေးစရာတွေကို ထပ်မံဆွေးနွေးသွားကြဦးမှာပါ။ ပြည်ပက သူငယ်ချင်းများနဲ့ အစည်းအဝေးမလာဖြစ်သူများရဲ့ အမြင်လေးတွေကိုလည်း သိချင်ပါသေးတယ်။ အခုရလဒ်တွေကို ကိုညီလင်းဆက်၊ ကိုနေဘုန်းလတ်၊ ကိုတက်စလာ၊ ကိုစိုးဇေယျ၊ ကိုဘလာဂေါက်၊ မဘာညာ၊ မမယ်လိုဒီမောင်နဲ့ ကျွန်တော်တို့ အဓိကဆွေးနွေးသွားတာဖြစ်ပါတယ်ခင်ဗျာ။

မောင်ပွတ် ဘလော့ဂ်မှ ကူးယူ ဖော်ပြပါသည်

Read More...

အယောင်ဆောင်လိပ်ပြာ

ကိုသားကြီးဟာ ဒါရိုက်တာ မောင်မျိုးမင်း ရိုက်ကူးတဲ့ အယောင်ဆောင်လိပ်ပြာ ဆိုတဲ့ဇတ်ကားကို ရိုက်နေတုန်း တန်းလန်းမှာ ကွယ်လွန်သွားတာဖြစ်ပါတယ်။
အဲဒီဇတ်ကားဟာ ဒီဗီဒီဇတ်ကားဖြစ်ပြီး ဒွေးက ရှေ့နေတစ်ယောက် အနေနဲ့ သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။ အဲဒီကားမှာ ဒွေးနဲ့အတူ မင်းဟိဏ်း နေဆန်း မင်းအုပ်စိုး မိုးဟေကို မေကဗျာ တို့ပါဝင် သရုပ်ဆောင်ထားပါတယ်။
အဲဒီကားမှာ ဒွေးက ရှေ့နေဘ၀မှ အနားယူ ထားသူဖြစ်ပြီး မင်းအုပ်စိုး အမှုကို လိုက်ပေးဖို့အတွက် ရှေ့နေလောက ကိုပြန်ဝင်လာသူအဖြစ် သရုပ်ဆောင်ထားတာပါ။ ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောပြချက်အရ ဇတ်ကားကပြီးဖို့ နီးပါပြီ။ သို့ပေမယ့် အဆုံးသတ် မရိုက်ကူးရသေးပါဘူး။ ကွယ်လွန်သူ ဒွေးနေရာမှ ဘယ်သူကို အစားထိုးသွားမယ် ဆိုတာကိုလည်း လတ်တလော ဆုံးဖြတ်ရခြင်း မရှိသေးပါဘူး။
ဒွေးရဲ့ အသုဘ အခမ်းနား မှတ်တမ်းကိုတော့ ပရိတ်သတ်လက်ထဲ ရောက်အောင် တနည်းနည်းနဲ့ ဖြန့်ဝေသွားမှာ ဖြစ်ပြီး ဘယ်လို ပုံမျိုး ဖြန့်ဝေသွားမယ်ဆိုတာ လတ်တလော မဆုံးဖြတ်ရသေးဘူးလို့ ဒါရိုက်တာ မောင်မျိုးမင်းက ပြောကြားခဲ့ပါတယ်။

Read More...

ကြွေလွင့်သူ၏ နောက်ဆုံး ပုံရိပ်များ


သက်ပျောက်ဆွမ်းတရားနာ


ဒွေးမကွယ်လွန်မှီ ရက်ပိုင်းက ဟိုတယ်နီကိုးအနီး ကန်တော်ကြီးဘေးတွင် ရိုက်ထားသောပုံ


ဒွေးအတွက် လွမ်းသူ့ပန်းခွေများ


အစ်ကိုအတွက် ကြေကွဲနေတဲ့ သားညီ







မီးသဂြိုလ်ရန်သယ်လာစဉ်

Read More...

ကြွေလွင့်သူ၏ နောက်ဆုံးခရီး

ကြွေလွင့်သူ အကယ်ဒမီ ဒွေး

အကယ်ဒမီဒွေးရဲ့ ဈာပနကို ယနေ့နံနက် လေးနာရီ လေးဆယ့်ငါးမိနစ်မှာ မီးသင်္ဂြိလ်ခဲ့ပါတယ်။ မူလက နံနက်ကိုးနာရီမှာ သင်္ဂြိလ်ဖို့ စီစဉ်ခဲ့မေမယ့် ဂျာနယ်တစ်စောင်တွင် ယင်းသတင်း ပါရှိသွားသောကြောင့် နံနက် ခြောက်နာသို့ ပြောင်းရွှေ့ခဲ့ပါတယ်။

ဒါပေမယ့် ဒီနေ့မနက် ဒွေးကို လာရောက်အားပေးကြတဲ့ ပရိတ်သတ်တွေ အလွန်ပင် များလွန်း တာကြောင့် မနက်လေးနာရီ လေးဆယ့်ငါးမိနစ်ခန့်မှာ မီးသဂြိ င်္လ်ခဲ့ရပါတယ်။ အခုလို မူလသတ်မှတ် ချိန်ထက်စောစီးစွာ သင်္ဂြိလ်ခဲ့တဲ့ အတွက် အချို့သော သရုပ်ဆောင်တွေနဲ့ ဆွေးမျိုးတွေဟာ ဒွေးရဲ့ နောက်ဆုံးခရီးကို မမှီလိုက်ကြပါဘူး။

ဒါရိုက်တာ မောင်မျိုးမင်းရဲ့ ပြောပြချက်အရ ဒွေးကို ခင်မင်ရင်းနှီးတဲ့ အနုပညာရှင်တွေထဲက ဆယ်ရာခိုင်နှုန်းလောက်တာ နောက်ဆုံး ခရီးကို မှီလိုက်တယ်လို့ ဆိုပါတယ်။

အချိန်ကို ဂျာနယ်မှာ မထည့်ဖို့ အတန်တန် မေတ္တာရပ်ခံထားတဲ့ကြားက ထည့်ဖြစ်အောင် ထည့်ခဲ့တဲ့ဂျာနယ်ကိုတော့ မြန်မာနိုင်ငံ ပုံနှိပ်ဥပဒေအရ အရေးယူပေးဖို့ တိုင်ကြားထားတယ်လို့ သိရပါတယ်။

Read More...

Wednesday, July 11, 2007

ရုပ်ရှင်သရုပ်ဆောင်ဒွေး ကွယ်လွန်


ဝမ်းနည်းစွာ ငိုကြွေးနေကြသူများ



ဒွေး၏ ရုပ်ကလပ်ကို ကားပေါ်တင်ရန် သယ်ဆောင်လာစဉ်


ဒွေးရုပ်ကလပ်ကို အအေးတိုက်သို့ ပို့စဉ်



ရုပ်ရှင် သရုပ်ဆောင် အကယ်ဒမီ ဒွေး( ၄၂ နှစ် ) သည် ယနေ့ ညနေ သုံးနာရီတွင် နှလုံးရောဂါဖြင့် ရုတ်တရက် ကွယ်လွန်သွားကြောင်းသိရသည်။

နောက်ဆက်တွဲ ရရှိသော သတင်းမှာ ဒွေးကို မနက်ဖြန် ရေးဝေးသုသန်မှာပဲ သင်းကြိုမယ်လို့ ကြားပါတယ်။ ဒါပေမယ့် နယ်ရောက်နေတဲ့ သူ့အဖေကို စောင့်နေတာမို့ ဘယ်အချိန်လဲ ဆိုတာတော့မသိရသေးပါဘူး။ ဒီနေ့ ဒွေးသတင်းပါတဲ့ ဂျာနယ်ကို မိတ္တူဆွဲပြီးရောင်းနေကြတယ်။ တစောင်ကို နှစ်ရာနဲ့။

Read More...

စာအုပ်အတွက် ကြော်ငြာ

ဘလော့ဂ် စာအုပ်အတွက် ကြော်ငြာ ဈေနှုန်းကို ယနေ့ အတည်ပြု သတ်မှတ်လိုက်ပါပြီ။

စာအုပ်တွင် စာမျက်နှာသုံးရာ ပါဝင်မည်ဖြစ်ပြီး အဖြူအမဲ ကြော်ငြာစာမျက်နှာကို ၂၀ ထက်မပိုဖို့ ကတ်သန့် ထားပါသည်။ အဖြူအမဲ တစ်မျက်နှာ ကြော်ငြာဈေးနှုန်းမှာ နှစ်သောင်းခွဲ ကျပ် ဖြစ်သည်။ ယင်းအဖြူအမဲ ကြော်ငြာကို ကက်တက်ကို ရီတစ်ခုနဲ့ တစ်ခု အကူးပြောင်း ကြားတွင် နှစ်ရွက် (လေးမျက်နှာ) နှုန်းဖြင့် ကြားညှပ် ထည့်သွားမည်။

စာမျက်တိုင်း၏ အောက်ခြေ ဒေါင့်စွန်းလေးတွင် စီးပွားရေး လုပ်ငန်းတစ်ခု၏ လိုဂိုပါဝင်မည်ဖြစ်သည်။ ယင်းလိုဂိုထည့်သွင်းခမှာ တစ်သိန်းကျပ် ဖြစ်သည်။ ( ယခုအခါ ယင်းနေရာကို နုတ်ကတိဖြင့် ယူထားသူ ရှိနေပါပြီ)

မျက်နှာဖုံး အတွင်းနှင့် နောက်ကျောဖုံး အတွင်းမှာ ကာလာ စာမျက်နှာဖြစ်ပြီး ဈေးနှုန်းသတ်မှတ် ရခြင်းမရှိသေးပါ။ ဖြစ်နိုင်ဖွယ်ရှိသည်မှာ ငါးသောင်း၊ သို့မဟုတ် ခုနှစ်သာင်း သို့မဟုတ် တစ်သိန်းကျပ်ဖြစ်ပါသည်။

ထို့ကြောင့် ကြော်ငြာများ အားလုံး ကောက်ခံရရှိပါက စုစုပေါင်းရရှိမည့်ငွေမှာ အနည်းဆုံး ခုနှစ်သိန်းမှ ရှစ်သိန်းကြားတွင် ရှိပါသည်။ နောက်ကြော ဖုံးနေရာကိုမှု ကျွန်တော်တို့ စာအုပ်ထုတ်ဝေ ရေးအတွက် အတိုင်းတာ တစ်ခုထိ စပွန်ဆာပေးနိုင်ပါက ကြောင်ငြာ ထည့်သွင်းပေးရန် စဉ်စားထားပါသည်။

မေးခွန်းများ

ကြော်ငြာတွေ အဲလောက်များနေတော့ ကျွန်တော်တို့ စာအုပ်က ကြော်ငြာစာအုပ်ကြီးနဲ့ တူသွားနိုင်မလား။
မတူနိုင်ပါ။ ဘာဖြစ်လို့လဲ ဆိုတော့ ကြော်ငြာအားလုံး ( နှောက်ကျောဖုံး အပါဝင်) ထည့်သွင်းခဲ့မည်ဆိုလျှင်တောင် ကြောင်ငြာ စာမျက်နှာသည် ၂၃ မျက်နှာသာရှိပါသည်။ စာအုပ်သည် စာမျက်နှာ သုံးရာ ပါဝင်ဖြစ်သောကြောင့် အချိုးချကြည့်လျှင် ၁၀ ရာခိုင်နှုန်းပင်မရှိပါ။

ကြော်ငြာအရေ အတွက်ကို လျှော့ချလို့ရနိုင်မလား
ကြော်ငြာကို အရေအတွက် လျော့ချရုံတင်မကပဲ လုံးဝမပါပဲ ထုတ်လျှင်တောင် ရကောင်းရနိုင်ပါသည်။ သို့ရာတွင် စာအုပ် ကုန်ကျစရိတ် သိန်း ၂၀ ကျော်ရှိသောကြောင့် ရောင်းဈေးကို အနည်းဆုံး ၂၅၀၀ လောက်နဲ့ ပြန်ရောင်း နိုင်ပါမှ ငါးသိန်းသာ အမြတ်ကျန်ပါမည်။ အမြတ်များများ ကျန်အောင် ဈေးနှုန်းတင်လျှင် စာအုပ်ဈေးကြီး သွားပါလိမ့်မည်။
သို့ဖြစ်သောကြောင့် ကြော်ငြာဖြင့် စာအုပ်ကုန်ကျစရိတ်ကို ဖာထေးခြင်းအားဖြင့် စာအုပ်ကို ပြန်လည်ရောင်းချချိန်တွင် သက်သာသော ဈေးနှုန်းဖြင့် ပြန်လည် ရောင်းချနိုင်ပါမည်။

ကြော်ငြာစာမျက်နှာ ထပ်တိုဖို့လိုဦးမလား
မတိုးတော့ပါ။ ဈေးနှုန်းလဲ မတိုးတော့ပါ။

ကြောင်ငြာတွေက စာဖတ်သူကို အနှောက်ယှက်ဖြစ်စေနိုင်သလား
သင့်သင့်မျှသော ကြော်ငြာထည့် သွင်းခြင်းသည် စာဖတ်သူကို အနှောက်အယှက် မဖြစ်စေနိုင်ပါ။ ဘာကြောင့်လဲ ဆိုတော့ စာအုပ်တွင် ကြောင်ငြာ ထည့်မည့်နေရမှာ တစ်နေရထဲတွင် အစုလိုက် အပြုံလိုက် ထည့်မည်မဟုတ် သလို စာဖတ်ကို အရှိန်ပျက်စေနိုင်သည့် စာပိုဒ်ကြားတွင် ညှပ်မည်လည်း မဟုတ်ပါ။ ကက်တက်ကိုရီ တစ်ခုနဲ့ တစ်ခုကြားမှာ စာရွက်နှစ်ရွက် (လေးမျက်နာ) နှုန်းဖြင့် ငါးနေရာ
သာထည့်သွားမှာ ဖြစ်တဲ့အတွက် ကြီးမှား နှေက်ယှက်မှုမျိုး ဖြစ်လာမည်မဟုတ်ပါ။

ယင်းကြော်ငြာများကို ဘယ်သူတွေက ကောက်ခံပေးမှာလဲ
ယင်းကြောင်ငြာများကို စေတနာ လုပ်အားရှင် လလော့ဂ်ကာများက ကောက်ခံပေးမည် ဖြစ်ပါသည်။

ကြော်ငြာကောက်မဲ့ စေတနာ လုပ်အားရှင် ဘလော့ဂ်ကာတွေက ဘယ်သူတွေလဲ
ကြော်ငြာကောက်မဲ့ စေတနာလုပ်အားရှင် ဘလော့ဂ်ကာတွေက ကြော်ငြာကို ကောက်ပေးနိုင်တဲ့ ဘလော့ဂ်ကာတွေ ဖြစ်ပါတယ်။ ထို့ကြောင့် သင်လည်း ကြောင်ငြာ ကောက်ပေး နိုင်တယ်ဆိုရင် ဒီနေရာမှာ စာရင်းပေးလိုက်ရုံဖြင့် ကြော်ငြာ ကောက်ခံမည့် စေတနာ လုပ်အားရှင် ဘလော့ဂ်ကာ ဖြစ်သွားပါပြီ။

Read More...

Tuesday, July 10, 2007

နှလုံးသားကို အိပ်မက်မက်သူများ

တစ်ရက်မှာ ကျွန်တော်နဲ့ ရင်းနှီးတဲ့ ရုံးကကောင်မလေး တစ်ယောက် ရုံးပေါ်ကို ရေးကြီးသုတ်ပြာ ပြေးတက်လာပါတယ်။ အဲဒီအချိန်မှာ ကျွန်တော်က ကျွန်တော့ စားပွဲမှာ ထိုင်ပြီး စာရေးနေတာ။ ကျွန်တော့်ကိုလဲ မြင်ရော စိုးဇေယျ လာဦးလို့ ပြောပြီး မီးဖိုခန်းထဲ ၀င်သွားတယ်။

သူအဲလိုခေါ်ပြီး ဆိုရင် ကျွန်တော့ကို တစ်ခုခု ပြောတော့ မယ်ဆိုတာကို ကြိုသိနေတယ်။ ကျွန်တော်လဲ ပျင်းတာနဲ့ ထိုင်ရာက မထပဲ ဘာလဲ နင့်နောက်ကို ဘဲလိုက်လာ ပြန်ပြီလားလို့ မေးလိုက်တယ်။ အဲဒီတော့ ကောင်မလေးက မဟုတ်ဘူး လာဦးလို့ဆို လို့ပြောပြီး ထပ်ခေါ်တယ်။ သူ့ လေသံက အရင်လို မတူတော့ တကယ်ကို အရေးတကြီး အကူညီ တောင်းခံချင်တဲ့ အသံမျိုး ဖြစ်နေတာကြောင့် မီးဖိုခန်းထဲကို ၀င်သွားလိုက်တယ်။

ဘာကြောင့် အဲလောက်တောင် အရေးတကြီး ခေါ်နေ ရတာလဲလို့ မေးတော့ အောက်မှာ အဖေ ရောက်နေလို့ တဲ့။ ကျွန်တော် သိလိုက်ပြီ။ သူတို့ အဖေက သူတို့ မိသားစုကို ငယ်ငယ်လေး ကတည်း ပစ်သွားတယ်ဆိုတာကို သူပြောထား လို့တော့ ကြားဖူးတယ်။ ဒါပေမယ့် သူ့ဖေအပေါ်မှာ သူထားတဲ့ သဘောထား ကိုတော့ မေးမကြည့်ခဲ့မိဘူး။

အေးလေ နင့်အဖေ ရောက်နေတော့ ဘာဖြစ်လဲ သွားတွေ့ လိုက်ပေါ့ဟ လို့ကျွန်တော်က ပြောတော့။ မတွေ့ ချင်ဘူးတဲ့။ အခု ဘယ်မှာလဲလို့ မေးတော့ တိုက်ရှေ့က လမ်းဘေး လ္ဘက်ရည် ဆိုင်မှာတဲ့။ ကျွန်တော် ၀ရံတာကို ထွက်ပြီး ကြည့်လိုက်တယ်။ ဘယ်လို ပုံလဲလို့ လှမ်းမေး လိုက်တော့ ဘုန်းကြီး ၀တ်နဲ့တဲ့။

တွေ့ပါပြီ အသက် ငါးဆယ်ကျော် အရွယ် ပိန်ပိန်နဲ့ ဘုန်းကြီးတပါး ဘေးနားမှာ တောင်ဝှေးလေး ထောင်ပြီး ထိုင်ခုံမှာ ထိုင်နေတယ်။ သူ့မျက်လုံး ကတော့ ကျွန်တော်တို့ တိုက်ကိုတက်မဲ့ လှေကားကို ကြည့်နေတယ်။ သူ့ဘေးနား လေးမှာ ကျွန်တော်တို့ ရုံးက လူတစ်ယောက် ထိုင်နေတယ်။

ဘုန်းကြီးကို အကဲခတ်လို့ ရသလောက်တော့ သင်္ကန်းကလဲ ခပ်နွမ်းနွမ်း၊ ပုံစံကို ကြည့်ရတာတော့ ခက်ထန် ကြမ်းတမ်းတဲ့ အသွင်ပြင်မျိုး မတွေ့ရပါဘူး။ ဒါပေမယ့် သူ့မျက်ဝန်း ထဲမှာတော့ တစ်စုံ တစ်ခုကို တောင့်တ နေတယ် ဆိုတာကို ကြည့်လိုက်ရုံနဲ့ သိသာပါတယ်။

ကျွန်တော့် သဘောထား ကတော့ အရင်က ဘာပဲ ဖြစ်ခဲ့ ဖြစ်ခဲ့ အဖေဟာ အဖေပဲလို့ ခံယူ ပါတယ်။ ဒါကြောင့် သူ့ကို သွားတွေ့ဖို့ ပြောပါတယ်။ သူက ဆက်ငြင်းတယ်။ သူငြင်းရင်း ငြင်းရင်းနဲ့ မျက်ရည်တွေ ကျလာတယ်။ ကျွန်တော် အပါအ၀င် သူနဲ့ ခင်မင် ရင်းနှီးသူတွေ အားလုံးက ၀ိုင်းဝန်း ဖျောင်းဖျ ကြတယ်။ နောက်ဆုံးမှာ သူ ငိုနေရာကနေ မျက်ရည် တွေသုတ် အံကိုတင်းပြီး သူခိုင်မာတဲ့ စကား တစ်ခွန်းကို ပြောတယ်။

ပစ်သွားချိန်တုန်းကတော့ ပစ်သွားပြီးမှာ အခုမှ လာပြီး သမီးမတော်ချင်နဲ့တဲ့

သူအဲလို ပြောချိန်မှာ သူ့မျက်ဝန်း တွေထဲမှာ အရောင် တွေလဲ့ပြီး တစ်စုံတစ်ခုကို နာကျဉ်းနေပုံပဲ။ နောက်ဆုံးတော့ ဘယ်လိုမှ ဖျောင်းဖျလို့ မရတဲ့ အဆုံး ဘုန်းကြီးကို သူဒီနေ့ နေမကောင်းလို့ ရုံးမလာဘူးလို့ လျှောက်လိုက် ရပါတယ်။ အဲဒီမှာ ဘုန်းကြီးက ကျွန်တော်တို့ ရုံးကို လှည့်ကြည့် လှည့်ကြည့်နဲ့ ပြန်သွား ပါတော့တယ်။

ဒုတိယ ဖြစ်ရပ်

အဲဒီ ကောင်မလေးက ကျွန်တော်နဲ့ မောင်နှမ အရင်းလို တော်တော်လေးကို ရင်းနှီး ခင်မင်ပါတယ်။ သူ့အသက် ကတော့ ၁၆ နှစ် ဒီနှစ်မှ ဆယ်တန်း အောင်တဲ့ ကောင်မလေးပါ။ သူ့ အဖေက ဌာနတစ်ခုရဲ့ အကြီးအကဲ ဖြစ်ပြီး ငွေကြေးလည်း အတန်သင့် ချမ်းသာ ကြပါတယ်။ ကျွန်တော်သူနဲ့ ရင်းနှီး ခင်မင် လာတာနဲ့ အမျှ သူ့ဖေ နဲ့ အမေက အသက် အလွန်ကြီးတာ သတိထား မိသလို သူ့အစ်ကိုတွေ အစ်မတွေ ကလည်း သူနဲ့ အသက် တော်တော် ကွာတာကို သတိထား မိပါတယ်။

တစ်ရက်မှာ သူ အရမ်းခံစားနေရတယ်လို့ ပြောတယ်။ ဘာဖြစ်လို့လဲလို့ ကျွန်တော်မေးတော့

နင့်အဖေ ဘက်က အမျိုးတွေလို အချိုး မချိုးနဲ့လို့ အစ်မက သမီးကို ပြောပြီးဆူတယ် လို့ ကောင်မလေးက ပြန်ပြောတယ်။

ကျွန်တော် ခေါင်းထဲမှာ ရှုပ်သွားတယ်။ အစ်မ အဖေနဲ့ ညီမ အဖေနဲ့ မတူဘူးလားလို့ မေးလိုက်တော့။

ညီမ အခု အဖေ အမေ ခေါ်နေတာက ညီမရဲ့ အဖေ နဲ့ အမေမဟုတ်ဘူး အဖိုးနဲ့ အဖွား

ကျွန်တော် စိတ်ထဲမှာ တွေးလိုက်မိတယ် ဒါကြောင့် သူနဲ့ သူ့အဖေ အမေတွေနဲ့ အသက် ကွာနေတာကိုး။ ဒါဆိုရင် ညီမရဲ့ အဖေနဲ့ အမေက ဘယ်ရောက် သွားတာလဲ လို့မေးလိုက်တော့

ညီမရဲ့ အဖေက ညီမ ကိုယ်ဝန်ရှိကတည်း နိုင်ငံခြားကို ထွက်သွားတာ ပြန်မလာတော့ဘူး။ အဖေက ဆေးသမားလို့ တော့ပြောကြတာပဲ။

အမေကရော

အမေက ညီမကို မွေးပြီးတော့ နောက်အိမ်ထောင် ပြုတယ်။ အဖေ အသစ်ကလဲ ညီမအပေါ်မှာ ကောင်းပါတယ်။ တကယ် သမီးလေး လိုချစ်ပါတယ်။ ဒါပေမယ့် ညီမက အမေ့ ဘက်က အဖိုး အဖွားတွေနဲ့ ပဲနေတယ်။ ကျောင်းပိတ်တဲ့ ရက်တွေရောက်မှ အမေ့အိမ်ကို သွားလည်တယ်။

အဲဒီတုန်းက ညီမအသက်က ငါးနှစ်သမီးပဲ ရှိသေးတယ်။ ညီမ မှတ်မိသလောက် တစ်ရက်မှာ ကျောင်းပိတ်လို့ အမေ့ အိမ်ကို သွားတော့ အမေက ညတိုင်း ညီမကို ဖက်ဖက်ပြီး ငိုတယ်။ အမေရော အဖေ အသစ်ရော မျက်နှာ မကောင်းဘူး ဆိုတာတော့ သိတယ်။

တစ်ရက် နှစ်ရက်လောက် နေပြီးတော့ ညီမတို့ ဟိုတယ်မှာ သွားနေကြတယ်။ ဟိုတယ်မှာ အမေနဲ့ အတူတူ အိပ်တယ်။ အဲဒီမှာလည်း အမေက ညီကို ဖက်ဖက်ပြီး ငိုတယ်။ ညီမကတော့ ဘာမှ နားမလည်ဘူး အမေငိုတော့ လိုက်ငိုတာပေါ့နော်။

အဲလိုနဲ့ ဟိုတယ်မှာ နှစ်ရက် သုံးရက် လောက်နေပြီး နောက်တစ်ရက် မိုးလင်းတော့ အမေတို့ မရှိတော့ဘူး။ အမေက ညီကို ဟိုတယ်ထဲမှာ ပစ်ထားခဲ့တယ်။

ညီမ အသက် နည်းနည်း ကြီးလာတော့ သိရတာက အဖေ အသစ်က လောင်းကစား သမားလေ လောင်းကစားတွေ ရှုံးလို့ အကြွေးတွေ မပေးနိုင် တော့တဲ့ အခါမှာ အမေနဲ့ အတူ နိုင်ငံခြားကို ထွက်ပြေး သွားကြတာ အခုထိ ပြန်မလာ တော့ဘူး။

ညီမ အဖေ အရင်းကို အပြင်မှာ တစ်ခါမှ မတွေ့ဖူး ပေမယ့် ညီမ အရမ်း ချစ်တယ်။ ညီမ နဲနဲသိတတ်စ ကတည်းက အဖေ့ အကြောင်းကို အမြဲ စုံစမ်းတော့ နောက်ဆုံးမှာ အဖေနဲ့ အီးမေး အဆက် အသွယ်ရတယ် သူ့ဓာတ်ပုံလေး ပို့ပြီးတဲ့ နောက်ပိုင်းမှာ အဆက်သွယ် မရတော့ဘူး။ အမေနဲ့တော့ အခုထိ အဆက်သွယ် ရှိပါတယ်။ တစ်ခါတစ်လေ မုန့်ဖိုးတို့ ဘာတို့ပို့ပေးတယ်။

ညီမက ငယ်ငယ်လေး ကတည်းက အဖိုးတွေ အဖွားတွေကို အမေလို့ ခေါ်ပြီး အဒေါ်တွေကို အစ်မလို့ ခေါ်တော့ နုတ်ကျိုးနေပြီ အဲလိုပဲ နေလိုက်တော့တာ။ အဖိုးအဖွား တွေနဲ့နေရတာ အစစ အရာရာ အဆင်ပြေပေမယ့် တစ်ခါတစ်ခါမှာ နင့်အဖေ ဘက်ကလို ပုံစံမျိုး ဆိုတာမျိုးကြီး အပြောခံရတဲ့ အခါမှာတော့ အရမ်းကိုခံစားရတယ်။

အဲလို အရမ်း ခံစားရတဲ့ အခါမျိုးမှာ အဖေ အမေ အရင်းနဲ့သာ နေခွင့်ရရင် ညီမ ဘာကို မဆိုပေးဆပ် လိုက်ချင်ပါတယ်။

ဒီလိုဖြစ်ရပ် များစွာကို သင်ကိုယ်တိုင်လည်း တွေ့ဖူးကောင်း တွေ့ဖူးပါလိမ့်မည်။ မိဘများ အကြောင်း အမျိုးကြောင့် လမ်းခွဲ သွားကြသည့် အခါတွင် တချို့က အဖေဖြစ်သူကို လည်းကောင်း အမေဖြစ်သူကို လည်းကောင်း မုန်းတီးနာကျဉ်း သွားကြသည်။

ထို့အတူ ကျွန်တော်ရုံးက ကောင်မလေးသည် အဖေကို နာကျဉ် သွားခဲ့ပုံ ပေါ်ပါသည်။ ကောင်မလေးသည် မြန်မာပြည် မြောက်ဖျားပိုင်း ဇာတိ တစ်နေရာမှ ရန်ကုန်တွင် လာရောက် နေထိုင်ခြင်း ဖြစ်သည်။ ကောင်မလေး ဖခင်သည် သူ၏ အမှားများကို နောင်တရပြီး ချိန်တွင် ဘုန်းကြီးဝတ် နေသူဖြစ်သည်။

ဘုန်းကြီး ၀တ်နေသည့် ဖခင်သည် ယခုအခါတွင် သမီးကို မှတ်မိခြင်းမရှိပါ။ သို့ရာတွင် တွေ့ဖို့ရာ အကြိမ်ကြိမ် ကြိုးစား ခဲ့သည်။ ကောင်မလေး ဒဂုံတက္ကသိုလ်တွင် ပထမနှစ် တက်စဉ်က တစ်ကြိမ် နယ်ပြန် သွားချိန်တွင် တစ်ကြိမ် ယခု ပါဆိုလျှင် သုံးကြိမ်တိုင်တိုင် ကြိုးစားခဲ့သော်လည်း အောင်မြင်ခဲ့ခြင်း မရှိပေ။

သူ၏ ရင်ထဲတွင် သမီးဖြစ်သူကို ပြောပြချင်သော စကားလုံးများရှိနေ မည်မှာ သေချာသည်။ တချိန်က တာဝန် မကျေခဲ့သည့် အဖေတစ်ယောက် အနေဖြင့် ယခုအချိန်မှာ သမီးကို ဘာမှ မလုပ်ပေး နိုင်သည့်တိုင် သူတတ်နိုင် သလောက်တော့ ဖြည့်ဆည်း ပေးချင်သည်။ သို့ရာတွင် သမီးဘက်က စိမ်းစိမ်း ခါးခါးပင်။ သို့ပေမယ့် ဘုန်းကြီးသည် သူ့သမီးနှင့် ပြန်လည် တွေ့ခွင့်ရဖို့အရေးကို စိတ်ကူး အိပ်မက် မက်နေသည်။

ဒုတိယဖြစ်ရပ်က ကောင်မလေးသည်။ တစ်ကြိမ်မှ မမြင်ဖူးသော ဖခင်ဆီက တုံ့ပြန်မှုကို တောင်းတနေသည်။ ဖခင်သည် သမီးဖြစ်သူကို သမီးအဖြစ်ပင် အသိအမှတ် ပြုချင်ပုံမရ။ သို့ပေမယ့် ကောင်မလေး၏ စိတ်ကူး ထဲတွင် သူတို့မိသားစု စုစည်းနိုင်ဖို့ အိပ်မက်မက်နေသည်။

အဖေကို သို့မဟုတ် အမေကို မတွေ့ချင်လောက်အောင် နာကျဉ်းနေသူများ ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် မြောက်များစွာ ရှိနိုင်ပါသည်။ သူတို့သည် သူတို့ ခံစားချက် သူတို့ နာကျဉ်းချက် များကြောင့် မတွေ့ချင် လောက်အောင် မုန်းတီးပေမယ့်။ သူတို့ရဲ့ နှလုံးသားထဲမှာတော့ သူများ မိသားစုတွေ ထဲက ဖခင် မိခင် လိုမျိုးရှိချင်သည့် အိပ်မက်မျိုးကို သေချာပေါက်မက်ကြ လိမ့်မည်။

ကျွန်တော်တို့သည် ဘ၀တွင် အိပ်မက်များစွာကို မက်ကြသည်။ တချို့ကား ဘ၀အတွက်၊ တစ်ချို့ကား သမိုင်းအတွက်၊ တစ်ချို့ကား နှလုံးသားအတွက်။ ထိုအိပ်မက်များ အောင်မြင်လာသည့် အခါ ပျော်ရွှင်ရသလို ကျရှုံးရသည့် အခါဝမ်းနည်းရသည်။

ဝမ်းနည်းခြင်း ပျော်ရွင်ခြင်း ဆိုသည့် ခံစားချက်သည် နှလုံးသာက ထွက်ပေါ်လာသော အရာဖြစ်သည်။ ထို့ကြောင့် အိပ်မက် တက အိပ်မက်ထဲတွင် နှလုံးသားအတွက် မက်သော အိပ်မက်သည် အခံစားရဆုံးဖြစ်သည်။

ထိုကဲ့သို့ အိပ်မက်များကို ဘုန်းကြီးသည် လည်းကောင်း မိန်းကလေးသည် လည်းကောင်း မက်နေကြသည်။ ထို့အတူ ဖြစ်ရပ်တူကြသည့် ကမ္ဘာမြေပေါ်မှ လူသားများ မက်နေကြသည်။

ထိုအိပ်မက်များ လက်တွေ့ ဖြစ်မလာကြသည့်အခါ နှလုံးသားထဲတွင် ကြေကွဲကြသည်၊ ၀မ်းနည်းကြသည်၊ ငိုကြွေးကြသည်။ သူတို့ ရဲ့ နှလုံးသားထဲ ငိုကြွေးသံတွေ ၀မ်းနည်မှုတွေ တိတ်သွားဖို့ ဆိုလျှင် သူတို့ရဲ့ အိပ်မက်တွေကို အကောင်ထည် ဖော်ပေးရမည်။

ကမ္ဘာမြေပေါ်မှ လူသားများရဲ့ နှလုံးသားထဲက ငိုကြွေးမှုတွေ ၀မ်းနည်းမှုတွေ တိတ်ဖို့ သူတို့အားလုံးရဲ့ အိပ်မက်များကို အကောင်ထည်ဖေါ်ဖို့ရာ ကျွန်တော်သည်လည်းကောင်း အက်ဒီဆင်သည်လည်းကောင်း ဘုရားသခင်သည်လည်းကောင်း သင်သည်လည်းကေင်း စွမ်းဆောင် နိုင်မည်မဟုတ်ပါ။ သို့ရာတွင် ကျွန်တော်တို့ စွမ်းဆောင်နိုင်သည့် အရာတစ်ခုရှိပါသည်။

ယင်းကားအခြားမဟုတ် ကိုယ့်အတွက်ကြောင့် နှလုံးသားထဲမှာ ငိုကြွေးဒဏ်ရာ ရမည့်သူများ ကမ္ဘာမြေပေါ်မှာ တိုးမလာဖို့ လူတိုင်းကိုယ်စီ အသိစိတ်ဖြင့် စွမ်းဆောင်နိုင်ကြပါသည်။

Read More...

Sunday, July 08, 2007

ဘ၀ နှင့် လှိုင်း


ညသည်မည်း မှောင်လျှက်ရှိသည်။ ကျောက်ဆောင်နှင့် တိုက်မိချိန်တိုင်းတွင် ထွက်လာသည့် လှိုင်းပုတ်သံများသည် ပင်လယ်ပြင် တစ်ခုလုံးတွင် တ၀ုန်းဝုန်းနှင့် ဆူညံလျှက်ရှိသည်။
တံငါသည် ကောင်လေးသည် အဖိုးဖြစ်သူနှင့်တူ ပင်လယ်ကမ်းစပ် ကျောက်ဆောင် တစ်ခုပေါ်တွင် ထိုင်ကာ ငါးမျှားလျှက်ရှိသည်။ မုဆိုးလသာ တံငါလမိုက် ဆိုသည့် စကားပုံအတိုင်း ငါးပိုရသည့် လမိုက်ညတွင် မြေးအဖိုးနှစ်ယောက် ငါးမျှားရန် ထွက်လာကြ ခြင်းဖြစ်သည်။

တံငါသည်များသည် ညအမှောင်နှင့် ရေးစီးသန်သောနေရာတွင် ငါးမျှားသည့် အခါ ဖော့ဖြင့် မျှားလေ့မရှိပဲ လက်ထုတ် မျှားကြသည်။ လက်ထုတ်မျှားခြင်း ဆိုသည်မှာ ဖော့မပါပဲ မျှားခြင်းဖြစ်ပြီး ငါးများတံသည် Biration ပေးထားသလို တုန်ခါသည်ကို ကြည့်ခြင်းဖြင့် ငါးဆွဲခြင်းကို သိနိုင်သောနည်းဖြစ်သည်။

ညအမှောင်တွင် အဖိုးဖြစ်သူသည် ဘယ်အချိန် လက်ထဲက ငါးမျှားတံ တုန်လာမလဲဆိုတာကို အာရုံခံစောင့်နေသည်။ မြေးဖြစ်သူသည် လက်ထဲမှ ငါးမျှားတံ တုန်လာမည်ထက် ကျောက်ဆောင်ကို အင်နှင့်အားနှင့် ရိုက်ပုတ်နေသော ရေလှိုင်းများကို ကြည့်ကာ စဉ်းစားခန်းဝင်နေသည်။

တကြိမ်တွင် ရေလှိုင်းတွေက ဘာဖြစ်လို့ ကျောက်ဆောင်ကို လာလာပုတ်ကြတာလဲ ဆိုသည့် မေးခွန်းကို မြေးဖြစ်သူက အဖိုးဖြစ်သူအား ရုတ်တရက် မေးလိုက်သည်။ ထိုအခါတွင် အဖိုးဖြစ်သူက မြေးဖြစ်သူကို ဤသို့ရှင်းပြပါတော့သည်။

ရေလှိုင်းဆိုတာ ဒီရေ ရေစီးကြောင်းကြောင့် ဖြစ်လာတာ မဟုတ်ဘူး။ ဒီရေ ရေစီးကြောင်း သွားမဲ့လမ်းမှာ အတားဆီး ဖြစ်နေတဲ့ ကျောက်ဆောက်တွေကို အင်အားနဲ့ ကျော်ဖြတ်ရာက ဖြစ်လာကြတာလေ။ ရေစီးကြောင်း သွားလိုတဲ့ အင်အားက ပြင်းလေလေ ရိုက်ခတ်တဲ့ အားကလည်း ကြီးလေလေပေါ့ကွာ။ ရေစီးကြောင်း ဒီရေအား ဘယ်လောက် ပြင်းထန်ပါစေ သူသွားမဲ့ လမ်းမှာ တားဆီးထားတဲ့ ကျောက်ဆောင်တွေမရှိရင် ရေလှိုင်းဆိုတာ ဖြစ်ပေါ်လာမှာ မဟုတ်ဘူး။

လူတို့၏ လက်တွေ့ ဘ၀မှာလည်း ရေလှိုင်းနှင့် ကျောက်ဆောင်ကဲ့သို့ ပင်ဖြစ်သည်။ လူတို့သည် မိမိစိတ်ကူး၏ ရည်မှန်းချက်သို့ ဦးတည်ရွှေ့လျှား ကြသည့်အခါ အတားအဆီး အခက်ခဲများကို တွေ့ရသည်။ ထိုအခါတွင် လူသားတို့သည် အခက်ခဲအတားဆီးများကို ကျော်ဖြတ်ကြရသည်။ မိမိကျော်ဖြတ်ရသည့် အခက်ခဲသည် ကြီးကောင်းကြီးမည်။ သေးကောင်းသေးမည်။ မည်သို့ပင်ဖြစ်စေ ထိုကဲ့သို့သော အတားဆီးများကို ရိုက်ချိုး နိုင်ခြင်းမရှိပါက လိုရာခရီးကို ရောက်မည်ဟုတ်။ ထိုအတားဆီးများကို ရေလှိုင်းတစ်ခုလို ရိုက်ချိုးနိုင်ပါမှ မိမိရည်မှန်းရာ နေရာသို့ ရောက်မည်ဖြစ်သည်။

မိမိထားရှိသည့် စိတ်ဓာတ် ပြင်းထန်းလေလေ ရိုက်ချက်ပြင်း လေလေဖြစ်သည်။

တကယ်တော့ ကမ်းဆိုသည်မှာလည်း ဒီရေအလာကို တားဆီးသည့် ကျောက်ဆောင်များကြောင့် လှိုင်းများဖြင့် တင့်တယ်နေသလို။ ဘ၀ဆိုသည်မှာလည်း ရည်မှန်းချက်ကို တားဆီမည့် အခက်ခဲများကြောင့် ၀ရိယဆိုသည့် အကျိုးဆက်များဖြင့် တင့်တယ် နေပါတော့သည်




* * * *

Read More...

There was an error in this gadget