Art is My Life: June 2007

Friday, June 29, 2007

မြန်မာ ဘလော့ဂ်ကာများ အတွက် လင်းရောင်ခြည်လော

ယခု အခါတွင် အချို့ ဘလော့ဂ်များကို လိပ်စာ အတိကျဖြင့် ပိတ်နေတာကို တွေ့နေရပါပြီ။ ယင်းကဲ့သို့ ပိတ်ထားသည့် ဘလော့ဂ်ထဲတွင် မြန်မာ ဘလော့ဂ် အချို့ ပါဝင်သလို ညစ်ငြမ်းဘဘော့ဂ် တွေကိုလဲ ပိတ်ထားတာ တွေ့ရပါတယ်။
အဲဒီဟာက မြန်မာ ဘလော့ဂ်ကာတွေ အတွက် ကောင်းတဲ့ အလားလာ လား ဆိုးတဲ့ အလားလာ လား အလာဆိုတာကို ကျွန်တော် နဲနဲ သုံးသပ်ကြည့်ဖြစ် ပါတယ်။
ဒါကို ကြည့်ခြင်းအားဖြင့် ဘလော့ဂ် ရဲ့ ရေပန်းစား လာမှုကို သက်ဆိုင်က သိနေပြီ ဆိုတာကို တွေ့ရပါတယ်။ သူတို့ အနေနဲ့ ပိတ်ချင်ရင် ဘလော့ဂ် အားလုံးကို ပိတ်လိုက်လို့ ရနိုင်ပါတယ်။ ဒါပေမယ့် မပိတ်ပဲထားတယ် ဆိုတော့ စောင့်ကြည့်နေတယ် ဆိုတဲ့ သဘောမျိုးလဲ ဖြစ်နိုင်ပါတယ်။
ဘာပဲဖြစ်ဖြစ် အကောင်းဆုံးကတော့ ကိုယ့်နာမည်နဲ့ ရေးကြတဲ့ ဘလော့ဂ်တွေ ကိုယ်ဟာ ဘယ်သူဘယ်ဝါဆိုတာ အများသိကြပြီး ဘလော့ဂ်တွေမှာ နိုင်ငံရေး အကြောင်းအရာတွေကို မရေးကြတာ အကောင်းဆုံး ဖြစ်မယ်လို့ အကြံပြုပါရစေ။ ဘာဖြစ်လို့လဲ ဆိုတော့ ရေးရတာလေးဘာမဟုတ်နဲ့ တစ်ခုခု ဖြစ်လာလို့ ခံရရင် မတန်ပါဘူး။
နောက်ဆုံး ပြောချင်တာကတော့ ဘလော့ဂ်တွေထဲက တချို့ကို ပိတ်နေပြီ ဒါပေမယ့် အားလုံးကို မပိတ်သေးဘူးဆိုတာ ဘလော့ဂ်ကာတွေရဲ့ ကောင်းသော အလားအလာလော

Read More...

ထန်း နှင့် ညောင်

ထန်းပင် နှင့် ညောင်ပင်သည် တူညီသော သပါဝရှိသလို မတူညီသော သဘောတရားများလည်း ရှိတတ်ကြသည်။

* * * *

အဖေသည် ကျွန်တော်တို့ မောင်နှမတွေ အတွက် တခါတရံတွင် အဖေနှင့်မတူပဲ သူငယ်ချင်း တစ်ဦးနှင့်သာ တူနေတတ်သည်။ များသောအားဖြင့် အဖေသည် တည်တည်ခန့်ခန့် နေလေ့မရှိပဲ ကျွန်တော်တို့ မောင်နှမများနှင့် သူငယ်ချင်းများလို ပြောပြော ဆိုဆို စစ နောက်နောက် နေတတ်သည် ကများသည်။ တခါတရံတွင်တော့ အဖေ တစ်ယောက်လို ကျွန်တော်တို့ အပေါ် စိတ်ဆိုးသည်လဲ ရှိသည်။ ရိုက်သည်လဲ ရှိသည်။ သို့ရတွင် သူငယ်ချင်းလို နေသည်က များပါသည်။
ကျွန်တော် ရန်ကုန်သွားမည် ဆိုသည့် အခါတွင် အမေသည် တစ်လလောက် အလိုကတည်းက ဆုံးမ၍ မပြီးနိုင်။ ပုတီးစိမ်နည်း အမျိုးမျိုး ဘုရားရှစ်ခိုးနည်း အမျိုးမျိုးများ ကိုလည်း ကျက်ခိုင်း သေးသည်။ အမေ့မှာ ဗေဒင်သွားကြည့်လိုက် ရတြာခြေလိုက်နှင့် မအားနိုင်အောင် ပင်ရှိသည်။ ရန်ကုန်ကို အင်းတော်မှ ထွက်ခဲ့ရသည်မှာလည်း ယင်းရတြာ၏ အစိတ်ပိုင်း တစ်ခုဟု ပြော၍ ရပါသည်။
သို့ရာတွင် အဖေကမှု အေးအေး ဆေးဆေးပင် ရှိသည်။ မင်းအလုပ်တွေ ငါလုပ်ရတော့မှာပေါ့။ မင်းငါ့ကို မသနားလို့ သွားတာကတော့ ငါကတော့ မတားပါဘူး။ အစရှိသဖြင့် နောက်တီး နှောက်တောက် စကားများကိုသာ ပြောသည်။
အမေက အရက်မသောက်နဲ့ ဘာမှလုပ်နဲ့ ညာမလုပ်နဲ့ မှာသည့်အခါမျိုးတွင်လည်း။ နင်ကလဲဟယ် သူ့ဖာသူ ဘာလုပ်လုပ်။ တစ်ခုတော့ရှိတယ် ရန်ကုန်ကနေ ဘာမလုပ်တတ် ဘာမကိုင်တတ် လေးတော့ ခေါ်မလာနဲ့ ဟုဆိုကာ စကားကို ၀င်ဝင်နှောက်လေ့ ရှိသည်။
ထို့ကြောင့်လဲ အဖေ့ကို ကလေးတွေကို ဆုံမရကောင်းမသိဘူး ဟု အမေက မကြာခဏပြော လေ့ရှိသည်။ ထိုအခါမျိုးတွင် အောင်မှာ ငါ့သားသမီးတွေက လိမ်မာပြီးသား ဆုံးစရာကို မလိုဘူးဟု ရယ်ရယ်မောမော ဖြင့်ပင် ပြန်ပြောလေ့ရှိသည်။
ထိုသို့ အမြဲတမ်း ရယ်ရယ်မောမော ဖြင့်နေသော အဖေသည် ကျွန်တော် အိမ်နဲ့ စခွဲ့သည့်နေ့ ရထားထွက်ခါနီးတွင် မရယ်ဘူး ဆိုတာကိုတော့ ကျွန်တော် သတိထားမိသည်။ ပါးစပ်မှ လည်းတစ်ခုခု ပြောဖို့ စဉ်စားနေသလို ရှိပေမယ့် ထုံးစံအတိုင်း ကွမ်းဝါးနေသည်ဟုပင် ထင်မိသည်။
နာရီဝက်ခန့် ဘာမှ မပြောပဲ ရထားပြူတင်းပေါက် အနီးမှာ လာရပ်နေသော အဖေသည် ရထားထွက်ခါနီးမှ စကား စပြောသည်။ မင့်ကိုငါ ပြောစရာရှိသေးတယ်တဲ့။
လူဆိုတာ ထန်းပင်လို မကျင့်ရဘူးကွ ညောင်ပင်လို ကျင့်ရတယ်
ကျွန်တော်အံ့သြသွားသည်။ အဖေသည် ကျွန်တော်သိသလောက် ယင်းကဲ့သို့ စာသံပေသံ နှင့် ကျွန်တော်တို့ကို ပြောသည်ကို တခါမျှမကြားဖူးပါ။

* * * *

ဆရာ့ဘ၀မှာ အမှားတွေ အများကြီး လုပ်ဖူးတဲ့အထဲမှာ သိသိကြီးနဲ့ မှားလိုက်တာ ရှိတယ်။ အဲဒါက ဘာလဲ ဆိုတော့ မိဘကို မထောက်ပံ့ နိုင်ခင်မှာ အိမ်ထောင် ပြုလိုက်တာပဲ။ ကျွန်တော်တို့ ခြောက်တန်းနှစ်က ကြိုသက် ဘာရပ်သင်ကြားသော ဆရာ တစ်ဦးပြောသည့် စကားဖြစ်ပါသည်။ သူ့တွင် အမေတစ်ဦးသာရှိပြီး ကျောင်းဆရာ အလုပ်ရချိန်တွင် မေကို မကျွေးနိုင်ခင် မိန်းမယူ လိုက်မိခြင်း ဖြစ်သည်ဟုဆိုသည်။ ကျောင်းဆရာ လခသည် များစွာမရသောကြောင့် မိန်းမရှိနေသည့် သူ့အဖို့ မိခင်ကို ဘာမျှမလုပ်ပေး နိုင်ခဲ့ဟုဆိုသည်။
ယင်းကဲ့သို့သော ခပ်ဆင်ဆင် အဖြစ်များစွာကို ကျွန်တော်တို့ ပတ်ဝန်းကျင်တွင် အမြဲလိုလိုပင်တွေ့ မြင်နေကြရသည်။ ဆရာ ကောင်းသန့် သည်ပင်လျှင် ထိုကဲ့သို့ အမှားမျိုး ကျူးလွန်ခဲ့မိသည်ဟု သူ့ဆောင်းပါးတစ်ပုဒ် တွင်ရဖူးသည်။

* * * *

တကယ်တော့ ထန်းပင် နဲ့ ညောင်ပင်ဟာ ကြီးထွားကြတဲ့ သပါဝချင်း တူပေမယ့် ထန်းပင်ဆိုတာ အမြင့်ကိုတာ တက်ပြီး ပတ်ဝန်းကျင်ကို မပြောနဲ့ သူ့အသီးနဲ့ သူတောင် မိုးလုံတာ မဟုတ်ဘူး။
ညောင်ပင် ဆိုတာကတော သူကြီးထွားလာတာနဲ့ အမျှ သူ့ရဲ့ အရိပ်ကို အားလုံးက ခိုလုံလို့ရတယ်။
လူဆိုတာ ဘာကိုပဲလုပ်လုပ် ထန်းပင်လို ကိုယ်တက်သွားရင် ပြီးရော ဆိုပြီး မလုပ်ရဘူး။ ကိုယ်နဲ့ သက်ဆိုင်တဲ့ ပတ်ဝန်းကျင်ပါ ကိုယ့်ကို မှီခို အားထားလို့ ရလောက်တဲ့ ညောင်ပင်လိုဖြစ်အောင် ကြိုးးစား အားထုတ်သင့်တယ်။

အဖေ စကားသံ ဆုံးတော့ ခရာထွက်လာသည် ခရာသံ ဆုံးတော့ ဥသြသံထွက်လာသည် ဥသြသံ ဆုံးတော့ ရထားဘီးလုံးများသည် သံလမ်းပေါ်တွင် တကျီကျီ နှင့် စတင်လိမ့် သွားသည်။ ထို့နောက် ရထားသည် ဘူတာရုံလေးကို ကျောခိုင်း၍ မိုင်ပေါင်းများစွာ ခုတ်မောင်ခဲ့ ပါသည်။









*

Read More...

Sunday, June 24, 2007

လေးနှစ်ပြည့် အမှတ်တရ

စက္ကန့်တွေ ကြာလာတော့ မိနစ်တွေ မိနစ်တွေ ကြာတော့ နာရီ အဲဒီကနေ တစ်ဆင့် ရက်တွေ လတွေ နှစ်တွေ ဆီကိုပေါ့

ပြန်စဉ်းစား ကြည့်လိုက်ရင် မနေ့တစ်နေ့က လိုပဲ . . . .

ဘာလိုလိုနဲ့ လေးနှစ် တောင်ရှိသွားပြီ . . . .

လွန်ခဲ့သောလေးနှစ်က

နယ်မြို့လေး တစ်မြို့တွင် နှင်းသီးများ မြို့လုံးကျွတ်အောင် သီးနေသည်။ ယင်းမြို့လေးသည် မြန်မာ ပြည်အထက်ပိုင်း မန္တလေး မြစ်ကြီးနား ရထား လမ်းပိုင်းပေါ်တွင် တည်ရှိပြီ စကိုင်းတိုင်း၏ အဆုံး ကချင်ပြည်နယ်၏ နယ်စပ်မြို့လေး ဖြစ်ပါသည်။
ယခုလို ဇွန်လကုန် လောက်ဆိုရင် နှင်းသီးတွေ မြို့လုံးကျွတ် သီးကြသည်။ ယင်းမြို့လေးတွင် နှင်းသီးပင် အလွန်ပေါပြီး ပျမ်းမျှ ယူကြည့်လျှင် အနည်းဆုံး အိမ်တစ်အိမ်တွင် နှင်းသီးပင် သုံးပင် ခန့်ရှိမည် ထင်ပါသည်။ ထို့ပြင် ယင်းမြို့မှ ထွက်သော နှင်းသီး များသည် အလုံးကြီး အခွံပါး အဆံထူ အစေ့သေး သောကြာင့် အောက်ပိုင်းဆို မန္တလေး အထက်ပိုင်းဆို မြစ်ကြီးနား အထိ နာမည်ကြီးသည်။ နှင်း သီးနာမည်ကား အင်းတော် နှင်းသီးတဲံ့
ရည်မှန်းချက်များ အတွက် ခရီး တစ်ခုကို ထွက်ရန် ကျွန်တော် ပြင်ခဲ့သည်။ အဲဒါ လွန်ခဲ့တဲ့ လေးနှစ်ကဖြစ်သည်။ အမေက ဘူတာရုံကို လိုက်ပို့သည်။ အမေသည် ကျွန်တော့်ကို တားမလို့သာ လွတ်ရမည် ဖြစ်သော်လည်း နဲနဲလေးမှ စိတ်မချပါ။ စိတ်မချ တာက ကျွန်တော်သည် ရန်ကုန် မပြောနှင့် မန္တလေးကိုပင် ကောင်းစွာ မရောက်ဖူးပါ။ ထို့ပြင် ပညာအရည်ချင်းမှာ ဆယ်တန်းအောင် ဖြစ်ပြီး ယင်းပညာ အရည်ချင်းဖြင့် ရန်ကုန်တွင် တစ်ယောက်တည်း ရပ်တည်ဖို့ရာ မလွယ်ကူဟု အမေ ယူဆပုံ ရပါသည်။
အချိန်က ညနေ ငါးနာရီ။ ရထား ၀င်လာသည်နှင့် ကျွန်တော် အမေ့ကို နုတ်ဆက်ပြီး ရထားပေါ် တက်ခဲ့သည်။ အမေသည် ပြူတင်း ပေါက် ဘေးနားထိ လာရပ်ပြီး ကျွန်တော့်ကို ကြည့်နေသည်။ စကားမပြောပါ။ ရထားကလည်း ကြာကြာမရပ်ပါ။ ရထားထွက် သွားတော့ အမေပြုံးပြ ပြီးနုတ်ဆက်သည်။
အင်းတော်မြို့ အထွက် ရောက်တော့ ပြည်သူ့ဆေးရုံကြီး ကိုတွေ့ရသည်။ ကျွန်တော်ကို ယင်းဆေးရုံကြီးတွင် မွေးခဲ့သည်။ ရထားလမ်း ၀ဲယာတွင် စိမ်းလမ်း နေသည့် စပါးခင်းများကို တွေ့ရသည်။ အဝေး တစ်နေရာတွင်တော့ ရေပြင် ကျယ်ကြီး တစ်ခုကို မြင်ရသည်။ ထိုရေ ပြင်ကျယ်ကြီးသည် အင်းတော်လေးအင်း ဖြစ်သည်။
ကျွန်တော် ရန်ကုန် မလာမှီ အချိန်ထိ ယင်းအင်းတွင် ပိန်းခုတ် သွားသူများနှင့် အတူ လိုက်ပြီး ငှက်ပစ် ဇရစ်ရှာ ဂုဏ်မင်းအူချိုး ဖြင့် နေလာခဲ့သည်။ အခုလို ခွဲရမည် ဆိုတော့ အင်းကြီးကို ကြည့်ပြီး နှမျောတာလိုလို လွမ်းတာလိုလို။ ကျွန်တော် ထင်ထားသလိုပင် ထွက်လာပြီး ကတည်းက ယင်းအင်းကို ဘယ်တော့မှ ပြန်မရောက်ဖြစ် တော့ပါ။
ညရှစ်နာ ရီခွဲတော့ ကောလင်း ဘူတာသို့ ရထားရောက်သည်။ ရထားရောက် သည်နှင့် ဘူတာ အတွင်းသို့ မျက်လုံး ဝေ့ကစားပြီး အဖေ့ကို ရှာသည်။ အဖေသည် ကျွန်တော့်ကို ကောလင်း ဘူတာက စောင့်နေမည်။ ကျွန်တော် ကြည့်နေစဉ်မှာပင် ရထား အကြို အပို့ လုပ်နေသော လူအုပ်ကြားမှ အဖေထွက် လာသည်။ လက်ထဲတွင် ထမင်းဘူး တစ်ခု နှင့် ရေသန့် တစ်ဘူးကို ယူလာသည်။
အဖေသည် အမေ့ကဲ့သို့ပင် ဘာမျ မပြောပဲ ပြူတင်းပေါက် ဘေးတွင် ရပ်နေသည်။ ကွမ်းယာတွေ ၀ါးမြဲတိုင်း ဆက်ဝါးနေသည် ဘာမျှ မပြော။ ကောလင်း ဘူတာတွင် စက်ခေါင်းမောင်း ချိန်းခြင်းကြောင့် ရထားရပ် ချိန်သည် မိနစ် ၂၀ဆယ်မှ ၃၀ ကြား ကြာသည်။ ရထား ထွက်ခါနီး ငါးမိနစ် အလိုရောက်တော့ မင့်အမေ မင့်ကို ဘာမှာ လိုက်သေးလဲ တဲ့။ ကျွန်တော်က စုံနေတာပဲ လို့ပြောတော့။ သူစဉ်းစား နေသည်။ ပြီနောက် သူရထား ထွက်ခါနီးတွင် ကျွန်တော့်ကို ကောင်းကောင်း မွန်မွန် နေရန်မှာ ကြားသည်။
် အင်းတော်သည် အမေ့ဇာတိ ဖြစ်ပြီး ကျွန်တော့်ကို ယင်းမြို့မှာ မွေးပါသည်။ သို့ပေမယ့် အဖေ၏ ဇာတိဖြစ်သော ကောလင်းတွင် သာ အနေများပြီး ကျောင်းပိတ် သောအချိန် များတွင်သာ အင်းတော် တွင်နေဖြစ်ပါသည်။
ဂတ်ဗိုလ်၏ ခရာမုတ်သံနှင့်အတူ ရထားဘီးသည် တဖြည်းဖြည်း လိမ့်သွားသည်။ ထိုအချိန်မျစ၍ ကျွန်တော့်သည် ကျွန်တော့် ခြေထောက် ပေါ်တွင် စ၍ မတ်တပ်ရပ်ကြည့် ခြင်းဖြစ်သည်။
ရထားမြို့ ပြင်ရောက်သည်နှင့် လွယ်မောက်တောင် ဘုရားကို မီးရောင်ထိန်ထိန် ဖြင့်လှမ်းမြင်ရသည်။ ယင်းလွယ် မောက်တောင်သည် ကျွန်တော်တို့ ဒေသတွင်း တန်ခိုးကြီး ဘုရားတွင် ပါဝင်ပြီး အရင်ကလည်း အခုလို ညမြင်ကွင်းမျိုးကို ရထားပေါ်ကနေ အကြိမ်ကြိမ် မြင်တွေ့ခဲ့ဘူးသည်။ သို့ရာတွင် ယခုခံစားမှုနှင့်တော့ မတူသည်ကတော့ သေချာပါသည်။
ကြို့ခုံ ဇီးခုံ ရွာတွေကိုဖြတ်တော့ ငယ်ငယ်က တစ္ဆေခြောက်ခံ ရသည်များကိုသတိရသည်။ ဒေါင်းမြူးချောင်း ရေပေါက်ရောက်တော့ ငါးမျှားခဲ့သည့် နေရာလေးပေပဲ ဟုတွေးမိသည်။ ထိုကဲ့သို့ တွေးစရာ အမှတ်ရစာများကို ထားရစ်၍ ကျွန်တော်သည် ရန်ကုန်မြို့သို့ ရောက်ရှိခဲ့ပါသည်။
ကျွန်တော်နှင့် အတူ ဇာတိမြို့က နှင်သီးများ အပြည့်ထည့်ထားသော ခြင်းတစ်လုံး နှင့် ရည်မှန်းချက်များ လိုက်ပါလာ ကြသည်။
ယင်းနေ့သည် ဇူလှိုင်လ တစ်ရက်နေ့ ဖြစ်ပြီး ရန်ကုန်မြို့တွင် မိုးများ သည်ထန်စွာ ရွာသွန်းလျှက်ရှိနေသည်။

Read More...

နိဂုံး

မောင်ရန်အောင် အကြောင်းကို ဒီတွင် အဆုံး သတ်လိုက်ပြီ။ ကျွန်တော်သည် မာမီကို ဂုဏ်ပြုခြင်း ဖြစ်သော်လည်း သူသည် ဂုဏ်ပြုခြင်းကို ဖွသည်ဟု ပြောသောကြောင့် သူကို ဂုဏ်ပြုသည့် ယခုပို့ကို အပြီးသတ် မရေးပဲ ရပ်ဆိုင်း လိုက်သည်။
မိုးရေထဲက အမှတ်တရ ဆက်ရေး နေပါသည်။ အေဖိုး ၇ မျက်နှာ ကျော်သွားပြီ အဆုံး မသတ်သေးခင် တင်ပါက တန်းလန်းကြီး ဖြစ်နေမည် စိုးသောကြောင့် အဆုံးသတ်ရေး ပြီးမှ တင်ပါမည်။
ကြားထဲမှာ ဘလော့ဂ် စာအုပ် ကိစ္စ အပြင် ကိုယ်ရေးကိုယ်တာ ကိစ္စလေးတွေ များနေသည့်အတွက် ဘလော့ဂ်ပို့များကို နေ့စဉ်တင်ဖြစ် မည်မဟုတ်ပါ ကြောင်း။

လေးစားစွာ

Read More...

Tuesday, June 19, 2007

အစ်အောက်မေးခြင်း အတတ်ပညာ

အခုတစ်လော ရန်အောင် (ခ) မာမီရန် နဲ့ပတ်သက်တဲ့ သတင်းတချို့ ထွက်ပေါ်နေပါတယ်။ အကြောင်းကတော့ နှလုံးသားရေးရာပါ။ ထွက်ပေါ်က ဆန်းတယ်ဗျ။ ဟိုကောင်မလေးနဲ့ လိုလို ဒီကောင်မလေးနဲ့ လိုလို ။ လိုလို နဲ့ပေါ့ဗျာ . . . .
ဒီတော့ မာမီရန်ကို တွေ့ရာ ရိုက်ချင်နေကြတဲ့ ဆောရီးမှားသွားလို့ ခင်ကြတဲ့ လူတွေက ဘယ်သူနဲ့ ကြိုက်လဲ ဆိုတာမေးမေး နေကြတယ်။ ကျွန်တော်လဲ မသိပေါ့ဗျာ။ မသိလို့ မသိဘူး ပြောတာကို တချို့က ပြောသေးတယ် မင်းနဲ့ရန်အောင်နဲ့ ဒီလောက်ခင်တာ သိမှာပေါ့တဲ့။
ဟသိစရာလားဗျ။ ဒီကိစ္စက ဒိုင်လျှို ခွက်ပုံးလေး သောက်ကြ တာများတာကို။ ခက်တာက မာမီရန်နဲ့ ကျွန်တော်နဲ့ကလည်း အွန်လိုင်းမှာ မတွေ့ဖြစ်ဘူး။ ဒါကြောင့် မမေးဖြစ်ဘူးဗျာ။
ဒီနေ့တော့ မာမီရန် အွန်လိုင်းလာတုန်း အဲဒီ မရှင်းမရှင်းနဲ့ ဝေ့လည်ကြောင်ပတ် ကိစ္စကြီးကို ရှင်းသွားအောင် ဒဲတိုးပဲ မေးလိုက်တယ်ဗျာ။ ဟေ့လူ ဘယ်သူလဲပြော မပြောရင်တော့ ကျုပ်ကိုသူများတွေ လာလာမေးကြရင် ထင်ရာပြောမှာနော် ဆိုတော့။ အဲဒီလူက ပြုံးပြုံးကြီး လုပ်နေတယ်။ ခက်တာက သူ့အပြုံးက ဥပမာပြောရရင် မြောက်အိုကြီး ငှက်ပျောသီးရသွားသလို စပ်ဖြီးဖြီးကြီးဗျ။ ( မာမီရန် နဲနဲ ရိုင်သွားရင် ခွင့်လွတ်ပေါ့လေ :P )
ဒါနဲ့ သူက မပြောဘူးဗျ အိုက်တင်ခံနေတယ်။ ကျွန်တောလဲ မထူးပါဘူး ဆိုပြီး
မီးပျက်ပြီ ဆက်ရေးမယ်

Read More...

ဖိတ်ကြားခြင်း

ဖိတ်ကြားခြင်း ဆိုလို့ စိုးဇေယျ တစ်ယောက် မိန်းမ ယူတော့ မယ်လို့တော့ မထင်လိုက်ကြ ပါနဲ့ နော်။ တော်ကြာနေ ကျိန်းကြေ သွားမှာ စိုးလို့ . . . .

ကျွန်တော်မင်္ဂလာ ဆောင်မှာ မဟုတ်ဘူး။ ကိုယ်စား ဖိတ်ပေးတာ။ ဘယ်သူ့ အတွက်လည်း ဆိုတော့ ကိုနေဘုန်းလတ် အတွက်။ သူလဲ မင်္ဂလာ ဆောင်မှာတော့ မဟုတ်ဘူး။ မွေးနေ့ပွဲ လုပ်မလို့တဲ့လေ။

ရှုင်းအောင်ကြိုပြောတာ ။ မဟုတ်ရင် သူ့လေဒီက ဘယ်အနှောင်းနဲ့ ဆောင်မှာလဲလို့ မေးပြီး ဖြေရှုင်းချက် မထုတ်နိုင်ရင် နဖူး ပြောင်ပြောင်ကြီးကို ဒေါက်ဒေါက်နဲ့ မြည်အောင် ခေါက်ခံ နေရမှာ စိုးလို့။

အင်း... နေရာတော့ ဗိုလ်အောင်ကျော်လမ်းက Coff King ပဲ။ တစ်ဆက်တည်းမှာ မွေးနေ့ပွဲနဲ့ အစည်းအဝေးကိုလည်း တပြိုင်နက် လုပ်သွားမှာ ဖြစ်လို့ မြန်မာ ဘလော့ဂ်ကာများ အားလုံးကို တက်ရောက် စေလိုပါတယ်။ ( မှတ်ချက်။ ။ ကိုရန်အောင်မပါ )

ဘာဖြစ်လို့လဲ ဆိုတော့ သူက အမေရိကား ပိုက်ဆံတွေ သောက်သောက်လဲ ရနေပြီးမှ ကပ်စီးအိုး ဆိုတော့ အခွန်မဆောင်ဘူး။ ဒါကြောင့် မြန်မာပြည် ပြန်ရောက်ရင် လေဆိပ်တင် ဂိသွားနိုင်တာကြောင့် သနားလို့ မဖိတ်တော့တာ။

အစည်းအဝေးကို ပထမပိုင်း ဒုတိယပိုင်း ခွဲပြီး ကျင်းပသွားမှာ ဖြစ်ပါတယ်။
ပထမပိုင်းကို ကော်ဖီကင်းမှာပဲ ကျင်းပပြီး၊ ဒုတိယပိုင်းကို ၁၉ လမ်းမှာ ကျင်းပမှာ ဖြစ်ပါတယ်။
ကိုနေဘုန်းလတ်သည် ပထမပိုင်းအတွက် ကုန်ကျစရိတ်ကိုသာ ကျခံမည် ဖြစ်သောကြောင့် အစည်းအဝေး ဒုတိယပိုင်းကိုမူ မိမိ စရိတ်ဖြင့် မိမိ ကျခံရမည့် သဘောရှိပါတယ်။ ဒါပေမယ့် မွေးနေ့ရှင်ကို အစ်အောက်ရင်တော့ 30% to 50% မှသည် အားကောင်းလျှင် 100 % လောက်ထိ ထွက်လာ နိုင်ဖွယ် ရှိတာကြောင့် အားမလျှော့ကြပါနဲ့။
တစ်ခု မှာချင်တာက ကိုနေဘုန်းလတ် အတွက် မွေးနေ့လက်ဆောင် ဘိုမရုပ်လေးတို့ သံပါတ်ပေးတဲ့ လေယာဉ်ပျံလေးတို့လို သူနဲ့ သင့်တော်မယ့် လက်ဆောင် လေးတွေလည်း ယူလာနိုင်ပါတယ်။
ကျွန်တော်ကတော့ သူ့အတွက် သရေပင် ဒါဇင် ၂၀ လောက် နဲ့ ဂေါ်လီလုံး တစ်ဒါဇင်လောက် ၀ယ်ပေးဖို့ စိတ်ကူးထားပါတယ်။

ဒါကတော့ အပျော်သဘောပြောတာပါ။ ကျွန်တော်တို့ တကယ်လုပ် စရာကျန်သေးတာက

၁ စာမူတွေ ကက်တက်ဂိုရီ အလိုက် ဘယ်နှစ်ပုတ်စီ ထည့်မလဲ
၂ ဒီဇိုင်းကို ဘယ်လို အပြီးသတ်မလဲ
၃ စာစီစာရိုက်ကိစ္စ
၎ ပရုရီဒါကို ပရော်ဖက်ရှင်နယ် ငှားမငှား
၅ ကာတွန်း သရုပ်ဖော် ထည့်မထည့် (ထည့်လျှင်တောင် ဘယ်လို ကန့်သတ်ချက်နဲ့ ထည့်မှာလဲ)
၆ ကျွန်တော်တို့ ထပ်မံလို အပ်လာပါက ရံပုံငွေကို ဘယ်လို ထပ်ရှာမလဲ
ရ အကယ်၍ ကွာလတီ စာမူများ လိုအပ်ခဲ့သော် လက်တမ်း ထပ်ရွေးသင့် မရွေးသင့်

ဒါလေးတွေကို အဓိကထား ဆွေးနွေးရမှာ ဖြစ်ပါတယ်။ နောက်ထပ် ဆွေးနွေးစေလိုသော အကြောင်းအရာများရှိပါက ယင်းနေ့ နံနက် ၁၀ နာရီ နောက်ဆုံး ထားပြီး ကျွန်တော့် ဆီကို ဖြစ်ဖြစ် ကိုနေဘုန်းလတ် ဆီကို ဖြစ်ဖြစ် အီးမေးပို့ ပေးထားကြပါလို့ ပြောကြားလိုက်ပါတယ်။

အချိန် ၂၄ ရက် ၆လ ၂၀၀၇ ( တနင်္ဂနွေနေ့ ) နေ့လည်တစ်နာရီ တိတိ
နေရာ Coff King
ဗိုလ်အောင်ကျော်လမ်း
အာလာဒင် နှင့် မျက်စောင်းထိုး
ဘလော့ဂ်ကာ အားလုံး မပျက်မကွက် တက်ရောက် ပေးပါရန် ဖိတ်ကြားအပ်ပါသည်။

Read More...

Sunday, June 17, 2007

မိုးရေထဲက အမှတ်တရ ၂

ကိုဖြိုးရေ ခင်ဗျားတက်ခိုင်းတာ တစ်ခုတည်း ကျွန်တော်က နှစ်ခု တက်လိုက်တယ်။

ဇာတ်လမ်း နံပါတ် ၂

အချိန်ကား မှောင်ရီပြိုးစ။ မိုးသည် အငြိုးဖြင့် သည်းထန်စွာ ရွာသွန်းလျှက်ရှိသည်။ ထီးအကြီးကြီးကို ဆောင်းပြီး မိုးရေထဲတွင် လမ်းလျှောက်နေသည်။
တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်းရပ်ကွက်သို့ သွားရန် လယ်ကွင်းရှည်ကြီးနှင့် အိမ်ယာစီမံကိန်း ကွင်းပြင်ကြီးကို ၁၅ မိနစ်စာလောက် လျှောက်ရသည်။ အခုကျွန်တော် တပ်ရင်းသုံးမှတ်တိုင်မှ ဒဂုံမြို့သစ် အရှေ့ပိုင်း ရပ်ကွက်သို့ ဦးတည်သွားနေသည်။
မိုးကြောင့် ကွင်းပြင်ကြီးတွင် ရေများသည် ခြေမျက်စိလောက် တက်နေပါသည်။ ထိုခြေမျက်စိခန့် ရှိသောရေထဲသို့ ကျွန်တော်ခြေလှမ်းများ ချလိုက်သည့် အခါတိုင်းတွင် လှိုင်းလေးများ ဖြစ်ပေါ်ပြီး ပတ်ဝန်းကျင်သို့ ဖြာထွက်သွားကြသည်။ ကျွန်တော်သည် ခြေချလိုက်တိုင်း ထွက်ပေါ်လာသည့် လှိုင်းလေးများကို အရသာခံကြည့်ကာ တစ်လမ်းချင်း လျှောက်လာခဲ့သည်။
တစ်နေရာ အရောက်တွင် ကျွန်တော်ခြေချလိုက်ရာမှ ထွက်ပေါ်သွားသော လှိုင်းလေးများကို ငေးကြည့်နေခိုက် ဆန့်ကျင်ဘက်အရပ်က လှိုင်းလေးများ ပေါ်ထွက်လာသည်။ လှိုင်းနှစ်ခု ရေလယ်မှာ ဆုံမိပြီး ပျက်ပြယ်သွားသည်။ ကျွန်တော် မော့ကြည့်လိုက်တော့ တစ်ဘက်မှ လှိုင်းလေးများ၏ ပိုင်ရှင်သည် မိန်းကလေးတစ်ယောက် ဖြစ်နေသည်။
ကောင်မလေးသည် ဘောင်းဘီရှည်ကို ဒူးခေါင်းလောက်ထိ ပင့်ထားပြီး မိုးရေထဲတွင် ထီးမပါပဲ လမ်းလျှောက်နေသည်။ ကျွန်တော် သူ့ကိုကျော်သွားတော့ ခေါ်သံတစ်ချက် ကြားလိုက်သည်။ အစ်ကိုတဲ့ . . . .
ဒီကွင်းပြင်ကြီး တစ်ခုလုံးမှာ သူရယ် ကျွန်တော်ရယ် နှစ်ယောက်တည်းရှိတာ။ ကျွန်တော့်ကို မခေါ်ရင် တခြားလူကို ခေါ်စရာမရှိပါ။ ထို့ကြောင့် ကျွန်တော် လှည့်ကြည့်လိုက်သည်။ ကျွန်တော် လှည့်ကြည့်လိုက်သော ကောင်မလေးက ပြုံးပြသည်။
ထီးကြုံလိုက်လို့ ရမလားတဲ့ . . .

ကိုဖြိုးရေ အိပ်ချင်ပြီကွာ ညရောက်မှ ဆက်ရေးမယ် မီးမပျက်ဘူး ဆိုရင်ပေါ့လေ။

Read More...

မိုးရေထဲက အမှတ်တရ

ကိုဖြိုးဆိုတဲ့လူက တက်ခိုင်းလို့ တက်လိုက်တာ သစ်ပင်ပေါ်ပဲ ရောက်သွားလား ဘတ်စကားပေါ်ပဲ ရောက်သွားလား တစ်ခုခုတော့ တစ်ခုခုပဲ အရေးကြီးတာက ၀က်ရူးမတက်ဖို့ပဲလေ။
ကဲ... ပြောနေကြာရော့မယ် မိုးရေထဲက ဇာတ်လမ်းလေး စစေ။

ဇာတ်လမ်: ၁

အဲဒီတုန်းကပေါ့ဗျာ ကျွန်တော် တစ်တန်းလား နှစ်တန်းလား ကောင်းကောင်း မမှတ်မိတော့ဘူး။ မှတ်မိလည်း မထူးပါဘူး အဓိကပြောချင်တာက အတန်းမှ မဟုတ်တာ။ မိုးရေထဲက ဇာတ်လမ်းလေ . . . .
မှတ်မိသေးတယ်ဗျ ကျွန်တော်တို့ အတန်းပိုင်ဆရာမက အရိုက်ကြမ်းတဲ့နေရာမှာ နာမည်ကြီး။ ကျောင်းကို တစ်မိနစ်လောက်နောက်ကျရင် တစ်ချက်ရိုက်ခံရတယ်။ နှစ်မိနစ်ဆိုနှစ်ချက်။
ကျွန်တော်တို့ အိမ်က ကျောင်းနဲ့ သိပ်မဝေးဘူး ၁၀ မိနစ်လောက် လမ်းလျှောက်ရင် ရောက်ပြီ။ ဒါကြောင့် မုန့်စားကျောင်း ဆင်းချိန်မှာ အိမ်ကို ကျွန်တော်က ပြန်ပြန်သွားတယ်။ တစ်ရက်မှာ မုန့်စားကျောင်းဆင်းချိန် အိမ်ကို ပြန်တယ်။ အဲဒီနေ့က အတန်း တက်တက်ခြင်း သင်ရမှာက အရိုက်ကြမ်းတဲ့ ဆရာမ။ ဖြစ်ချင်တော့ ကျွန်တော်က နောက်ကျနေပြီ။
ကျွန်တော်လည်း ကျောင်းရှိရာကို အပြေးလေး တစ်ပိုင်းနဲ့ လွယ်အိတ်လေး ကျောပိုးလို့ ပြေးတာပေါ့။ ပြဿနာက အဲဒီမှာ စတာပဲ။ ရူးက အရမ်းကို ပေါက်ချင်နေပြီ။ လမ်းဘေးမှာ ပေါက်လို့လဲ မဖြစ်ဘူးလေ။ အိမ်ပြန်ရင်လည်း နောက်ကျမှာ စိုးရသေး။ ကျောင်းရောက်အောင်လည်း မအောင့်ချင်တော့ဘူး။
တိုက်တိုက်ဆိုင်ဆိုင် အဲဒီအချိန်မှာ မိုးသားတွေ ရုတ်တရက်တက်လာပြီး မိုးသီးမိုးပေါက်ကြီးတွေ ကျလာပါတော့တယ်။ အိုကေ အိမ်သာသွား စရာမလိုတော့ ကျွန်တော်ရူးကို ဘောင်းဘီထဲမှာ ပေါက်ချလိုက်တယ်။ တစ်ကိုယ်လုံး မိုးစိုသွားရင် ဘောင်းဘီထဲ သေးပေါက်တာ မသိသာတော့ဘူးလေ။
ကံများဆိုးချင်တော့ မိုးက မိုးပေါက်ကြီး တစ်ပေါက်နှစ်ပေါက် လောက်ကျပြီး ဆက်မရွာတော့ဘူး။ သေပြီလေ။ ဘောင်းဘီထဲကို ရူးကပေါက်ပြီးနေပြီ။ မိုးက မရွာတော့ ဘောင်းဘီတင် ကွက်စိုနေတာ။ ဘောင်းဘီက စိုနေတဲ့ ရူးတွေက ခြေသလုံးဆီကိုတောင် အိနြေ္ဒရရနဲ့ ဆက်ပြီးတောင် စီးကျနေလိုက်သေးတယ်။
သွားပြီ ဆိုတာ ကျွန်တော်သိလိုက်ပြီ။ ဘယ်လို လုပ်ရမလဲ အိမ်ပြန်ရင် ကျောင်းပြေးတယ် ဆိုပြီး အမေကရိုက်မယ်။ ကျောင်းသွားရင် အရှက်ကွဲမယ်။ ကျွန်တော်ဘာ လုပ်လို့လုပ်ရမှန်း မသိတော့ဘူး။
မထူးပါဘူးလေ ဆိုပြီး ကျွန်တော်လည်း ကျောင်းကိုပဲ ဆက်သွားလိုက်တယ် ။ ကျောင်းရောက်တော့ အတန်းထဲမှာ ခပ်တည်တည်နဲ့ ၀င်ထိုင်နေတယ်။ ခဏလောက်နေတော့ ဆရာမရောက်လာတယ်။ ကျွန်တော်က ကျောင်းမှာ ၀မ်းတူ ဖိုက် အတွင်းဝင်တဲ့သူ ဖြစ်နေပြန်တော့လည်း အရှေ့ဆုံးခုံမှာထိုင်ရတယ်။
ဆရာမလည်း လာရော . . . ဟယ်ဒီနားလေးက သေးစော်နံလိုက်တာတဲ့။ အားလုံးက တိတ်နေကြတယ်။ ဆရာမက ဆက်မေးတယ် ဘယ်သူ အတန်းထဲမှာ သေးပေါက်တာလဲတဲ့။ ဘယ်သူမှ ဘာမှ မပြောကြဘူး။ ဒါဆိုရင် အတန်းထဲမှာ သေးပေါက်တဲ့လူကို ကျောင်းဆင်းပေးမယ်တဲ့။ အဲဒီတော့ ကျွန်တော်လည်း ဘာရမှာလဲ သားသား ပေါက်တာဗျ။ ဆင်းပေးတော့ ဆိုပြီး လွယ်အိတ်လေးယူပြီး အတန်းထဲကနေ တစ်ချိုးထဲ ထွက်လာခဲ့တယ်။
ကျောင်းအပြင်တောင် မရောက်သေးဘူး ကောင်လေး ပြန်လာပြန်လာ ဆိုလို့ ပြန်သွားရပါတယ်။ သေချာတယ် ကံမကောင်းတော့ဘူး ဆိုတာ။
အတန်းထဲလည်း ရောက်ရော မကြီးမငယ်နဲ့ ဘောင်းဘီထဲ သေးပေါက်ချင်တဲ့ကောင် ဆိုပြီး ခုံပေါ်တက် မတ်တပ်ရပ်ပြီး အရိုက်ခံ ရပါလေရောဗျာ။ ပြီးတော့ သွား..နောက်ဆုံးမှာ သွားထိုင်တဲ့။
အရိုက်လည်း ခံရသေးတယ် နောက်ဆုံးမှာလည်း တစ်ယောက်တည်း ထိုင်ရသေးတယ်။ အင်း မိုးသာ တကယ်ရွာခဲ့ရင် ငါအဲလို ရိုက်ခံရမှာ မဟုတ်ဘူး။
တော်တော် ဆိုးတဲ့ မိုးရယ်

Read More...

Saturday, June 16, 2007

စိတ်မဆိုးကြေး

အယ်ဒီတာ အဖွဲ့ဝင်များ ပို့များကို မှန်မှန်လေး ဖတ်ပေးဖို့ မေတ္တာရပ်ခံပါရစေ။ ငါးရက်ကြာသည် အထိ ကော့မင့် တစ်ခုမှ မပေးသေးသော အယ်ဒီတာ၏ စီဘောက်တွင် ၀င်ရောက်အော် မည်ဖြစ်ပါသောကြောင့် ။ စိတ်ဆိုးခြင်းမရှိ စေရန် ကြိုတင် အသိပေးအပ်ပါသည်

Read More...

လက်တွဲဖော်

နှလုံးသားလေးသို့

မင်းကြင်ယာရှာရတာ များလွန်းလို့ အုန်း(ဦး) စားနေပြီလား။ အေးလေ များဆို ဒီခေတ်ကြီးက ယောကျာင်္းတွေ လက်မထောင်နိုင်တဲ့ ခေတ်ပဲကိုးကွ။ သူများနိုင်ငံတော့ မသိဘူး ငါတို့ နိုင်ငံမှာတော့ လူလေးယောက်မှာ ယောက်ကျာင်္းလေး တစ်ယောက်ပဲ ရှိတယ်လို့ ပြည်သူ့အင်အား ဦးစီးဌာနရဲ့ ကိန်းဂဏန်းတွေ အရသိရတယ်။ အဲဒီတော့ကွာ မင်းလဲ ရွေးရတာ မောလို့နေတော့မှာပေါ့။
အေးလေ မင်းကို ရွေးရလွယ်အောင် ငါ ဂိုက်လိုင်းလေး တစ်ချို့ပေးလိုက်ချင်ပါတယ်။



လက်တွဲဖော်ဆိုတာ

လူလှဖို့မလိုဘူး နှလုံးသားလှဖို့ပဲလိုတယ်

အသားဖြူဖို့ မလိုဘူး စိတ်ထားဖြူဖို့ပဲလိုတယ်

အရပ်ရှည်ဖို့ မလိုဘူး စိတ်ရှည်ဖို့ပဲ လိုတယ်

အတန်းပညာ တတ်ဖို့မလိုဘူး အသိပညာရှိဖို့ပဲလိုတယ်

ပြောကောင်းဖို့ မလိုဘူး သဘောကောင်းဖို့ပဲလိုတယ်

အသက်အရွယ် တူညီဖို့မလိုဘူး ခံယူချက်ခြင်းတူညီဖို့ပဲလိုတယ်

ဥစ္စာရှိဖို့ မလိုဘူး သစ္စာရှိဖို့ပဲလိုတယ်

အပျိုစစ်ဖို့ မလိုဘူး အချစ်စစ်ဖြစ်ဖို့ပဲလိုတယ်



အေးဒါက ဘ၀တစ်ခုလုံးစာ လက်တွဲရမဲ့ လူကို ရွေးဖို့ ငါ့ရဲ့စံနှုန်းကို ပြောတာနော် ။ အပျိုစစ်ဖို့ မလိုဘူး ဆိုရင် တစ်ခု လတ်တို့ မုဆိုးမတို့ကို ရှာရွေးရမလားဆိုတဲ့ ကတ်သီးကတ်သတ် မေးခွန်းတွေကို မမေးနဲ့ပေါ့ကွာ

Read More...

Tuesday, June 12, 2007

ချိန်းပွဲ

ရန်ကုန်မြို့ကို ခေတ္တ ရောက်ရှိနေတဲ့ လူတစ်ယောက်နဲ့ ရန်ကုန် ဘလော့ဂ်တွေနဲ့ ညှိနေကြပါတယ်။ ဘယ်နေ့ ဘာဖြစ်မ လဲတော့ မသိဘူး/
အမှန်အကန် ဆော်မှာ ဖြစ်တာမို့ ကြောက်တတ်ရင်တော့ မလာနဲ့။ လာချင်ရင် တဲ့ရန်ကုန် ဘလော့ဂ်ကာတွေ ဆက်သွယ်ရမဲ့ လိပ်စာအပြည့်စုံကို ဒီနေရာမှာ ပေးသွား။ ပွဲဖြစ်ရင် ဆက်သွယ်လိုက်မယ်။ နေရာကတော့ ၁၉ လမ်းပဲ ထင်တယ်။
ကိုတက်စလာ ကတော့ ရပ်တောင်နှစ်ဘက်ကို နားထင်မှာ ကပ်ပြီး ရှေ့ဆုံးက ထိုင်စောင့်နေမှာ သေချာပါတယ်

Read More...

စူနာမီ သေဘေးက လွတ်ခဲ့တဲ့ ရွာ

အခု စစ်တွေမှာ ကောလဟာလ သတင်းတစ်ခု ထွက်နေပါတယ်။ အဲဒီသတင်းကတော့ စစ်တွေမြို့ကို ဒီလ ၁၅ ရက်နေ့မှာ စူနာမီ ၀င်မယ်ဆိုတဲ့ သတင်းပါပဲ။
အဲဒီသတင်းကြောင့် စစ်တွေ မြို့ကလူတွေ တုန်လုပ်နေကြသလို ရန်ကုန်က ရခိုင်တွေကလည်း စစ်တွေမှာ ရှိတဲ့ သူတို့အမျိုးတွေ အတွက် စိုးရိမ်ပူပန်နေကြပါတယ်။
ဘယ်လောက်ထိလဲ ဆိုရင် စစ်တွေက လူတချို့ မနေရဲတော့လို့ မင်းပြားနဲ့ မြောက်ဦးကို စူနာမီ ရှောင်တိမ်းဖို့ ရာထွက် ခွာသွားတဲ့ လူတွေလဲရှိနေပါသတဲ့။ စစ်တွေမှာ ကျန်ထားခဲ့တဲ့ လူတွေကလဲ တခြားလူတွေလိုပဲ ပြောင်းပြေးရမလိုလို စစ်တွေမှာပဲ ဆက်နေရမလိုလို သို့လော သို့လော ဖြစ်နေကြတယ်လို့ ဆိုပါတယ်။
အဲဒီအကြောင်းကိုတော့ ရန်ကုန်မှာ ရှိနေတဲ့ ရခိုင်မလေး တစ်ယောက်က စစ်တွေမှာ ကျန်ထားခဲ့တဲ့ သူအမျိုးတွေ ကိုစိုးရိမ်လို့ စူနာဝင်မှာ ဆိုတာ တကယ်ဟုတ်မဟုတ် ဂျာနယ်တိုက်ကို ဖုန်းလှမ်းဆက်မေးလို့ သိရတာပါ။

ကောလဟာလရဲ့ အစ

ကောင်မလေး ပြောပြပုံကလဲ ခိုင်မာပါတယ်။ စစ်တွေမှာ တပ်ထားတဲ့ စူနာမီ အချက်ပေးစနစ်က အင်္ဂလန်မှာ သွားမည်ပြီး ၁၅ ရက်နေ့ ဒါမှ မဟုတ် ၁၆ ရက်နေ့မှာ စစ်တွေကို ၀င်မယ်လို့ မိုးဇလ က ဦးထွန်းလွင် ပုံပါတဲ့ စာရွက်မိတ္တူတွေ ဝေနေကြတယ်လို့ ဆိုပါတယ်။ ဒါကြောင့် စစ်တွေကလူ တွေ ကြောက်လန့် နေကြတာပါတဲ့။
အဲဒီသတင်းထွက်နေတာ ဘယ်လောက်ကြာပြီလဲ လို့ ကျွန်တော်က မေးလိုက်တော့ နှစ်ရက်လောက်တော့ ရှိပြီလို့ အဲဒီကောင်မလေးက ပြောပါတယ်။
ဒါကြောင့် ကျွန်တော်လဲ သူကို စူနာမီနဲ့ ပတ်သက်ပြီး သိလောက် ရှင်းပြပြီး ကောလဟာလ သာလျှင်ဖြစ်တယ်လို့ အတည်ပြု ရှင်းပြပေးလိုက်ပါတယ်။

စူနာမီ

ဘာဖြစ်လို့ လဲဆိုတော့ စူနာမီဆိုတာ ဂျပန်ဘာသာ စကား ( Thunami ) ဖြစ်ပါတယ်။ အများစုကတော့ မဟာရေလှိုင်းကြီးလို့ မြန်မာ လိုပြန်ကြပါတယ်။ အဲဒီလှိုင်းကြီးတွေက အများအားဖြင့် ပင်လယ်ပြင်မှာ ဖြစ်ပွားတဲ့ ငလျှင်ကြောင့် ဖြစ်တာကို တွေ့ရပါတယ်။ ဒါပေမယ့် တစ်ခါတရံမှာ ပင်လယ်နဲ့ နီးတဲ့ကုန်းပေါ်မှာ ငလျှင်လုပ်ရင်လဲ စူနာမီ ပေါ်ပေါက်တတ်လို့ မှတ်သားခဲ့ဖူးပါတယ်။

စူနာမီက ပင်လယ်ပြင်မှာ ငလျှင်လုပ်တိုင်း ဖြစ်သလား

စူနာမီ ရေလှိုင်းကြီးဖြစ်ဖို့ အနည်းဆုံး ပင်လယ်ပြင်မှာ ရစ်ချက်တာ စကေး ၅ ကျော်မှာ သာလျှင်ဖြစ်တယ်လို့ သိရပါတယ်။ ဒါပေမယ့် ပင်လယ်ပြင်မှာ ငလျှင်လုပ်တိုင်းလဲ စူနာမီ မဖြစ်ပါဘူး။ ၂၀၀၄ ခုနှစ် အင်ဒိုနီးရှား စူနာမီကြီး ပြီးခါစက နောက်ဆက်တွဲ အနေနဲ့ အဲဒီနေရာနဲ့ မဝေတဲ့ နေရာမှာ အင်အား ၇ အဆင့်ရှိတဲ့ ငလျှင်တစ်ခု လုပ်သွားပါတယ်။ ကမ်းခြေမှာရှိတဲ့ အိုးအိမ်တွေ မြေငလျှင် တုန်ခါမှုကြောင့် ပျက်စီးပြီး လူနှစ်ထောင် ကျော်သေခဲ့ပေမယ့် စူနာမီ ရေလှိုင်းဖြစ်ပေါ်ခဲ့ ခြင်းမရှိပါဘူး။

ဘယ်အခြေတွေမှာ စူနာမီ ဖြစ်နိုင်သလဲ
နာရီပိုင်းအတွင်းမှာ အလွန်အင်အားကြီးမားတဲ့ ငလျှင်တစ်ခု လုပ်သွားရင်၊ ပင်လယ်ရေတွေဟာ ပုံမှန်ထက် တစ်မိုင်သို့ မဟုတ် မိုင်ဝက်လောက် လျှော့ကြသွားခဲ့ရင် ပင်လယ်ကနေ ရေလှိုင်းအော်သံကြီးကြားရလျှင် စူနာမီ ဖြစ်ပေါ်နိုင်ပါတယ်။
သူရဲ့ ဖြစ်စဉ်က ငလျှင်လုပ်ပြီးလို့ မြေလွာကြိုးပြတ်မှုကြောင့် စူနာမီ ဖြစ်တော့မယ်ဆိုရင် ကမ်းခြေက ရေတွေဟာ ပင်လယ်ပြင်ကို မိုင်ဝက်ကနေ တစ်မိုင်လောက်ထိ ဆင်းသွားပါတယ်။ ပြီးရင် အော်သံတွေသံတွေနဲ့ အတူ ရေလှိုင်းလုံးကြီးတွေ တက်လာပါတော့တယ်။
ဒါကြောင့် မိုးဇလ ညွန်ချုပ်ဟောင်း ဦးစံလှသော်က လုပ်ကြအော်ပြေး စူနာမီကင်းဝေ လို့ ပြောခဲ့ပါတယ်။

ဒါပြင်ငလျှင်ကို ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ တပ်အပ် မပြောနိုင်သလို စူနာမီကိုလဲ ဘယ်အချိန်မှာ လုပ်မယ်ဆိုတာ ကြိုပြောနိုင်ခြင်းမရှိပါဘူး။
စူနာမီ အချက်ပေး စနစ်ဆိုတာ ငလျှင်လုပ်သွားပြီးတဲ့ အခါမှသာ အဲဒီငလျှင်ကြောင့် စူနာမီ ဖြစ်ပေါ်နိုင်ခြင်း ရှိမရှိဆိုတာကို စက်က အလိုလျှေက်တိုင်းတာပြီး စူနာမီ ဖြစ်နိုင်ခြေရှိရင် ဂျိုလ်တုကို သတင်းလှမ်း ပို့တာပါ။ ဒါကြောင့် စူနာမီ အချက်ပေး စနစ်က သတင်းပို့ပြီး နာရီပိုင်းအတွင်းမှာ စူနာမီ ၀င်လာပါတယ်။ တကယ်လို့သာ စစ်တွေက သတင်းမှန်ရင် အဲဒီကောင်မလေး တောင်ကျွန်တော့်ကို ဖုန်းဆက်ချိန်ရလိုက်မှာ မဟုတ်ပါဘူး။ စူနာမီ ၀င်ပြီးသွားလောက်ပါပြီ။

ဒါနဲ့ကျွန်တော်လဲ စစ်တွေမှာ နေတဲ့ သတင်းထောက်ဆီကို ဖုန်းလမ်းဆက်ပြီး ဘယ်လိုဖြစ်တာလဲ လို့စုံစမ်းကြည့်ပါတယ်။

ရွာထိပ်က နားကာ ရွာနောက်မှာ နဂါး

အဖြေကတော့ရှင်းပါတယ် ဂျာနယ်တစ်စောင်(နာမည်မကြီးသောဂျာနယ်တစ်ခု) မှာ မိုးဇညွှန်ချုပ်ဦးထွန်းလွင်နဲ့ အင်တာဗျူးတဲ့ ဆောင်ပါးတစ်ခုပါပါတယ်။ အဲဒီမှာ ဦးထွန်းလွင်က စူနာမီအချက်ပေးစနစ်က အချက်ပြရင် စစ်တွေကို စူနာမီဝင်တာကြိုသိနိုင်မဲ့ အလားအလာတွေကို ရှင်းပြထားပါတယ်။ အဲဒါကို စစ်တွေကလူတွေ မိတ္တူတွေကူးပြီး စူနာမီ ဖြစ်ပါတော့မယ်လို့ တယောက်စကား တစ်ယောက်ကြားမှာချဲ့ကားသွားခဲ့တာပါ။

ဒါကတော့ ဒီနေ့ စစ်တွေမှာ ဖြစ်တဲ့ကောလဟာလပါ။ အဲဒီမှာ ဘာကိုသွား သတိရလဲဆိုတော့ ၂၀၀၄ ခုနှစ် ဒီဇင်ဘာလ ၂၄ ရက်မှာ ဖြစ်ခဲ့တဲ့ အင်ဒို ငလျှင်ကြောင့် စူနာမီ ဖြစ်ပြီး လူပေါင်း နှစ်သိန်းကျော်လောက် သေခဲ့ရပါတယ်။
အဲဒီတုန်းက မြန်မာနိုင်ငံမှာ တရားဝင်ထုတ်ပြန်တဲ့ စာရင်းအရ လူ ၅၃ ယောက်သေတယ်လို့ ဆိုပါတယ်။ ကျွန်တော်ပို သေချာအောင် မြန်မာနိုင်ငံ မှာ NGO တစ်ခုဖြစ်တဲ့ မြန်မာနိုင်ငံ မြေငလျှင်ပညာပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ မြေငလျှင်ကော်မတီမှာ သွားမေးပါတယ်။
ဘာဖြစ်လို့လဲဆိုတော့ သူတို့ကွင်းဆင်းလေ့ လာထားတာကိုး။ သူတို့ ပြောပြချက်အရလဲ မြန်မာနိုင်ငံမှာ တကယ်ပဲ ၅၃ ယောက်သာ သေခဲ့တာပါတဲ့။ အကယ်တမ်းပြောရရင် ၅၂ ယောက်ပါပဲတဲ့ တစ်ယောက်က ကြိုးဆွဲချသေတာ စူနာမီနဲ့ တိုက်ဆိုင်သွားလို့ စာရင်းဝင်သွားတာပါတဲ့။

ဘာကြောင့် မြန်မာ နိုင်ငံဟာ စူနာမီထိတဲ့ နိုင်ငံတွေထဲမှာ သေနှုန်းအနည်းဆုံး ဖြစ်နေရတာလဲ ဆိုတာကို မြေငလျှင် ကော်မတီ အတွင်းရေးမှုး ဦးတင့်လွင်ဆွေကို ဆက်ပြီး စပ်စုကြည့်တော့။ မြန်မာနိုင်ငံရဲ့ ပထ၀ီ အနေအထား တွေအပြင် ဘုန်းကြီးတစ်ပါးနဲ့ ကျောင်းဆရာ တစ်ယောက်ကြောင့် ကျေးရွာနှစ်ရွာ စူနာမီ ဘေားက လွတ်ခဲ့တယ်ဆိုတ ကိုသိလိုက်ပါတယ်။

တစ်ရွာကတော့ ဧရာဝတီတိုင် ပြင်စလူမြို့နယ်က ကိုင်းတောင် ဆိုတဲ့ ကျေးရွာပါ။ အဲဒီရွာက ဘုန်းကြီးက ဆွမ်းစားခါနီးမှာ ပင်လယ်ကို ကြည့်လိုက်တော့ ရေတွေကျသွာတာကို တွေ့လိုက်ရပါတယ်တဲ့။ ဘုန်းကြီးဟာ အဲလိုရေတွေ ဆုတ်သွားပြီးရင် စူနာမီ လာတယ်ဆိုတာကို စာအုပ်တစ်အုပ်မှာ ဖတ်ဖူးထားတာကြောင့် ရွာထဲက လူတွေကို အသိပေးပြီး ကုန်မြင့်မှာရှိတဲ့ သူ့ကျောင်းပေါ်ကို ခေါ်ထားလိုက်ပါတယ်။
အဲဒီရွာဟာ ရွာလုံးကျွတ်စူနာမီ ထိခံခဲ့ရပေမယ့် ဘုန်းကြီးစကားကို မယုံတဲ့ ရွာသားသုံး ယောက်ကလွဲရင် တရွာလုံး အသက်ရှင်လိုက်တယ်လို့ သိရပါတယ်။

နောက်တစ်ရွာကတော့ နာမည်မမှတ်မိတော့ဘူး ပြင်စလူ မြို့နယ်ထဲကပါပဲ ။ အဲဒီနေ့က ကျောင်းဆရာက မှုလတန်းကျောင်လေးမှာ ဆုပေးပွဲလုပ်နေပါတယ်။ ဆုပေးပွဲ လုပ်နေတုန်းမှာ စောစောက ဘုန်းကြီးလိုပဲ ရေဆုပ်သွားတာကို မြင်လိုက်လို့ တရွာလုံးကို အသိပေးခဲ့ရာကနေ ရွာလုံးကျွတ်နီးနီး အသက်ချမ်းသာ ရခဲ့ကြရတယ်လို့ သိရပါတယ်။

မြေငလျှင်ကော်မတီရဲ့ လေ့လာချက်အရ ပြောရရင် မြန်မာနိုင်ငံဝင်ခဲ့တဲ့ စူနာမီက အားတော်တော်ပျော့ပါတယ်။ ဒါကြောင့် လူသေနဲခဲ့တာဖြစ်ပါတယ်။ သေတဲ့လူ အများစုကတော့ စူနာမီ ဖြစ်ဖို့ ရေကျသွားချိန်မှာ ကမ်းစပ်မှာ တင်နေခဲ့တဲ့ ငါးတွေ ပစ္စည်းတွေကို လိုက်ကောက်နေတုန်း ရေလှိုင်းတက်လာလို့ သေကြတာပါ။

Read More...

Monday, June 11, 2007

တောင်သွား မြောက်သွား

အင်းဒီနေ့ ပို့အသစ်တင်မယ်ဆိုပြီး အွန်လိုင်းပေါ်တက်ခဲ့ပါတယ်။ ဒါပေမယ့် တောင်သွား မြောက်သွားနဲ့ ရထားစီး ပြီးခရီးလွန်သွားလို့ မိုးချုပ်သွားတယ်။
မီထရို ရဲ့ဘလော့ဂ်မှာ မြေအောက်ရထားတွေ အကြောင်း နည်းပညာတင်မကပဲ စိတ်ဝင်စားစရာ ကောင်းအောင် ရေးထားတာမို့ ဖတ်ရင်းနဲ့ ပဲမိုးချုပ်လို့ သွားပါတော့တယ်။

Read More...

Saturday, June 09, 2007

ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲမှ
မြင့်မိုးအောင် ရေးဖွဲ့သည့် ကဗျာ


ကလေးတစ်ယောက်နဲ့ ခြေလှမ်းများ

ကလေးတစ်ယောက် ငိုနေတယ်
ချိုင့်ခွက်များတဲ့ လမ်းပေါ်မှာ သူချော်လဲသွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
လွယ်အိတ်အပေါက်ထဲကနေ
သူ့ခဲတံလေးကျပျောက်သွားခဲ့တယ်

ကလေးတစ်ယောက် ငိုနေတယ်
ညစာချက်ကျွေးမယ့် သူ့အမေ
အိမ်ပြန်နောက်ကျလို့နေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခုတိမရပ်သေးတဲ့ မိုးသဲထဲမှာ
သူအဖျားနဲ့ချမ်းနေတယ်

ကလေးတစ်ယောက် ငိုနေတယ်
ခွေးတစ်ကောင်လိုက်လို့ ပြေးရင်းနဲ့
သူရောင်းနေတဲ့ ဖရဲသီးဗန်းကလေး
သဲတွေထဲကို ကျသွားတယ်

မင်းလဲကြားရတယ် ငါးလဲကြးရတယ်
ကလေးတစ်ယောက် ငိုနေတယ်
အနားမှာလဲကြားရတယ် အဝေးကလဲကြားရတယ်
ကလေးတစ်ယောက် ငိုနေတယ်

မငိုပါနဲ့တော့ ကလေးရယ်
နှစ်သိမ့်စကားလေးတစ်ခွန်း
တစ်ယောက်ကပြောလိုက်တယ်
မငိုပါနဲ့တော့ ကလေးရယ်
နွေးထွေးတဲ့လက်တစ်ဖက်
တစ်ယောက်ကကမ်းလိုက်တယ်

တစ်ယောက်က တွေးမိတယ်
အလင်းရောင်တွေ မဖြန့်ကျက်ခဲ့ဘဲ
ဘယ်ကြယ်စင်လေး တစ်ပွင့်မှ
ကမ္ဘာမြေကို စွန့်ခွာမသွားသင့်ဘူး

တစ်ယောက်က တွေးမိတယ်
မွှေးရနံ့တွေ မလွှင့်ထုတ်ခဲ့ဘဲ
ဘယ်ပန်းပွင့်လေးတစ်ပွင့်မှ
ကမ္ဘာမြေကို ချန်ရစ်မထားခဲ့ဘူး

တစ်ယောက်ပြောဖူးတယ်
အလင်းဆုံးကြယ်စင်တွေတောင်မှ
တိမ်ညိုတွေနောက်မှာ အကြာကြီး
လမ်းပျောက်မသွားအောင် ခရီးဆက်ရအောင်

တစ်ယောက်ကပြောဖူတယ်
အမွှေးဆုံးပန်းပွင့်တွေတောင်မှ
မုန်တိုင်းတွေကြားမှာ အကြာကြီး
ကြွေကျမသွားအောင် အားတင်းကြရအောင်

ကလေးရေ ခြေတစ်လှမ်းလောက်
ရှေ့ကိုလှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ နည်းနည်းတော့ပြောင်းသွားမှာ
ခြေတစ်လှမ်းလောက် နောက်ထပ်လှမ်းလိုက်ပါ
မင်းရဲ့မြင်ကွင်းတွေ ပိုပြီးတော့ပြောင်းသွားမှာ

ခြေလှမ်းတွေအများကြီးရောက်တဲ့အခါ
ကမ္ဘာအသစ်တစ်ခု မင်းရှေ့ကိုရောက်လာမှာ
ကမ်းနေတဲ့လက်ကို ဖမ်းဆုပ်ကာ
ခြေတစ်လှမ်းလောက် လှမ်းလိုက်ပါ......

Read More...

Friday, June 08, 2007

Read More...

Thursday, June 07, 2007

နာကာတာ ဘော့လုံးသတင်း


ရေးနေပြီ နောက်နာရီဝက်ဆိုရပြီ

Read More...

အဖြူရောင် သက်တံ


အဖြူရောင် သက်တံ ကဗျာရွတ်ဆိုပွဲ ( White Rainbow Poetry Performace ) ကို ဇွန်လ ၆ ရက်နေ့ နေ့လယ် တစ်နာရီခွဲ အချိန်မှာ ဆရာစံလမ်းရှိ Mr.Guitar Cafe တွင်ကျင်းပခဲ့ပါတယ်။
ဒီကဗျာရွတ်ပွဲ ရဲ့ ရည်ရွယ်ချက်ကတော့ HIV ကူးစက်ခဲ မိဘမဲ့ ကလေးသူငယ်များ နှင့် တိုင်းရင်းသား ကလေးငယ်များ ပရဟိတ ဂေဟာသို့ ရန်ပုံငွေ ပွဲတော်အဖြစ် ကျင်းပခဲ့ ခြင်းဖြစ်ပါတယ်။

ဒီကဗျာရွတ်ပွဲမှာ

Celebrities

လွင်မိုး၊ မင်းမောင်ကွန်း၊ ရီဝေယံ၊ မိုးမိုး၊ Lလွန်းဝါ၊ ရဲလေး၊ မောင်မောင်အေး၊ ဇေဇေ၊ ဟန်ထူးလွင်၊ မောင်မောင်ဇောတ်လတ် နှင့် ရောင်းရင်းများ၊ ရသ၊ ငယ်ငယ်၊ ပုလဲဝင်း၊ သင်ဇာဝင့်ကျော်၊ အိရူပါဝင်း၊ ငွေစင်သွန်း၊ ၀ိုင်းစုခိုင်သိန်း၊ နှင်းဝတ်ရည်သောင်း၊ အေးဝတ်ရည်သောင်း၊ ဆွိဝတ်ရည်သောင်း၊ ချစ်ဆုဝေ၊ ချစ်သုဝေ၊ ရတနာမိုင်၊ ဇင်းဇင်၊ ဇင်မင်းခိုင်၊ မေကြည်နှုး ကလည်းကောင်း

P0ets & Others

မအိ၊ မိုဃ်းဇော်၊ စန်းဦး၊ မင်းထက်မောင်၊ ဇော်ခိုင်ဦး၊ ဒေါက်တာဖြူဖြူဝင်း၊ စိုးသော်တာ၊ အိန္ဒြာ၊ လွပ်လပ်အိမ် တို့က ကဗျာများကို ရွတ်ဆိုခဲ့ ကြပါတယ်။ သူတို့က ကိုယ်ပိုင်ကဗျာ တွေကို ရွတ်ဆိုသလို၊ ထူးအိမ်သင် အပါဝင် ကွယ်လွန်သူ ကဗျာဆရာများရဲ့ ကဗျာများ မဂ္ဂဇင်းများမှာ ဖော်ပြထားတဲ့ ကဗျာများ ကိုရွတ်ဆိုခဲ့ကြပါတယ်။

နောက်ခံတီးလုံးကို လီယိုနာ့ဒ်မောင်မောင်လွင် နိုင်ဇော်(Lazy Club) ချမ်းဟိန်းကြွယ်(တယော) အောင်မြတ်သာ(B.P.M) တို့က တီးခတ်ပေးခဲ့ကြပါတယ် ။

အဖြူရောင်သက်တံ ကဗျာရွတ်ပွဲက ကဗျာတွေကို အချိန်ရရင်ရလို အဖြုရောင်သက်တံ ဘလော့ဂ်မှာ တင်ပေးသွားပါမယ်

ဒီဘလော့ဂ်လေး ဖြစ်မြောက်အောင် စိုးဇေယျ ကဖန်တည်းခဲ့ ပြီး တင်းပလိတ် ကုဒ်တင်များကို ကိုဝေယံလင်း ထည့်သွင်းပေးခြင်း ဖြစ်သည်

Read More...

Tuesday, June 05, 2007

လက်ဆောင်ဆိုး 2

အပိုင်းတစ်ကို မဖတ်ရသေးရင် ဒီနေရာလေးကို နှိပ်

တစ်ပတ်ခန့်အကြာ

ကျွန်တော် ကောင်မလေး အဖိုးဖုန်းနံပါတ်ကို ပြန်ဆက်ကြည့်တော့ ဖုန်းကိုင်တယ်။ ကျွန်တော်က ကျွန်တော်ဘယ်သူ ဖြစ်ကြောင်း မိတ်ဆက်ပြီး အကျိုးအကြောင်း ပြောပြတော့ ကလေးမလေးရဲ့ အဖိုးက ညနေလေးနာ ရီမှာ သူ့ရုံးခန်းကိုလာတွေ့ ဖို့ပြောတယ်။
ကျွန်တော် ညနေလေးနာရီ ရောက်တော့ ကလေးမလေးရဲ့ အဖိုးရုံးခန်းကို ရောက်သွားတယ်။ ရုံးခန်းရောက်သွား တယ်ဆိုရင်ပဲ စာရေးမလေး ပြောတယ်။ သူ့ရဲ့ မြည်းဆေးရုံ တင်ရလို့ ပြန်သွားပြီ ကျွန်တော်လာ ရင်သူ့ဆီကို ဖုန်းဆက်ဖို့ မှာသွားတယ်လို့ ပြောပေးပါတဲ့။ ကျွန်တော် သူ့ရုံးကနေပဲ ဖုန်းဆက်လိုက်တော့ ကလေးမလေးကို ဆေးရုံတင်ထားရတယ်တဲ့။ ဒီနေ့ ညနေ ၇ နာရီ လောက်သူ့အိမ်ကို လာနိုင်မလားတဲ့။ ကျွန်တော်လဲ လာနိုင်ပါတယ်လို့ ပြောလိုက်တယ်။
ညခုနာရီ ထိုးခါနီးရောက်တော့ ကျွန်တော် သူ့ခြံကိုရောက်သွားတယ်။ သူတို့ခြံက တာမွေ အ၀ိုင်းထိပ်ဘက် ဗဟန်မြို့ထဲက ဆိပ်ငြိမ်ရပ် ကွက်ထဲကမှာပါ။ ခြံရှေ့က ဘဲလ်ကို နှိပ်လိုက်တော့ ခြံစောင့်က တခါးလာဖွင့်ပေးတယ်။ ကျွန်တော် ဧည့်ခန်းထဲမှာ ခဏစောင့်ပါတဲ့။ ကျွန်တော် ဧည့်ခန်းထဲမှာ ထိုင်နေတုန်း ခြံထဲကို ကားတစ်စီး ၀င်လာတယ်။ ပြီးတော့ လူတစ်ယောက် ဆင်းလာပြီး အိပ်ထဲကို ခြေလှမ်းသွက်သွက်နဲ့ ၀င်လာတယ်။ အဲဒီလူက ဘယ်မှာလဲ ငါ့ဧည့်သည် ရောက်ပြီလားတဲ့။ ကျွန်တော်က ရောက်ပြီလို့ ပြောတော့ အဲဒီလူက တစ်ခါတည်း ထမင်းစားဖို့ ကျွန်တော့်ကို ခေါ်တယ် ကျွန်တော်က စားပြီးပြီလို့ပြောတော့ အေးဒါဆို ထမင်းမစားလဲ အအေးလေး ဘာလေးသောက် ပေါ့ကွာ ငါကတော့ အချိန် သိပ်မရဘူး ထမင်းစားရင်း စကားပြောကြတာပေါ့တဲ့။
သူနာမည်သည် ဦးလူကျော် ဖြစ်၍ ယခုအခါ အသက် ခြောက်ဆယ် ကျော်ခန့်ရှိနေပြီ။ သူ့တွင် သားတစ်ဦး ရှိပြီး ယင်သားမှာ အိမ်ထောင်ကျပြီး ယခုကလေးမလေး ကိုမွေးသည်။ ယခု ကလေးမသည် ငယ်စဉ်ကတည်း မျက်နှာချင်း ဆိုင်အိမ်မှ ကောင်မလေးနှင့် အတူနေ အတူစား ဖြင့် အလွန်ရင်းနှီးခင်မင်သည်။
လွန်ခဲ့တဲ့ တစ်နှစ်လောက်က အန်ကယ့်သား ရော ချွေးမရော ကူးစက်ရောဂါနဲ့ ဆုံးသွားကြတယ်။ အဲဒီကတည်းက မျက်နှာချင်းဆိုင်အိမ်က ကလေးမလေး မိဘတွေက အန့်ကယ့် မြည်းကို ပေးမကစားတော့ဘူး။ ဦးသားနဲ့ ချွေးမနဲ့က နှစ်လလောက်ခြားတယ်။ ချွေးမ အရင်ဆုံးသွားတယ်။ အဲဒီတော့ မြည်းလေးကို သွေးစစ်ကြည့်တယ် အဲဒီ အချိန်တုန်းကတော့ မြေးလေးမှာ HIV က နဂေးတစ်ပဲ ။ နောက်တော့ သူ့အဖေ ဆုံးသွားတယ်။
မြေးလေးကို နောက်ခြောက်လ နေတော့ သွေးထပ်စစ်တော့ ပေါ့စတစ် တွေ့ရတယ်။ HIV ပိုးက တစ်ခါတစ်လေမှာ ရှိနေပေမယ့် နဂေးတစ် အနေနဲ့ လဲ ပြတတ်တယ် ဒါကြောင့် သေချာအောင် ၆ လနေရင် သွေးတစ်ခါ ပြန်စစ်ရတယ် ။ အဲဒီကတည်းက အန်ကယ်လဲ သူ့ကို ကျောင်းမလွတ်တော့ဘူး။ မျက်နှာချင်း ဆိုင်အိမ်က ကလေးမလေးနဲ့ တော့ သူတို့ တယ်လီဖုန်းချင်း ပြောကြတယ်။ အဲဒီ အထိ အန်ကယ် မြေးက အကောင်းပဲ။ ပြီးခဲ့တဲ့ သုံးလေး လလောက်က ကောင်မလေး အဖျားဝင်ပြီး ရုတ်ရရက်သေသွားတယ်။ အဲဒီ အချိန်က စပြီး အန်ကယ့်မြေးက အန်ကယ်က လွဲရင် ဘယ်သူနဲ့ မှ စကားလဲ မပြောတော့ဘူး။ သူ့ဖာသူပဲ နေတော့တာ။ တစ်နေကုန် ခွေကြည့်တယ် အရုပ်တွေနဲ့ ကစားတယ်။ သူအခန်းထဲကနေလဲ အပြင်မထွက်တော့ဘူး။ တယ်လီ ဖုန်းတစ်လုံးကို သူ့အခန်းထဲမှာ ယူထားတယ် သူဆက်ချင်ရင် ဆက်တယ် အဆက်ချင်ရင် ဖုန်းခွက် ကြီးကို ပက်လက် လန်ထားတယ်။ အဲလို လန်ထားလို့ အသံကြယ်လာရင် စပီကာကို တိုးထားတယ်။ သူဆက်ချင်တာ ရှိမှာ အသံပြန်ဖွင့်ပြီး ဆက်တယ်။
ဒါဆို သူ့ကို ကျောင်းဘာလို့ ဆက်မထားတော့တာလဲ။
သူမှ မနေချင်တော့ အန်ကယ်လဲ သူစိတ်ချမ်းသာရင် ပြီးရောဆိုပြီး မထားတော့ဘူး။ မနေ့ကတော့ ရောဂါ ဖောက်လာလို့ ကူးစက်ရောဂါကု ဆေးရုံးကြီးမှာ တင်ထားတယ်။ သလိပ် စစ်ကြည့်တော့ TV ဖြစ်တာတဲ့။
TV ကဘယ်ကကူး လို့လဲ။
အဲဒါတော့ အန်ကယ်လဲ မပြောတတ်ဘူးကွာ။
ကဲ မောင်ရင် အန့်ကယ်ကို ခွင့်ပြုပါဦး ဆေးရုံသွားရဦးမယ်။ ဟိုမှာ သူ့အဖွားနဲ့ ထားခဲ့တာ။ သူက အဖွားကို အဲလောက်မဟုတ်ဘူး အဖိုးမှ အဖိုးဖြစ်နေလို့။

ကျွန်တော် ရောလိုက်ခဲ့ လို့ရမလားဆိုတော့ သူ့မြည်းကို မေးကြည့်ပါဦးမယ်တဲ့ နောက်ဖုန်းဆက်ပါတဲ့။ နောက်နေ့ ကျတော့ ဦးလူကျော်ဆီကို ဖုန်းဆက်ပါတယ် ဆေးရုံကို ကျွန်တော်လိုက်လို့ ရမရပေါ့။
အဖိုးဖြစ်သူက ပြောပြတော့ ကလေးမလေးက ကျွန်တော့ကို တွေ့ချင်ပါတယ်တဲ့ ညနေ ၅ နာရီလောက် ဦးလူကျော် ရေးချိုးပြန်တဲ့အချိန်မှာ အိမ်မှာ လာစောင့်ပါတဲ့။ ပြီးရင်သူ့ကားနဲ့ပဲ ဝေဘာဂီကို ကူးစက်ဆေးရုံကြီးကို လိုက်ခဲ့လိုက်တဲ့။ ဒါနဲ့ နေ့ခင်းဘက် ရောက်တော့ အရုပ်ဆိုင်မှာ ၆ လက်မ ခန့်ရှိသော ပါဝါရိန်းကြား အနီရောင် အရုပ်လေး တစ်ရုပ်ကို ၀ယ်လာခဲ့တယ် ပြီးတော့ ညနေငါးနာရီ ထိုးမဲ့ အချိန်ကို စောင့်နေတယ်။
ကျွန်တော့သူ ငယ်ချင်းကို ဖုန်းဆက်ပြီး ပြောပြတော့ သူလဲ လိုက်ချင်ပါတယ်တဲ့။ ဒါကြေင့် ညနေငါးနာရီ အရောက် သူငယ်ချင်းနဲ့ အတူ ဦးလူကျော်တို့ အိမ်ကိုထွက်ခဲ့ကြပါတယ်။ ကျွန်တော်တို့ သူ့အိမ်ကို ရောက်တော့ ငါးနာရီ မတ်တင်းပဲရှိပါသေးတယ် ဒါကြောင့် ကျွန်တော်တို့ ဧည့်ခန်းမှာ ထိုင်ပြီး စောင့်နေပါတယ်။
ငါးနာရီထိုးပြီး ဦးလူကျော်ရောက်မလာ သေးပါဘူး။ ငါးနာရီ ၁၅ ရောက်တော့ ကျွန်တော်မနေနိုင်လို့ ဦးလူကျော်ကို ဖုန်းခေါ်တယ်။ သူဖုန်းမကိုင်ဘူး။ ကောင်မလေးရဲ့ ရောဂါ အခြေအနေ မကောင်းလို့များ ဖုန်းမကိုင်တာလို့ ကျွန်တော်စိုးရိမ် စိတ်တွေဝင်လာပါတယ်။ ဒါကြောင့် ဦးလူကျော် ပြန်အလာကို မစောင့်တော့ပဲ ကျွန်တော်နဲ့ သူငယ်ချင်းနဲ့ မြောက်ဥက္ကလာမှာ ရှိတဲ့ ဝေဘာဂီ ကူးစက်ဆေးရုံကြီးကို ကားငှားပြီး သွားကြပါတယ်။
ဆေးရုံးရောက်တော့ ဘယ်ကို သွားလို့ သွားရမှန်း မသိဖြစ်နေပါတယ်။ ဒါနဲ့ပဲ ဟိုမေးဒီမေး မေးရင်းနဲ့ နောက်ဆုံးမှာ ကလေးမလေး ဆေးကုနေတဲ့ အခန်းကို ရောက်သွားပါတယ်။
ကျွန်တော်တို့ အခန်းထဲကို ၀င်သွားတော့ မြေးအဖိုးနှစ်ယောက် စကားပြော နေတာကိုတွေ့ရပါတယ်။ ကျွန်တော်စိတ်ထဲမှာ ဖုန်းတောင် မကိုင်တော့ဘူး ဆိုမှ တော့ရောဂါ အခြေအနေ ဆိုးနေလောက်ပြီ လို့ထင်ထားတာ ပကတိ အကောင်းတိုင်း တွေ့တော့မှ သက်ပြင်းချနိုင်ပါတော့တယ်။
ကလေးမလေးက ကုတင်ပေါ်မှာ ထိုင်နေတယ် သူက အသားဖြူဖြူ ၀၀ လေးပါပဲ။ သူဟာ ရောဂါသည် ဆိုတာကို မသိသာပါဘူး။ ဒါပေမယ့် သာမန် လူလောက်တော့ မရွှင်ပြနိုင်ရှာပါဘူး။ သူလဲသူ့ ဝေဒနဲ့သူကိုး။ အဲလို မရွှင်မပြ ဖြစ်တဲ့ ကြားထဲက ကျွန်တော်တို့ကို ပြုံးပြပါသေးတယ်။
ကျွန်တော်က ဖုန်းမကိုင်လို့ စိုးရိမ်မိသေးတဲ့ အကြောင်းပြောတော့။ တယ်လီဖုန်းက ရုံးမှာ ကျန်ထားခဲ့လို့တဲ့။
ပြီးတော့ ကလေးမလေးကို ကျွန်တော်ဝယ်လာတဲ့ ပါဝါရိန်းဂျား အရုပ်လေး လက်ဆောင် ပေးမလို့ ကြည့်လိုက်တော့ တက္ကစီပေါ်မှာ ကျန်ထားခဲ့ပြီ။ မတတ်နိုင်တော့ဘူးလေ နောက်တစ်နေ့ လာမှ ပေးရုံပဲ ရှိတော့တာပေါ့။
အရင် ဖုန်းထဲမှာ ပြောတုန်းက စကားများ ပြီး စွာမယ်လို့ ထင်ထားတာ သူပုံက အဲလောက်လဲ စွာမယ် လို့ထင်ထားခဲ့တာ။ အပြင်မှာတော့ စကားနဲပြီး သဘော ကောင်းတဲ့ပုံပဲ။ သူက ကျွန်တော်တို့ စိတ်ဝင်တစားနဲ့ နားထောင်နေပါတယ်။
သူပေးတဲ့ ဖုန်းနံပါတ်ကို ဆက်စဉ်က သရဲ အခြောက်ခံရတယ် ထင်ပြီး ကျွန်တော်တို့ သူငယ်ချင်း နှစ်ယောက် ပြာယာ ခတ်သွားခဲ့ရပုံကို ပြောပြတော့ ရယ်နေတယ်။ ကျွန်တော်လဲ ကြားသိဖူးတဲ့ ဟာသ ပုံပြင်လေး တွေပြောပြပြီး ခုနာရီ ထိုးခါနီးလောက် ရောက်တော့ ပြန်ခဲ့ကြတယ်။
ဆေးရုံက အပြန်မှာ တော့ကျွန်တော့်မှာ စဉ်းစားစရာ တွေခေါင်းထဲ ရောက်လာတယ်။ ကံကြမမာ ဆိုတာမျိုးက ဆန်းကျယ်တာကို တွေ့ရတယ်။ ကလေးမလေး မိဘတွေ ကူးစက် ရောဂါနဲ့ ဆုံးတဲ့ အချိန်မှာ သူ့သမီးကို ကူးမှာ စိုးလို့ ပေးမတွေ့တော့ မိဘတွေ။ တကယ်လဲ သေတော့ ရောဂါရှိတဲ့သူ ထက် သူ့သမီးကအရင် သေသွားတယ်။
နန်းတော်ကြီးလို့ ခန်းနားတဲ့ တိုက်ကြီးနေတဲ့ သူဌေးကြီးတွေလဲ သာမန်လူတွေနဲ့ မခြား အပူ မီးဆိုတာ ရှိတတ်ကြတာ ချဉ်းပါပဲ။
နောက်တစ်ရက် ရောက်တော့ ကျွန်တော် အရုပ်ဆိုင်ကနေ ပါဝါရိန်းဂျား အနီ ကောင်လေး တစ်ကောင် ထပ်ဝယ်ခဲ့ပါတယ်။ နောက်တ ခေါက်ထပ်သွားရင် ပေးဖို့အတွက်ပါ။ ရုံးကို ရောက်တော့ အဲဒီ အရုပ်ကလေးကို ကျွန်တော့စားပွဲ ပေါ်မှာ တင်ထားလိုက်တယ်။
ဖြစ်ချင်တော့ အဲဒီနေ့မှာပဲ ခရီးသွားရမယ်တဲ့။ ဒါကြောင့် နောက်တစ်ရက်မှာ သွားပေမဲ့ အစဉ်ပျက် သွားပြန်ပါတယ်။ ဒါကြောင့် အဲဒီ အရုပ်ကလေးကို ပြန်လာမာပဲ ပေးတော့မယ် ဆိုပြီး ကျွန်တော့အံဆွဲထဲမှာ ထည့်ထားခဲ့တယ်။

အဲဒီအရုပ်ကလေးဟာ ဒီနေ့ အချိန်ထိ ကျွန်တော့အံဆွဲထဲမှာပဲ။ ကလေးမလေးကို မပေးဖြစ်လိုက်တော့ပါဘူး။ ကျွန်တော်ပေးမဲ့ လက်ဆောင်ထက် သဘာဝက ပေးတဲ့ လက်ဆောင်ဆိုးက ဦးသွားခဲ့တယ်လေ။ ကျွန်တော်ခရီး သွားနေတုန်း ကလေးမလေး ဆုံးသွားတယ်။
တကယ်တော့ လက်ဆောင်ဆိုတာ ရယူလိုသူရဲ့ တောင်းဆို ခြင်းကြောင့် ရရှိလာတတ် သလို့  တောင်းဆိုခြင်း မရှိပဲ ပေးသူရဲ့ ဆန္ဒအလျှောက် ရောက်ရှိလာတတ်တဲ့ အရာမျိုးပါ။
ဒါပေမယ့် ကမ္ဘာ မြေကိုတော့ တောင်းဆိုမှုမရှိပဲ သဘာဝ တရားကြီးကနေ လက်ဆောင်တွေ မကြာခဏပေးလေ့ရှိတယ်။ အဲဒီထဲမှာ မဖိုးမဖြတ်နိုင်တဲ့ လက်ဆောင်ကောင်း တွေပါသလို ကမ္ဘာသားတွေကို ဒုကခ လှလှပေးတဲ့ လက်ဆောင် ဆိုးတွေလဲ ပါတတ်တယ်။
တကယ်တော့ HIV ဆိုတာလဲ သဘာဝတရား ပေးခဲ့တဲ့ လက်ဆောင်ဆိုး တစ်ခုပါပဲ။

Read More...

Monday, June 04, 2007

လမ်းဖြတ်ကူးမဲ့ နှလုံးသားလေးသို့

နှလုံးသားလေးရေ ဘ၀ရဲ့ အစမှာတော့ တစ်ကိုယ်တည်း ဆိုတဲ့ ပလက်ဖောင်းလေးမှာ လျှောက်နေတာပေါ့။
အရွယ် ရောက်လာ ပြီဆိုတော့လဲ စုံတွဲ ပလက်ဖောင်းလေးကို မင်းကူးချင်မှာပဲလေ ငါမတားပါဘူး သဘာဝပဲကိုး

ဒါပေမယ့် မင်းကိုမှာ ပြောချင်တာလေးတွေ မှာကြားပါရစေကွာ

တစ်ကိုယ်တည်းလျှေက်ရတဲ့ ပလက်ဖောင်းနဲ့ စုံတွဲလျှေက်တဲ့ ပလက်ဖောင်း နှစ်ခုကြားမှာ အဝေးပြေး ကားလမ်း ကြီးတစ်ခု ခြားထားတယ်

အဲဒီလမ်းမကြီးကို ကူးမယ်ဆိုရင် မော်တော်ပီကယ် မရှိဘူး၊ ဒါပေမယ့် မီးပွိုင့်တစ်ခု ကိုတော့ သတိထားမိရင် မင်းတွေ့ရပါလိမ့်မယ်
လမ်းကူးတော့မယ် ဆိုရင် မီးပွိုင့်ကို မြင်အောင်ကြည့် မီးစိမ်းနေလား.... မီးဝါနေလား.... မီးနီနေလား.....
မီးဝါနေရင် သွားမကူးနဲ့ ဒါဏ်ရိုက်ခံရ လိမ့်မယ်
နီနေရင်လည်း သွားမကူးနဲ့ အခန့်မသင့်ရင် ပွဲခြင်းပြီး သေသွားနိုင်တယ်
စိမ်းနေရင်တော့ အမြန်ဆုံးတာ ကူးပေတော့ မင်းစဉ်းစားနေလို့ ကြံ့ကြာရင် မီးပွိုင့်ဆိုတာ ပြန်နီချင် နီသွားတတ်မျိုးကွ
တစ်ခါတစ်လေ တော့လဲ လူတွေက ၀ါနေတဲ့ မီးကို လတ်ထိုးပြီး ကူးကြတယ်
မီးနီပြနေရင်လဲ စွန့်စွန့်စားစား ကူးတတ်ကြတယ် အဲဒါကလဲ ရင်ခုန်စရာ တစ်မျိုးကောင်းတာပဲ ကွ
ဒါပေမယ့် မင်းကတော့ အခုမှ စပြီးကူးမှာ ဆိုတော့ မီးနီနေရင် မကူးပါနဲ့ ကံမကောင်းလို့ မဆင်မခြင် မောင်းတဲ့ လူတွေနဲ့ တွေ့ရင် မီးစိမ်းမှာ ကူးတာတောင် တိုက်ခံရတတ်တယ်

သြော်တစ်ခုတော့ မှာလိုက်ဦးမယ်
လမ်းကူးခါနီးမှာ မျက်စိကို အိုင်းတက် စစ်သွားဦးနော် တချို့က ကာလာ ဘလိုင်းဖြစ်တော့ မီးနီကို မီးစိမ်းထင်ပြီး ကူးတတ်ကြလို့
ဒါပဲနော် ကံကောင်းပါစေ . . . .

Read More...

Sunday, June 03, 2007

ကျန်ုပ်၏ပုံ


ဤပုံသည်ကား ကျွန်တော့ပုံတည်း

လင်ဆေးလိုဟန်လို ကျွန်တော့်ကို ကြိတ်ကြွေနေသူများက လော့ကက်သီးထဲမှာ ထည့်ပြီး အမြတ်တနိုးဆွဲထားလိမ့်မည်
အမှန်တရားကို သိမြင်သူတို့က ခန့်ငြားသော ဥပတိရုပ်ရှိသည် ဟုပြောကြမည်
အဆိုးမြင်ဝါဒီ သမားများက အရုပ်ဆိုးသည်ဟု ပြောကောင်းပြောကြပါလိမ့်မည်
ဂျော့ဘုဘ်လို ကျွန်တော့်ကို ကြည်ညိုသူတို့က အမြင့်တနေရာတွင် ချိတ်ဆွဲကာ အိမ်ရာဝင်တိုင်း ရှိခိုးကြမည်
ဘင်လာဒင်လို အကြမ်းဖက် သမားများက ဆုတ်ဖြဲကောင်း ဆုတ်ဖြဲပါလိမ့်မည်
အိန်ဂျက်လီနာဂျိုလီ တွေ့ပါက အမွေစား အမွေ ခံအဖြစ် မွေးစားကောင်း မွေးစားပါလိမ့်မည်
အကောင်းမြင် ၀ါဒီရိုသူများက ဒီပို့ကို တင်တာ အိုင်ဒီယာ ကောင်းတယ်လို့ ကော့မင့်ပေးလိမ့်မည်
မနာလိုသူများက ပေါကြောင်ကြောင်နိုင်သည်ဟု မှတ်ချက်ချပါလိမ့်မည်
ကွန်ဒိုလီဇာရိုက်လို ကော့မင့်ပေးရန် ဥာဏ်မမှီသူများက အရူးနဲ့တုပြီး မပြောချင်ဘူးဟု အကြောင်းပြချက် ပေးကြလိမ့်မည်

မည်သို့ပင်ဆိုစေ ကျွန်တော်သည်ကား ကျွန်တော်သာဖြစ်ပါသည်

Read More...

လက်ဆောင်ဆိုး

တစ်ခုရက်တွင် ပြင်းပြင်းရှိနေခိုက် တယ်လီဖုန်းဝင်လာသည်။ ကောက်ကိုင် လိုက်တော့ ဂျာနယ်တိုက်ကပါလားတဲ့။ ဟုတ်ပါတယ်လို့ ပြောတော့ ပါဝါရိန်းဂျားနဲ့ ဖုန်းပြောချင်လို့ ဖုန်းနံပါတ်လေး ပေးပါတဲ့။
အသံက ကောင်မလေး အသံလေး။ ကျွန်တော်လဲ ရုတ်တရက် ဆိုတော့ ကြောင်သွားတယ်။ ဘာပြောလို့ ပြောရမှန်မသိဘူး။ ကျွန်တော်က တစ်ယောက်ယောက်များ နောက်နေတာလား ပေါ့။ နောက်တော့ သူက ထပ်ပြောတယ်။ ပါဝါရိန်းဂျား အနီရဲ့ ဖုန်းနံပါတ်တဲ့ တခြား အကောင်တွေ ဆိုရင် မလိုချင်ဘူးတဲ့ အနီနဲ့ပဲ ပြောချင်တာတဲ့။
ဖုန်းနံပါ တောင်းနေတဲ့ ကလေးမလေး အသံက တည်တည် ငြိမ်ငြိမ်ပဲ။ ကျွန်တော်လဲ ကောင်မလေးကို ပြန်ပြောလိုက်တယ် ညီမလေး ပါဝါရိန်းဂျားက မြန်မာလို မတတ်ဘူး အိင်္ဂလိပ်လို ပဲပြောတတ်တာလို့ ပြောတော့ သူလဲ အင်္ဂလိပ်ပြော တတ်တယ်ဆိုပြီး ကျွန်တော့်နားမလည် တဲ့အင်္ဂလိပ် စကားတွေနဲ့ မုတ်ပါတယ်။ အမှန်တိုင်း ၀န်ခံရရင် ကျွန်တော်က အိင်္ဂလိပ်စာ ဆိုရင် ဆယ်တန်းကို ၄၀ တိနဲ့ အောင်လာတဲ့ လူဆိုတော့ ကလေး ပြောတဲ့ စကားတွေကို နားမလည်ပါဘူး။
ဘာတွေပြောနေတာလဲ လို့မေးလိုက်တော့ ပါဝါရိန်းဂျား အနီးက လူဆိုးစက်ရုပ်ကြီးတွေကို နိုင်သွားရင် ပြောတဲ့ အတိုင်းပြောတာတဲ့။ အင်းကြည့်ရတဲ့ ပုံအရဆိုရင်တော့ ဒီကလေးက ခေတဲ့ ကလေးတော့မဟုတ် ဘူး။ ဒါကြောင့် ကျွန်တော်လဲ မနက်ဖြန် မှရှာပေးမယ် ဖုန်းနံပါတ်ပေးထားခဲ့ လို့ပြောတော့ ရတယ် သူပြန်ဆက်မယ်တဲ့။ ကျွန်တော့နာမည်ရယ် ပြန်ဆက်ရမဲ့ အချိန်ရယ်ကို အတိအကျ မေးပြီးဖုန်းချသွားပါတယ်။
ကလေးမလေး ဖုန်းချသွားတော့ အင်တာနက်ကို ဖွင့်ကာ ပါဝါရိန်းဂျား ဆိုက်တွေကို လိုက်ရှာကြည့်ပါတယ်။ ပါဝါရိန်ဂျား ဆိုက်တွေကို တော့တွေ့ပါတယ် ဒါပေမယ့် သူတို့ရဲ့ ဖုန်းနံပါတ် တွေကိုတော့ မတွေ့ပါဘူး။ ကျွန်တော်လဲ ၀က်ဆိုဒ်လိပ် စာလေးကို နုတ်ပက် မှာ မှတ်ထားလိုက်ပါတယ်။
နောက်တနေ့ ကျွန်တော်ပြော ထားတဲ့ အချိန်ရောက်တော့ ကလေးမလေး ဖုန်းထပ်ဆက်ပါတယ် ဖုန်းနံပါတ်ရပြီလားတဲ့ ဖြစ်ချင်တော့ အဲဒီ အချိန်မှာ မီးက ပျက်နေတယ်။ ကျွန်တော့ ရည်ရွယ်ချက်ကတော့ ကလေးမလေး ကျေနပ်အောင် ၀က်ဆိုဒ် လိပ်စာလေး ပေးလိုက်မယ် ကိုယ့်ဘာသာကို ဖွင့်ကြည့်ပေါ့။
သူ့ကို ပွင့်ပွင့်လင်းလင်း ပဲပြောပြလိုက်တယ် ၀က်ဆိုဒ် လိပ်စာကို ရှာတွေ့တယ် ဖုန်းနံပါတ်ကို ဆက်ရှာလို့ မရဘူး၊ လောလော ဆယ်မီးပျက်နေလို့ အဲဒီလိပ်စာလဲ ကြည့်မရဘူးလို့ ပြောတော့ သူက ကျွန်တော့ကို ဘိုလို မုတ်ပါတယ်။ ဘာပြောတာလဲ လို့မေးတော့ ကျွန်တော့ကို ပိန်းတယ်လို့  အင်္ဂလိပ်ဘန်း စကားနဲ့ ပြောလိုက်တာတဲ့။ ဘုရားရေ တကယ်မလွယ်တဲ့ ကလေးပါလား။ သူကပဲ စိတ်ဆိုး မာန်ဆိုးနဲ့ ဆက်ပြေတယ် ဘယ်နေ့ ထပ်ဆက်ရမှာလဲ တဲ့ ကျွန်တော်ကလဲ မနက်ဖြန် ပြန်ဆက်လို့ ပြန်ပြောလိုက်တယ်။ သေချာတယ်နော် တဲ့။ သေချာတယ် လို့ပြောတော့ ဖုန်းချသွားပါတယ်။
နောက်ရက်ရောက်တော့ ကျွန်တော် ၀က်ဆိုဒ်လိပ်စာ ပေးလိုက်ပါတယ်။ ဖုန်းနံပါတ်ရရင် ပြန်ဆက်ပေး လို့ရအောင် ဖုန်းနံပါတ် ပေးထားခဲ့လို့ တောင်းတော့ သူဖုန်းနံပါတ်နဲ့ နာမည်နဲ့ ကိုပြောထားခဲ့ပါတယ်။
အဲနေ့ကစပြီး ကျွန်တော့် ဆီကို သူဖုန်းမဆက်တော့ပါဘူး။ ပါဝါရိန်ဂျား ဖုန်းနံပါတ်ပဲ ရသွားလို့လား စိတ်ပျက်သွားလို့လား ဒါမှမဟုတ် တခြားဂျာနယ် တိုက်တွေကိုပဲ လိုက်စားနေသလား ကျွန်တောလဲ မပြောတတ်ဘူး။
ကျွန်တော်လဲ ဘာရယ်တော့ မဟုတ်ဘူး အဲဒီနောက်ပိုင်းမှာ ပါဝါရိန်းဂျား အကြောင်းပါတဲ့ ၀က်ဆိုဒ်တွေကို နေ့တိုင်းကြည့်ဖြစပါတယ်။ ချက်တင် ပြောနေရင်တောင် ပါဝါရိန်းကြား ဆိုဒ်ကိုတော့ ဖွင့်ထားဖြစ်ပါတယ်။ အဲလိုနဲ့ တစ်နေ့မှာ ပါဝါရိန်းဂျား ရုပ်ရုင်ထုတ်လုပ်သူ ရဲ့အီးမေးလိပ်စာ ရတာကြောင့် သူ့ဆီကို ဖုန်းဆက်လိုက်ပါတယ်။
သူပေးထားတဲ့ နံပါတ် ဆက်ကြည့်တော့ မိန်းမကြီး တစ်ယောက်လာ ကိုင်ပါတယ်။ သူပြောတဲ့ နာမည်ကို မေးကြည့်တော့ ဘာကိစစ ရှိလို့လဲတဲ့။ ကျွန်တော်လဲ အကျိုးအကြောင်း ပြောပြတော့ အဲဒါသူ့သမီးတဲ့ နိုင်ငံခြား ဘာသာစကားနဲ့ သင်တဲ့ ကျောင်းတစ်ခုမှာ တက်နေတာ Grate 5 ရောက်နေပြီ ပြီးခဲ့တဲ့ သုံးလလောက်ကမှ ဆုံးသွားတာတဲ့။ ကျွန်တော်ကတော့ လိမ်နေတယ်လို့ပဲ ထင်တယ်။ ဒါကြောင့် အဲဒီမိန်းမကြီးကို မယုံကြည်တဲ့ လေသံမျိုးနဲ့ ပြန်မေးတော့။ မိန်မကြီးငိုပါတယ်။ သားရယ် တကယ်ပြောတာပါတဲ့။ မယုံရင် လွန်ခဲ့တဲ့ သုံးလက ကြေးမုံနာရေး ကြော်ငြာနဲ့ သူတို့ကျောင်းက ထည့်ပေးတဲ့ ၀မ်းနည်းကြောင်း ကြော်ငြာကို ရှာကြည့်လို့ ရပါတယ်တဲ့။
ဒါကြောင့် ကျွန်တော်လဲ တယ်လီဖုန်းကိုချပြီး လွန်ခဲ့သုံးလက သတင်းစာဖိုင်ထဲမှာ ပြန်ရှာကြည့်တယ်။ ခက်တာက လွန်ခဲ့တဲ့ သုံးလကိုပဲသိပြီး နေ့စွဲကို မမေးမိလိုက်ဘူး ဖြစ်သွားတယ်။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလက သတင်စာ ဖိုင်ကြီးထဲမှာ တစ်ရက်ပြီး တစ်ရက်ရှာတယ်။ ကြေးမုံ ကတော့ ကုန်သွားပြီး။ မတွေ့ဘူး။ ဒါကြောင့် လွန်ခဲ့တဲ့ သုံးလက မြန်မာ့ အလင်းသတင်း စာဖိုင်ထဲမှာ ပြန်ကြည့်တယ်။ တလုံးစာ ဖိုင်ကြီးသာ ကုန်သွားတယ် စောစောက ကောင်မလေးနာ မည်ကိုမတွေ့ဘူး။ အဲဒီ အချိန်မှာ ကျွန်တော်ချွေးတွေကလဲ စက်စက်ကျနေပြီ။
စိတ်မရှည်တဲ့ အဆုံး စောစောက မိန်းမကြီးဆီကို ဖုန်းပြန်ဆက်လိုက်တယ်။ ကျွန်တော်စိတ်လဲ တိုနေပြီ။ သူ့သမီးနဲ့ ဖုန်းပေးမပြောချင်ရင် ပေးမပြောချင်ဘူး ပွင့်ပွင့်လင်းလင်း ပြောပေါ့လို့ အခုလိုမျိုးတော့ လူကို စတ်ခြောက်ခြား အောင်မလိမ်သင့် ဘူးလို့ ကျွန်တော်က ပြောတော့ မိန်းမကြီးက ငိုသံနဲ့ တကယ်ပါသားရယ် အဲးဒီလက ၂၈ ရက် နေ့မှာ ဆုံးတာပါ ကြောငြာက ၂၉ ရက်နေ့မှာ ပါတာပါတဲ့။ တိုက်တိုက် ဆိုင်ဆိုင် ဒီနေ့က ၂၈ ရက်နေ့။
ကျွန်တော် ချွေးတွေပြန်နေပြီ ဖြစ်ခဲ့တာတွေက အိမ်မက်တွေလား တကယ်ပဲလား။ ကျွန်တော် သတင်းစာ ဖိုင်ဟောင်းတွေဆီကို နောက်တစ်ခေါက် ထွက်ခဲ့တယ်။ လွန်ခဲ့တဲ့ သုံးလ ၂၉ ရက်နေ့ သတင်းစာကို လိုက်ရှာတယ် ဖြစ်ချင်တော့ အဲဒီ ဖိုင်တွဲမှာ ၂၉ ရက်နေ့ သတင်းစာ မရှိဘူး။ အဲဒီလက အားလုံးစုံတယ် ၂၉ ရက်နေ့ သတင်းစာ တစ်စောင်ပဲ လိုနေတာ။ ဒါကြောင့် စောစောက ရှာလို့ မတွေ့တာကို။
ကျွန်တော် အကြံတစ်ခု ရသွားတယ်။ ချက်ခြင်း ဖုန်းလှမ်းဆက်လိုက်တယ် အခြားတိုက်မှာ အလုပ်လုပ်နေတဲ့ သူငယ်ချင်းဆီကို။ ည ၁၂ နာရီ ထိုးခါနီး ပြီဆိုတော့ သူငယ်ချင်းကလဲ အိမ်နေလို့လားမသိဘူး တော်တော်နဲ့ ဖုန်းမကိုင်ဘူး။ နောက် ဖုန်းကိုင်တော့ ကျွန်တော်က သူ့ကို အကြောင်းစုံရှင်းပြီ ပြီး လွန်ခဲ့တဲ့ သုံးလက ၂၉ ရက်နေ့ ကြေးမှုံသတင်းစာမှာ စောစော ကကောင်မလေး နာမည်နဲ့ နာရေး ကြော်ငြာ ပါမပါ ရှာခိုင်းလိုက်တယ်။ သူဖုန်း ပြန်ဆက်မယ်တဲ့။
ကျွန်တော် ချွေးစေးတွေ ပြန်နေတယ် စိတ်ထဲမှာ တစ်ခုခု ကြောက် လန့်နေမိသလိုပဲ။ ကျွန်တော် နယ်မှာ နေတုန်းက သုသန်ထဲမှာ နွားကျောင်းခဲ့ တုန်းကတောင် အဲလောက် ကြောက်သလို စိတ်မျိုးမပေါ်ခဲ့ဖူးဘူး။ အဲဒီအချိန်မှာ ကျွန်တော့်လက်က နာရီလေးက တီတီ လို့နှစ်ချက်မည်တယ် ၁၂ နာရီ ထိုးပြီ ဆိုတာ ကျွန်တော် သိလိုက်တယ်။ နာရီ မည်သံနဲ့ တပြိုင် နက်မှာပဲ တယ်လီဖုန်း မည်သံထွက်လာတယ်။ ကျွန်တော် ဖုန်းကို ကောက်ကိုင် ပြီး အေားပြော တွေ့လားလို့ မေးလိုက်တော့ ။ တစ်ဘက်က အသံက သူငယ်ချင်း မဟုတ်ဘူး။
ဦးစိုးဇေယျ ဖုန်းနံပါတ်ရပြီလားတဲ့။ ဘုရား ဘုရား ကျွန်တော် ဘာပြန်ပြောရမလဲ မသိတော့ဘူ။ ကျွန်တော့အိမ် မက်မက်နေတာလား တကယ်လား ဆိုတာလဲ မစဉ်းစား တတ်တော့ဘူး။
အဲဒီ အချိန်မှာ ဟိုဘက်က ဖုန်းတစ်လုံး မည်လာတယ်။ ကိုင်လိုက်တော့ သူငယ်ချင်းဖြစ် နေတယ်။ ဒါကြောင့် ကောင်မလေးကို ဖုန်းနံ ပါတ်ရှာလိုက်ဦးမယ် ခဏကိုင်ထား လို့ပြောလိုက်တယ်။
၂၉ ရက်နေ့ သတင်းစာမှာ အဲဒီ ကောင်မလေး နာမည်ကို တွေ့တယ်တဲ့ နိုင်ငံခြား ဘာသာသင် ကျောင်းတစ် ကျောင်းက Grate 5 ကျောင်းသူတဲ့။ ကျွန်တော်လဲ ဒီဘက်မှာ သူ့ဖုန်းဝင် နေတယ်လို့ သူငယ်ချင်းကို ပြောပြလိုက်တယ်။
သူငယ်ချင်းကပြောတယ် ဒါဆိုရင် သူ့ဖုန်းကို ပါဝါရိန်းဂျားရဲ့ ဖုန်းပါလို့ ပြောပြီး ဆက်ခိုင်းလိုက်တဲ့ သူတို့က Caller ID တပ်ထားတော့ ဘယ်ကဆက်သလဲ ဆိုတာ အဖြေကို သိနိုင်တယ်တဲ့။
အဲဒီအချိန်မှာ ကောင်မလေးဘက် အသံထွက်လာတယ် ဖုန်းနံပါတ် ရှာတာ အဲလောက်ကြာလားတဲ့။ ကျွန်တော်လဲ ရပြီ ဆိုပြီး သူငယ်ချင်း ဖုန်းကို ပြောလိုက်တယ်။ အဲဒီတော့ ကောင်မလေးက ဒါမြန်မာ ပြည်ဖုန်းကြီးတဲံ။ ကျွန်တော်ကလဲ ပါဝါရိန်းဂျား မြန်မာပြည် ရောက်နေလို့ အဲဒီဖုန်းနံပါတ်မှာ တည်းတယ် ဆက်ကြည့်လိုက်လို့ ပြောလိုက်တယ်။ ကောင်မလေးက ဖုန်းနံပါတ်ကို မေးပြီး ဖုန်းချသွားတယ်။
ကျွန်တော့ ဖုန်းနားလေးမှာပဲ စောင့်နေတယ်။ သူငယ်ချင်း ပြန်ဆက်မလားလို့ ။ ဒီလောက်အရေး ကြီးတာကို ကျွန်တော့ကို ပြန်မဆက်ပဲ အိပ်ပြောနေသလား ပေါ့။ ဒါကြောင့် ကျွန်တော်သူ့ ဆီကို ပြန်ဆက်ကြည့်တယ်။ သူသုတ်သီး သုတ်ပြာ လေသံနဲ့ ဖုန်းလာ ထူးတယ်။ ကျွန်တော်မှန်း သိတော့ သူသက်ပြင်းချသွားတယ်။ မေးကြည့်တော့ အခုထိ ကလေးမလေး အခုထိ မဆက်သေးဘူးတဲ့။ ကျွန်တော်လဲ ဖုန်းပြန် ချပြီး တယ်လီဖုန်း နားလေးမှာ ထိုင်နေလိုက်တယ်။
ခဏလောက်နေတော့ ဖုန်းမည်လိုက်တယ် ကောင်ကိုင်လိုက်တော့ သူငယ်ချင်း။ ဆက်သွား ပြီတဲ့ သူငယ်ချင်းက သူ့ကိုသူ ပါဝါရိန်းဂျားလို့ ပြောတော့ ဘိုလို ဆဲပြီး ဖုန်းပြန်ချ သွားတယ်တဲ့။ ဒါပေမယ့် ဖုန်းနံပါတ်ကို တော့ရလိုက်တယ်။ သေသွားပြီ ဆိုတဲ့ ကောင်မလေး ဖုန်းနံပါတ်နဲ့ သူဖုန်းနံပါတ်က ၅၄ နဲ့ စတာချင်းတော့တူတယ်။ နောက်က နံပါတ်တွေကတော့ ကွဲနေတယ်။ ဒါကြောင့် အဲဒီဖုန်းနှစ်လုံးဟာ တစ်အိမ်ထဲက မဟုတ်ရင်တောင် တစ်မြို့နယ်ထဲက ဖြစ်ရမယ် ဆိုတာတေ့ အကြမ်းဖျင်း ကောက်ချက်ရရလိုက်တယ်။
ကျွန်တော် သူငယ်ချင် ပေးတဲ့ ဖုန်းနံပါတ်ကို ရရခြင်း ဆက်လိုက်တယ်။ ဒါပေမယ့် ဖုန်းက အင်ကေ့ ဖြစ်နေတယ်။ လုံးဝ မ၀င်ဘူး။ ကျွန်တော်ရော ကျွန်တော့် သူငယ်ချင်းပါ ငါးမိနစ် ခြားတစ်ခါ လောက်ခေါ်ပေမယ့် လုံးဝမ၀င်ဘူး။ တစ်နာရီ ကျော်ကျော် လောက်ခေါ်ပြီးတော့ သူငယ်ချင်း လက်လျှော့ သွားတယ် မခေါ်ချင်တော့ဘူး အိပ်တော့မယ်တဲ့။ ကျွန်တော်က တော့ဇွဲမလျှော့ပဲ တညလုံးခေါ်တယ်။ တညလုံး ဖုန်းမ၀င်ဘူး။
နောက်နေ့ ရောက်တော့လဲ ဆက်ခေါ်တယ် ဖုန်းက မ၀င်ပါဘူး။ ညပိုင်းဦးပိုင်းမှာ ဖုန်းခေါ်ကြည့်သေးတယ် ဖုန်းမ၀င်ဘူး။ ဒါကြောင့် သူများ ပြန်ဆက်ဦမလား ဆိုပြီး စောင့်ကြည့်နေ သေးတယ်။ ဒါပေမယ့် ဖုန်းပြန်မဆက်ဘူး။ ဒီလိုနဲ့ ကျွန်တော် အဲဒီ ဖုန်းနံပါတက်ကို ဆက်သွယ်ဖို့ ကြိုးစားတာ သုံးရက်သာ အချိန်ကုန် သွားတယ် ခေါ်လို့မရဘူး။
သုံးရက်မြောက်တဲ့ ညမှာ သူ့သမီးသေသွားပြီလို့ မိန်းမကြီးပြောတဲ့ ဖုန်းကို ပြန်ဆက်လိုက်တယ်။ အဲဒီ မိန်းမကြီးပဲ ဖုန်းလာကိုင်တယ်။ ကျွန်တော်က အကျိုးအကြောင်း ရှင်းပြပြီး သူငယ်ချင်း ဖုန်း Caller ID မှာလာပေါ်တဲ့ ဖုန်းနံပါတ်ကို ပြောပြတယ် အဲဒီဖုန်းနံ ပါတ်ကို သိလားပေါ့။ အဲဒီတော့ မိန်းမကြီးက သိတယ်တဲ့ သူတို့ ခြံနဲ့ မျက်နှာခြင်း ဆိုင်က အိမ်က ဖုန်းတဲ့။ အဲဒီအိမ်မှာ သူ့သမီးနဲ့ ကျောင်းတက်ဖော် သူငယ်ချင်းရှိတယ်တဲ့။ ကျွန်တော်လဲ အဲဒီကောင်မလေး အကြောင်းကို မိန်းမကြီးဆီက သိသလောက် စပ်စုကြည့်လိုက်တယ်။
ကောင်မလေးက သူ့သမီးနဲ့ အရမ်းခင်တာတဲ့။ အသက်တူ တစ်တန်းတည်း တစ်ကျောင်းတည်းပဲတဲ့။ ကျန်တဲ့ အကြောင်း အရာတွေကတော့ သူ့အနေနဲ့ ပြောလို့ မသင့်တော်ပါဘူးတဲ့။ ဒါကြောင့် ကောင်မလေး အုပ်ထိန်းသူတွေ ဆီကို ကိုယ်တိုင် ဆက်သွယ်ပြီး စုံစမ်းပါတဲ့လေ။ ပြီးတော့ ကောင်မလေးရဲ့ အဖိုး ဖုန်းနံပါတ်ကို ပေးတယ်။ ကျွန်တော်လဲ ညမိုးချုပ်နေပြီ ဆက်သွယ်လို့ မသင့်တော်တော့ တာကြောင့် မနက်မှ ဆက်မယ်ဆို ပြီး အဲဒီညက အိပ်လိုက်ပါတယ်။
နောက်နေ့ နံနက် ရောက်ရောက်တော့ ကလေးမလေးရဲ့ အဖိုးဆိုသူရဲ့ ဖုန်းကို ဆက်ကြည့် လိုက်တော့ လူကြီး မင်းခေါ်ဆိုသော ဖုန်းကို ဌာနမှ ယာယီ ပိတ်ထားပါသဖြင့် ဆက်သွယ်လို့ မရနိုင်ပါတဲ့။
ကျွန်တော်လဲ စဉ်းစားရ ကြတ်သွားတယ်။ ကောင်မလေးမှာ လယ်လို အကြောင်းတရားတွေ ရှိနေလို့ မိန်းမကြီးက ပြောမပြနိုင်ရတာလဲ။ မိန်းမကြီးက ကောင်မလေး အဖေ အမေ ဖုန်းနံပါတ်ကို မပေးပဲ ဘာကြောင့် အဖိုးဖုန်းနံပါတ်ပေးရတာလဲ။ ကျွန်တော်လဲ တစ်ကိုယ်တည်း တောင်စဉ်ရေမရ တွေးနေမိပါတော့တယ်။

ကျန်ရှိသည့် အပိုင်းကို အင်္ဂါနေ့ နောက်ဆုံးထား တင်ပါမည့် အကြောင်း အသိပေးအပ်ပါသည်

Read More...

သာသနာ ဖျက်သူများ

ကျွန်တော်ရန်ကုန် ရောက်ခါစက ရွှေတိဂုံဘုရား ကိုဖူးပြီး မြေပဒေသာ ကျွန်းဆီသို့ ဆင်းလာခဲ့ပါတယ်။ ကျွန်တော်က မြေပုံအားကိုးနဲ့ သွားတာဆိုတော့ မြေပဒေသာကျွန်းကို မရောက်ပဲ ဗဟန်းသုံလမ်း ဘက်ကို ရောက်သွားပါတယ်။ အချိန်ကတော့ နေ့လည် နှစ်နာရီလောက်ရှိပြီ လို့ထင်ပါတယ်။
ဗဟန်းသုံးလမ်း ကားမှတ်တိုင်နားလေးကို ရောက်တော့ ကျွန်တော်တစ်ခါမှ မသိတဲ့ ဦးပုဇင်းနှစ်ပါးက ပြုံးပြပါတယ် ကျွန်တော်လည်း လိုက်ပြုံးပြပါတယ်။ ပြီးတော့ကျွန်တော့် ဆီကိုထလာပြီး ဒကာလေး ဦးဇင်းတို့ ဘုရားဖူးလာရင်းနဲ့ ဗိုက်ဆာလာလို့ အအေးဖိုးလေးကပ်ပါဦးတဲ့။ ကျွန်တော်လဲ ပိုက်ဆံ နှစ်ရာတန်လေး တစ်ရွက်ထုပ်ပြီး ကပ်လိုက်ပါတယ်။ ဦးဇင်းတွေက ကျွန်တော့်ကို ဆုတွေမျိုးစုံအောင်ပေးပြီး ထွက်သွားပါလေရော။ ကျွန်တော်က အဲဒီအချိန်တုန်းက ဘာသာတရားကို တရိုသသေနဲ့ ကိုင်းကိုင်းရိုင်းရိုင်း ရှိတာကြောင့် တိုက်တိုက်ဆိုင်ဆိုင် လှုခွင့်ရလိုက်လို့ ၀မ်းသာပိတိဖြစ်မိပါတယ်။
အဲဒီတုန်းက ကျွန်တော်က ရေတာရှည်လမ်းသစ် ထဲမှာနေတာ။ ဘယ်မှ မသွားတတ်တော့ ဘုရားပေါ်ပဲအမြဲလိုလို တက်ဖြစ်တယ်။ ဘုရားပေါ်ကို မရောက်တဲ့နေ့ကို မရှိဘူး။ နောက်နှစ်ရက်လောက် နေတော့ ကျွန်တော်က ကြားတောရ လမ်းကနေတက်ပြီး အာဇာနီလမ်း ပေါ်ကိုရောက်တော့ သွေးဆေးကန်ဘက်ကနေ အရင်နေ့က ဦးဇင်းနှစ်ပါ လမ်းလျှောက် လာတာကိုတွေ့ရပါတယ်။ ကျွန်တော့်ကို မြင်တော့ပြုံးပြပြီး နုတ်ဆက်ပါတယ်။ သြော်အရင်နေ့က ငါပိုက်ဆံ ကပ်လိုက်တာ မှတ်မိလို့ ပြုံးပြတာထင်ပါတယ် ဆိုပြီး ကျွန်တော်က ပြန်ပြုံးပြပါတယ်။ ကျွန်တော့်လဲ ပြုံးပြပြီးတော့ ဒကာလေးဒကာလေး ဦးဇင်းတို့ဘုရားဖူးလာတာ ဒကာတွေနဲ့ လူစုကွဲသွားလို့ မွန်းတည့်အမှီ ဆွမ်းဘုန်းပေးဖို့ ပိုက်ဆံကပ်ပါဦးတဲ့။ ကျွန်တော်လဲ ဒီလောက်ဆိုတော့ သဘောပေါက်သွားပြီ။ ဒါကြောင့် အရင်နေ့ကတောင် အအေးဖိုးနှစ်ရာ ကပ်လိုက်တယ်လေ အခုလဲ ကပ်ရဦးမှာလို့ မေးလိုက်တယ်။ သူတို့နှစ်ယောက် စလုံး သူတို့ဘာသာ သူတို့ရှိန်ပြီး ခပ်သုတ်သုတ်နဲ့ ထွက်သွားပါတော့တယ်။
သိမ်ကြီးဈေးဘက်မှာ ကြုံတွေ့ရတာပါ ကိုယ်ရင်လေးနှစ်ပါး အသက်ကတော့ တစ်ပါးက ဖိနပ်ပြတ်လေးကိုင်ပြီး ဆိုင်တွေကို တဆိုင်ဝင်တဆိုင်ထွက် ဒကာမကြီး ကိုရင်ဖိနပ်ပြတ်သွားလို့ ဖိနပ်ဖိုးလေး လှုပါဦးဆိုပြီး လိုက်တောင်းနေတာ ကိုတွေ့ရပါတယ်။ ကျွန်တော်လဲ မြင်ခါစကတော့ လှုချင်စိတ်ပေါက်မိပါတယ်။ ဒါပေမယ့် ဈေးသည်ရဲ့ စကားကြောင့် ကျွန်တော်သတိဝင်သွားပါတယ်။ ကိုယ်ရင်တွေကလဲ ဈေးထဲမှာ ဖိနပ်က ပြတ်ပြတ်နိုင်လွန်းတယ်တဲ့။ နောက်စုံစမ်းကြည့်တော့ အဲလိုပဲ ကိုယ်ရင်တွေ ဦးပုဇင်းတွေ ဖိနပ်ပြတ်လေးကိုင်ပြီး မကြာခဏ ဖိနပ်ဖိုးအလှုခံလေ့ရှိပါတယ်တဲ့။
မန္တလေးမဟာ မြတ်မုနိကိုရောက်တော့ ဆေးစာအုပ်လေးကို ကိုင်ထားတဲ့ ဥပုဇင်းတစ်ပါးကို တွေ့ရပါတယ်။ အဲဒီဥပုဇင်းက ဆေးစာအုပ်လေးကိုပြပြီး ဒီနားလေးက ဆေးခန်းတစ်ခုမှာ ဆေးလာကုတာပါတဲ့ ဆေးကုပြီးတော့ ကျောင်းကို ပြန်ရင်ဆွမ်းမမှီတော့မှာ စိုးလို့ ဆွမ်းဖိုးလေးကပ်ပါဦးတဲ့။ ကျွန်တော်လဲ မသင်္ကာတာနဲ့ မလှုပါဘူး။ ကြေးမောင်းကြီးနား ရောက်တော့ နောက်ထပ်ဦးပုဇင်းတစ်ပါး စောစောကလို ဆေးစာအုပ်လေးကိုင်ပြီး သူကတော့ တစ်မျိုးပြောတယ် ဆေးခန်းသွားပြရာမှာမို့ ဆေးဖိုးလေးကပ်ပါဦးတဲ့။ အင်းကျွန်တော်ပဲ အယူအဆမှားလေသလား တိုက်တိုက်ဆိုင်ဆိုင်ပဲ တကယ်ဆေးခန်းပြရတဲ့ ဥပုဇင်းနှစ်ပါး ဘုရားပေါ်မှာ ရောက်နေလေသလား ဆိုတာတော့ ကျွန်တော်လဲ မသိတော့ပါဘူး။
အဲဒါမျိုးတွေ ကြုံတွေ့ခဲ့ရတာကို ပြောမယ်ဆိုရင်တော့ ကုန်တော့မှာ မဟုတ်တော့ပါဘူး။ ဘာပဲဖြစ်ဖြစ် အဲလောက်က အခြေအနေ မဆိုးသေးပါဘူး။ တချို့တွေဆိုရင် ဘယ်လောက်ထိ အခြေအနေဆိုးလဲ ဆိုရင် ကျွန်တော်တို့ နယ်ဘက်က တချို့ဘုန်းကြီးတွေ ချဲဒိုင်ခံပါတယ်။ ကော်မရှင်ရောင်းတဲ့ ဒကာမတွေ ဒကာတွေကလဲ ဘယ်ဘုန်းကြီးဒိုင် မာတယ် ဒါမျိုးပြောပြီးရောင်းကြပါတယ်။ တကယ်ဆိုရင် သာသနာအလုပ်နဲ့ ချဲရောင်းတာနဲ့ ဘာဆိုင်လဲ သူများ ဘာသာခြားတွေမြင်ရင် သူတို့ဘုန်းကြီးတွေက ဒီလိုပဲဆိုတာမျိုး မြင်သွားနိုင်ပါတယ်။ မြင်ခြင်းမမြင် ခြင်းဆိုတာထက် လုပ်သင့်မလုပ်သင့်ကို ဘုန်းကြီးတွေ ဖြစ်ပြီး မစဉ်းစားတတ်ကြတော့ဘူးလား။ သက်ဆိုင်ရာ သာသနာပိုင် အဖွဲ့စည်းတွေကရော ဒီလိုပဲကြည့်နေ ကြတော့တော့မှာလား။
အဲဒီထက်ပိုဆိုးတာက ခိုးစက်ထောင်တာ။ ခိုးစက်ဆိုတာကတော့ သစ်တောတွေ ပေါတဲ့ ကျွန်တော်တို့ အထက်ပိုင်းဘက်မှာ အစိုးရဆီက တရားဝင်လိုင်စင်နဲ့ မဟုတ်ပဲ သက်ဆိုင်ရာ မယကတို့ သစ်တောတို့ကို ပိုက်ဆံပေးပြီး တောထဲက သစ်ပင်တွေကို ခုတ်လဲ သစ်ခွဲတဲ့အလုပ်ကိုပြော တာပါ။ ပြီးရင် အဲဒီသစ်တွေကို တရုပ်ပြည်ကို တရားမ၀င်ပို့တဲ့ လူတွေဆီကို တဆင့်ပြန်ရောင်ကြပါတယ်။ ကျွန်တော်တို့ ဘက်က တချို့သောဘုန်းကြီးတွေ အဲလိုလုပ်ကြပါတယ်။ ဘုန်းကြီးစက်ဆိုရင် တော်တော်ရုံတန်ရုံ ရဲတို့ မယက တို့လဲ ပိုက်ဆံလာ မတောင်းရဲတော့ပါဘူး။ ဒါကြောင့်တချို့ လူတွေကလဲ ဘုန်းကြီးတွေနဲ့ နာမည်ခံခိုင်းပြီး စက်ထောင်တာမျိုးတွေ လုပ်ကြပါတယ်။ ပြီးတော့ အဲဒီတကြောမှာ နာမည်ကြီးတဲ့ ဘုန်းကြီးတစ်ပါး လို့ပြောရမလား သာသနာ့အရေခြုံလူ တစ်ယောက်လို့ ပြောရမလားပဲ သူဆိုရင် မျက်မှန်အနက်ကြီးတပ် ဆိုင်ကယ်စီးပြီး သစ်ဝယ်မဲ့လူကို လိုက်စပ်နေတာတွေကို မကြာခဏတွေ့ရပါတယ်။ ဆပ်ပလိုက်ချက် ရှိလို့ ဆိုင်ကယ်ဦးထုပ် မဆောင်းတဲ့လူကို မော်တော်ပီကယ်က ဖမ်းရင်တောင် ဘုန်းကြီးတွေ အုပ်ထုပ်မဆောင်ပဲ ဆိုင်ကယ်စီးလာရင် မဖမ်းရပါဘူး။ အဲဒါကို သူတို့လဲ ဂုဏ်ယူနေကြပါတယ်။
ဒေသခံ ဒကာတွေ ဒကာမတွေကလဲ သိသိကြီးနဲ့ကိုးကွယ်နေကြပါတယ်။ ဘုန်းကြီးဆိုတာ အကျင့်သီလကို သာမန်လူထက် စောင့်ထိန်းရတာ ဖြစ်ပါတယ်။ အခုဘုန်းကြီးတွေကတော့ အကျင့်သီလ နေရာမှာ သာမန်လူလောက်တော့င် အကျင့်သီလ မရှိကြပါဘူး။ ဒါကို ဒေသခံတွေကလဲ ကိုးကွယ်ဆွမ်းကပ် နေကြပါသေးတယ်။ ဒီလိုသာ ဆက်သွားနေမယ်ဆိုရင် သိသိကြီးနဲ့ လစ်လီရှုပြီး အဲဒီလိုလူတွေကို ကိုးကွယ်နေကြမယ်ဆိုရင် တဖြည်းဖြည်းနဲ့ ရဟန်းတု ရဟန်းယောင် သာသနာ့ အရေခြုံတွေ တစ်နေ့တစ်ခြား များများလာပြီး သသာတော်ပျက်စီးခြင်းသို့ ဆိုက်ရောက်သွားနိုင်ပါတယ်။

Read More...

Blogger များ၏ Beer သောက်ပွဲ

သတင်း

Blogger များ၏ Beer သောက်ပွဲကို ယခုလ ၁ ရက်နေ့က ၁၉လမ်းရှိ OK ဘီယာဆိုင် အပေါ်ထပ်တွင် ကျင်းပခဲ့သည်။
ယင်းအခမ်းအနားသို့ ဘလာကောက် တက်စလာ နေဘုန်လတ မောင်ပွတ် ညီလင်းဆက် စိုးဇေယျနှင့် Service+ မှ သင်တန်းဆရာများက ဧည့်သည်တော် အဖြစ်တက် ရောက်ခဲ့ ကြပါတယ်။
အခမ်းနား အစီအစဉ်အရ ဘီယာတစ်ဂျားမှာ၍ ချီးယားလုပ်ကြပါသည်။

ကင်ပွန်းတပ်ခြင်း
ဘီယာတစ်ဂျားကုန်ပြီး နောက်တစ်ဂျား မမှာမှီ ကင်ပွန်းတပ်ပွဲလေးတစ်ခုကို ကျင်းပခဲ့ပါတယ်။ ယင်းကင်ပွန်းတပ်ပွဲမှာ Mr Pooh ကို မောင်ပွတ် ဟုလည်းကောင်း ကိုနေဘုန်းလတ်ကို ကိုနေဘုန်းလတ ဟုလည်းကောင်း ပြောင်းလဲ ခေါ်ဆိုရန် တရားဝင် ကင်ပွန်းတပ်သည့် ပွဲလေးဖြစ်ပါသည်။ ထုံးစံအတိုင်း ဒီမိုကရေစီ ကျကျ ဖြစ်စေရန်အတွက် အများသဘောကို တောင်းခံခဲ့ရာ ထောက်ခံမဲ ၅ မဲ ကြားနေမဲ ဇီးရိုး ကန့်ကွက်မဲ ဇီးရိုးနှင့် အပြတ် အသတ်အနိုင်ရကာ အောင်မြင်စွာ ကင်ပွန်းတပ်ပေးနိုင်ခဲ့သည်။ သို့ရာတွင် တစ်ဘက်သတ် မဖြစ်စေရန်အတွက် ကာယကံရှင်များ၏ ဆန္ဒများကို မေးမြန်းခဲ့ရာ သဘောတူကြောင်း ပြောကြားခဲ့ ပြီးဖြစ်ပါသည်။

ယင်းနောက်တွင် တစ်ဦးစီ၏ ငယ်ကျိုးငယ်နာများ မရှိမဲ့ရှိမဲ့ သိခါလေးများကို အပြန်အလန် ပြောဆို ချခြင်း ဘလော့ဂ်ကာများ၏ အသဲကွဲ ဇတ်လမ်းများနှင့် အတင်းအဖျင်းများကို အားမနာတန် ဖောက်သည်ချကာ ဘီယာ ရှစ်ဂျား ဘီးအီးတစ်လုံး ၀ီစကီတပြား အကုန်တွင် အခမ်းအနားကို ရုပ်သိမ်း အဆုံးသတ်လိုက်ပါတော့သည်။

အတင်း
ထုံးစံအတိုင်းပေါ့ဗျာ ဘလောဂ်ကာတွေ တွေ့ဆုံပွဲလုပ်မယ်ဆိုတော့ ကျွန်တော်လဲ ရှိသမျှလူတွေကို ဖုံးဆက်ပြီး ဆက်သွယ်ရတာပေါ့။ ဘယ်သူတွေ တက်နိုင်မလဲ ဘယ်သူတွေ လာကြမလဲပေါ့။
အဲဒီထဲမှာ တက်စလာ ဆိုတဲ့ လူ။ ဘယ်လိုလူ မှန်းမသိဘူး။ အစည်းဝေးရှိလို့ ဖုန်းဆက်လိုက်ရင် ကိုစိုးဇေယျ ကျွန်တော် မအားဘူးဗျ အလုပ်လေးရှိနေလို့ ပါဆိုပြီး အကြောင်းပြတယ်။ အခုလဲ တွေ့ဆုံပွဲလေး လုပ်မလို့ပါဆို မအားဘူးတဲ့လေ။
ညနေပိုင်းရောက်တော့ ကိုနေဘုန်းလတက ကိုတက်စလာ အစည်းဝေးမဟုတ်ဘူးဗျ ဘီယာသောက်ပွဲ လို့လဲ ပြောလိုက်ရော အလုပ်မအားဘူး ဆိုတဲ့လူက ၁၉ လမ်းထဲကို အရင်ဆုံး ရောက်နှင့်လို့ နေပါတော့တယ်။
ကျွန်တော် ကိုနေဘုန်းလတ နဲ့ ကိုတက်စလာတို့ ၁၉ လမ်းထဲမှာ ဆုံမိကြပြီ ဆိုတော့ ဘလာကောက် ပြောထားတဲ့ ကျော် ဆိုတဲ့ ဆိုင်ကို လိုက်လို့ ရှာကြရပါတယ်။ ဒါပေမယ့် ကျော် ဆိုတဲ့ ဆိုင်က ၁၉ လမ်းထဲမှာ မရှိဘူးဗျ။ ကျော်ကျော် ဆိုတဲ့ ဆိုင်ပဲရှိတယ်။ ဒါကြောင့် ဘေးနားလေးက အိုကေ ဆိုတဲ့ ဆိုင်အပေါ်ထပ်ကို တက်ကြည့်တော့ ဘလာကောက်က ဘီအီး တစ်လုံး ၀ီစကီတစ်ပိုင်းနဲ့ အခမ်းအနားကို လူတစ်ယောက်နှင့် စနှင့်နေပြီ။
ကျွန်တော် ကိုတက်စလာ ကိုလတ ရောက်ပြီးတော့ ဘီယာမှာ သောက်ပေါ့ဗျာ။ ဘီယာ တစ်ဂျား ကုန်ခါနီးမှာ မောင်ပွတ်ရောက်လာပါတယ်။ မောင်ပွတ် ရောက်လာတော့ ဂျားထဲမှာ ကျန်နေတဲ့ အကတ်အသတ်လေးတွေကို မော့ဖို့ ကျိုးစားနေတာကြောင့် စိတ်ထိန်းဖို့ ဒေါသမကြီးဖို့ ဖျောင်းဖြပြီး နောက်တဂျား မှာပေးရပါတယ်။
အဲဒီနောက်မှာ ကင်ပွန်းတပ်ကြပါတယ်။ အဲဒီနောက်မှာတော့ မသင်္ကာစရာ ကောင်းတာက တက်စလာ ဆိုတဲ့လူပဲဗျ။ သူက လူရိုးလိုလို လူကောင်းလိုလိုနဲ့ စကားဝိုင်းထဲမှာ ၀င်မပါပဲ ပြုံးပြုံး ပြုံးပြုံး နဲ့ ကြည့်နေပါတယ်။ ကျွန်တော်အပါဝင် သူများအမြင်မှာတော့ ဒီလူရိုးလှချည်ပေါ့လေ။ နောက်တော့ မပြောမဆိုနဲ့ နောက်ဖေးကို ထသွားပါတယ်။ ပြီးတော့ အိမ်သာထဲဝင်သွားတယ်။ ဒီနေရာမှ အိမ်သာ အကြောင်း ပြောရရင် အဲဒီ ဆိုင်က အိမ်သာက တံခါးနှစ်ထပ်ပါ။ ပထမ တံခါးကို ဖွင့်ပြီး ၀င်သွားရင် အခန်း တစ်ခုထဲကို ရောက်သွားတယ် အဲဒီ အခန်းထဲမှာမှ အိမ်သာ ခန်းနဲ့ ရေချိုးခန်း ကို ထပ်ခွဲပေးထားပါတယ်။
မောင်တက်စလာ ပထတံခါးကို ဖွင့်ဝင်သွားပြီ မကြာခင်မှာ ဆိုင်က ၀န်ထမ်း ကောင်မလေးတစ်ယောက် တံခါးကို ဖွင့်ပြီးထွက်လာတာကို တွေ့ရပါတယ်။ အဲဒီတော့ မှာ မောင်တက်စလာ လူရိုးရဲ့ မရိုးသားတဲ့ လုပ်ရကို မြင်တွေ့ရပါတော့တယ်။ မောင်တက် စလာ ပြန်ထွက်လာပြီး မကြာခင်လေးမှာ ကိုလတက ကျန်ဦးမလား ဆိုပြီး ထပ်သွားကြည့်ပါသေးတယ်။ ဘာမှမကျန်တော့ ဘူးဆိုတော့ မျက်နာကြီး သုံမုန်ထွက် လာပါတယ်။
နောက်ပိုင်းရောက်လာတာ ကတော့ ဘလော့ဂါကြီး မောင်ညီလင်း ဆက်ပဲဖြစ်ပါတော့တယ်။ မောင်ညီလင်းဆက် ရောက်လာပြီးတော့ အသည်းကွဲ ဘလော့ဂ် ကာများအကြောင်းကို အကျယ်တ၀င့် ဆွေးနွေးကြပါတယ်။
ရန်အောင်ကြီး ဘလော့ဂ် လောက ထဲမှာ ဟိုကောင်မလေးကို ကြူ ဒီကောင်မလေးကို ကြူနဲ့ ရုပ်ရုပ် ရှက်ရှက် လုပ်တာတွေကို ဗလော့ဂ်ကာတစ်ယောက်က အထောက် အထားနှင့်တကွ ရှင်းလင်း ပြောကြားခဲ့ပါတယ်။
ဒီနေရာမှာ မောင်ရန် အောင်ရဲ့ မရှိမဲ့ ရှိမဲ့ သိကကာ လေးတွေကို ငဲ့ငြာသော အားဖြင့် ရေးသားခြင်း မရှိတော့ပါဘူး သို့ရာတွင် သိလိုသူများ အီးမေးပို့၍ မေးနိုင်ကြပါတယ်။
မောင်ညီလင်းဆက် ကတော့ သူ့ရဲ့ ပထမအကြိမ် မြောက် အစည်းမှာ ပါလာတဲ့ လေဒီလေးနဲ့ ပတ်သက်ပြီး ရှင်းလင်းပွဲ လုပ်သွားပါတယ်။ ဒါပေမယ့် မောင်ညီလင်းဆက်သည် ကျွန်တော့်ကို ဘလော့ဂ် လုပ်စဉ်က အကူများစွာ ပေးထားသော မျက်နှာကို ထောက်ထား ငှဲ့ ညာ၍ အသေးစိတ်ကို ရေးမပြတော့ပါဘူး။
ကိုလတ ကတော့ မမ နဲ့ မောင်လေး ဇတ်လမ်း လေးကို ထုတ်ဖော် ပြောကြားသွားပါတယ်။ သို့ရာတွင် ကိုလတသည် ကျွန်တော်နှင့် ဘော်ဘော် တွေဖြစ်နေပြီ ဆိုသော အသိလေးဖြင့် သူ့၏ အကြာင်းကို ဒီနေရာမှာ မရေးတော့ပါဘူး။
မောင်ပွတ် အရက်မှုးတော့ ကျွဲခိုးပေါ် ဆိုလို မှုးတိမှုကြောင် နှင့် ပေါက်ကရပြောတာတွေကို တိတ်ရီကော်တာနဲ့ မှတ်တမ်း တင်ထားပါတယ်။ သို့ပေမယ့် သူသည် ဘီယာသေက် ညီအစ်ကို အခြင်းခြင်း သနားငှဲ့ ငြာ၍ ချန်လပ်ထားပါရစေ။
တက်စလာ အဲလူကတော့ သူ့ကိုသူ ဘလော့င်္ဂကာ လောကမှာ ဆော်ကြည်ဘဲရယ်လို့ ကြွေးကြော်ပါတယ်။ သူ့ကို ဘယ်ကောင်မလေး တွေဘယ်လူ ကြူနေကြောင်းကိုလဲ မဟုတ်မမှန် လီ ဆယ်၍ ကြွားလုံးထုတ်ပါတယ်။ ယခုနေရာတွင် သူ၏ ကြွားလုံးများကို ချရေးပါက မောင်တက်စလာ တစ်ယောက် အမျိုးသမီး ရေးရာကို ရောက်ဖို့ရှိပါသည်။ သူသည် ထီးချိုင့်သား ဖြစ်ပြီး ကျွန်တော်နှင့် တစ်နယ်သား ဖြစ်နေသည်ကို ငှဲ့ညှာ သနားသော အားဖြင့် သူ့ကို ခွင့်လွတ်လိုက်ပါသည်။
ဗလာကောက်၊ ဒီဘဲကတော့ သူမဟုတ်တရုပ် လုပ်တာတွေကို ချရေးမယ်ဆိုလို့ ကျွန်တော့်ကို ဒူးထောက်တောင်း ပန်ပါတယ်။ ဒီလူက လူကောင်းမဟုတ်ဘူးဗျ ယေက်ခမ အိမ်မှာနေပြီး ယောက်ခမ မကောင်းကြောင်းကို ပြောတဲ့လူ။ ဒီလူကိုတော့ လုံးဝ မငှဲ့ညှာနိုင်ဘူး ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီညက သူကိုကျွန်တော်ကိုယ်တိုင်ထမ်းပို့ခဲ့ရတာ လုံးဝမကြေနပ်လို့ပဲဗျာ။
ဗလာကောက်ရေး ခင်ဗျား အကြောင်းရေးမယ်ဆိုတော့ မရေးပါနဲ့ ကိုစိုးဇေယျ ကျွန်တော့်မှာ ကိုးတန်းတက်နေတဲ့ ညီမလေးတစ်ယောက် ရှိပါကြောင်း ပြောကြားပြီး စီးရုံးဆင်းပါသေးတယ် သို့သော် ကျွန်တော်လက်မခံပါ။ ဘာဖြစ်လို့လဲ ဆိုတော့ အဲဒီညက မှုးနေတဲ့ ကျွန်တော်တောင် မှုးနေတာတွေ ဘယ်ရောက်သွားမှန်း မသိအောင် သောင်ကျန်းပါတယ်။
သောင်းကျန်ပုံတွေက တော့နည်းမျိုးစုံးနေတာပဲ လမ်းပေါ်မှာ အိပ်ပြီး မထတော့ ဘူးဆိုတာမျိုးတွေပါ ပါသေးတယ်။
တော်သေးတာပေါ့ သူက ပိန်ပိန် သေးသေးလို့ မို့လို့ ထမ်းရပိုးရ လွယ်တာ။ အိမ်ပြန်မလား ဆိုတော့ ယောကခမ ရိုက်မှာ ကြောက်လို့ မပြန်တော့ဘူးတဲ့။ အဲဒါနဲ့ သူ့ရုံးကို ပို့ပေးလိုက်ရပါတယ်။ ရုံးရောက်ပြီဆိုတော့လဲ တက္ကစီ ပေါ်မှာပဲ အိပ်တော့မယ် ဆိုပြီး နိုးမရပါဘူး။ အဲဒါနဲ့ သူ့ကို ထမ်းထုတ်ပြီး သုံးလွာကို လိုက်ပို့ရတယ်။ ဓာတ်လှေကား နဲ့တက်ရတာ မို့တော်သေးတယ်။ ဒီတိုင်းတာ ထမ်းတင်ရရင် မလွယ်ဘူး။
ဓာတ်လှေကားက ထွက်ပြီဆိုတာနဲ့ ဆန်ပြုတ်ရောင်းပါတော့တယ်။ ပြီးတော့ သူ့ရုံးထဲဝင် ကြမ်းပြင်မှာ ခွေပြီး အိပ်ပျော်သွားလေရဲ့ ကျွန်တော်လဲ အဲဒီတော့မှာ ကိုယ့်နေရာကို ပြန်ရတော့တယ်။ ပိုက်ဆံတွေ အချိန်တွေ အကုန်ခံပြီး မှုးထားတာလေးတွေလဲ ဗလာကောက်ရဲ့ လက်ချက်ကြောင့် ဘယ်ရောက်ကုန်တယ် မသိတော့ဘူး။
ဒါကြောင့် အဲလိုတူညီချက်ကို အမှုးစံချိန်ကို ဘလာကောက်မှာ ပြန်ပေးလျှော်ဖို့ တာဝန်ရှိပါတယ်။ ဒီနေရာမှာ ဘလာကောက် အနေနဲ့ လျှော်နိုင်ခြင်း ရှိမရှိ သိလိုပါတယ်။ မလျှော်လို့ ကတော့ လမ်းမပေါ်မှာ ခွေခွေ လေးအိပ်နေတဲ့ ပုံကို ဘလော့ဂ်မှာ တင်ရပါလိမ့်မယ်။

နောက်ဆက်တွဲ ကြားရတဲ့ အတင်းများကတော့

မောင်တက်စလာ နှင့် မောင်ညီလင်းဆက်သည် လစ်မစ် မပြည့်၍ ဒုတိယ အကြော့ သွားသောက်သည်။
နောက်တစ်ရက်တွင် ကိုလတ သည်ခေါင်းကိုက်နေ၍ အိမ်ရာမှ မထနိုင်။ စိုးဇေယျသည် ဗလာကောက်၏ ရမ်းကားမှုကြောင့် လက်တွင် ဒါဏ်ရာနှစ်ချက် ရသွားသည်။
ကိုဗလာကောက်ရေ ဒီတင်ပင် အဆုံးသတ်လိုက်မယ် ကြေနပ်လို့တော့မဟုတ်ဘူး ကိုယ့်အကြောင်းတွေပါ ပေါ်ကုန်မှာစိုးလို့။ ဒါပေမယ့် သိလိုသူများ မေးပို့ မေးမြန်းနိုင်သည်။

Read More...

There was an error in this gadget