Art is My Life: March 2007

Wednesday, March 28, 2007

အော်သံ

ညနေ အလုပ် ဆင်းပြီ ဆိုတာနဲ့ အင်တာနက်ပေါ် တက်ဖြစ် ပါတယ်။ အင်တာနက်ပေါ် ရောက်တာနဲ့ ဖိုရမ်မှာ ဘယ်သူတွေ ၀င်ရေး သွားသေးလဲ။ ငါ့ကို ဘယ်သူတွေ မေးလ်ပို့ထားသလဲ။ ဂျီတော့ခ်မှာ ဘယ်သူတွေ ရှိနေသလဲ။ အစရှိသဖြင့် သိချင် စိတ်ပေါင်း များစွာဖြင့် တစ်ခုပြီး တစ်ခု ဖွင့်ဖြစ်ပါတယ်။ အဲလိုဖွင့်နေတုန်း ဂျီတော့ခ်မှာ ကိုရန်အောင်ကြီးကို တွေ့လိုက် ပါရော။ အိုကေ ဒီလူနဲ့ တော်ကီ ပွားရမယ်ဆိုပြီး ကလစ်ခေါက် လိုက်ပါတယ်။ ကျွန်တော်လုပ်နေတာကို ဘယ်အချိန် ကတည်းက ချောင်းကြည့် နေသလဲ မသိဘူး။ ကလစ် ခေါက်လိုက် တာနဲ့ အော်သံကြီး တစ်ခု ထွက်လာတယ်။ တီတီတဲ့။ အဲဒီအသံကို ကျွန်တော် အမုန်းဆုံးပဲ ယူပီအက်စ်ကအော်တဲ့အသံ။ သြော် လူဖြစ်ရတဲ့ ဒုက္ခ။

မဖြစ်ခြိမ့်ဘူး လုပ်စရာလေးတွေ ရှိသေးတယ်။ မီးဆိုတာက ဘယ်အချိန် ပြန်လာမယ်ဆိုတာ အီးပီစီက လူတွေတောင်မှ အသေချာမသိတာ။ ကျွန်တော်လို ခပ်ညံ့ညံ့ဘလော့ဂ်ကာ တစ်ကောင်က ဘယ်လို ခန့်မှန်း နိုင်မှာလဲ။ ဆိုက်ဘာကဖေးကို ပြေးလေမှ။ ဆိုင်ဘာကဖေး ရောက်တော့ မီစက်သံတွေက ဆူညံလို့။ လားလား အပြိုင်အဆိုင်ချက်နေကြတာတွေ အင်တိုက်အားတိုက်ပဲ။ ကျွန်တော် ပြုံးလိုက်မိပါသေးတယ်။ လွန်ခဲ့တဲ့ နှစ်နှစ်လောက်က ငါတို့လဲ ဒီလိုပါပဲ :P။

ဆိုင်ကလူက ကွန်ပျူတာ လာဖွင့်ပေးတယ်။ မီးပျက် နေလို့ တစ်နာရီ ခြောက်ရာတဲ့ ပြောသွား လိုက်သေးတယ်။ မြန်မာပြည်မှာ သိတော်မူကြတဲ့ အတိုင်း အင်တာနက် ကွန်နက်ရှင်ကတော့ စပါယ်ရှယ်ပဲ။ ဂူဂဲလ်မေးလ် စာမျက်နှာကို ခေါ်နေတာနဲ့တင် ၁၅ မိနစ်ကြာ သွားပြီ။ လုံးဝကို မသုံးရသေးဘူးနော်။ ကျွန်တော့်ရဲ့ ၁၅ မိနစ်စာကတော့ အလားကားကုန် သွားပြီ။ အဲဒီ အချိန်မှာ မီးက ပြန်လာ ပါတယ်။ တော်ပြီ ပြန်တော့မယ်ပေါ့။ ကုန်သွားတဲ့ ၁၅ မိနှစ်စာက ဘယ်လောက်တန် လဲလို့သိချင်တာနဲ့ ကဖေးဇီးဆော့ဖ်ဝဲလေးကို မေးကြည့်လိုက်ပါတယ်။ ၃၀၀ ကျပ်တဲ့။ ဟိုက်ရှားပါး အခုမှသတိရတယ် ပိုက်ဆံ ပါလာဘူးဗျ။ သွားပါပြီ။

ကောင်တာမှာထိုင်နေတဲ့ ကောင်မလေးကို လှမ်းရှိုးလိုက်တော့ ချောချောလေး။ ငါကတော့ သောက်ရှက် ကွဲတော့မှာပဲ။ အရှက်ကတော့ အကွဲမခံဘူးဗျို့။ ဂျီတော့ခ်ပွင့်လာအောင်စောင့်ပြီး အွန်လိုင်းကသူငယ်ချင်း တွေကို အကူညီ လှမ်းတောင်းတော့မယ်။ အရေးထဲမှာ ဂျီတော့ခ်က ဖွင့်မရဘူး။ ကဖေးဇီးကို ကြည့်လိုက်တော့ ၄၅၀။ အကျိုးကတော့ နည်းတော့မှာပဲ။ ဟုတ်ပြီ။ ဒိန်းဆို ကျွန်တော့ခေါင်းထဲကို အကြံဝင်လာတယ်။ ကျွန်တော် အမ်အိုင်အာစီ ထဲ ၀င်လိုက်တယ်။ ပြီးတော့ ချက်ထဲက လူတွေကို လိုက်နှုတ်ဆက်တယ်။ တဟိုင်းဟိုင်း နဲ့ပေါ့ဗျာ။ စကားလေး နဲနဲပါးပါး အင်ထရိုဝင်ပြီး ကျွန်တော့အခက်ခဲကို ပြောပြတယ်။ သူတို့က ယုံကြည်ပုံမရဘူး။ မဟုတ်ပါဘူးကွာ။ မင်းတို့ကိုယ်တိုင် ငါ့ဆီကို လာစရာမလိုပါဘူးကွာ။ ငါပေးတဲ့ ဖုန်းနံပါတ် ကိုသာ ဆက်ပြီး ငါမှာတာလေး ပြောပေးဆိုတော့ ဆိုင်ဘာကဖေးမှာ ဖုန်းရှိတာပဲတဲ့။ သြော် ပြောရ လက်ပေါက်ကပ်တဲ့ လူတွေပဲ။ ကဖေးဇီးကိုကြည့်လိုက်တော့ ငါးရာတဲ့။ အဲ ဒီတိုင်းနေလို့ ကတော့ မဖြစ်တော့ဘူး။ တခုခုတော့ကြံမှပဲ။ ထွက်စမ်းဟဲ့ ဥာဏ်နီဥာဏ်နက်။

ကဖေးကဖုန်းနဲ့ သူငယ်ချင်း တစ်ယောက်ယောက်ကို ဖုန်းဆက်ခေါ်ရင်ကော။ အင်း....... ဖုန်းဆက်ခေါ်လို့မတွေ့ရင် တစ်ပူပေါ် နှစ်ပူဆင့် ဖုန်းဖိုးပါ အကြွေး ထပ်တင်မှဖြင့် မလွယ်သေးပါဘူး။ တခြားနည်းကော လုံးဝမရှိပါ။
ကျွန်တော် ဆိုင်းအောက် လုပ်လိုက်တာ့ ကျသင့်ငွေက ငါးရာ့ငါးဆယ်ကျပ်။ ကျွန်တော့်ခြေထောက်တွေက ကောင်တာဆီသို့...........
ကောင်တာက ခပ်ချောချောနဲ့ကောင်မလေးကိုကြည့်ပြီး ကျွန်တော် လေပူတစ်ချက်မှုတ်ထုတ်လိုက်တယ်။
ဖုန်းတစ်ကောလောက်ခေါ်လို့ရမလား..............
ရပါတယ်ရှင့်။
ကောာင်မလေးက ချိုချိုသာသာ ပြန်ပြောသည်။ အင်း ဒီလိုချိုသာပုံအရဆိုရင် ပိုက်ဆံ မပါဘူးလို့ပြောရင်လဲ အရှက် နည်းနည်း ကွဲရုံ ကလွဲလို့ အကြည်တော်ဝထ္တုထဲက ဘတ်စ်ကားစပါယ်ရာတွေလို ပိုက်ဆံမပါတာ လူသိရှင်ကြာဖြစ်အောင် အော် မပြော လောက်ပါဘူး။ အဲလိုအဲလို ကိုယ့်ကိုကို အားပေးရင်း...........
ဟလို မျိုးကြီး ရှိပါလား
ရုံးကပြန်မလာသေးဘူး။ ဘာပြောမှာ ထားမလဲသား။
ရတယ် အန်တီ ကျွန်တော် ဆက်တယ်ပဲ ပြောလိုက်ပါ။
သြော်သားလား အန်တီတို့ အိမ်ကို မလာတာကြာပြီပဲ။ နေကောင်းလားသား။
ဟုတ်ကဲ့
အန်တီတောင် မျိုးကြီးကို ပြောပြောနေတာ သားကို အိမ်အလည် ခေါ်လာပါဦးလို့။ ဟိုတခါ သားဆေးရုံတက်တုန်းက အန်တီလေ ကိုယ်တိုင်လာမလို့ပဲ။
အဲပိုက်ဆံမရှိပါဘူးဆိုကမှ လေကြောကရှည်ရော့မယ်
ဟုတ်.......
ဒါပေမယ့် သားရယ် သိတဲ့အတိုင်းပဲ ။ မျိုးကြီးဖေဖေကလဲ သင်္ဘော ပြန်တက်မှာ ဆိုတော့ အလုပ်တွေ ရှုပ်နေတာနဲ့
အန်တီ မရောက်ဖြစ်ဘူး သားရယ်။ လာမလို့ မေးလိုက်တော့ သားဆင်းသွားပြီတဲ့။ အားနာလိုက်တာ သားရယ်။
ရပါတယ် အန်တီရ။
အခုကော ဘယ်လိုလဲ ကျမ္မာရေးကိုဂရုစိုက်။ အေးကွယ် သားတို့က ရန်ကုန်မှာ တစ်ယောက်တည်းနေရတာဆိုတော့ အရေးအကြောင်းရှိရင် အန်တီတို့ကိုပြောပါ။ ဘာမှ အားမနာနဲ့နော်။
ဟုတ်ကဲ့ အန်တီ။
သြော် ပိုက်ဆံမပါဘူးဆိုကာမှ ဒုက္ခတွေ စပါယ်ရှယ် ဝေနေ ပါရောလားဟ။ မဖြစ်ချိမ့်ဘူး အန်တီရေ။ အန်တီ့စေတနာကို စော်ကား တာတော့ မဟုတ်ဘူး ပေါ့ဗျာ။ ပိုက်ဆံ မရှိတော့လဲ ဖုန်းခွက်ကို ချလိုက်ရတယ်။
ပြီးဆုံးသွားပြီ။ ကျန်တဲ့ သူငယ်ချင်း ဖုန်းတွေ ကျွန်တော် အလွတ်မရ။ မထူးတော့ ပါဘူးဗျာ။ အဲဒီနေရာမှာ မာနတွေကို ခ၀ါချပြီး အရှက်တွေကို မျိုဆို့လို့ ကြယ်ကြွေမဲ့ အပြုံးတွေနဲ့ ကျွန်တော်သည် ဟိုဘက်တိုက်မှာ နေပါကြောင်း ပိုက်ဆံပါ မလာပါကြောင်း ..... ........ ...........

ဝီး ...... မောလိုက်တာ
စကားမစပ် ကျွန်တော်နေတဲ့ နေရာက နတ်ပြည်ထက် မြင့်တယ်။ နတ်ပြည်က ခြောက်ထပ်ရှိတာ ကျွန်တော်နေတာက ခုနှစ်ထပ်မှာ :D ။ အဲလို နတ်ပြည်ထက်မြင့်တဲ့ လှေကား ၉၉ ထစ်ကို တက်ပြီး ကျွန်တော့ ကွန်ပျူတာရှေ့ကို ရောက်ပါတယ်။ အဖြစ်အပျက် အစုံအလင် မသိရှာလေသော ကွန်ပျူတာလေးက လေးတိလေးကန်နဲ့ ကျွန်တော့ကို နှုတ်ဆက်တယ်။ အင်း စောစောကဖြစ်ခဲ့တာ အိပ်မက်လေလား . . . ။ ပြန်စဉ်းစားနေတုန်း ကျွန်တော်ခေါ်ထားတဲ့ ဂျီးမေးလ် စာမျက်နှာလေး တက်လာပါပြီ။ ယူဇာနေရာမှာ နာမည်ရိုက် ပတ်စ်စ၀ပ်နေရာကို ကာဆာချလိုက်တော့ အော်သံရှည်ကြီး ကြားလိုက်ရပါတော့တယ်။ တီ................ တဲ့

Read More...

ဘလော့လာ မိတ်ဆွေအပေါင်းတို့ ခင်ဗျား

ဘလော့လာ မိတ်ဆွေအပေါင်းတို့ ခင်ဗျား
ကျွန်တော် နောက်ပိုင်းမှာ ဘလော့ကို အရင်လို နေ့စဉ်ပုံမှန် ရေးဖြစ်တော့မှာ မဟုတ်ပါဘူး။ ဘာဖြစ်လို့ လဲဆိုတော့ မြန်မာဘလော့စာ အုပ်အတွက် အချိန်နည်းနည်းပေးနေရလို့ပါ။ ဒါကြောင့် ကျွန်တော့ ကိုယ်ပိုင်ဘလော့ကို သုံးရက်မှ တစ်ကြိမ်လောက်တာ ပို့အသစ်တင်ဖြစ် တော့မှာဖြစ်ပါတယ်။
မြန်မာ ဘလော့ကာတွေရဲ့ စုစည်းညီညွှတ် မှုကြောင့် ကျွန်တော်တို့ လော်စာအုပ်လေးဟာ အခုဆိုရင် တော်တော်လေးကို ခရီးရောက်နေပါပြီ။ ဘုရင်နောင်ဖောင်ဖျက် ဆိုသလိုပဲ အခုဆိုရင် ပြည်တွင်း ဂျာနယ်တွေမှာ ဒီဘလော့စာအုပ် သြဂုတ်လ အတွင်းမှာ ထွက်ပါမယ် ဆိုတဲ့ အကြောင်းကိုလည်း ထဲ့သွင်း ကြေငြာလိုက်ပါပြီ။ ဒါကြောင့် ကျွန်တော်တို့မှာ ဒီစာအုပ်ကို ဘယ်လိုအခက်ခဲတွေ ရှိနေရှိနေ ကျော်ဖြတ်ဖို့ရာ တာဝန်ရှိလာပါပြီ။
>>>>>မကြာခင်မှာလဲ ဘလော့စာအုပ်နဲ့ ပတ်သက်ပြီး ရောက်နေတဲ့ခရီး၊ ထုတ်ပြန်ချက်တွေကို သတင်းတစ်ရပ် အနေနဲ့ ဘလော့တစ်ခု သီးခြား တင်သွားဖို့ရှိပါတယ်။
>>>>>စာအုပ်ကို သုသနဲ့ ရသ အတွက် အဓိကဦးတည်ပြီး ထုတ်ပါမယ်။ နည်းပညာပိုင်း ဆိုင်ရာများကတော့ ကွန်ပျူတာနှင့် အလှမ်းကွာဝေးနေ သေးတဲ့ လူအများစုအတွက် အသုံးတည့်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် ဘလော့ဆိုတာ ဘာလဲ ယူနီကုဒ်ဆိုတာ ဘာလဲဆိုတာမျိုး တွေကိုတော့ သုတအနေနဲ့ ထည့်သွင်းသွားဖို့သင့်တော်ပါတယ်။ ဘလော်ကာများ ဆန္ဒရှိပါက နည်းပညာ ပိုင်းအတွက် သီသန့် စာအုပ်ကို ထပ်မံ ထုတ်ဝေပါမယ်။
>>>>>လောလော ဆယ်တော စာအုပ်လေးကို နာမည်ပေးပွဲ စနေပါပြီ မိတ်ဆွေလဲ www.myanmarbloggers.forum5.com လော်ဘီ အောက်မှာ နာမည်လာရွေးပေးပါဦးလို့ ဖိတ်ခေါ်ချင်ပါတယ်။
>>>>>စာအုပ်မှာ အခုထိလိုအပ်နေတဲ့ စာမူကတော့ မြန်မာတွေ လက်လှမ်းမှီတဲ့ နိုင်ငံတကာက တက္ကသိုလ်တွေ ဖြစ်ပါတယ်။ ဒီစာမူကတော့ စုပေါင်းရေးရမှာပါ ဥမာ စလုံးမှာ နေတဲ့ လူက သူကျွမ်းကျင်တဲ့ စလုံးကျောင်းကိုရေးမယ် အဲလိုပဲ သြစတျေးလျှ ယူကေ ကနေဒါ ယူအက် အစရှိ သဖြင့် ရေးပေးကြဖို့ တိုက်တွန်း မေတ္တာရပ်ခံချင်ပါတယ်။
>>>>>ရံပုံငွေကိုတော့ အရင်လို သုံးသောင်းဆိုတာမျိုး သတ်မှတ်ချက် မရှိတော့ပါဘူး။ သဒ္ဒါသလောက်ထည့်ကြပါ လုံးဝမထည့်ရင်လည်းရပါတယ်။ ပိုထည့်ရင်လဲ စိတ်ဆိုးလိမ့်မည် မဟုတ်ပါ။ လိုအပ်တဲ့ ငွေကိုတော့ အမာခံ ဘလော်ကာများက ၀ိုင်းဝန်း စိုက်ထုတ် ပံ့ပိုးပေးသွားကြမှာပါ။
>>>>>ကျွန်တော်တို့ လောလောဆယ် စီစဉ်ထားတာကတော့ မြန်မာဘလော်ကာ အားလုံးရဲ့ ပို့တွေကို စာအုပ်မှာ ထည့်ဖို့ပါ။ ဒါပေမယ့် တစ်ခုရှိတာက ဘလော့အားလုံးပါအောင် လုပ်ရင် စာအုပ်က ထူသွားပါမယ်။ စာအုပ် ထူတာနဲ့အမျှ ပြန်ရောင်းတဲ့ ဈေးနှုန်းကလဲ ကြီးမြင့်သွားပါလိမ့်မယ်။ အဲဒါကို ကာမိအောင် တစ်ခုလုပ်လို့ရ နိုင်တာ ကြော်ငြာ ကောက်ခံခြင်းပါ။ အဲလို ကြော်ငြာ ကောက်ခံပြီးလုပ်ရင် စာအုပ်ထုတ်လုပ် မှုစရိတ်ကို ကာမိသွားပြီး စာအုပ်ကို ဈေးနှုန်းသက်သာစွာရောင်း ချနိုင်ပါတယ်။ သို့သော် ဒုတိယ ပုံနှိပ်ခြင်း ကဲ့သို့သော ကိစ္စများ ပေါ်လာရင် ပြသနာ ရှိလာနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကြော်ငြာရှင်က ဒုတိယအကြိမ် ပုံနှိပ်ခြင်းအတွက် ပိုက်ဆံ ထပ်မံပေးနိုင်ခြင်းရှိ မရှိဆိုတာ ကျွန်တော်တို့ မသိနိုင်ပါဘူး။ ဒါကြောင့် ဒီကိစ္စကိုတော့ သေချာစဉ်းစား ရပါမယ်။
>>>>>စာမူဖောင်ပိတ်ရက်ကို မေလ ၁ ရက်နေ့လို့ အကြမ်းဖျင်းသတ်မှတ်လိုက်ပါပြီ။ ဘာဖြစ်လို့လဲ ဆိုတော့ ဘလော့ဒေးက သြဂုတ် ၃၁ ။ စာထွက်ဖို့ သင့်တော်တာက သြဂုတ်လ ပထမပတ်။ သြဂုတ်လ ပထပတ်မှာ စာအုပ်ထွက်နိုင်အောာင် မေလ ပထမပတ်မှာ စာပေစိစစ်ရေးတင်ရပါမယ်။ စာပေ စိစစ်ရေးက စောစောကျမှာ ကျွန်တော်တို့ စာအုပ်ကို အချော အတွင်း လေးအောက် ဒီဇိုင်းထိုင်ရာမှာ အမှားအယွင်းနည်းစွားနဲ့ အရည်သွေးကောင်းကောင်း ဖြစ်အောင်လုပ်နိုင်မှာ ဖြစ်ပါတယ်။
>>>>>စာအုပ်ဆိုဒ် ဘယ်လောက် စာမျက်နှာဘယ်လောက် ဆိုတာ အတိအကျ ပြောလို့ မရသေးပါဘူး။ ဘာဖြစ်လို့လဲ ဆိုတော့ စာအုပ်မှာ စာမူတွေ ဘယ်လောက်ပါ မလဲဆိုတာ အခုထိ မသိသေးလို့ပါ။ စာမူတွေ စုံစုံလင်လင်ရရင် ထပ်မံကြေငြာ သွားပါမယ်။
>>>>>ဘယ်နေရာမှာ လှုမယ်ဆိုတာကိုတော့ စာအုပ်ထွက်ပြီးမှ ဘယ်နေရာတွေမှာ မိဘမဲ့ကလေး ကျောင်းတွေရှိတယ်။ ဘာတွေ လိုအပ်တယ်ဆိုတာကို ကျွန်တော် စာရင်းလုပ်ပေးပါမယ်။ အဲဒီတော့ မှာဘယ်မှ လှုသင့်တယ်ဆိုတာ ဆုံးဖြတ်ကြတာပေါ့။
>>>>>စာအုပ်ဖြစ် မြောက်ရေးအတွက် ကိုစွမ်း ဥာဏ် စွမ်းရှိသရွေ့ ကြိုစား ဆောင်ရွက်ပေးနေတဲ့ ဘလော်ကာများနှင့် ကိုဇင်ကိုလတ်၊ ကိုရန်အောင်၊ ကိုကျော်ဇေယျ နဲ့ ကိုဝေယံလင်း တို့ကို အထူပင်ကျေးဇူး တင်ရှိပါကြောင်း ဖော်ပြလိုပါတယ်။
>>>>>မိတ်ဆွေရဲ့ မတူညီတဲ့ အမြင်များနှင့် အကြံပြုချကို စောင့်ကြိုနေပါတယ်

Read More...

Monday, March 26, 2007

ဆုံဆည်းခွင့်


ကောာင်မလေးရေ ဆယ်နှစ်ကျော်ကျော် နေ့စဉ် မပျက် မှန်ကြည့်ဖြစ်ခဲ့ ပေမဲ့ ငါ့နဖူး ဆံစပ်က အမာရွှတ်ကလေးကို အမှတ်တမဲ့ပဲ။ ဒီနေ့တော့ အဲဒီအမှာ ရွှတ်လေးရ လာတာကို စဉ်းစားရင်း နင်ကို ပြန်ပြီး တသိရသွားတယ်။ ပြီးခဲ့တဲ့ အနှစ်နှစ်ဆယ် နီးပါးလောက်က ပေါ့။ အတွေးတွေ လည်းဟိုးအဝေးဆီ …. … ….

ဟိုးအဝေဆီကို လှမ်းမျှော်ကြည့်လိုက်ရင် တောင်တန်းတွေကို မြူတွေက အုပ်ဆိုင်းထားတုန်း နေရောင်ကို ကောင်းကောင်း မမြင်ရသေးဘူး။ ဆောင်းကုန်ခါနီးရဲ့ နံနက်ခင်းလေး တစ်ခုပေါ့ကွာ။ အိပ်ရာက နိုးတယ်ဆိုတာနဲ့ ငါနင်တို့ အိမ်ကို ဦးတည် လာခဲ့တယ်။ အဲဒီတုန်းက အခုလိုငါ အိပ်ရေး မပုတ်သေးပါဘူး။

အဲဒီတုန်းက ငါ့အသက်က၊ စကားပြောတတ်ပြီ။ လမ်းလျှောက်တတ်ပြီ။ ကျောင်းတော့ မနေသေးဘူး လို့ထင်တယ်။ ဘယ်နှစ်သား အရွယ်ဆိုတာတော့ ငါအတိအကျ မမှတ်မိတော့ဘူး။ နင်နဲ့ ငါနဲ့က သက်တူ ရွယ်တူ နင်တို့အိမ်နဲ့ ငါတို့အိပ်က မျက်စောင်းထိုးမှာ။ နင်မှတ်မိသေးလားတော့ မသိဘူး နင်နာမည် အိဖြူကို ငါ့အစ်မက အီးဖြူလို့ ခေါ်ရင် နင်ခေါင်းလေး ငုံ့ပြီး စပ်ဖြီးဖြီးလေးနဲ့ လုပ်ပြနေတဲ့ နင့်ကို ငါမျက်စိ ထဲမှာ ခုချိန်ထိ မြင်ယောင် နေတုန်း။ နင်ငါတို့ အိမ်ကို မနက် အစောကြီးရောက်လာရင် ငါ့အဖေက ဟာချွေးမကြီး လာပြီလို့ နင်ကိုကို စစ နေတတ်တယ်လေ။ အဲဒီတုန်းက ချွေးမဆိုတာ ဘာကိုပြောတာ လဲလို့ ငါ့အဖေကို ငါမေးခဲ့ မိသေးတယ်ဟ။

လူကြီးတွေ အ၀တ်လျှော်သွာတဲ့ နောက်လိုက်ရင်း နင်နဲ့ငါ ချောင်းကမ်းစပ် ကသဲပြင်လေးမှာ ရေတွင်း လေးတွေတူး ခြေထောက်ကို သဲထဲမြုတ် အပေါ်က လက်လေးနဲ့ ရိုက်ပြီး သဲအိပ်လေးတွေ ဆောက်နဲ့ ဆော့နေတုန်း ငါတို့ ဆောက်ထားတဲ့ သဲအိမ်လေးတွေကို နွားနင်းသွားလို့ နင်ငိုခဲ့သေးတယ်လေ။

နောက်တခါ ငိုတာက ငါ့အလည့်ပေါ့။ ငါတို့ အိမ်မှာ စိုက်ထားတဲ့ ၀က်မလွတ် ငှက်ပျောပင် ကပျောသီးကို နင်စားချင်တယ် ဆိုလို့ ကြက်သွန် လှီးတဲ့ ဓါးလေးနဲ့ ငါတို့ နှစ်ယောက် တစ်ယောက် တစ်လည့် စီခုတ်ခဲ့ ကြတာလေ။ ၀က်မလွတ် ငှက်ပျောခိုင်လေးက ငါတို့ အရပ်နဲ့ အနေတော်လေးနော် ။ လက်တွေ ညှောင်းလှပြီ ငှက်ပျောခိုင်က တော်တော်နဲ့ မပြတ်ဘူး။ ငှက်ပျောခိုင် သေးသေးလေးကို နင်နဲ့ ငါနှစ်ယောက်သား မနိုင်မနင်းနဲ့ မနေတုန်း ချောင်းထဲက အ၀တ်လျှော် ပြန်လာတဲ့ အမေက တွေ့သွားလို့ အရိုက် ခံလိုက် ရတယ်လေ။ ငါလည်း စပါးတိုက် ကိုပတ်ပြေး ပါသေးတယ်။ အခုလောက် အပြေးမသန်တော့ ရိုက်ခံလိုက်ရတာပေါ့။

နင်မသိလိုက်တာ တစ်ခုက နင်နဲ့စိတ်ဆိုးသွားရင် ငါမနေတတ်ဘူးဟ။ တစ်ခါက ဆိုရင် နင်စိတ်ဆိုးသွားလို့ အဲဒီညကတော်တော်နဲ့ မအိပ်ဘူး။ အိပ်ယာထဲမှာ ဟိုလိမ့်ဒီလိမ့် နဲ့ လူးနေတဲ့ ငါ့ကို ဘာဖြစ်လို့ မအိပ်တာလဲလို့ အဖွားက ယပ်ခပ်ပေးရင်း မေးတယ်။ ညနေက နင်ဘောင်းဘီထဲမှာ ရှုးပေါက်ချလို့ ငါကတုတ်နဲ့ နင့်ကိုရိုက်လိုက်မိတော့ နင့်ကငါ့ကို မပေါင်(ခေါ်)တော့ဘူး လို့ပြောသွားလို့ပါလို့ အဖွားကို ငါပြန်ပြောပြတယ်။ ဒီတော့ အဖွားက မဟုတ်ပါဘူး သားသားကို သူက ပေါင်(ခေါ်)မှာ ပါတဲ့ ဖွားဖွားကို လာပြောသွားတယ် လို့ပြော မှ ငါစိတ်ချ လက်ချ အိပ်ပျော်သွားတယ်။ ငါ့အဖွား အခုချိန်ထိ မသေ သေးပါဘူး နင်ကြုံရင် မေးကြည့်ပါ။ အခုချိန် ထိလဲ ငါ့ကို အဲဒီကိစ္စနဲ့ ပတ်သက်ပြီး စတုန်း။ ငါကို သုံးတန်းလေးတန်း တုန်းက အဲဒီအကြောင်းကို ပြောပြီးစရင် ငါအော် ငိုလိုက်တယ် ရှက်လို့ ။

နင်နဲ့ငါ ငယ်ငယ်လေးကတည်းက အခုချိန်ထိ အဲလိုသာ နေခွင့်ရဦးမယ်ဆိုရင် ငါတို့ တွေချစ်သူ ဖြစ်ခဲ့ကြမလား။ အရွယ်ရောက်တဲ့ အချိန်ထိ အတူ မနေခဲ့ရရင်တောင် စာရေးတတ် တဲ့အချိန်ရောက်မှ ကွဲကွာခဲ့ရင်နင်နဲ့ ငါစာချင်းဆက်သွယ် ဖြစ်ခဲ့ကြမှာပဲ။ နင်နဲ့ ငါခွဲခွာရတဲ့နေ့ ငါဒီနေ့ အထိမမေ့ပါဘူး ….. ….. …..

ရထားသံကြားရင် နင်နဲ့ ငါ အိမ်ထဲကနေ ပြေးထွက်ပြီး ရထားကြီးကို တာ့တာ တာ့တာ ဆိုပြီး လက်ပြခဲ့ကြတယ်လေ။ တချိန်က ပျှော်ရွှင်စွာ လက်ပြနုတ်ဆက် ခဲ့တဲ့ရထား ကြီးဘေးမှာ ငါ့တို့ နှစ်ယောက် မျက်ရည်တွေနဲ့ နုတ်ဆက်ခဲ့ ကြတယ်။ ငါအတင်း လိုက်ချင်တယ် ပြောလွန်းလို့ အမေတောင် မျက်ရည်တွေ ကျတယ်။ နင်မမေ့ သေးဘူး ဆိုရင် ဘူတာရုံထဲမှာ အော်ငိုနေတဲ့ ငါ့ရဲ့ ပြောင်နေတဲ့ ခေါင်းထိပ်က ပလာစတာ ကပ်လေးကို မှတ်မှိဦးမှာပါ။

ငါ့အမရဲ့ ချာလီထီးရိုးထဲက ပလပ်စတစ် အမြုတ်လုံးလေးတွေကို ဘော့လုံးလို့ ထင်တဲ့နင်က လိုချင်တယ်လို့ ပြောတယ်လေ။ ချာလီထီကို သနပ်ခါး ကျောက်ပြင်ပေါမှာ တင်ပြီး သနပ်ခါတုန်းနဲ့ ငါထုကွဲ လိုက်တယ်။ အသံကြားတော့ ငါ့အစ်မရောက်လာပြီး ငါ့ခေါင်းကို သနပ်ခါးတုန်းနဲ့ တေလိုက် တော့တာပေါ့။ ငါခေါင်းက စီးကျလာတဲ့ သွေးတွေ ကိုကြည့်ပြီး နင်ပါငါနဲ့ ရောငိုခဲ့တယ်။ သွေးတွေကို ကြောက်လို့ ငိုတာလား ငါ့ကို သနားလို့ ငိုတာ လားဆိုတာတော့ ငါလဲမပြောတတ်ဘူး။ သိပ်မကြာလိုက်ဘူး နင်တို့ မော်လမြိုင်ကို ပြောင်းသွားကြတယ်။ နင်ထွက်သွားတဲ့ နေ့က မေကငါ့ကို ပြောတယ် ပြန်လာမှာပါတဲ့။

နင်မရှိတဲ့ နောက်တစ်ရက် မနက်ဟာ ငါ့အတွက် ယောင်ချာချာကြီးပဲ။ နင်ပြန်လာမှာပါ လို့ အမေက ပြောထားတော့ နင်တို့ အိမ်ကို မိုးလင်းရင် လှမ်းလှမ်း ကြည့်မိတယ်။ ငါကတော့ ပြန်လာနိုး ပြန်လာနိုးနဲ့ စောင့်မျှော်နေခဲ့ ပေမယ့်နင် ဘယ်တော့မှ ပြန်မလာတော့ပါဘူး။

အချိန်နဲနဲ ကြာလာတော့ အလုံးပဲ မေ့မေ့ပျောက်ပျောက်နေ လိုက်ကြတယ်။ ငယ်ငယ်ကတော့ ၀ိုင်းစကြတာကိုရှက်လို့ နင့်မိဘတွေ အကြောင်းကို မေးချင်ပေမယ့် ငါမမေးဖြစ်ခဲ့ဘူး။ ငါနင့်ကို မေ့သွားပြီ လို့ထင်ထားပေမယ့် ဒီအမှာရွတ်လေး ဘာကြောင့်ရတာ ဘာလိမ့် လို့စဉ်းစာမိကာမှ နင့်အကြောင်းကို ပြန်သတိရလာတယ်။ ၀တ္ထုဇတ်လမ်း တွေထဲကလို နင်ငါ့တို့ နယ်ကို တစ်ခါပြန်လာပြီး ငါ့ကိုရှာ ဦးမလားလို့ တွေးလိုက် မိပါသေးတယ်။ နင်လဲ ငါ့တို့ နေခဲ့တဲ့ တောမြို့လေးကို ပြန်လာမရှာသလို ငါကိုတိုင်လဲ နင့်ကို မရှာဖြစ်သေးဘူး။ ဒါပေမယ့် တစ်နေ့မှာ ငါနင့်ကို တွေ့အောင် ရှာသွားမှာပါ။

နင်ရှိတဲ့ နေရာကို စုံစမ်းပြီး လာရှာမဲ့ ငါကို နင်ကိုတိုင်ရော မျှော်နေလေမလား . . . . . .

Read More...

Tuesday, March 20, 2007

သေဒဏ်

စောင့်နေခဲ့တာလဲ ကြာပြီ
နာခံရန်လဲ အဆင့်သင့်ပါ

တရားသူကြီးရယ်
ကျွန်တော့ကို စီရင်ချက်ချလိုက်ပါတော့
ဖြစ်နိုင်ရင် အမြန်ဆုံးပေါ့

ရက်ချိန်းလား
တောင်းပန်ပါရစေ ထပ်ရွှေ့ပါနဲ့

သေဆိုရင်
အခုပဲသေလိုက်ပါမယ်
စောင့်စားနေရတဲ့ နှလုံးသားတွေ
အညှောင်းမိနေကြပြီ

တရားသူကြီး စီရင်ချက်ချလိုက်သည်

သိပ်မကြာလိုက်ပါဘူး
အာဏာပကွက်သားတွေ ကျွန်တော့ကိုဆွဲခေါ်သွားတယ်

သံယောဇဉ် တွေကိုကွင်းလုပ်ပြီး
ကျွန်တော့ နှလုံးသားကို ကြိုးပေးသတ်လိုက်ကြတယ်

အဲဒီနေ့က မတ်လ ၂၀ ရက် ၁ နာရီနဲ့ ၃၅ မိနစ် ၂၀၀၇ နှစ်အတွင်းမှာပေါ့




Read More...

မူးချင်လို့

ငါ အရက်မသောက် တာကြာပြီ

ဘုရား မကြိုက်လို့လဲမဟုတ်ဘူး

အမေမကြိုက်လို့ လဲမဟုတ်ဘူး

ငါ ကိုယ်တိုင်မကြိုက်လို့

ဒီနေ့တော့ ငါ သောက်လိုက်တယ်

ဘာဖြစ်လို့လဲ လို့မေးရင်

မူးချင်လို့ ။


မူးခြင်းသည် ထွေ၏

ထွေသည့်အခါတွင် ဘာကိုမျှမသဲကွဲတော့

အဲဒီလိုပဲ ငါ့ရဲ့ ပစ္စုပ္ပံ ကာလကို

သဲသဲကွဲကွဲ မသိချင်တော့လို့

အတွေးတွေကို အရက်နဲ့ ဖျော်လိုက်တယ် ….

လုံးဝရေမရောဘူး။




Plz ………………. လူဦးနောက်ကို ကွန်ပျူတာ မှတ်ဥာဏ်တွေလို မလိုတဲ့ အပိုင်းလေးတင် ကွက်ပြီး ဖျက်လို့ ရတဲ့ ဆော့ဝဲ ရှိရင် လမ်းညွှန်ပေးပါ။ ကျွန်တော် ဖျက်ပါရစေ

Read More...

Monday, March 19, 2007

ရုံးချိန်းတဲ့နေ့


မနက်ဖြန်ဟာ
ငါ့အတွက်တော့ ရုံးမိန့်ချမဲ့နေ့ပါ

ငါကံကောင်းမလား ကံဆိုးမှာလား
ငါကိုယ်တိုင် မသိပါဘူး

အခုလိုအချိန်မျိုးမှာ
မနက်ဖြန်ကို စောင့်နေသူငါ့အတွက်
ရင်တွေခုန်လျက်ပေါ့

မနက်ဖြန်ရယ် အမြန်လာပါ
ရက်စွဲတွေကို ခုန်ကျော်လို့ရအောင်
ငါ့အဖြစ်က သိပ္ပံဇတ်ကာား မဟုတ်ပြန်ဘူး

ငါ့မှာ ရှေ့နေတွေ မရှိဘူး
သက်သေတွေ မရှိဘူး
အဲဒီအမှုကို ငါနိုင်ဖို့ လဲမလိုဘူးလေ

ဘာဖြစ်လို့လဲဆိုတော့
ငါဟာ
အပြစ်ရှိတဲ့ တရားခံတစ်ယောက်ပါ

တရားသူကြီးရေ ကျွန်တော်ဖြေင့်ချက်ပေးမယ်
တကယ်တော့ကျွန်တော်
ဥပဒေပုဒ်မ ၁၅၀၀ ကိုကျူးလွန်ခဲ့မိပါတယ်
တစ်သက်တစ်ကျွန်း သာချလိုက်ပါ
နှလုံးသား ထောင်ထဲမှာ ထာဝရ အိပ်စက်ပါရစေ

Read More...

Sunday, March 18, 2007

ငိုမလား ရယ်မလား

တစ်ခါတုန်းက အညှာက လူတွေ အုပ်စုလိုက် ရန်ကုန်ကို ဘုရားဘူးလာ ကြတယ်။ အဲလို ဘုရား ဖူးလာကြတာ ဆူးလေ ဘုရားကိုရောက်ခဲ့တယ်။ သူတို့ အုပ်စု ဆူးလေ ဘုရားမှာ ဘုရား ဖူးပြီးတော့ အဖွားကြီး တစ်ယောက်က ဘုရာဖူး အုပ်စုနဲ့ ကွဲသွားတယ်။ အဖွားကြီးလဲ မသွားတတ် မလာတတ်နဲ့ လျှောက်သွား လိုက်တာ နောက်ဆုံးတော့ ရန်ကုန် ဘူတာကြီး ကိုရောက်သွားတယ်။
ရန်ကုန် ဘူတာကြီး ထဲမှာ အဖွားကြီးက ယောာင်နန နဲ့ဖြစ်နေတာပေါ့နော်။ ဘယ်သွားလို့ ဘယ်လာ ရမှာလဲ မသိဘူး ဖြစ်နေရှာတယ်တာပေါ့။အဲဒီမှာ ဘူတာက လူတွေက အဖွားကြီးကို ခေါ်ပြီး မေးတာ ပေါ့နော်။ ဘယ်သွားမှာလဲ ဘယ်ကလဲ လို့ ၀ိုင်းပြီး မေးကြတော့ အဖွားကြီးက မဖြေနိုင်ဘူး ဖြစ်နေတယ်။ နောက်ဆုံးတော့ ဘူတာက လူတွေက အဖွားကြီးကို မေးလိုက်တယ်။ ခင်ဗျားနဲ့ ရန်ကုန်မှာ သိတဲ့လူ မရှိဘူးလားလို့။ အဲဒီတော့ အဖွားကြီးက ခဏလောက် စဉ်းစာပြီး ဝေဠုကျော်ကို သိတယ်လို့ ပြောလိုက်တယ်။့ အဲဒီတော့ ဘူတာကလူတွေက ဝေဠုကျော်ရဲ့ ဖုန်းနံပါတ်ကို စုံစမ်းပြီး ဝေဠုကျော် ကြီးကို ဖုန်းဆက် ခေါ်လိုက်တယ။်
ခဏလောက်နေတော့ ဝေဠုကျော်ကြီးက ကားနဲ့ရောက်ချလာတယ်။ ဝေဠုကျော်က ဘူတာကို ရောက်တော့ ဘယ်မှာ လဲကျွန်တော့ရဲ့ အသိ လို့မေးတယ်။ အဲဒီတော့ ဘူတာက လူတွေက အဖွားကြီးကို ပြကြတယ်။ ဘူတာက လူတွေ ပြတဲ့ အဖွားကြီးကို ကြည့်ပြီး ဝေဠုကျော်က မသိပါဘူးလို့ ငြင်းလုက်တယ်။ အဲဒီမှာ အဖွား ကြီးက ဘာပြော လိုက်သလဲဆိုတော့ ........
ရောမောင် မင်းမှာ ငါ့ကို ဘယ်နှယ်မသိဘူးလို့ ပြောလိုက်ရတာလဲ ငါမှာ မင်းကို ညတိုင်း တစ်ဆယ် တစ်ဆယ် ပေးပေးပြီး ကြည့်နေတာလေ ငါ့ကို မမှတ်မိဘူးလား လို့အညှာလေသံနဲ့ပြောလိုက် ပါတော့တယ်။ အဲဒီမှာ ဘူတာ လူတွေရော ဝေဠုကျော်ရော ငိုအားထက် ရယ်အားသန် ဆိုသလို ပွဲကျအေင် ရယ်လိုက်ကြ ရပါတော့ တယ်။ နောက်ဆုံးတော့ ဝေဠုကျော်ကပဲ အဖွားကြီးတည်းတဲ့ ဘုန်းကြီးကျောင်းကို စုံစမ်းပြီး လိုက်ပို့ ထားခဲ့ရပါတယ်။
မိတ်ဆွေ သင်လည်း ကိုရီးယားရောက်လို့ မျက်စိလည်ပြီး ဘယ်မသွား ဘယ်မလာတတ် ဖြစ်နေရင် စိတ်မပျက်ပါနဲ့ အထက်ပါနည်း အတိုင်းကျင့်သုံးပါ လေ။

Read More...

ကျေးဇူးတင်ရျိခြင်း

ပုဂံကို ကျော်ခွနည်းသင်ပေး ခဲ့သော သူငယ်ချင်း တစ်ဦးကို အထူးကျေးဇူးတင်လျှက်ရှိနေပါကြောင်း

Read More...

Thursday, March 15, 2007

နိုင်ငံကျော် သတင်းထောက် တစ်ဦး၏ ဖွင့်ဟ၀န်ခံချက်

ကဲဗျာ ဒီတခါတော့ အယ်ဒီတာမင်း က သင်္ကြန် အတင်းတွေ (မှားလို့) သတင်းတွေ နဲ့ အတူ သတင်းဒေါက် မှားပြန်ပီ သတင်းထောက် တွေရဲ့ သင်္ကြန်အပေါ် ခံစားချက်တွေပါ ရေးပေးပါလို့ တောင်းဆိုလို့ လာပြန်ပါတယ်။ ငါ နိုင်ငံကျော် သတင်းထောက် ကြီးပဲလို့ အိုက်တင်ခံ နေချင်ပေမယ့် သနားစဖွယ် အယ်ဒီတာရဲ့ မျက်နှာကို ငှဲ့ကွက်လို့ သင်္ကြန်တွင်း ခံစားချက်တွေကို ဖွင့်ဖောက်ရေးပေး လိုက်ပါတယ်။

မှတ်မိပါသေးတယ်ဗျာ ကျွန်တော်တို့ ခပ်ငယ်ငယ်က သင်္ကြန်ရောက်ရင် တူးပို့တူးပို့ ဆိုင်းသံလေးတွေ ကြားရတာကြောင့် တူးပို့တူးပို့ သင်္ကြန် ရယ်လို့ ခေါ်ကြပါတယ်။ နောက်ပိုင်း မှာတော့ ဒုံဂွမ်ဒုံဂွမ်နဲ့ ဒရမ်သံတွေ ကြောင့် ဒုံဂွမ် သင်္ကြန်ဖြစ်ခဲ့ ရပြန်ပါတယ်။ ယနေ့ ဒီဂျေတွေ စီဆတ်တွေ ဘီသမင်တွေ လက်စွမ်းကြောင့် တူးပို့တူးပို့နဲ့ ဒုံဂွမ်ဒုံ၈ွမ် ပေါင်းမိသွားပြီ ဖြစ်တာကြောင့် ဒီနှစ် သင်္ကြန်ကို တူးပို့ဒုံဂွမ် ဂျန်ဂျန် လို့နာမည် ပေးရင် ကောင်းမလားလို့။

အဲလို တူးပို့ဒုံဂွမ် သံတွေက ဖေဖ်ာဝါရီလ ကုန်ပြီဆိုတာနဲ့ နေရာ အနှံ့မှာ ကြားနေရပါပြီဗျ။ သတင်းထောက် ဆိုတာလဲ ကဗျာဆန်ဆန် ပြောရရင် အရိုးနဲ့ အသားနဲ့ အသွေးနဲ့ နှလုံးသားနဲ့ ဖွဲ့စည်း တည်ဆောက် ထားတဲ့ လူတွေပဲမို့ ဂီတ သံဇဉ်လေးတွေ နားထဲ ၀င်သွားတာနဲ့ ခံစားချက်တွေ ထဲမှာ သင်္ကြန်ရနံ့လေးတွေက သင်းလို့ပေါ့။

အဲလိုသင်္ကြန်ရနံ့တွေ သင်းလာတယ်လို့ ပြောတော့ အလိုက် မသိတဲ့ သူငယ်ချင်း သတင်းထောက် တစ်ယောက်က မင်းရနေတဲ့ အနံ့က ဘီယာနံ့နဲ့ မှားတာများ မဟုတ်ဘူးလားတဲ့။ အဲလိုအဲလို လာမေးတော့ ဟေ့ကောင် သိရင်လည်း တိတ်တိတ်နေ လျှာမရှည်နဲ့ ဒါမျိုးတွေ ဂျာနယ်မှာ ထဲ့ရေးရင် သတင်းထောက်တွေ သိက္ခာကျ မှာပေါ့ကွလို့ ပြောလိုက် ရပါသေးတယ်။

သင်္ကြရောက်တော့ မယ်ဆိုတော့ ပျိုမဒီကလျှာ ကလည်း အပြတ်ကဲမယ်ဆိုပဲ။ နှစ်ရက်က မဏ္ဌပ် ထိုင်မယ် နောက်ဆုံးရက်မှာ လျှောက်လည်မယ်တဲ့ ဗျ။ အလိုက်မသိတဲ့ ပျိုမဒီကို ပိုက်ဆံမရှိတဲ့ သတင်းထောက် ကိုကိုက ညီမရယ် အမေက လွမ်းတယ်ဆိုလို့ တောပြန်ရမယ်လို့ ပြောလိုက်ရပါတယ်။ အဲလိုအဲလို နိုင်ငံကျော် သတင်းထောက်ကြီး ဘိုင်ပြတ်နေတာကို မသိရှာလေသော တောက ဆွေမျိုးတွေက သင်္ကြန်ပြန်လာဖို့ ဖုန်းတဂွမ်ဂွမ် ဆက်လို့ခေါ်နေ ကြပြန်ပါသေးတယ်။ သတင်းထောက်က ပိုက်ဆံမရှိပေမယ့် အာကတော့ ရှိတယ်ဗျာ။ ညီလေးရယ် အစ်ကိုမှာကွာ မိသားစု ရေးထက် ၅၄ သန်းသော ပြည်သူတွေ သိသင့် သိအပ်သော သတင်းတွေ ရေးပေးရမှာမို့ ပြန်မလာ နိုင်သေးပါ ဘူးလို့ ပြောနေတုန်း Reception ထိုင်တဲ့ ကောင်မလေးက လမ်းစရိတ် မရှိလို့ မပြန်ရင် မပြန်ဘူးပေါ့ ကြီးကြီး ကျယ်ကျယ် လျှောက်ပြောနေသေးတယ် လို့ လှမ်းအော်လိုက်တာကြောင့် ညီတော်မောင် မကြားအောင် တယ်လီဖုန်းခွက်ကို ကဗျာကယာ လက်နဲ့အုပ်လိုက် ရပါသေးတယ်။ တော်တော်ကို အထူအပါး နားမလည်တဲ့ Reception ပေပဲ။

ကဲဗျာ ပြသနာတွေကတော့ ရှင်းသွားပါပြီ။ ရှင်းစရာ ကျန်သေးတာက သင်္ကြန်တွင်းမှာ နိုင်ငံကျော် သတင်းထောက်ကြီး ဘယ်သွားနေမလဲ။ ရန်ကုန်မှာ နေပြန်ရင် မဒီကလျှာရဲ့ ဘေးရန်က မသေးဘူး။ တောမပြန်ရင် သူနဲ့ မဏ္ဌပ် လိုက်ထိုင်ရမှာ။ ပိုက်ဆံလဲကုန် ဘီယာလဲ ငတ်။ ဘီယာ ဆိုတာကလည်း ကြင်ရာမှာ မဒီကလျှာထက် စီနီယာ ဖြစ်တာကြောင့် သူများသောက်လို့ ကိုယ်မသောက်ရရင် မအီမသာ ဖြစ်မှာ သေချာတယ်ပေါ့ဗျာ။ ဒီတော့ သတင်းထောက် ကျော်ကြီးမှာ တစ်ကိုယ်ထဲ စဉ်းစား အတွေးတွေထဲမှာ အချင်းများလို့နေပြန် ပါတော့တယ်။ ဟေ့ကောင် မင်းဘာလုပ်မှာလဲ။

ဘုန်းကြီးဝတ်မလား။ ပိုဆိုးတောပေါ့ ညစာပါ ငတ်မှာ။ တရားစခန်းဆိုရင် ကော။ တော်ပါ ဘီယာ မှသောက်လို့ မရတာ။ ဟေးကောင် စဉ်းစာနော် မင်းမှာ ရွေးစရာ ဒီလမ်းပဲ ရှိတော့တယ်။ တစ်လမ်းက ပိုက်ဆံလဲကုန်မယ် ဘီယာလဲ ငတ်မယ်။ ဒီလမ်းက ဘီယာတော့ ငတ်မယ် ပိုက်ဆံမကုန်ဘူး။ အဲ …… မဆိုးဘူးဗျာ

နောက်ဆုံး ရရှိတဲ့ သတင်းမှာတော့ နိုင်ငံကျော် သတင်းထောက်ကြီး တစ်ယောက် အလှုငွေ ထည့်စရာ မလိုပဲ ထမင်း အလားကား ကျွေးမည့် တရားစခန်းများကို လိုက်ရှာလျှက်ရှိနေ ပါကြောင်း ခိုင်လုံသော သတင်းရပ်ကွက် မှ သိရှိရပါသည်။

မှတ်ချက် ။ ။ မြန်မာနိုင်ငံမှ သတင်းထောက်များသည် ဘီယာကို များများ မသောက်ကြပါ။ တစ်ကြိမ်မှာ တစ်ခွက်သာ သောက်ပါသည်။ တစ်ခွက်မှာ တစ်ပီပါ ဆံ့ပါသည်။

Read More...

Tuesday, March 13, 2007

ဘာကြောင့်လဲ

စက်ရုံ တစ်ရုံတွင် အလုပ်သင် အင်ဂျင်နီယာလေး တစ်ယောက် တာဝန်ထမ်း ဆောင်နေသည်။ သူသည် လျှပ်စစ် အင်ဂျင်နီယာ တစ်ဦးဖြစ်ပြီး စက်ရုံ၏ ၀ါရာရိန်း ပိုင်းကို တာဝန်ယူရသည်။ သူအလုပ် ဆင်းပြီး များမကြာမှီ သူတာဝန်ယူ ထာသည့် အပိုင်းတွင် ဖြူး ပြတ်လေသည်။ ဖြူးကို ပြန်တပ်လိုက်သည်။ ဒီတော့ ပြန်ကောင်း သွားသည်။ သို့သော် နောက်တစ်ရက် ရောက်တော့ ထပ်ပြတ်ပြန်သည်။ ဖြူးကို ပြန်လဲလိုက်ပြန်သည်။ ကောင်းသွားသည်။ သို့သော် နောက် နှစ်ရက်လောက် နေတော့ ပြန်ပြတ်ပြန်သည်။ အလုပ်သင် အင်္ဂျင်နီယာလေး ကလဲ ပြန်တပ် လိုက်ပြန်သည်။ ဒီလိုနဲ့ ဖြူးဟာ ပြတ်လိုက် ကောင်းသွားလိုက် ပြန်ပြတ်လိုက် ပြန်တပ်လိုက် နဲ့ သံသယာ လယ်လို့နေပါတော့တယ်။

တစ်ခါတုန်းက တိုင်းပြည်တစ်ခုတွင် အဂတိ လိုက်စားမှု များလွန်း သောကြောင့် နိုင်ငံ အစိုးရက အဂတိ လိုက်စားမှု ပပျောက်ရေး အစီမံတစ်ခုကို ချမှတ်လိုက်သည်။ ယင်းအစီမံတွင် အကျင့်ပျက် ၀န်ထမ်းမျာကို တိုင်ကြားရန် တယ်လီဖုန်း နံပါတ်များ ထုတ်ပြန် ပေးထားပြီး တိုင်ကြားရာတွင် အထောက်ထား ခိုင်လုံပါက အလုပ်မှာ ထုတ်ပယ်သည် အရေးယူ လေသည်။ ယင်းကဲ့သို့ အရေး ယူခြင်းကြောင့် ၀န်ထမ်းများ တစ်ယောက် ပြီးတစ်ယောက်သာ ထုတ်ပယ်ခဲ့ရသည် အဂတိ လိုက်စား မူကတော့ ပပျောက် သွားခြင်းမရှိပေ။

တိရိစ္စာများသည် အကောင်ပေါ် မူတည်၍ သဘောသဘာဝ ကွဲပြားချားနား ကြသည်။ သမင်တို့ သည်မုတ် ဆိုး၏မြှား ထိပါက ခြေဦးတည့်ရာသို့ တန်းပြေးသည်။ ခွေးဆိုးတစ် ကောင်ကို လှေင်ထားပြီး ခဲနှင့်ပစ်ပါက ခဲကို ဒေါသတကြီး လိုက်ကိုက်လေ့ရှိသည်။ ကျားတစ် ကောင်ကို မြှားနှင့် ပစ်ပါက မိမိကို ပစ်သော များတံများကို တစ်ချောင်းပြီး တစ်ချေင်း ကိုက်စား ပစ်တတ်သည်။ ခြင်္သေ့ကို များနှင့် ပစ်ပါက များဦးတည်လာရာ အရပ်သို့ တူရှုသွား၍ ရန်သူကို ရှာဖွေတိုက် ခိုက်လေ့ရှိသည်။

တစ်ရက်သော အခါတွင် အလုပ်သင် အင်ဂျင်နီယာလေးက သူ့အထက်က ၀ါရင့် အင်ဂျီနီယာကြီး ကို ဖြူးကြိုးကို ဘယ်အရွယ်လောက် တပ်ရင် အခိုင်းဆုံး ဖြစ်မလဲလို့ သွားရောက် မေးမြန်းလေသည်။ ထိုအခါတွင် အင်ဂျင်နီယာကြီးက စက်ရုံတွင် ဖြူးခဏဏ ပြတ်သည့် အဖြစ်ကို သိရှိသွားပြီး အင်ဂျင်နီယာလေးကို အောက်ပါအတိုင်း ပြောလိုက်တာ့သည်။

ဖြူးပြတ်တာကို ခဏခဏ လဲနေလို့ ကတော့ ၀ါယာကြိုးတွေ သာကုန်သွားမယ် နောက်ထပ်လဲ ပြတ်နေဦးမှာပဲ။ ဘာကြောင့် ပြတ်တာလဲ ဆိုတော့ လိုင်းမှာ ချို့ယွင်းချက် တစ်ခုရှိနေလို့ ပေါ့။ အဲဒီလို ဖြူးပြတ် စေတဲ့ အဓိက အကြောင့်အရင်း ဖြစ်တဲ့ လိုင်းချို့ယွင်းချက် ကို မရှာသေး သရွှေ့ကတော့ ခဏခဏပြတ်နေဦးမှာပဲ။

Read More...

Sunday, March 11, 2007

ရယ်မလား ငိုမလား မေ့ထားမလား


မိတ်ဆွေ စိတ်မကောင်း ဖြစ်သွားလား ၀မ်းမနည်းပါနဲ့ ကျွန်တော် သေသေးပါဘူး။ နာမည် ဆင်တာပါ။ သူငယ်ချင်းတွေက ဒီနေ့ထုတ် ကြေးမုံ သတင်းစာကို ကြည့်ပြီး ကျွန်တော့ကို ဖုန်းနဲ့ လှမ်းလှမ်း နောက်ကြတယ်။

တကယ်တော့ စိုးဇေယျာထွန်း ဆိုတာ ကျွန်တော်နဲ့ နာမည်ဆင်တာပါ။ မတူပါဘူး။ ကျွန်တော့ နာမည်က စိုးဇေယျထွန်း ပါ။ ယပက်လက် ယပင်းမှာ သူက ရေးချပါတယ်။ ကျွန်တော်က ရေးချ မပါပါဘူး။

သူငယ်ချင်း တွေကလဲ သားလေး စိုးဇေယျာ အမျှမျှလို့ နောက်သလို ကျွန်တော်ကလည်း အေးကွာ ငါ့သားတွေအတွက် အမွေ မထားနိုင်ခဲ့တာကို အဖေ စိတ်မကောင်းပါဘူးကွာ လို့ပြန်နောက်တယ်။ အစပိုင်းကတော့ တကယ်ပျော်လို့ နောက်ကြရယ်ကြတာပါ။ နေ့ခင်းပိုင်း လောက်ရောက်တော့ ကျွန်တော့ ရယ်သံတွေက အသက်မပါတော့ သလိုဘဲ။

ကျွန်တော် ကြိုးစားပြီး ရယ်ကြည့်တယ်။ ရယ်လို့ ရပေမယ့် ရင်ထဲမှာ မရယ်နိုင်ဘူး။ ဘာဖြစ် သွားပါ့လိမ့်။

ကျွန်တော့ဆရာက ဟေ့ကောင် မင်းကျိန်းကြေတာကွ တဲ့ သူကအားရ ပါးရ ရယ်ပြီးပြောတယ်။ ကျွန်တော့ ဆရာ စကားကြောင့် ကျွန်တော့ ကို ကျွန်တော် ပြန်မေး ကြည့်တယ်။ ကျွန်တော် တကယ် ကျိန်းကြေရဲ့လား . . . .

ဟုတ်ပါပြီ ကျွန်တော် ကျိန်းကြေပါ ပြီတဲ့ အဲဒီလို ကျိန်းကြေတာက ဘယ်နနှစ်ခံမှာလဲ။ ၁၀ နှစ်လား နှစ် ၂၀ နှစ် ၃၀ ဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ အဲဒီထက် ဘယ်လောက် များကျော် နိုင်ဦးမှာလဲ။

စဉ်းစားကြည့်လိုက်တော့ သြော် ငါတစ်နေ့ သေရဦးမှာပါလား။ သေတာတော့ ဟုတ်ပါပြီ။ သေပြီးရင် ဘာဖြစ်မလဲ။ ကျွန်တော် မသိ။ အဲဒါထားလိုက်ဦး လူသေရင် မိသားစု ၀င်တွေ ငိုကြတယ်။ ကျွန်တော် သေရင်လဲ ကျွန်တော့ မိသားစု ၀င်တွေ ငိုကြမှာပါပဲ။ ပြီးရင် သတင်းစာမှာ ၀မ်းနဲကြောင်း ကြော်ငြာ ထည့်မယ်။ တစ်နှစ်ပြည့်ရင် သတင်းစာ ထဲမှာ လွမ်းဆွတ်ကြောင်း ထည့်မယ်။ နှစ်နှစ်ပြည့်ရင် နှစ်နှစ်ပြည့် လွမ်းဆွတ်ကြေင်းပေါ့။ အဲလို သတင်း စာမှာ ပါလာတဲ့ လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ကျွန်တော့ မိသားစု ၀င်တွေ ဟားတိုက်ပြီး ရယ်နေမလား။ လွမ်းဆွတ်နေမလား ၀မ်းနည်းနေမလား။ ကျွန်တော် ထင်ပါတယ် အနည်းဆုံး အားဖြင့်တော့ ကျွန်တော် အသက်ရှင်စဉ်က ပုံရိပ်တွေကိုတော့ ပြန်မြင်နေကြ ဦးမှာပါ။ အဲဒီအချိန်မှာ ကျွန်တော့ လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ၀မ်းနည်း ငိုကြွေး မနေတောင် ရယ်နိုင်ကြမှာတော့ မဟုတ်ပါဘူး။

ဒါဆိုရင် ဒီနေ့ သတင်းစာ ထဲမှာ ကြော်ငြာပါ လာတဲ့ စိုးဇေယျာထွန်း ရဲ့ မိသားစုကရော . . . . သေချာပါတယ်။ သူတို့ မငိုရင်တောင် အနည်းဆုံးတော့ သတိရ ၀မ်းနည်း နေကြမှာပါ။ အဲဒီအချိန်မှာ နာမည်ဆင်တဲ့ ကျွန်တော် နဲ့ သူငယ်ချင်း တသိုက် လွမ်းဆွတ်ကြောင်း ကြော်ငြာကို ကြည့်ပြီး ဟားတိုက် ရယ်နေကြတာ တကယ်ဖြစ်သင့်လား . . .

ကောင်းပြီ မရယ်ရင်ကော ငိုနေရမှာလား သာမန်ကြော်ငြာတစ်ခုလို ပဲမေ့ထားလိုက်မလား မိတ်ဆွေ ရင်းတစ်ယေက်ရဲ့ ကြော်ငြာလိုခံစား လိုက်ရမလား ဘာလုပ်လိုက်ရမလဲ

Read More...

Saturday, March 10, 2007

စာမူတွေလက်ခံပါပြီ

ကျွန်တော်တို့ စာမူတွေကို စပြီးလက်ခံပါပြီ
အရင်ကတော့ လက်ခံစာမူများကို တင်ထားတဲ့ ဘလော့ password တွေကို အားလုံးသိ အောင် ကြေငြာထားဖို့ စီစဉ်ခဲ့ပေမယ် အပြင်လူများ ၀င်ရောက်လာပြီး အနှောက်အယှက် ဖြစ်နိုင်သော ကြောင့် password ကို မကြေငြာတောပါ ဘူး။ အားလုံးလည်း နားလယ်ပေးမယ်လို့ ယုံကြည်မျှော် လင့်ပါတယ်။
ပေးပို့ရမဲ့ email ကတော့ mmblogbook@gmail.com ဖြစ်ပါတယ်။
မိမိဘလော့က ပို့တွေကို တင်ချင်တယ် ဆိုရင်တော့ subject မှာ for 1 လို့ရေးပေးရမှာဖြစ်ပြီး ဦးစားပေးနံပါတ်များ တပ်ကာပေးပို့ရမှာ ဖြစ်ပါတယ်။
ဥပမာ

Blogger url = koko.blogspot.com
Post ဦးစားပေး ၁ url = koko.blogspot.com/kgjkahjljlkhjj jlkjhgjlkjfdaljgkljg
ဦးစားပေး ၂ url = koko.blogsot.com/jklajglkkhj8hyeojrkgjalkmdfl ghmaljd

ဆိုပြီး ပို့ ၁၀ ခု ပေးပို့ နိုင်ပါတယ်။ ၁၀ ခုဆိုတာ နည်းနေသေးရင် ထပ်မံတိုးသွားမှာ ဖြစ်ပါတယ်။

မိမိဖတ်ဖူးတဲ့ blog တွေထဲကနေ စာအုပ်မှာ ပါသင့်တယ်လို့ ထင်တဲ့ post တွေကိုတော့
Subject မှာ For 2 လို့ရေးပြီး
ဥပမာ
Blog url = http://nineninesanay.blogspot.com/2006/11/blog-post_10.html
ကယေကျာင်္းနဲ့မိန်းမ ဆိုတဲ့ ပို့ သည် ယောက်ကျားနှင့် မိန်းမတို့၏ မတူညီတဲ့ ခံစာ မူကို ယှဉ်တွဲ ဖော်ပြထားသော ပို့ဖြစ်ပါသည်။
ယေကျာင်္းနှင့် မိန်းမတို့ ၏ အချက်လက် တော်တော်များသည် မြန်မာလူနေမူ စရိုက်နှင့် ကိုက်ညီရုံမကပဲ မှန်နေသည်ကိုတွေ့ရပါသည်။

ယောက်ျားလေးက ကွာရှင်းဖို့ စကားကမ်းလှမ်းခြင်းသည် မိန်းမကို စိတ်ကုန်လာခြင်း
ဖြစ်ပြီး မိန်းကလေးက ကွာရှင်းဖို့ စကား ကမ်းလှမ်းခြင်းသည် ယောက်ျားက သူ့ကိုမ
ချစ်မှန်း သိလာခြင်းဖြစ်သည်။

ယင်းကဲ့သို့တော မတူညီသော စိတ်ထားနှင့် ခံစားချက်တို့ကို ဒီပို့မှာတွေ့ရမှာပါ

လို့ညွှန်းဆိုပြီး
အရေအတွက် အကန့်အသတ်မရှိ ပေးပို့ ပေးကြပါရန် မေတ္တာရပ်ခံပါသည်

ကဲစာအုပ်အတွက် ဒီပို့ဟာပါသင့် မပါသင့်ဆိုတာကို သင်ကိုတိုင် အကဲဖြတ်ပေးပါ
လိပ်စာကတော့
့http://mmblogbook.blogspot.com
http://mmblogbook2.blogspot.com
တွေမှာ ၀င်ရောက် အကဲဖြတ်ပေးကြပါ

Read More...

Thursday, March 08, 2007

ငါပြော သလို

တစ်ခါတုန်းက ရွာတစ်ရွာတွင် ဘိန်းစား တစ်ယောက်ရှိသည်။ ဘိန်းစားသည် ဘိန်းလေးစားလိုက် ဘိန်းဖိုးရရုံလေး အလုပ်လုပ် လိုက် နောက်ဆုံ ဘာမှ မရှိလျှင် ခိုးစားလိုက်နဲ့ နေသည်။ ယင်းဘိန်းစားတွင် သားတစ် ယောက်ရှိသည်။ သူကိုယ်တိုင်က ဘိန်းစား ဖြစ်နေပေမယ့် သူ့သားကိုတော့ သူလို ဘိန်စား သူခိုး မဖြစ်စေချင်။ ဒါကြောင့် သူ့သားကို ငယ်စဉ် ကတည်းက ဆုံးမစကားများ ပြောကြားလေ့ ရှိသည်။ သူ့သားက တဖြည်းဖြည်း အရွယ် ရောက်လာသည်။ သား၏ အပြု အမူ များသည် တဖြည်း တဖြည်းချင်း ဖအေ ဖြစ်သူ၏ ခြေရာကို နင်းလာသည်။ ဖခင် ဖြစ်သူက ဆုံမ ပေမယ့် သားဖြစ် သူဆီက အဖေ လည်းလုပ် တာပဲ ဆိုသော ကွန်းပလိန်း ပြန်ပြန် လာသည်။ ဒီတော့ ဖခင်မှာ ကိုယ်တိုင် ကလည်း ဘိန်းကို မဖြတ်နိုင် သားဖြစ်သူ ကိုကျတော့ လည်း ဘိန်းစား မဖြစ် စေချင်။ ဒါကြောင့် သူ့သားကို ဘယ်လို ဆုံးမရမလဲ ဆိုတာ နေ့စဉ် နဲ့အမျှ စဉ်းစားနေတော့သည်။


မောင်မောင် ဆယ်ကျော်သက် ဘ၀က အင်မတန် လေးစား ခဲ့သော စာရေးဆရာ ကြီး တစ်ဦး ရှိသည်။ သူကိုးတန်းနှစ် လောက်ကတည်းက ယင်းစာရေးဆရာ ကြီး၏ စာအုပ်များ ကို ဖတ်ရှုကာ ဘ၀ အောင်မြင် လိုစိတ်များ ထက်သန် ပြင်းပျ ခဲ့ဘူးသည်။ သူ၏ အရေးသား များသည် ဘ၀တွင် အောာင်မြင်ရုံ မဟုတ်ဘဲ လူတွေနှင့် ပေါင်းသင်း ဆက်ဆံ ရာမှာ တစ်ဘက်သားကို စိတ်ချမ်းသာ သွားစေဖို့ ဘယ်လို ပြုမှု နေထိုင် သင့်သည် ဆိုတာ မျိုးတွေကို လည်းလမ်း ညွှန်ထားသည်ကို ဖတ်ရသည်။ ဆရာကြီး၏ စာများကို ဖတ်ပြီး မောင်မောင် မှာလည်း ဆရာကြီးကို မလေး စားပဲ မနေနိုင်အောင် ရှိတော့သည်။

တစ်ရက်တော့ မောင်မောင် ဆရာ ကြီးနှင့် ရုပ်ရှင် ပွဲတော် တစ်ခုတွင် ဆုံဖြစ်သည်။ နဂိုကပင် လေးစား ရင်းစွဲ ရှိသော ဆရာကြီး ကို အပြင်မှာ တွေ့ရတာ ကြောင့် မောင်မောင် ၀မ်းသာ သွားသည်။ မိလေးစား သော ဆရာကြီးကို အပြင်မှာ တွေ့ခိုက် ရိုသေ သမှုနှင့် သွားရောက် နုတ်ဆက် လိုက်သည်။
အဲဒီနေ့ နောက်ပိုင်းမှာ မောင်မောင် တစ်ယောက် အဲဒီဆရာကြီး ရေးသော မည်သည့် စာကိုမျှ မဖတ်တော့ပါ။ ဘာဖြစ်လို့လဲလို့ သူငယ်ချင်း များက မေးတော့ သူ့စာတွေကို ဖတ်ရမှာ ဖီးငုတ်သွားလို့ ပါလို့သာ ပြန်ပြောဖြစ်ခဲ့သည်။

ကျွန်တော် သူငယ်ချင်း များနှင့် ဘလော့က ပို့တွေ ကိုပေါင်းပြီး စာအုပ် ထုတ်ဖို့ ရာအတွက် ပြင်ဆင် ခဲ့သည်။ ဘလော့ တွင်ရေးသား နေသူများ အားလုံးသည် လူငယ်များ ဖြစ်ကြသည်။ ဒီစာ အုပ်လုပ် ခြင်းသည် မည်သူတစ် ဦးတစ် ယောက်ကမှ အကျိုး အမြတ်ရ၍ မဟုတ်။ ကိုယ်ရေးတဲ့ စာလေးကို ပုံနှိပ်ထားသော စာအုပ် တစ်အုပ် တွင် ပထမဆုံး မြင်တွေ့ လိုက်ရသည့် အရသာကို စာရေးသူများ ဘာနှင့် မျှလဲနိုင်မည် မဟုတ်ပါ။ စာအုပ် လေးဖြစ်မြောက် သွားခြင်းသည် လူငယ်များတွင် ဒီလို စွမ်းအင် တွေရှိနေ သည်ဆိုတာကို ဖော်ပြခြင်း ဖြစ်သည်။ ဒါကြောင့် ဒီစာအုပ် ဖြစ်မြောက် ရေးအတွက် ပါဝင်ကူညီ ဖြင်းသည် လူငယ် တစ်စုကို မြှင့်တင် ပေးရာလည်းရောက်ပါသည်။ ဒါ့ကြေင့် ကျွန်တော် စာအုပ် ပုံနှိပ်ရေး ကိစ္စများကို လူငယ် ဆိုင်ရာ စာပေမျာကို ရေးသား ထုတ်ဝေနေသော စာရေး ဆရာကြီး တစ်ဦးနှင့် တွေ့ဆုံ၍ စာအုပ် အကြောင်းကို ပြောဖြစ်သည်။ ကျွန်တော် တို့ဘက်က သူ့စာအုပ်တိုက် အမည်ကို ထုတ်ဝေသူ အဖြစ် သုံးခြင်း အတွက် သူများ နည်းတူ တန်ရာတန် ကြေးကို ပေးမည် ဖြစ်ကြောင်းကိုလဲ ယင်းစာရေး ဆရာ ကြီးကို ပြောခဲ့ပြီး ဖြစ်ပါသည်။ စာမူတွေကို ဘယ်သူတွေ ရေးမှာလဲ ဆိုတော့ ဘလော့ အကြောင်း အရာများ ဖြစ်ကြောင်း ရှင်းပြခဲ့သည်။ ယင်းစာရေး ဆရာ ကြီးသည် ဘလော့ အချို့တွင် လက်ရှိ အစိုးရကို ဆန့်ကျင်သည့် စာများရေး ကြသည်ကို သိရှိ ထားပုံ ပေါ်ပါသည်။ သူ့စာအုပ်တိုက် ထုတ်ဝေသူ အမည်ခံ ပြီးစာအုပ် ထုတ်မည့် ကိစ္စကို ငြင်းဆို လိုက်တော့သည်။ သူရေး နေကျ စာတွေထဲက လူငယ်တွေ ကို တိုးတက် စေချင်ပါသည် ဆိုသော သူကို ဘယ်လိုများ အဓိပ္ပယ် ဖွင့်ထားလဲ ကျွန်တော် မစဉ်းစား တတ်တော့ပါ။

မောင်မောင်က စာရေး ဆရာကြီးကို တွေ့တယ် ဆိုရင်ပဲ ဆရာ့ စာအုပ်တွေကို အမြဲဖတ်နေ ပါကြောင်း ဘယ်စာအုပ်တွင် ဆရာ ဘယ်လို ရေးခဲ့သော စာသား များသည် လူငယ် များအတွက် ဘယ်လို အကျိုးဖြစ် ထွန်းစေပါ ကြောင်း ပြော ပြီး စာရေး ဆရာကြီး ကိုသွား နုတ်ဆက် မိသည်။ စာဖတ် ပရိတ် သတ်များ လာနုတ် ဆက်တာ များလို့ ငြီးငွေ့ နေပုံ ပေါ်သော စာရေး ဆရာကြီးက မောင်မောင်၏ ပြောဆို နုတ်ဆက် မှုများကို အရေး ထားခြင်းမရှိ။ မကောင်းတတ်၍ အင်း အော် အဲ အော်အော် လောက် သာပြန်ပြောခဲ့သည်။

နောက်ဆုံးတော့ ......

အဖေ လဲလုပ်တာပဲ လို့ ကွန်ပလိန်း ခဏခဏ တက်သော သားဖြစ်သူ ကို ဘိန်းစားက ပြောလိုက်တော့သည်. . . .
ဟေ့ကောင် ငါပြော သလိုလုပ် ငါလုပ် သလို လိုက်မလုပ်နဲ့

Read More...

Wednesday, March 07, 2007

ပိုးထည်နှင့် စပါး

အချိန်ကာား ၁၉၄၅ ခု ဂျပန်တွေ စစ်ရှုံးပြီး ပြန်လည် ဆုတ်ခွာချိန်

ဂျပန် စစ်သား တစ်ဦးသည် ရွာသား များကို လက်အုပ်ချီ အကြိမ်ကြိမ် ရှစ်ခိုးကာ ဂျပန်လို ပြောနေသည်။ ရွာသား များ၏ လက်မှာက ဓားကိုယ်စီ နှင့်။ သူ့အသံမှာ သိမ်ဝင် လျှက်ရှိသည်။ သူ့ဘေး နားမှာ နေမကောင်း၍ မထ နိုင်သော သူ့၏အစ်ကို တော်သူ ဂျပန်စစ် သားမှာလည်း လဲလျှောင်း နေရာက တောင်းပန် တိုးလျှိသော အကြည့်ဖြင့် ၀ိုင်းရံ ထားသော ရွာသား များကို ကြည့်နေသည်။ မျက်ရည် များကလည်း ကျဆင်းလျှက်။ ဂျပန် စစ်သား နှစ်ဦးသည် သူ့တို့ကို မသတ်ရန် အတွက် ရွာသားများအား တောင်းပန် နေခြင်း ဖြစ်သည်။

ဂျပန်တပ်စု တစ်ခုသည် ချင်းတွင်း မြစ်ရှိ ရာဆီသို့ တောလမ်း ခရီးအတိုင်း ဆုတ်ခွာ လာစဉ် စစ်သား တစ်ဦးမှ နေမကောင်း၍ ဆက်မလိုက် နိုင်သောကြောင့် ကျန်ထားခဲ့ရာ ညီဖြစ်သူပါ နေမကောင်းသော အစ်ကို နှင့် နေရစ် ခဲ့ခြင်း ဖြစ်သည်။ ဂျပန် စစ်သား နှစ်ဦး တောထဲ တွင်ကျန် ထားခဲ့ ကြောင်းကို အနီးနားရှိ ရွာသားများ သိရှိ သွားခဲ့ပြီး သတ်ရန် လိုက်လာ ကြခြင်း ဖြစ်သည်။

လက်အုပ် ချီထားတဲ့ ဂျပန်ရဲ့ လက်ကို ရွာသား တစ်ယောက် ခုတ်ဖြတ် လိုက်တယ်။ အဲဒီမှာ မထနိုင်လို့ သစ်ပင်ရင်း မှာလှဲနေသာ ဂျပန် အစ်ကိုက လူးလဲ ထလာပြီး သူတို့ ညီအစ်ကို နှစ်ယေက်ကို မသတ်ဖို့ရာ ဒူးထောက်ပြီး ရှိခိုးရှာတယ်။ ပါးစပ်နေ ဂျပန်လို ပြောတာလဲ စုံနေတာပဲ။ အဲလို ၀ပ်ပြီး ရှိခိုးနေတဲ့ ဂျပန် ခေါင်းပြန် အထောင်မှာ နောက်ရွာ သားတစ် ယောက်က ဓားနဲ့ ခုတ်ဖြတ် ချလိုက်တယ်။ ညီအစ်ကို နှစ်ယောက် လုံးသေရော။

အဲဒီတုန်း တော့ကွာ လူငယ်လည်း လူငယ် ဂျပန်ကို မုန်းတီး စိတ် ကလည်း ပြင်းနေတော့ သံသယာကို ကြောက်ရ ကောင်းမှန်း မသိဘူး သနားဖို့ ဆိုတာ ဝေလာဝေး။

ကျွန်တော်တို့ ငယ်ငယ်က ကျွန်တော် တို့အဖွားရဲ့ အစ်ကို အကြီးဆုံးက ပြောပြခဲ့ခြင်း ဖြစ်သည်။ ဗမာတွေ အဲဒီ အချိန်တုန်းက ဂျပန် တွေကို မုန်းတီး နေကြသည်။ ဂျပန်များ သည်ဗမာ တွေအပေါ် မတရား အနိုင် ကျင့်ကြသည်။ ဖျက်ဆီး သတ်ဖြတ် ခံရတဲ့ ဗမာ တိုင်းရင်း သူတွေ တိုင်းရင်း သားတွေ ကလည်း နည်းလှ သည်မဟုတ်။

သို့သော် . . .

အခုလို အညံ့ခံ အရှုံးပေးနေတဲ့ သူကို အခုလို သတ်လိုက်တာ သင့်တော်ရဲ့လား။ ကိုယ့်ဆွေ မျိုးသား ချင်းတွေကို ကိုယ်ထိ လက်ရောက် သတ်ဖြတ် ခဲ့တာက သူတို့မှ မဟုတ်ဘဲ။ တခြား ဂျပန်တွေ။

အဲလို သတ်တာ ဖြစ်သင့်ပါ ရဲ့လား

တကယ်တော့ အဒီ အဖြစ် အပျက် အပါဝင် အခြားသော ၀မ်းနည်း ဖွယ်ရာ အဖြစ် ပျက်များသည်၊ စစ် ဟုခေါ်သော ကြောင်းတရား တစ်ခု၏ နောက်ဆက် တွဲများသာ ဖြစ်ကြ ပါတော့သည်။

ပိုးထည်နှင့် စပါး

စစ်လက်နက်တွေ အရည်ကျိုပြီး

လယ်ယပစ္စည်းတွေအဖြစ် ပြောင်းလဲပစ်လိုက်ရင်

တောမြေရိုင်းတွေ ပြန်လည်စိမ်းလန်းလာလိမ့်မယ်။

လုလင်ငယ်တွေ ထွန်တွေနွားတွေနဲ့

မအားမလပ် ရှိကြမယ်

လုံမငယ်တွေ ပိုးမျင်တွေနဲ့

မအားမလပ်ရှိကြမယ်။

စစ်သားတွေအတွကိ ငိုကြွေးနေစရာ

မလိုတော့ပါဘူး။

ယောကျာင်္းတွေက ထွန်ယက်ကြ

မိန်းမတွေက ယက်ကန်းယက်ကြ

အဲဒီအခါ ပြည်သူတွေရဲ့နုတ်ခမ်းမှာ

တေးသံ ပြန်ပေါ်ထွက်လိမ့်မယ်

တူဖူ

TU Fu

712-770

တရုပ် စာပေ ပညာရှင်

Read More...

Tuesday, March 06, 2007

အိမ်မက်ခွင့်

မျှော်လင့် ချက်တွေနဲ့

ဘယ်နေ့ ရောက်လာမလဲ။

ခံစားချက်တွေနဲ့

ဘယ်လို ဖွင့်ဟရမှာလဲ။

ဘယ်အခါ ဘယ်တော့မှ

ဘယ်တော့မှ ဘယ်အခါမှ

မဝေးချင် ပါဘူး။

စကားလေး တစ်ခွန်သာ

ပြောခွင့်ရှိသေးရင် ခံစားချက်တွေ

အသက်ဝင်လာဦးမလား။

ပြန်မဆုံနိုင်တဲ့ စည်းရဲ့ တစ်ဘက်စီမှာ

ခံစားချက်တွေနဲ့အတူ ရပ်ကြည့်နေရင်နဲ့ပဲ

အချစ်ရဲ့နိဂုံး အဆုံးသတ်လိုက်တော့မှာလား။

တမာပင်ကြီးတွေ ငြိမ်သက်နေပြီ

အေးမြတဲ့လေနုတွေကရော ကြားဝင်မစေ့စပ်နိုင်တော့ဘူးလား။

တ၀ီဝီမည်နေတဲ့

မော်တော်ဆိုင်ကယ်သံတွေနဲ့ ကျောက္ကာလမ်းမကြီးကရော

ဘာများတတ်နိုင်သေးလို့လဲ။

တကယ်တော့ အချစ်ဆိုတာ

အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ နဲ့ ဖွဲ့စည်း ထားတာ မဟုတ် သလို

အတ္တတွေ မာန်မာနတွေ ဂုဏ်ပကာသနတွေ ကို အားပြိုင် ဖို့ရာ အတွက် ယောင်္ကျား တစ်ယောက်နဲ့ မိန်းမ တစ်ယောက် ချစ်ခဲ့ ကြတာမှ မဟုတ်တာ။

အချစ် ဆိုတာ ခံစား ချက်တွေ ကို တစ်ယောက် နဲ့ တစ်ယောက် မျှဝေပြီး နှစ်ဦးသား ညီမျှစွာ ခံစား ဖို့လေ

ချစ်သူ ရေ ကျေးဇူး ပြုပြီး မင်းမာန်မာန တွေကို တမာပင် အောက်မှာ မြုတ်နှံပါ အတ္တတွေကို ထရံကြားမှာ ထိုးထား ခဲ့ပါ။ နံစော် နေတဲ့ ဂုဏ်ပကာသန တွေကို ဆေးကြောဖို့ ချင်းတွင်း မြစ်ထဲ ကို စီးဝင်ခဲ့ပါ။ ကျောက်ဆောင် တွေကို တိုးမိရင် ထွက်လာမယ် တေးသွားတွေ ကို ကူးတို့ငှက်တွေ ကြိုနေကြတယ်။ ပေါင်းစပ် ခြင်းရဲ့ ဒက်ဖနေးရှင်း ကို ရေပျော် ငါးတွေ သီဆို နေကြပြီ။ အိမ်မက် တွေကို လန့်မနိုးဖို့ မျှော်လင့်ချက် တံခါးအို ကို လာမခေါက် ကြပါနဲ့ ငါ ဆက်ပြီး အိပ်စက် ပါရစေ

Read More...

အချစ်ဆိုတာ ဘာလဲ


အချစ် ဆိုတာ ဘာလဲ။ ကျွန်တော် ခံစား ကြည့်ချင်တယ်။ သူဟာ ဖြူသလား မဲသလား ချိုသလား ခါးသလား။ သူများတွေ ပြောတဲ့ ပေးဆပ်တာတွေ ရယူတာတွေ ပြန်တောင်း တာတွေ ပြန်ရောင်း တာတွေ၊ အဲဒါတွေကို စိတ်ဝင် စားတာ မဟုတ်ဘူး။ ကျွန်တော် သိချင် တာက ဘောလုံး ဆိုရင် လုံးမယ်။ ခဲတံ ဆိုရင် ရှည်မျှောမျှော လေးနေမယ်။ စီးကရက် ဘူးဆိုရင် လေးထောင့် စပ်စပ် ရှိမယ်။ အဲဒါ မျိုးကို သိချင်တာ။ အချစ် ဆိုတာရော ဘယ်လို ပုံလဲ…….

ဟေ့ကောင် ထထ

နှုးညံ့ နွေးထွေး တဲ့အရာ တစ်ခုက ကျွန်တော်ကို လာလုပ်နိုးတယ်။ မျက်စိ ဖွင့်ကြည့် လိုက်တော့ အမှောင် ထဲမှာ မဲနေတာပဲ ဘာမှ သဲသဲ ကွဲကွဲ မမြင် ရဘူး။ ပြီးတော့ သူက သူ့ကိုယ်သူ ပြောတယ် အချစ် ဆိုတာ သူပဲ တဲ့……..

ဒီခေတ် ကြီးမှာ လူလိမ်တွေ ဒီလောက် ပေါနေတာ ခင်ဗျား ပြောတာကို ဘယ်လို ယုံရ မှာလဲ။ အမှန်တိုင်း ပြောပါ ခင်ဗျား ဘယ်သူလဲ

မင်း သိချင် နေတဲ့ အချစ် ဆိုတာ ငါပဲလေ

ခင်ဗျားကို ဘယ်သူက အချစ်လို့ ပြောတာလဲ

ငါကပြောတာ

သူပြောပြော ဆိုဆို ကျွန်တော့ နားကို ထပ်တိုး လာပြီး ပွတ်တယ်။ သူရဲ့ အထိ အတွေ့က နှုးညံ့ ပြီး နွေးထွေး စေတာတော့ အမှန်ပဲဗျ။

ဒါဆိုရင် ခင်ဗျား အချစ် ဖြစ်ကြောင်းကို ဘာနဲ့ သက်သေ ပြမှာလဲ

မင်းဆိုတဲ့ကောင် ငတုံးပဲ

ဘာဆိုင်လို့ လဲဗျ

ကိုယ့် ဘေးနားမှာ အချစ် တစ်ခုလုံး ရောက်နေ တာတောင် ဘယ်လို အသုံး ချရမလဲ ဆိုတာကို မစဉ်းစားပဲ ….

ခင်ဗျားကို အချစ် စစ်ပါတယ် လို့ ဘယ်သူက အာမခံ ပေးထား လို့လဲ

ဒါကြောင့် ပြောတာ မင်းက ငတုံး ပါဆို

ခင်ဗျား လွန်လာပြီနော်…. ကျွန်တော် စိတ်ဆိုးတဲ့ လေသံနဲ့ ပြောလိုက်တယ်

သူက ဘာမှ ပြန်မပြောပဲ နောက်ထပ် ပွတ်သပ် ပြန်တယ်။ သူ့ရဲ့ အထိတွေ့ ကြောင့် ကျွန်တော် တော်တော် တွေဝေ သွားတယ်။ ကျွန်တော် ကြားဖူး တာက အချစ် ဆိုတာ နူးညံ့တယ် နွေးထွေးတယ် အလုံး အထည် ဖော်လို့ မရဘူး။ ဟာ . . ဒါဆိုရင် ဒီကောင်က အချစ်ရဲ့ ၀ိသေသ တွေနဲ့ ကိုက်နေပြီ။ ဒါပေမယ့် အချစ်ဟာ ဘယ်လို အနံ့ ရှိတယ် ဆိုတာတော့ ဘယ်ဝိသေသ မှာမှ ဖေါ်ပြ ထားတာ မရှိ ကြဘူး။ ဒါဆိုရင် အချစ်မှာ ဘယ်လို အနံ့ မျိုးရှိ နေမလဲ။

အချစ် ဆိုတာ ဘယ်လို အနံ့မျိုး ရှိသည်ကို သိရအောင် ကျွန်တော် ကောက်နမ်း လိုက်သည်

အချစ် ဆိုတဲ့ ရနံ့က. . . ချဉ်စုပ်စုပ်နဲ့ပါလား. . .

ဟာ . . . ဘာကြီးလဲ

ကျွန်တော် စိတ်တိုတိုနဲ့ ထ ကန်ထည့်လိုက်တယ်။ တော်တော် စိတ်ပျက်ဖို့ ကောင်းတာပဲ

သိပ်မကြာလိုက် ပါဘူး ကြားလိုက်ရတာကတော့

အမေ့ရဲ့ ဆဲသံ

သူရဲ့ ရွှေဝါ လေးကို ကန်လို့ တဲ့လေ

Read More...

Sunday, March 04, 2007

ဆွေးနွေးချက်များ

လောလောဆယ် siminar တစ်ခု ကို MICT မှာ လုပ်ဖို့ စီစဉ်နေပါတယ်။ အဲဒီအတွက် Service+ က MD နဲ့ အသေးစိဆွေးနွေး ဖို့ရာသူက ခရီးလွန်နေလို့ပါ။ Siminar ကိစ္စကို ဒီတစ်ပတ် အတွင်းမှာ ပဲ အပြီး တင်ပြနိုင်မှာ ဖြစ်ပါတယ်။
စာမူရွေးချယ်တဲ့ အပိုင်းမှာ တရားမျှတမှုရှိအောင်
၁။ blogspot နှစ်ခုထပ်တင်ပြီး Username နဲ့ Password ကို အားလုံးသိအောာင် ပြောထားမယ်
၂။ တစ်ခုက ကိုယ်ရဲ့ ဘလော့ထဲမှာ အကြိုက်ဆုံးပို့ ရှိတဲ့လင့် ကို ပြောပြီး ဘာကြောင့် ကြိုက်တယ် ဆိုတာကို အကြောင်းပြချက်ပေးရပါမယ်။ နောက်တစ်ခုကတော့ ကိုယ်ဖတ်ဖူးတဲ့ ဘလော့တွေထဲက စာအုပ်မှာ ပါသင့်တယ်လို့ ထင်တဲ့ ပို့တွေရဲ့ လင့်ကို လာရောက်တင် ပေးရပါမယ်။ အကြောင်ပြချက် ပေးရပါမယ်
၃။ အကြောင်းပြ ချက်ပေးတယ် ဆိုတဲ့နေရာမှာ ဒီစာကို လူတွေ ဘာကြောင့်ဖတ်သင့်တယ် ဒီစာမှာ ဘယ်လို အားသာချက်တွေ၊ အားနည်းချက်တွေရှိတယ်၊ ဆိုတာမျိုးတွေပေါ့
၎။ ဘာဖြစ်လာနိုင်သေးလဲ ဆိုတော့ ပိုင်ရှင်ကတော့ စာအုပ်တစ်အုပ်ကနေ ကြိုကလို့ ကူးပြီး တင်ထားပို့ကို ဘလော်ကတစ် ယေက်က မသိလို့ စာအုပ်မှာ ပါသင့်ကြောင့် ညွှန်းဆိုမိရင် လည်း အဲဒီပို့သည် ပြည်တွင်းစာအုပ်မှာ မှီငြမ်း ကိုးကား ရေးထားခြင်းဖြစ်သည် ဆိုတာကို ပိုင်ရှင်ကသော် လည်းကောင်း သိသူတစ်ဦးဦးကသော် လည်းကောင်း ၀င်ရောက် ပြောပြပေးရမှာ ဖြစ်ပါတယ်။
၆။ ပါသင့်ကြောင်း တင်ပြထားတဲ့ပို့ တွေကို ကောမင့်ပေးရာမှာ ကောင်ပါတယ် ဆိုတာ လောက်နဲ့ မလုံလောကပါဘူး၊ ဘာကြောင့်ကောင်းတယ် ဆိုတာကို မိမိကော့မင့် ပေးလိုတဲ့ ပို့ ကစာသားမျာကို ကိုးကားပြီး ရေးရမှာ ဖြစ်ပါတယ်။
ဒီလိုလုပ်တာ အကြမ်းဖျင်းကြည်ရင် ရှတ်တယ်လို့ ထင်ကောင်းထင်နိုင်ပါတယ်။ တကယ်လုပ် ကြည့်ရင် မရှတ်ပါဘူး။ နည်းတော့ အလုပ်ပို တာပေါ့။ အလုပ်ပိုတယ် ဆိုတာလဲ ကျွန်တော်တို့ ရဲ့ အားတစ်ခုကို စိုက်ထုတ်ခြင်းသာလျှင် ဖြစ်ပါတယ်။ ကျွန်တော်တို့ များများ အလုပ် လုပ်လေ စာအုပ်က ပိုကောင်းလေပါ ပဲ။
ကျွန်တော်ခံယူချက်ကတော့ စာအုပ်ကို ပီးပီးရော အဖြစ်ကလေး မလုပ်ခြင်ပါဘူး။ စာအုပ်ပြီးသွား တာနဲ့ အောင်မြင်တယ်လို့ မခေါ်ပါဘူး။ အဲဒီစာအုပ်က ဘယ်လောက်ထိ ခရီးရောက်သလဲ ဆိုတာနဲ့ပဲ အောင်မြင်မူကို တိုင်းချင်ပါတယ်။ ဒါကြောင့် စာအုပ်ဟာ ထွက်ပြီးသွားရင် လည်းခရီးများများသွားနိုင်အောင် စွမ်းအင်များများကို ကျွန်တော်တို့ ထည့်ပေးလိုက်ဖို့လိုပါမယ်။
စာအုပ်ကို လုပ်တဲ့နေရာမှာ ကျွန်တော် ဈေးနှုန်းတွေ အကြမ်းဖျင်းစုံ စမ်းထားပါတယ်။
စာအုပ်မှာ အကြောင်း အရာတွေ ခွဲဦးမှာ ဖြစ်တဲ့ အတွက် စာအုပ်ရဲ့ ဆိုဒ်ကို ဗလာစာအုပ် ဆိုဒ်အရွယ်နဲ့ စာမျက်နှာ ၁၆၀ ထည့်ရင် ပိုလှတယ်၊ ပိုသင့်တော်တယ် လို့ထင်ပါတယ်။ ( သင့်ဆန္ဒကို ပြောပါ ) ။ စာရွက်သားကတော့ ကောင်းသန့် စာအုပ်တွေ ကိုရိုက်တဲ့ စာရွက် အတိုင်းဖြစ်ပါတယ်။ ကုန်ကျ စရိတ် အကြမ်း

13 1/2" x 17 " = 8 ချိုး
စာမျက်နှာ ၁၆၀ = ဖောင် ၂၀
စာအုပ်ရေ တစ်ထောင် အတွက်
စက္ကူ = ၁၁ ၁/၂ ထုပ်
မျက်နှာဖုံ အပ်ပေပါ လိုအပ်ချက် = ၁၁၃ ရွက်
စက္ကူဖိုး =၂၈၇၅၀၀
မျက်နှာဖုး စာရွက်ဖိုး = ၃၃၉၀၀
အဖုံးရိုက်ခ= ၁၃၀၀၀
အတွင်းရိုက်ခ = ၄၀၀၀၀
အတွင်းဖလင် = ၆၇၂၀၀
အဖုံးဖလင် = ၃၁၁၅
ချုပ်ခ = ၁၀၀၀၀
စုစုပေါင်း = ၄၅၄၉၁၅ + စာပေစိစစ် ရုံးတင်စရိတ် ၊ Proof Reader စရိတ် + Layout ဒီဇိုင်း စရိတ်
အားလုံးပေါင်းလိုက်ရင် ၆ သိန်း ကျော်ဆိုတာ အနည်းဆုံ ကုန်ကျ ဖွယ်ရာ ရှိပါတယ်။ ဒါကြောင့် စာအုပ်တိုက် တစ်ခုခုကို စာအုပ်ပြီးသည် အထိအပ်ရင် ကုန်ကျမဲ့ စရိတ်နဲ့ ကိုယ်တိုင် လုပ်တဲ့စရိတ် ကွာမကွာ ဆိုတာ စုံစမ်းနေပါတယ်။
ဆရာကောင်သန့် ကတော့ ခရီးလွန်နေလို့ နှောက်နှစ်ရက်လောက် နေမှာ ပြန်ရောက်ပါမယ်။ ကျွန်တော် သူစာအုပ်တိုက်ကို အပ်ပြီလုပ်ခိုင်းရင် ဘယ်လောက် ကျမယ်ဆိုတာ မေးကြည့်ပါမယ်။ နောက်ထပ် ကျွန်တော်နဲ့ ဆရာတပည့်လို ရင်နှီးတဲ့ စအုပ်တိုက်တွေ ရှိပါသေးတယ်။ ထပ်ပြီး စုံစမ်းပေးပါမယ်။

Read More...

Saturday, March 03, 2007

လူမသိ သူမသိ သို့သော် သတ္တိရှိသည်

အချိန်ကား ၁၉၄၄ ခုနှစ်
ဖက်ဆစ်ဂျပန်တို့ကို မြန်မာပြည်သူတွေ မုန်းတီးနာကျဉ်းနေချိန်။ ဖိုးသောက်ကြာ ကအသက် ၁၇ နှစ် အရွယ်ကောာင်း။
ခောတ်ကာလကလည်း လူမှန်းသိတတ်စ ကလေးတောင် လွတ်လပ်ရေးလို့ ကြွေးကြော် နေချိန်သည်။ လူတိုင်းလွတ်လပ်ရေး လို့အော်နေချိန်မှာ ဖိုးသောကြာလည်း ဗိုလ်ချုပ်ကို ထောက်ခံတဲ့ ကျောင်းသား သံမဏိတပ်သား အဖွဲ့ကိုဝင်ခဲ့သည်။ အဲဒီအချိန်တုန်းက လွတ်လပ်ရေးကို ကြွေးကြော်လုပ်ရှား ကြရာမှာ လက်မောင်းမှာ ၀လုံး တံဆိပ်တွေ ကပ်ထားတဲ့ `၀´ အဖွဲ့၊ လက်ရုံးတံဆိပ်ကို သုံးတဲ့ လက်ရုံးအဖွဲ့ နှင့် အင်္ကျီ အစိမ်းရောင်ကို ၀တ်ဆင်သည့် သံမဏိကျောင်းသားတပ်ဖွဲ့ တို့က လူသိများတဲ့ အဖွဲ့ကြီးများဖြစ်ကြသည်။ ဖိုးသောကြာ အနေဖြင့် သံမဏိကျောင်းသား တပ်ဖွဲ့ကို ၀င်ခဲ့တာ နိုင်ငံရေးအမြင်အရ နားလည် တတ်ကျွမ်း၍မဟုတ် မိမိနေထိုင်ရာ ညောင်တုန်းတမြို့လုံးရှိ ကျောင်းသားများ အာလုံး သံမဏိကျောင်းသား အဖွဲ့ဝင်များဖြစ်သောကြောင့်သာ ၁၃ နှစ်သား ကတည်းက ၀င်ခဲ့ခြင်းဖြစ်သည်။
အဖွဲ့ ၀င်ချိန်တွင် ဖိုးသောကြာသည် မိဘအုပ်ထိန်းမှု အောက်တွင်ရှိသော ကလေးတစ်ဦးမျှသာ ဖြစ်သောကြောင့် စစ်မျက်နှာပြင်တွင် မပါဝင်ရဘဲ မြို့ပေါ်တွင် နေထိုင်ပြီး သတင်းပေးရသော အလုပ်ကိုသာ လုပ်ရသည်။ မြို့ထဲမှာ ဂျပန်အင်းအား ဘယ်လောက် ၀င်လာသည် ဘယ်နေရာမှာ တပ်စွဲထားသည်။ ဘယ်အချိန်မှာ ဘယ်လမ်းကြောင်းကနေ ထွက်မည် အစရှိသဖြင့် စုံစမ်းသတင်းပေးရသော အလုပ်ကိုလုပ်သည်။
ဒီလိုသတင်းပေးရင်း ဖိုးသောကြာ သတိထားမိတာက ဂျပန်အုပ်စု ရောက်လာတိုင်း ဗမာ သို့မဟုတ် တိုင်းရင်သူ အမျိုးသမီးလေးများ ပါလာတတ်ကြသည်။ အချို့သော အမျိုးသမီးများသည် မသက်သာ၍ လိုက်ခဲ့ရသည် ဟုပြောပြနေသည့် အလား မျက်နှာများ ငြှိးငယ် နေကြသည်။ အချို့သော အမျိုးသမီး များကတော့ သူ့ဖအေက ပေးစားလိုက်သည့် အလား ပြုံးပြုံးပျော်ပျော်၊ သူတို့ကို ကြည့်ရသည်မှာ ဖက်ဆစ်တွေကို လင်လုပ်နေရတာ ဂုဏ်ယူနေသည့်အလား ဆောင့်ကြွား ဆောင့်ကြွား နိုင်လှသည်။ နောက်တစ်ခုက ဂျပန်များသည် လူမြင်ကွင်းမှာ ၀တ်လစ်စလစ်ဖြင့် ရေချိုးကြသည်။ တစ်ခါတစ်ရံတွင် သူတို့နှင့်ပါလာသော ဗမာ အမျိုးသမီးများကို သူတို့နှင့်အတူ ၀တ်လစ် စလစ် ဖြင့်ပင် ရေချိုးခိုင်း သည်ကိုလည်း ကိုတွေ့ရသည်။
တစ်ရက်တော့ G.H.S ( ယခု အ.ထ.က (၂) ညောင်တုန်း ) ကျေင်းတွင် ယာရီတပ်စွဲထားသော ဂျပန်တပ်၏ အင်းအား အခြေအနေကို တိတ်တဆိတ် စုံစမ်းစဉ် ဂျပန်များနှင့်အတူ ၀တ်လစ်စလစ် အနေထားဖြင့် ပျော်ရွင်စွာ ရေချိုးနေကြသော ကရင်မလေး နှစ်ဦးကို တွေ့ရသည်။ ဖိုးသောကြာ ကိုယ်တိုင်လည်း ကရင်ကပြား ဖြစ်သောကြောင့် စကားပြောသည့် လေယူလေသိမ်း ပုံပန်းသဏ္ဌန် များကိုကြည့်၍့ ကရင်မလေး များဖြစ်ကြောင်း သိရှိရခြင်းဖြစ်သည်။ ဖိုးသောကြာစိတ်တွင် အမျိုးဂုဏ်ကို မစောင့်စည်းသော ယင်းအမျိုးသမီးနှစ်ဦးကို ဖြစ်နိုင်ပါက ပြေး၍သာ သတ်ပစ်လိုက်ချင်သည်။ သို့သော် မိမိမှာ လုပ်စရာတာ ၀န်များရှိသေးတာ ကြောင့်စိတ်ကို ချုပ်တည်းခဲ့ရသည်။
နောက်တစ်ရက်မှာ ထပ်စုံစမ်းကြည့်တော့ ကရင်မလေးနှစ်ဦးသည် သူနာပြုဆရာမလေးများ ဖြစ်ကြောင်းသိခဲ့ရသည်။ ဂျပန်ဆရာဝန်လည်း ပါလာသည်။ ဂျပန်ဆရာဝန် နှင့် ကရင်မလေး နှစ်ဦးတို့မှာ တပူးတွဲတွဲရှိလှသည်။ ကောင်မလေး တစ်ယောက်မှာ အသက် ၂၀ ကျော်ခန့် တစ်ယောက်မှာ ၂၅ နှစ်ခန့် နှစ်ယောက်စလုံး အသားဖြူ၍ ရုပ်ရည် ချောမောကြသည်။
ဂျပန်များနှင့် ပါလာသော ကရင်မလေး နှစ်ယောက်ရဲ့ သတင်းက တစ်မြို့လုံးတွင် ပြော၍မဆုံး၊ ကာလသားများ ကလည်း စုပ်သပ်လို့ မဆုံးကြ။ ဒီလိုရုပ်ရည် ချောချောနှင့် အရွယ်ကောင်း ကောင်မလေးတွေ ငပုကောင်များနှင့် တွဲနေသည်ကို အမျိုးသားရေး အမြင်မရှိသော ကာလသားများပင် နှမျှောကြသည်။
ဂျပန်များတပ်စွဲပြီး တစ်ပတ်ခန့် အကြာ။ ယင်းနေ့ညတွင် ဂျပန်များ ညောင်တုန်း မြို့ ဘေးရှိ ပန်းလှိုင်မြစ် ( ယင်းမြစ်သည် ရန်ကုန် မြစ်နှင့် ဧရာဝတီမြစ်တို့ ကို ဆက်စပ်ပေး ထားသည့် မြစ်တစ်စီး ဖြစ်ပြီး ရန်ကုန် တွင်လှိုင်မြစ်ဟု ခေါ်ကြသည် ) အတိုင်း စုန်ဆင်းမည်ဟု ဖိုးသောကြာ သတင်းရသည်။ သတင်းက ခိုင်လုံသည်။ ယင်းအဖွဲ့တွင် လူအင်အားနှစ်ရာခန့် နှင့် လက်နက် ဗုံးသီးများ အပါဝင်ပြီး ရိက္ခာပြည့်စုံသည်။ ညဦးပိုင်းတွင် သင်္ဘောငယ် ရှစ်စီးခန့် ဖြင့် ညောင်တုန်းမြို့ ကထွက်ခွာ သွားသည်ကို ဖိုးသောကြာ ကိုယ်တိုင်မြင်လိုက်ရသည်။ ထို့ကြောင့် တောထဲကအဖွဲ့ကို သတင်းပို့ရာတွင် ခါတိုင်းလို ဆက်သား မလွတ်တော့ပဲ ကိုယ်တိုင် သွားသတင်းပို့သည်။
ဖိုးသောကြာ ပါဝင်သော သံမဏိကျောင်သား တပ်ဖွဲ့သည် ဂျပန်သင်္ဘာများ နံနက်တစ်နာရီ ခန့်တွင် ရောက်ရှိ မည်ဟု ခန့်မှန်းရသော ပန်းလှိုင်မြစ်ကမ်းဘား တစ်နေရာက စောင့်နေကြသည်။ ( ရေကြောင်းခရီး ထက် ကုန်းလမ်း ခရီးက ပိုမြန်ပါသည် )
သေနတ် မကိုင်ရတာ ကြာပြီဖြစ်သော ဖိုးသောကြာ တစ်ယောက် လက်တွေ ယားနေပြီ။ ညတစ်နာရီက မရောက်နိုင်သေး။ စောင့်ရချိန်ကို ကြာလွန်းလှသည်ဟု ဖိုးသောကြာ ထင်နေမိသည်။ ဖိုးသောကြာသည် ငါးမျှားသူ တစ်ဦး ဖော့တံကို ဘယ်အချိန်မြုတ်မလဲ ဆိုတာကိ စိုက်ကြည့်နေသည့်အလား ဂျပန်များ လာမည့် မြစ်ပြင်ဘက်ကို ငြိမ်သက်စွာ စောင့်ကြည့်နေသည်။ လူက ငြိမ်နေရသော်လည်း စိတ်ထဲကမငြိမ်လှ။ ဖြစ်နိုင်ရင် ဂျပန်များ အလာကို မစောင့်ဘဲ ဂျပန်များ ရောက်ရာနေရာကို သွားရောက် တိုက်ချင်လှသည်။ ညတစ်နာ ထိုးပြီ။ ဂျပန်တွေ အရိပ်အရောင် ပင်မတွေ့ရသေး။ ဖိုးသောကြာ စိတ်တွေ ပိုလုပ်ရှားလာသည်။ နှစ်နာရီထိုးပြီ ဂျပန်တွေ ရောက်မလာကြသေး။ နှစ်နာရီ ထိုးပြီးကွမ်းတစ်ရာ ညှက်ခန့်အကြာ ဖိုးသောကြာတို့နှင့် ရေလမ်းခရီး နှစ်နာရီခန့် သွားရမည်ဟု ယူဆရသော အကွာရှိ ပန်းလှိုင်မြစ်တွင်း တစ်နေရာမှာ ပေါက်ကွဲသံ ကြီးထွက်ပေါ်လာသည်။ ပေါက်ကွဲသံနှင့် အတူ မီးလုံးကြီးများ လည်း ကောင်းကင်ထက်သို့ တက်လာသည်။ နောက်ထပ် ပေါက်ကွဲ သံများကိုလည်း ဆက်တိုက် ဆက်တိုက် ကြားရပြန်သည်။ မီးလုံးများလည်း ယင်းနေရာမှ ဆက်တိုက် ဆက်တိုက်ပင် ထွက်ပေါ် လျှက်ရှိတော့သည်။ ဖိုးသောကြာတို့ လည်း မီးလုံးပေါ်ထွက် ပေါက်ကွဲရာနေရာသို့ ချက်ခြင်း ချီတက်ခဲ့ကြသည်။
ပေါက်ကွဲမှုက ထင်ထားသည့်အတိုင်း ဂျပန်သင်္ဘများ မှပင်ဖြစ်သည်။ ဘယ်ကနေ ဘယ်လိုဖြစ်သွားသည် မသိ သင်္ဘေအားလုံး ပျက်စီးနေပြီ။ သေသူများလည်း သေကြပြီ။ ပြေးသူများလည်း ပြေးကြပြီ။ မီလောင်သင်္ဘောများက ရေပေါ်မှာ လောင်ကျွမ်းလျှက်။ သင်္ဘောက မီးလောင်သည့် အချို့အစိတ်ပိုင်းတွေ တစ်ဖြည်းဖြည်းခြင်း ရေထဲကိုကြွေ ကြနေကြသည်။ မီးက ယန်းများ ရှိသည့်နေရာများကို လောင်သွားမိလျှင် တစ်ချက်တစ်ချက် ထထပေါက်ကွဲသည်။ ဒီညတော့ ဖိုးသောကြာတို့ အုပ်စု သေနတ် တစ်ချက်မှ မပစ်ပဲ အောင်ပွဲ ခံလိုက်ရသည်။
သင်္ဘောပေါက်ကွဲ ရာက မသေပဲ ထွက်ပြေးသည့် ဂျပန်စစ်သားအချို့ကို နောက်နေ့နံနက်မှာ ဒေသခံရွာသားများက ဖမ်း၍ ဖိုးသောကြာတို့ အဖွဲ့ကို လာပြီးအပ်ကြသည်။ သူတို့ကို သင်္ဘောများ ပေါက်ကွဲရခြင်း၏ အကြောင်းကို မေးတော့ . . . .
မအံ့သြပါနဲ့ကွာ အဲဒီကရင်မလေး နှစ်ယောက်က ငါတို့ သံမဏိကျေင်းသား အဖွဲ့က။ သူတို့ကို ဂျပန်တွေထဲမှာ သူလျှိုထည့်ထားတာ
ရန်ကုန်က လာသော တော်လှန်ရေး ခေါင်းဆောင်၏ စကားကို နားထောင်ပြီး ဖိုးသောကြာ မျက်လုံးပြူးသွားသည်။ ဒီကရင်မလေးတွေကို အရင်က ဖိုးသောကြာ တော်တော်လေး စိတ်နာခဲ့သည်။ အခုတော့ ဒီကောင်မလေးတွေက တိုင်းပြည်ရဲ့ လွတ်လပ်ရေးကို တည်ဆောက်ရာမှာ မိမိတို့ရဲ့ အသက်ကို အုပ်တစ်ချပ် သဲတစ်ပွင့် အဖြစ် ပါဝင်စတေး သွားခဲ့ကြသည်။ ဖိုးသောကြာ အပါအ၀င် ညောင်တုန်း တစ်မြို့လုံး ၀မ်းနည်းလို့ မဆုံး။ ဖိုးသောကြာ လည်းငယ်သေးသူ တစ်ယေက်ဖြစ်သည့် အတွက် တိုင်းပြည်အတွက် အသက်ပေး သွားသော ကရင်မလေးနှစ်ဦးသည် မည်သူ မည်ဝါ ဖြစ်သည်ကို မစပ်စုမိခဲ့။
အဲဒီညက ဂျပန်သင်္ဘော အုပ်စုထဲက တစ်စီးသည် ရေလမ်းပြ၏ မကျွမ်းကျင် မှုကြောင့် တူးချေင်းရွာနှင့် ဆီဖြူကျွန်းကျေးရွာ အကြားတွင် သောင်တင်သွားသည်။ အုပ်စုမကွဲစေရန် အတွက် သောင်တင်သည့် သင်္ဘောဘေးတွင် ကျန်သင်္ဘောများလည်း ရပ်စောင့်ပေးရသည်။ ယင်းကဲ့သို့် လက်နက်သင်္ဘော များစုနေချိန်ကို အခွင့်ကောင်းယူ၍ ကရင်မလေး နှစ်ဦးက ကိုယ်ကိုကိုယ် အသေခံကာ လက်နက်များကို ဖောက်ခွဲ ပစ်လိုက်သည်။
ယနေ့ဆိုရင် လွတ်လပ်ရေး ရခဲ့သည်မှာ ကြာခဲ့ပြီ။ လွတ်လပ်ရေး တိုက်ပွဲဝင်ချိန်ကာလတွင် အသက်သွေးများစွာ စတေးခဲ့ရသည်။ အချို့က လူသေသော်လည်း နာမည်မသေ သေးသူများ ရှိကြသည်။ အများစုက စစ်မြေပြင်မှာ လူမသိသူမသိ တိုင်းပြည် အတွက် အသက်ကို ပေးလှုခဲ့ ကြသည်။ ကရင်မလေး နှစ်ယောက်လို လူမသိသူမသိ အသက်ပေး ခဲ့ကြသူတွေ ကျွန်တော်တို့ တိုင်ပြည်မှာ ဘယ်လောက်အထိ ရှိခဲ့ မည်မသိ။ သို့သော် . . . . သူတို့ သတ္တိရှိ ကြပါသည်
ဤဖြစ်ရပ်မှန် သမိုင်းနှောက်ခံကို လွတ်လပ်ရေး မော်ခွန်းဝင် ဒုတိယအဆင့် ဦးခင်မောင်လေး ကပြောပြခဲ့ခြင်း ဖြစ်သည်။ ဦးခင်မောင်လေးသည် စစ်ကြိုခောတ်နှင့် လွတ်လပ်ရေးကြိုးပမ်း ချိန်ကာလက တိုက်ပွဲဝင်ခဲ့ပြီး စစ်ပြီးခောတ်နှင့် လွပ်လပ်ရေး ရပြီးနှောက်ပိုင်တွင် သတင်းစာသမား တစ်ဦးအနေဖြင့် သတင်းဆောင်း ပေါင်းမျာစွာကို ဖိုးသောကြာ ( ခောတ် + မိုး ) အမည်ဖြင့် ရေးသားခဲ့ပြီး၊ ယခုအခါတွင် သူ၏သတင်းထောက် တစ်သက်တာ အတွေ့ကြုံကို စာအုပ်ထုတ်ရန် စီစဉ်လျှက် ရှိသည်။

Read More...

ဘလော့နှင့် သီချင်း

ဘလော့တွေမှာ ဖွင့်လိုက်တာနဲ့ သီချင်းလေတွေ တက်လာအောင် လုပ်ထားကြတာကို တွေ့ရပါတယ်။ သီချင်းတွေကတော့ အစုံပါပဲ တချို့ကလည်း ကိုယ်နှစ်သက်ရာ နှစ်သက်ကြောင်း သီချင်းလေးတွေကို တင်ပေးထားပါတယ်။ တချို့ကြတော့လည်း ကိုယ်ပိုင်ခံစား ချက်တွေကို ကိုယ်တိုင် ဂစ်တာသံလေးနဲ့ တင်ထားတာကိုတွေ့ ရပါတယ်။ သေချာနား ထောင်ကြည့်တော့ သီချင်းလေး တွေကကောင်းပါတယ်။ သို့သော် . . .
ပြသနာက ဘာလဲဆိုတော့ … ကွန်ပျူတာမှာက သီချင်းတစ်ပုတ် ဖွင့်ထားတယ်။ ဘလော့တစ်ခု ဖွင့်လိုက်တော့ သီချင်းတစ်ပုတ် တက်လာတယ်။ နောက်ဘလော့တစ်ခု ဖွင့်လိုက်တော့ နောက်တစ်ပုတ်က ထပ်တက်လာပြန်ရော။
အဲဒီတော့ ဘယ်လိုဖြစ်သွားလဲ ဆိုတော့ မျိုးကြီးက ကွန်ပျူတာထဲကနေ နားညှီးအောင်အော် နေချိန်မှာ အယ်စိုင်းဇီက မိုးရေထဲကနေ ငိုနေတယ်။ ဆောင်ဦးလှိုင်ကလည်း ခပ်ဆွေးဆွေး ဥာည်းနေတယ်။ ဘလော်ကာတစ်ယေက် ကလည်း ခံစားချက်တွေကို ဂစ်တာ တစ်လက်နဲ့ ဖောက်ခွဲနေတယ်။ ကဲမိတ်ဆွေ စိတ်ကူးနဲ့တာ နားထောာင် ကြည့်ပေတော့။
စိတ်ကူးကောင်းကောင်း နဲ့ ကိုယ်ကြိုက်တဲ့ သီချင်းလေးတွေနဲ့ လာလည်သူတွေ အပမ်းပြေပါစေကြောင်း စေတနာကောင်းနဲ့ ဖျော်ဖြေပေး တာဖြစ်ပေမယ့် တစ်ခါတစ်ရံတွင် ထိုသို့ ဖြစ်တတ်ပါကြောင်း ………

Read More...

Friday, March 02, 2007

မြန်မာဘလော့ ဖိုရမ်

တောင်ရှာ မြောက်ရှာနဲ့ လိုက်ရှာရင်နဲ့ မြန်မာ ဘလော်ကာတွေ အတွက်လုပ် ထားတဲ့ မြန်မာ ဘလော်ကာ ဖိုရမ်လေးကို တွေ့ခဲ့ပါတယ်။ ကျွန်တော်တို့ မြန်မာ ဘလော့စာအုပ် လုပ်မဲ့ ကိစ္စကိုလဲ Topic တစ်ခု အနေနဲ့ တင်ထားပါတယ်။ မြန်မာ ဘလော်ကာ ဖိုရမ်ကို သွားချင်တယ် ဆိုရင်တော့ ဒီနေရာကို

  • နှိပ်ပါ
  • Read More...

    My Photo


    ဒီနေ့ ညောင်တုံး မြို့ကိုရောက်ခဲ့တယ်။ ရောက်တုန်းရောက်ခိုက် ညောင်တုံးမြို့ဘေးက ပန်းလှိုင်မြစ်ထဲမှာ လှေစီးရင်းနဲ့ ဘေးနားက ဖြတ်သွားတဲ့ စက်လှေတွေ ၀ါးဖောင်တွေကို ဓာတ်ပုံရိုက်ဖြစ်ခဲ့တယ်။

    Read More...

    မြန်မာကနုတ်ပန်း


    Update မလုပ်ဖြစ်တာ ကြာပြီဖြစ်တဲ့ မြန်မာကနုတ်ပန်းတွေကို ဒီနေ့ Update လုပ်ဖြစ်တယ်။ နောက်ကို လဲစုလို့ ရသမျှ မြန်မာကနုတ်ပန်းတွေကို ဆက်လက် တင်သွားမှာပါ။ မြန်မာကနုတ်ပန်း တွေကိုကြည့်ချင်ရင်တော့ ဒီကိုသွားပါ

    Read More...

    Thursday, March 01, 2007

    ကိုစစ်အိမ်ရဲ့ အကြံပြုချက်ကို ဆွေးနွေးခြင်း

    ဒီအစီအစဉ်ကို ကိုစိုးဇေယျ တစ်ဦးတည်းဖြစ်စေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတစ်ခုအနေနဲ့ဖြစ်စေ လုပ်ဖို့ဆိုတာက တော်တော်ခက်ခဲမယ့်ကိစ္စပါ။

    အားလုံးစုစီးပါဝင်ကြမှာ ဖြစ်တဲ့အတွက် ပြောလောက်အောင် မခက်နိုင်ပါဘူး။ ခက်ရင်လည်း အဲဒီအခက်ခဲတွေကို ကျွန်တော်တို့တွေ့ စုစည်း ပြီးကျော်လွှားကြတာပေါ့။


    (၁) မြန်မာဘလော့ခ်တွေက နေ့စဉ်နဲ့အမျှတိုးနေတာကတစ်ကြောင်း၊ တိတိပပ စာရင်းတစ်ခု မရှိတာကတစ်ကြောင်း ကြောင့် လက်ရှိရှိနေတဲ့ မြန်မာဘလော့ခ်ဆိုဒ်များကို စုစည်းဖို့ဆိုတာက ပထမဆုံးအခက်အခဲပါပဲ။

    ဟုတ်ပါတယ် အဲဒီအတွက် စုစည်းနိုင်ဖို့ရာ ဆင်မနာ တစ်ခုလုပ်ဖို့လဲ လျာထားပါတယ်။ ဂျာနေတွေကနေလဲ သိအောာင်ထည့်သွင်း ဖော်ပြသွားမှာပါ။ မြန်မာဘလော်ကာ တော်တော်များများနဲ့ ရင်းနှီးတဲ့ ကိုညီလင်းဆက် ကိုလည်းအကူညီတောင်ထားပါတယ်။ သူကလဲ မကြာခင်မှာ ပြည်ပကို ပြန်သွားတော့မှာ ဆိုတော့ မြန်မာရှိသူရှိနေတုန်းမှာ တတ်နိုင်သလောက် ပါဝင်ဆောင်ရွက်မယ်လို့ ပြောထားပါတယ်။


    (၂) ဘယ်ဘလော့ခ်တွေကို ရွေးပြီးထည့်မလဲ
    (၃) ဘလော့ခ်ဂါတစ်ဦးချင်းစီရဲ့ ဘယ်လိုအကြောင်းအရာတွေကို ရွေးပြီးဖော်ပြမှာလဲ (ကျနော်ဆိုလိုတာက နည်းပညာဦးစားပေးအနေနဲ့ ဖော်ပြမှာလား)
    ဘလော့တွေကိုတော့ ဘလော့ပိုင်ရှင်က သူဆန္ဒအရ ထည့်ပေးစေချင်တဲ့ ပို့တွေကို ထည့်သွင်းဖော်ပြမှာ ဖြစ်သလို။ မြန်မာစာဖတ် ပရိတ်သတ်အတွက် လိုအပ်နေတဲ့ Information တွေကို ဘလော့ရေးသူရဲ့ ကျွမ်းကျင်တဲ့လိုင်း အပေါ်မှာ မူတည်ပြီးတော့ ဘယ်လို အကြောင်းရာလေးတွေ ရေးပေးပါ ဆိုတာမျိုးလည်း တောင်းဆိုသွားမှာပါ။

    (၄) ဘယ်လိုပုံစံမျိုးနဲ့ ထုတ်ဝေမှာလဲ၊ တစ်ခါတည်း တစ်အုပ်တည်းထုတ်ရုံပဲလား။ အပတ်စဉ်၊ လစဉ်ထုတ် ဂျာနယ်၊ မဂ္ဂဇင်းတစ်ခုခုအနေနဲ့ဆိုရင်ရော။

    လောလောဆယ် ရည်ရွယ်တာကတော့ လာမဲ့ World Blog Day အထိမ်းအမှတ် အနေနဲ့ ထုတ်ဖို့ပါ။ စာအုပ်အနေနဲ့ ထုတ်ရင်ကောင်းမလား နှစ်လည် မဂ္ဂဇင်းလို ပုံစံနဲ့ ထုတ်မလားဆိုတာတော့ ပူးပေါင်းပါ ၀င်ကြမဲ့ သူငယ်ချင်းအများစု ရဲ့ဆန္ဒသဘောထားကို ရယူပြီးလုပ်သွားမှာပါ။ တစ်နှစ်ကို နှစ်ကြိမ်ဆိုရင်တော့ ဖြစ်နိုင်ပါတယ်။ အပတ်စဉ်လစဉ် ထုတ်ချင်တယ်ဆိုရင်တော့ စီးပွားရေးဆန်သွားပါ လိမ့်မယ်


    (၅) အရေးကြီးဆုံးအချက်ကတော့ ဘလော့ခ်ရေးသူအားလုံးက ကိုယ်သိတဲ့အကြောင်းအရာတွေကို ကိုယ့်ဘလော့ခ်လေးတွေမှာ အလကားကြည့်ဆိုပြီး ဖော်ပြထားတာကို တစ်ဖက်မှာ စက္ကူစာမျက်နှာတွေပေါ်တင်လိုက်တဲ့အခါကျ ဒါတွေဟာ ငွေပေးဖတ်ရပါတော့မယ်။ အဲဒီအတွက်ကြောင့် အခုထုတ်မယ်ဆိုတဲ့ စာအုပ်ဆိုတာကို ရောင်းဈေးသတ်မှတ်တဲ့အခါကျ စီးပွားရေးသိပ်မဆန်သွားဖို့။

    တကယ်တော့ မြန်မာနိုင်ငံမှာ အင်တာနက်သုံတဲ့ လူဦးရေဟာ တစ်သိန်း မပြည့်သေးပါဘူး။ အင်တာနက် သုံးတဲ့လူတွေ ထဲကမှ ကိုဆယ့်ငါး ရာခိုင်နှုန်းကျော်က ချက်သုံးကြတယ်။ သုံးရာခိုင် နှုန်းလောက်က ဆက်သွယ်ရေး အတွက်သုံး ကြတယ်၊ ကျန်တဲ့အပိုင်းက စီးပွားရေး အလုပ်သုံးနဲ့ ပညာရေးအတွက် သုံးကြတာပါ။

    ဘလော့ရေးတဲ့လူက တော်တော်လေးကို နည်းပါသေးတယ် ငါးရာမပြည့်သေးပါဘူး။ ဖတ်တဲ့လူလဲ အဲလိုပါပဲ။ ဘလော့တွေကို အစဉ်မပြတ်လိုက် ဖတ်နေတဲ့လူ ငါးရာမပြည့်သေးပါဘူး။ ဒါကြောင့် ဘလော့က ရေးသားချက် ဘယ်လောက် အသုံးဝင်တယ်ဆိုတာ ဒီလို ဘလော့ဖတ်တဲ့ လူအနည်းစုပဲ သိပါတယ်။

    ဒါကြောင့် ဘလော့ကနေ လူအများစု ဖတ်ဖို့သင့်တော်တဲ့ အကြောင်းအရာတွေကို အင်တာနက် မသုံးနိုင်ကြသေးတဲ့ လူတွေကိုလဲ ဖတ်စေချင်တဲ့ ဆန္ဒရယ်၊ နောက်တစ်ခုက ကျွန်တော် သတိထားမိသလောက် ဘလော့မှာရေးတဲ့ အကြောင်းအရာ အချို့က လက်ရှိ စာပေလောက နဲ့ဘာမှမဆိုင်ဘူး ထူးခြားကွဲပြားတယ်။ ဒါကြောင့် ထူခြားကွဲပြားအောင် ရေးနိုင်တဲ့ မြန်မာ ဘလော်ကာတွေကို ဘလော့မှာ တင်မဟုတ်ပဲ မြန်မာစာပေလောက မှာပါ ပါဝင်ရေးသားတဲ့ စာရေးဆရာ ကောင်းတွေ ဖြစ်လာစေဖို့ ရည်ရွယ်ထုတ်တာပါ။

    ကျွန်တော်တို့ စာအုပ်ရောင်းလို့ ရတဲ့ ပိုက်ဆံအားလုံးကို လှုဒန်းမှာဖြစ်တဲ့ အတွက် စီးပွားရေးလုပ် သလိုမဖြစ်ပါဘူး။ ရတဲ့ အမြတ်ကို ဘလော်ကာတွေ ဝေယူကြမယ် ဆိုရင်တော့ စီးပွားရေးလုပ် တယ်လို့ ပြောရမှာပေါ့။

    ဖြစ်နိုင်မယ်ဆိုရင်တော့ အတွေ့အကြုံရှိတဲ့ လက်ရှိလည်း စာအုပ်/စာပေထုတ်ဝေနေတဲ့အဖွဲ့ တစ်ခုခုက ဦးစီးလုပ်ဆောင်မယ်ဆိုရင် ပိုပြီးအဆင်ပြေနိုင်လိမ့်မယ်လို့ ထင်မြင်ပါတယ်။

    ကျွန်တော့ရဲ့ သဘောထား ခံယူချက်ကတော့ ဘယ်သူကမှ မွေးကတည်းက အတွေ့ကြုံတွေ ပါလာကြတာ မဟုတ်ပါဘူး။ လုပ်ရင်နဲ့ သင် သင်ရင်းနဲ့ တတ်သွားတာပါ။ မဖြစ်ဖြစ် အောင်လုပ်မယ် ဆိုတဲ့ စိတ်ဆန္ဒပြင်းပြမှု ဘယ်လိုလုပ်ရင် ဖြစ်နိုင်တယ် ဆိုတဲ့ တွေးခေါ်စဉ်း စားနိုင်တဲ့ ဦးနှေက် လိုအပ်တဲ့ အချက်တွေကို ပံ့ပိုးပေးမဲ့အရာတွေ ရှိနေရင် ဘယ်အရာမဆို မဖြစ်နိုင်တာ မရှိပါဘူး။

    အခုဆိုရင် ကျွန်တော်တို့မှာ ပြင်းပြတဲ့ ဆန္ဒကလည်းရှိနေ ကြပြီ။ ဦးနှေက်တွေကလည်း တစ်လုံးတည်း မဟုတ်ဘူး။ ပံ့ပိုးပေးနိုင်မဲ့ လော်ကတွေက လည်းညီညွှတ်နေကြပြီ။ ကျွန်တော်တို့ အလုပ်တကယ်လုပ်ဖို့ ပဲကျန်ပါတော့တယ်။

    နောက်ထပ် ပေးကြမဲ့ အကြံဥာဏ်များကို လဲကြိုဆိုလက်ခံ ပါတယ်။ အခုလို အကြံပြုပြောပေးတဲ့ ကိုစစ်အိမ် ကိုလဲ အထူးပင်ကျေးဇူးတင်ရှိပါတယ်


    Read More...

    ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။

    RAVE: ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိသည်။
    ကြက်ငှက်တုပ်ကွေးရောဂါကို မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ဒုတိယအကြိမ်သစ်အဖြစ် ထပ်မံတွေ့ရှိကြောင်းသိရသည်။

    မရမ်းကုန်းမြို့နယ်ရှိ မွေးမြူရေးခြံ၌ ကြက်ငှက်တုပ်ကွေးရောဂါပိုး H5N1 တွေ့ရှိသည်ဟု မြန်မာနိုင်ငံတိရစ္ဆာန်မွေး မြူရေးနှင့်ကုသရေးဦးစီးဌာန (တိမွေးကု) က ယမန်နေ့က အတည်ပြုပြီး ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေး အဖွဲ့(FAO) အပါအ၀င် သက်ဆိုင်ရာအဖွဲ့အစည်းများသို့ အစီရင်ခံသည်ဟု မြန်မာနိုင်ငံဆိုင်ရာ FAO ဌာနေကိုယ်စား လှယ် ဒေါက်တာတန်ဇန်ပင်းက ပြောသည်။

    ကနဦးစမ်းသပ်ချက် အတည်မပြုမီ (၂) ရက်ခန့်၌ ထိုမွေးမြူရေးခြံတခြံ၌ ရောဂါဖြစ်ကြောင်း စတင်တွေ့ရှိခြင်းဖြစ် ပြီး ရောဂါပိုးတွေ့သည့် ကြက် (၆၈) ကောင်သေဆုံးကာ ရောဂါရှိသည်ဟုသံသယဖြစ်သည့် ကြက် (၁,၂၉၂) ကောင်ကို ယမန်နေ့၌ သုတ်သင်ပြီးဖြစ်သည်ဟု ဒေါက်တာတန်က ပြောသည်။

    “တိမွေးကုရဲ့ ကနဦးစမ်းသပ်တွေ့ရှိချက်အရ H5N1 ပေါ့စတစ်ပါ။ နောက်ထပ်အသေးစိတ် စမ်းသပ်စစ်ဆေးနေပါ တယ်။ အဖြေရဖို့ (၂) ရက်စောင့်ရပါမယ်” ဟု ဒေါက်တာတန်က ပြောသည်။

    ရောပိုးတွေ့ရှိသည့်နေရာကို ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးလုပ်ခြင်း၊ ထိုနေရာကို သီးသန့်ခွဲခြားခြင်း စသည် တို့အပါအ၀င် ရောဂါဖြစ်ပွားမှုကို ထိန်းချုပ်နိုင်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီး ကူးစက်ရသည့်အကြောင်းရင်း ကို ရှာဖွေနေဆဲဖြစ်သည်ဟု ၎င်းကပြောသည်။

    “ဒီဗိုင်းရပ်စ်ဟာ သဘာဝငှက်ရိုင်းတွေကနေကူးစက်တာလာ
း၊ တခြားအကြောင်းကြောင့်လားဆိုတာ ရှာဖွေနေပါ တယ်။ ဒီ့ထက်ပိုပြီး စူးစမ်းလေ့လာဖို့လိုပါသေးတယ်” ဟု ဒေါက်တာတန်က ပြောသည်။

    ကမ္ဘာ့တိရစ္ဆာန်ကျန်းမာရေးအဖွဲ့ချုပ်နှင့် FAO တို့ကလည်း ရောဂါထိန်းချုပ်ရေးလုပ်ငန်းများ၌ အကူအညီများပေး နေသည်။

    ရန်ကုန်ရှိဈေးအချို့၌ ယနေ့နံနက်မှစ၍ ကြက်ဘဲရောင်းဝယ်ခြင်းကို မြို့တော်စည်ပင်သာယာရေးကော်မတီက ထိန်းချုပ်ရန်စတင်နေကြောင်း ရန်ကုန် မြို့ခံတဦးက ပြောသည်။

    ၎င်းက “မနက်က အင်းစိန်ဈေးနဲ့ မြောက်ဥက္ကလာ (၂) ရပ်ကွက်ဈေးမှာလိုက်ဖမ်းတယ်။ ကြက်ဥသွားဝယ်တော့ ၀ယ်နေတုန်းတန်းလမ်းကြီး လိုက်ဖမ်းတာ။ နောက်ပြီး ကြက်ငှက်တုပ်ကွေးဖြစ်ပြီ၊ ကြက်သားမရောင်းရဆိုတဲ့
    စာတွေလိုက်ကပ်ဖို့လုပ်နေတာ မြင်ခဲ့တယ်” ဟု ပြောသည်။

    မြန်မာနိုင်ငံတွင် ပထမဆုံးကြက်ငှက်ရောဂါဖြစ်ပွားမှုကို ယမန်နှစ်ဧပြီတွင် မန္တလေးတိုင်း၌ စတင်တွေ့ရှိသည်။

    ရောဂါနှိမ်နင်းရေးလုပ်ငန်းများကို နိုင်ငံတကာအဖွဲ့အစည်းများ၏ အကူအညီဖြင့် တိမွေးကုက လုပ်ဆောင်ခဲ့ပြီး ရောဂါဖြစ်ပွားမှု ထပ်မတွေ့တော့ဟု စက်တင်ဘာ၌ ထုတ်ပြန်ကြေညာသည်။

    မြန်မာနိုင်ငံတွင် ကြက်ငှက်တုပ်ကွေးရောဂါ လူကိုကူးစက်မှု မတွေ့ရှိသေးဟု မြန်မာစစ်အစိုးရက ကြေညာထားသည်။

    မြန်မာ့အိမ်နီးချင်း ထိုင်းနိုင်ငံတွင် လူ (၂၅) ဦးကို ကြက်ငှက်တုပ်ကွေးရောဂါ ကူးစက်ခဲ့ပြီး (၁၇) ဦးသေဆုံးပြီးဖြစ်သည်။ ဤရောဂါ ကြောင့် ၂၀၀၃ခုမှစ၍ ကမ္ဘာတ၀န်း လူ (၁၆၇) ဦးသေဆုံးခဲ့ပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့က ကြေညာသည်။

    ယခုလ (၂၇) ရက်တွင် ကြက်ငှက်တုပ်ကွေးရောဂါကြောင့် လူကိုကူးစက်မှုတခုအား အိမ်နီးချင်းလောနိုင်ငံ ဗီယံကျင်းမြို့တော်ရှိ အသက် (၁၅) နှစ်အရွယ်မိန်းကလေးတဦး၌ တွေ့ရှိသည်။

    ကြက်ငှက်တုပ်ကွေးရောဂါ လူအချင်းချင်းကူးစက်ကာ ကမ္ဘာ့လူသားသန်းချီသေဆုံးမည်ကို ကျွမ်းကျင်သူပညာ ရှင်များက စိုးရိမ်လျက်ရှိသည်။
    Source : www.khitpyaing.org


    Read More...

    There was an error in this gadget